Sweet Tomatoes

Sweet Tomatoes Cherry Tomatoes Seeds Hotline- 09953364015

🍅ခရမ်းချဉ်သီးအသုံးဝင်ပုံ 🍅ကျန်းမာရေးလည်းကောင်း ဈေးလည်းပေါတဲ့ ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်...
09/10/2023

🍅ခရမ်းချဉ်သီးအသုံးဝင်ပုံ 🍅

ကျန်းမာရေးလည်းကောင်း ဈေးလည်းပေါတဲ့ ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံးမှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။

Antioxidant ပါရှိမှု 🍅
----------------------
ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။

ရောဂါတိုက်ဖျက်မှု
----------------------
🍅ဆီးအိတ်ကင်ဆာ
ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။

နှလုံးရောဂါ🍅
ခရမ်းချဉ်သီးများများစားသူတွေဟာဆီးအိတ်ကင်ဆာရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေလျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေလျော့နည်း စေတာကိုပါ တွေ့ရပါတယ်။

🍅 မျက်စိကျန်းမာရေး
လူ့မျက်လုံး တစ်သျှူးကြွက်သားတွေမှာ တွေ့ရတဲ့ Lycopene ဓာတ်များတာက အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။

နေရောင်ကာကွယ်မှု🍅
နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။

🍅 ခရမ်းချဉ်သီးဝယ်ရာတွင်
---------------------------
ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။ အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါသုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။ ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။

🍅ခရမ်းချဉ်သီး သိုလှောင်ခြင်း
-------------------------------
ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။ တကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရူပဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။ ရှေးခေတ်က ခရမ်းချဉ်သီးကို အဆိပ်ရှိအသီးလို့ သတ်မှတ် ထားကြပါတယ်။ ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ရှိခဲ့တာပါ။

အားလုံးကျန်းမာပျော်ရွှင်ပါစေ

ချစ်ခင်လျှက်
ဒေါက်တာနုမြတ်

🍅ခရမ်းချဉ်သီးအသုံး၀င်ပုံ 🍅

ကျန်းမာရေးလည်းကောင်း စျေးလည်းပေါတဲ့ ခရမ်းချဉ်သီးမှာ ဗီတာမင်စီ၊ အမျှင်ဓာတ်၊ ဖောလိတ်ဓာတ်၊ ဗီတာမင်ဘီနဲ့ ပိုတက်စီယမ် သတ္တုဓာတ်တွေ ပါရှိပါတယ်။ ဒီလို အာဟာရဓာတ်တွေ ပါရှိတဲ့အပြင် လူကိုလည်း မဝစေပါဘူး။ ခရမ်းချဉ်သီး တစ်လုံးမှာ ကယ်လိုရီ ၇၂ ကီလိုဂျူးလောက်သာ ပါရှိတာကြောင့်ပါ။

Antioxidant ပါရှိမှု 🍅
----------------------
ခရမ်းချဉ်သီးမှာ Lycopene လို့ခေါ်တဲ့ ရောဂါ တိုက်ဖျက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) ပါရှိပြီး ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တယ်လို့ ဆိုပါတယ်။ Lycopene ဓာတ်က ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေတဲ့ ဓာတ်ပါ။ ခရမ်းချဉ်သီး အရောင်ရင့်လေ Lycopene ဓာတ်များလေပါပဲ။

ရောဂါတိုက်ဖျက်မှု
----------------------
🍅ဆီးအိတ်ကင်ဆာ
ခရမ်းချဉ်သီးကနေ Lycopene ဓာတ် အများဆုံး ရရှိတဲ့ အမျိုးသားတွေဟာ ဆီးအိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရပါတယ်။ ခရမ်းချဉ်သီးဆော့စ် ပါရှိတဲ့ အစာ ဒါမှမဟုတ် ခရမ်းချဉ်သီးကို တစ်ပတ် နှစ်ကြိမ်လောက် စားပေးရုံနဲ့တင် ဆီးအိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းထိ လျော့ကျနိုင်တာကို တွေ့ရပါတယ်။

နှလုံးရောဂါ🍅
ခရမ်းချဉ်သီးများများစားသူတွေဟာဆီးအိတ်ကင်ဆာရောဂါလိုပဲ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေလျော့နည်းတာကို လေ့လာရပါတယ်။ ဒါ့အပြင် Lycopene ဓာတ်တွေဟာ အဆုတ်၊ သားအိမ်ခေါင်းနဲ့ အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေလျော့နည်း စေတာကိုပါ တွေ့ရပါတယ်။

