Friend ZONE Liquor Store

Friend ZONE Liquor Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Friend ZONE Liquor Store, Wine, Beer & Spirits Store, Htantabin Township, Yangon.

🍾🍾
14/08/2023

🍾🍾

😂😂
17/07/2023

😂😂

ကမ္ဘာပေါ်က အကောင်းစား ဇိမ်ခံပစ္စည်းတွေလို့ပြောလိုက်ရင် ဘာတွေကိုပြေးမြင်ကြလဲ? ကားတွေ၊ ဖုန်းတွေ၊ Laptop တွေ ၊ ဇိမ်ခံအဆောင်...
12/06/2023

ကမ္ဘာပေါ်က အကောင်းစား ဇိမ်ခံပစ္စည်းတွေလို့ပြောလိုက်ရင် ဘာတွေကိုပြေးမြင်ကြလဲ?

ကားတွေ၊ ဖုန်းတွေ၊ Laptop တွေ ၊
ဇိမ်ခံအဆောင်အယောင် အပြည့်နဲ့ အိမ်တွေ စသဖြင့် ပြေးမြင်မိကြမယ်ထင်ပါတယ် အမြင်သာဆုံးဆိုရင်တော့ ဇိမ်ခံကားတွေဟာ လူတွေကြားထဲ ရေပန်းအစားဆုံးဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် (ဇိမ်ခံ) အရက်ပုလင်းတစ်လုံးဟာ
ကမ္ဘာပေါ်ကအကောင်းဆုံး ဇိမ်ခံကားများစွာ
ဝယ်ယူနိုင်တဲ့ထိ တန်ဖိုးရှိတယ်ဆိုရင်ရော?
လူကြီးမင်းတို့အနေနဲ့ ကျိကျိတက်ချမ်းသာနေမယ်ဆိုရင်
ဒီလိုအဖျော်ယမကာတွေကို ဝယ်သောက်မလား? Rolls-Royce , Ferrari ကားတွေ အများကြီးပဲ
ဝယ်စီးမလား?

ဈေးနှုန်းမြင့်တယ်ဆိုပေမယ့် သူတို့ရဲ့ သမိုင်းကြောင်း၊ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေ၊ ရှားပါးရတနာတွေကြောင့် မတန်ဘူးလို့တော့ ပြောလို့မရပါဘူး။

ဒီနေ့မှာတော့ ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး Alcoholic Drinks ငါးမျိုးကိုဖော်ပြပေးလိုက်ပါတယ်
သူတို့ထဲကတစ်ချို့ ယမကာပုလင်းတွေဟာ
Rolls-Royce 7 စီး၊ Ferrari 8 စီး ဝယ်ယူနိုင်တဲ့အထိ တန်ဖိုးကြီးပါတယ်။

ကား 15 စီးလား? ပုလင်းတစ်လုံးလား?

5. . Russo-Baltique Vodka – $1.35 Million

နံပါတ်ငါးနေရာမှာရှိနေတဲ့ Russo-Baltique Vodka
ဟာဆိုရင် ပုလင်းတစ်လုံးစာတန်ဖိုးကပဲ အံ့ဩစရာ ဒေါ်လာ 1.35 သန်း တန်ဖိုးရှိတာပဲဖြစ်ပါတယ်။ 🤯

ပုလင်းရဲ့ဒီဇိုင်းကို Vintage ကားတွေရဲ့ ပုံစံမှီငြမ်းပြုလုပ်ထားတာဖြစ်ပြီး ပုလင်းအဖုံးတစ်ခုစီတိုင်းမှာ
24 ကာရက်ပမာဏရွှေတွေကို စိန်မြှုပ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 🪙

4. Henri IV Dudognon Heritage Cognac Grande Champagne – $2 million

Cognac ရှမ်ပိန်ဟာဆိုရင်တော့ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိပြီဖြစ်ပြီး "DNA of Cognac" လို့အမည်ပေးထားပါတယ်၊

$2 million အထိတန်ဖိုးရှိနေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ ပုလင်းတစ်ခုလုံးကို 24 ကာရက်
ရှိတဲ့ ရွှေနဲ့ Sterling Platinum စိမ်ထားတာကြောင့်ဖြစ်ပါတယ်။ဒါ့အပြင် စိန်ပွင့်ပေါင်း 6500 လည်း ပါဝင်ပါသေးတယ်။

ဒီရှန်ပိန်ကို Ley .925 ကထုတ်လုပ်ခဲ့တာဖြစ်ပြီး
ဆက်လက်ဖော်ပြပေးမယ့် ကမ္ဘာ့ဈေးအကြီးဆုံး
Tequila ကိုလည်း Ley.925 ကပဲ ထုတ်လုပ်တာဖြစ်ပါတယ်။

