Zin Zin online shop

Zin Zin online shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin Zin online shop, Convenience Store, Min ye kyaw swar Street, Yangon.

မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါ‌စေရှင်🙏🙏🙏ကိုယ်ရော စိတ်ပါ အေးချမ်းကြပါစေရှင်🙏🙏🙏စီးပွါးတိုးတက် လာတ်လာဘ ရွှင်လန်းကြပါစေရှင်🙏🙏🙏
12/07/2023

မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါ‌စေရှင်🙏🙏🙏

ကိုယ်ရော စိတ်ပါ အေးချမ်းကြပါစေရှင်🙏🙏🙏

စီးပွါးတိုးတက် လာတ်လာဘ ရွှင်လန်းကြပါစေရှင်🙏🙏🙏

လူ့တန်ဖိုး......တစ်ကယ်တော့လူ့တန်ဖိုးဆိုတာ ကြွယ်ဝပြည့်စုံခြင်းမဟုတ်ပါဘူး။စည်းကမ်းရှိတဲ့ ပါးစပ်..အကောင်းမြင်တတ်တဲ့ မျက်လုံ...
10/03/2023

လူ့တန်ဖိုး......

တစ်ကယ်တော့
လူ့တန်ဖိုးဆိုတာ ကြွယ်ဝပြည့်စုံခြင်း
မဟုတ်ပါဘူး။

စည်းကမ်းရှိတဲ့ ပါးစပ်..
အကောင်းမြင်တတ်တဲ့ မျက်လုံးနဲ့
ကြင်နာ..စာနာမူရှိတဲ့ နှလုံးသားပါပဲ...။

09/03/2023
09/03/2023

လိုချင်တာ ရအောင်ယူနည်း၊ ဖြစ်ချင်တာ ဖြစ်အောင်လုပ်နည်း
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီနေ့ ကျွန်တော် မျှဝေပေးမယ့် "လိုချင်တာရအောင်ယူနည်း၊ ဖြစ်ချင်တာဖြစ်အောင်လုပ်နည်း" ဆိုတာ ကျွန်တော်ကိုယ်တိုင်လိုက်နာကျင့်သုံးခဲ့ပြီး တကယ်လည်း အကျိုးရှိခဲ့လို့ ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်။

အဆုံးထိသေသေချာချာလေးဖတ်ပြီး တကယ်လိုက်နာကျင့်သုံးမယ်ဆိုရင် သေချာပေါက် ကိုယ်လိုချင်တာတွေလည်း ရလာမှာဖြစ်သလို ကိုယ်ဖြစ်ချင်တာတွေလည်း ဖြစ်လာမှာ ဖြစ်ပါတယ်လို့ အာမခံပါတယ်။

လိုချင်တာရဖို့၊ ဖြစ်ချင်တာဖြစ်ဖို့အတွက်ဆိုရင် လုပ်ဆောင်ရမယ့် အဆင့် (4) ဆင့်ရှိပါတယ်။

(1) ကိုယ်ဘာကိုလိုချင်သလဲဆိုတာ သေသေချာချာသိရပါမယ်

(2) လိုချင်တာရဖို့အတွက် ပြင်းထန်တဲ့ဆန္ဒရှိရပါမယ်

(3) လိုချင်တာရဖို့ ဘာလုပ်ရမလဲလို့ အမြဲတွေးတောနေရပါမယ်

(4) လက်တွေ့လုပ်ဆောင်ရမယ်

အကျယ်ချဲ့ပြီး ရှင်းပြရရင်...

(1) ကိုယ်ဘာကိုလိုချင်လဲဆိုတာ သေသေချာချာသိရပါမယ်

လူတွေက လိုချင်တာတွေသာများတာပါ။ ကိုယ်ဘာကိုလိုချင်သလဲဆိုတာတော့ သေသေချာချာမသိကြပါဘူး။ ဥပမာ ကိုယ်က အိမ်လိုချင်တာလား၊ အလုပ်လိုချင်တာလား၊ ပိုက်ဆံလိုချင်တာလား၊ ကြွယ်ဝချမ်းသာမှုကို လိုချင်တာလား ဒီလိုတိတိပပ သိထားဖို့လိုပါတယ်။ ဟိုဟာလေးဆိုရင်လည်း လိုချင်လိုက်တာပဲ၊ ဒီဟာလေးဆိုရင်လည်း လိုချင်လိုက်တာပဲ ဆိုတာ ကိုယ်ဘာကိုလိုချင်လဲဆိုတာ သေချာမသိနိုင်ပဲ ဝေဝါးစေပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့ ကိုယ်ဘာကိုလိုချင်သလဲ၊ ကိုယ်တကယ်အလိုချင်ဆုံးအရာက ဘာလဲဆိုတာ သိအောင်လုပ်ပါ။