3. Tequila Ley 925 – $3,5000,000

ဒေါ်လာသုံးသန်းခွဲတန်တဲ့ ဒီ Tequila ကိုတော့
ယခုအချိန်ထိ တရားဝင်ရောင်းချရခြင်း
မရှိသေးပါဘူး( 🌝ဝယ်ယူချင်တယ်ဆိုရင် အခွင့်အရေး
ရှိသေးသလို ဈေးလည်းကျနိုင်ပါသေးတယ်)

ဒီ Tequila ကိုထုတ်လုပ်ထားတဲ့ Ley .925 ရဲ့ ပြောဆိုချက်အရ Tequila အရသာပိုမိုကောင်းမွန်စေဖို့ ပုလင်းပေါ်မှာ မတူညီတဲ့ စိန်ပွင့်ပေါင်း 6400 ကို အသုံးပြုထားတယ်လို့သိရပါတယ် ။ဒါကြောင့်လည်း အကောင်းဆုံးနဲ့ ဈေးအကြီးဆုံး Tequila ဖြစ်နေတာပါ။ 💎

2. Billionaire Vodka – $3.7 Million

နာမည်နဲ့တင် Luxury Drinks တစ်ခုဖြစ်မှန်း ခန့်မှန်းလို့ရနိုင်ပါတယ် ။ "It's good to be the king👑" ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ "Billionaire" Brand ဟာဆိုရင် ထုတ်သမျှယမကာဖျော်ရည်တိုင်းကို handmade ပဲ ပြုလုပ်တာဖြစ်ပါတယ်။ဒါ့အပြင် သောက်သုံးချင်တယ်ဆိုရင် ကြိုတင်မှာယူရတာဖြစ်ပြီး ဈေးကွက်ကို ဖြန့်ချီဖြင်းမရှိပါဘူး။ တကယ်ကို exclusive ဆန်တဲ့ Products တွေလို့ပြောရပါမယ်။ 👑

Billionaire Vodka ဟာဆိုရင်တော့ အထူးလျှိ့ဝှက်ထားတဲ့ ရုရှားဖော်စပ်နည်းနဲ့ပြုလုပ်ထားတာဖြစ်ပြီး
အထူးသီးသန့်အရသာရရှိအောင် အသေးစိတ်၊အနုစိပ် ပြုလုပ်ထားတာလည်းဖြစ်ပါတယ်

Leon Verres ကိုယ်တိုင် ဒီဇိုင်းဆွဲထားပြီး
5 litre ပုလင်းတစ်လုံးကို စိန်ပွင့်ပေါင်းသုံးထောင်၊နာမည်ကြီး Swarovski သလင်းကျောက်တွေနဲ့
အလှဆင်ထားပါတယ်။

1. Isabella Islay Whisky – $6.2 Million

Isabella Islay Whisky ကိုတော့
အောက်ခံ English သလင်းကျောက်မျက် ပုလင်း‌ပေါ်မှာ ၊ သတ္ထုချောင်း နှစ်ချောင်းစာပမာဏနဲ့ညီမျှတဲ့
ရွှေဖြူတွေနဲ့ လွှမ်းခြုံထားပြီး ၊ စိန်ပွင့်ပေါင်း 8500 ပတ္တမြား 300 နီးပါးနဲ့ အလှဆင်ထားပါတယ်။ 💎

အရသာကိုခဏဘေးချိတ်ထားမယ်ဆိုရင်တောင်
ဆင်ယင်ထားတဲ့ ရတနာပစ္စည်းတွေနဲ့တင်
အတော်ပြည့်စုံနေပြီလို့ပြောလို့ရပါတယ်
(သောက်ရက်စရာတောင်မရှိဘူးလို့ တင်စားရပါတယ်)

လူကြီးမင်းတို့အနေနဲ့ ဝယ်ယူသုံးဆောင်ချင်တယ်ဆိုရင် ဈေးနှုန်းပြန်ရှာနေစရာမလိုအောင် အမျိုးအစားနဲ့ဈေးနှုန်းကို တွဲရက်အချုပ် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် :3

1. Isabella Islay Whisky – $6.2 Million
2. Billionaire Vodka – $3.7 Million
3. Tequila Ley 925 – $3,5000,000
4. Henri IV Dudognon Heritage Cognac Grande
Champagne – $2 million
5. Russo-Baltique Vodka – $1.35 Million

Credit to original writer

အသစ်အသစ်တွေ မြည်းစမ်းဖို့ 🥃       ဆိုင်မှာ ရောက်နေပါပီ နော် 🍺
02/01/2023

အသစ်အသစ်တွေ မြည်းစမ်းဖို့ 🥃
ဆိုင်မှာ ရောက်နေပါပီ နော် 🍺

31/12/2022

Address

Htantabin Township
Yangon

Telephone

+959894618855

Website

Alerts

Be the first to know and let us send you an email when Friend ZONE Liquor Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Wine, Beer & Spirits Stores in Yangon

Show All