(2) လိုချင်တာရဖို့အတွက် ပြင်းထန်တဲ့ဆန္ဒရှိရပါမယ်။

လူအယောက်တစ်ရာကို ချမ်းသာချင်သလား လို့လိုက်မေးကြည့်ပါ။ လူအယောက်တစ်ရာလုံး ချမ်းသာချင်ပါတယ်လို့ ပြန်ဖြေပါလိမ့်မယ်။ ဒါဆို "ချမ်းသာစေဖို့အတွက် မင်းအခုဘာတွေလုပ်နေသလဲ"လို့ ထပ်မေးလိုက်ရင်တော့ "အင်း...အဲ" ဖြေကြပါလိမ့်မယ်။ ဒါဟာ ပြင်းထန်တဲ့ဆန္ဒမရှိဘူးဆိုတာကို သက်သေ​ပြနေတာပါပဲ။ "မင်း အောင်မြင်ချင်သလား... အင်း အောင်မြင်ချင်တယ်၊ မင်းချမ်းသာချင်သလား... အင်း ချမ်းသာချင်တယ်" ဆိုတဲ့ အဆင့်နဲ့တင် ရပ်နေလို့မရပါဘူး။ "ငါမအောင်မြင်မချင်းကြိုးစားမယ်၊ ငါ မချမ်းသာမချင်း လက်မလျှော့ဘူး"ဆိုတဲ့ ပြင်းထန်တဲ့စိတ်ဆန္ဒရှိဖို့လည်းလိုပါသေးတယ်။

(3) လိုချင်တာရဖို့ ဘယ်လိုလုပ်ရမလဲ အမြဲတွေးတောနေရပါမယ်

ကျွန်တော် လက်ထဲပိုက်ဆံတပြားမှ မရှိတဲ့အချိန်တွေတုန်းက ပိုက်ဆံရလာအောင်ဘယ်လိုလုပ်ရမလဲ၊ ဘာတွေလုပ်သင့်လဲဆိုတာ တချိန်လုံးတွေးတောနေခဲ့ပါတယ်။ တနေ့ကျတော့ အဖြေရှာတွေ့ခဲ့ပါတယ်။ ဒါကြောင့် ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိပါတယ်။ ပြဿနာတက်နေတယ်ဆိုတာ အဖြေကိုမရှာနိုင်သေးလိုပါ။ အဖြေရှာနိုင်ရင် ပြဿနာအားလုံး ပြေလည်သွားမှာဖြစ်လို့ လိုချင်တာရဖို့အတွက် ဘာတွေလုပ်ရမလဲ ဆိုတဲ့အဖြေကိုရဖို့ အမြဲတစေ တွေးတောဆင်ခြင်နေပါ။

(4) လက်တွေ့လုပ်ဆောင်ရမယ်။

ဘယ်လောက်ကောင်းတဲ့အစီအစဥ်ပဲဖြစ်ဖြစ်၊ ဘယ်လောက်ကောင်းတဲ့ အကြံဉာဏ်ပဲဖြစ်ဖြစ် လက်တွေ့ လုပ်ဆောင်မှုမပါရင် ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ကလိုချင်တာရဖို့ ဘာလုပ်မရလဲဆိုတာ တွေးတောရင်း idea ရလာတဲ့အခါ အဲ့ဒီ idea ကို ချက်ချင်းအကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်လို့ ပြောလိုပါတယ်။

ကျွန်တော်အပေါ်မှာ မျှဝေခဲ့တာတွေအားလုံးဟာ ဘယ်စာအုပ်ထဲကမှ ကူးယူဖော်ပြထားခြင်း မရှိပါဘူး။ ကျွန်တော့်ဘဝမှာကြုံရတဲ့ အခက်အခဲတွေကို ဖြေရှင်းရင်း ကိုယ်တိုင်တွေ့ရှိလာတဲ့ နည်းစနစ်တွေပဲဖြစ်ပါတယ်။

ဒီနည်းစနစ်တွေအတိုင်း တကယ်လိုက်နာကျင့်သုံးခဲ့ပြီး ကျွန်တော်လိုချင်တဲ့အလုပ်တွေလည်းရခဲ့ပါတယ်၊ လိုချင်တဲ့ ပိုက်ဆံတွေလည်း ရှာခဲ့ပါတယ်၊ ဖြစ်ချင်တာတွေလည်း ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ယုံယုံကြည်ကြည်နဲ့ လိုက်နာကြည့်သုံးပါလို့ တိုက်တွန်းလိုပါတယ်။

Dr Thet Htar Aung

ီ_ဘာ_ဘာ

09/02/2023

Convenience store

Address

Min Ye Kyaw Swar Street
Yangon

Website

Alerts

Be the first to know and let us send you an email when Zin Zin online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Convenience Stores in Yangon

Show All