🍅 မျက်စိကျန်းမာရေး
လူ့မျက်လုံး တစ်သျှူးကြွက်သားတွေမှာ တွေ့ရတဲ့ Lycopene ဓာတ်များတာက အသက်အရွယ်ကြောင့် ဖြစ်ရတဲ့ မျက်စိတိမ်နဲ့ တခြားမျက်စိရောဂါတွေကို ကာကွယ်ပေးနိုင်တာကို လေ့လာရပါတယ်။

နေရောင်ကာကွယ်မှု🍅
နေရောင်ခြည်အောက်မှာ ခရမ်းချဉ်သီး ရင့်မှည့်လာရတဲ့အခါ လောင်ကျွမ်း မသွားအောင် Lycopene ဓာတ်က ကာကွယ်ပေးရသလို လူတွေကိုလည်း နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးပါတယ်။

🍅 ခရမ်းချဉ်သီးဝယ်ရာတွင်
---------------------------
ချက်ချင်း ချက်ပြုတ် စားသောက်ဖို့ ခရမ်းချဉ်သီး ဝယ်မယ်ဆိုရင် အနီရောင်ရဲရဲကို ရွေးဝယ်ပါ။ အနီရဲလေလေ Lycopene ဓာတ်များလေလေမို့ပါ။ ပျော့တဲ့နေရာ မရှိဘဲ ခပ်တင်းတင်းလေး ဖြစ်နေတဲ့ အလုံးကို ရွေးဝယ်ပါ။ အရောင်ဖျော့တဲ့ ခရမ်းချဉ်သီးတွေဟာ အခန်းတွင်း အပူချိန်မှာ ထားတဲ့အခါသုံးရက်ကနေ တစ်ပတ်အတွင်း ရင့်မှည့် လာတတ်ပါတယ်။ ခရမ်းချဉ်သီး တောင်းလိုက် ဝယ်မယ်ဆိုရင်လည်း တောင်းကို သေချာ ကြည့်ကာ မှည့်လွန်ပြီး ပျော့၊ ပြဲ၊ ကွဲနေတဲ့ အလုံးတွေ ပါမပါ စစ်ပါ။

🍅ခရမ်းချဉ်သီး သိုလှောင်ခြင်း
-------------------------------
ခရမ်းချဉ်သီးမှည့်ပါက ရေခဲသေတ္တာထဲမှာ လေးရက်လောက် အထားခံပါတယ်။ စားခါနီး တစ်နာရီလောက် အလိုမှာ ရေခဲသေတ္တာထဲက ထုတ်ပေးပါ။ မမှည့်သေးတဲ့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲ မထည့်မိ ပါစေနဲ့။ နေရောင်ခြည် တိုက်ရိုက်မကျတဲ့ အခန်းတွင်း အပူချိန်မှာ ထားပေးပါ။ တဖြည်းဖြည်းနဲ့ မှည့်လာပြီး အရသာ ကောင်းလာ ပါလိမ့်မယ်။ တကယ်တော့ ခရမ်းချဉ်သီးကို ဟင်းသီးဟင်းရွက် အုပ်စုထဲက မဟုတ်ဘဲ သစ်သီးအုပ်စုထဲမှာ ရူပဗေဒနည်းအရ အမျိုးအစား သတ်မှတ်ထားပါတယ်။ ရှေးခေတ်က ခရမ်းချဉ်သီးကို အဆိပ်ရှိအသီးလို့ သတ်မှတ် ထားကြပါတယ်။ ခရမ်းချဉ်သီးကို တောင်အမေရိကတိုက်ကနေ စတင်တွေ့ရှိခဲ့တာပါ။

ဒေါက်တာနုမြတ်​၏ဆောင်းပါးကူးယူဖော်ပြထားပါသည်။

ချယ်ရီခရမ်းချဉ်သီး ယိုထိုးနည်း video cliphttps://www.youtube.com/watch?v=BGLw7dV_NRg
09/10/2023

ချယ်ရီခရမ်းချဉ်သီး ယိုထိုးနည်း
video clip

https://www.youtube.com/watch?v=BGLw7dV_NRg

#ခရမ်းချဥ်သီးယို

✔️ချယ်ရီခရမ်းချဉ်သီးကို အောင်မြင်စွာ စိုက်ပျိုးဖို့အတွက် နေရောင်အပြည့်ရှိဖို့ လိုအပ်ပါတယ်။ ✔️၎င်းတို့သည် တစ်နေ့လျှင် အနည...
05/08/2023

✔️ချယ်ရီခရမ်းချဉ်သီးကို အောင်မြင်စွာ စိုက်ပျိုးဖို့အတွက် နေရောင်အပြည့်ရှိဖို့ လိုအပ်ပါတယ်။

✔️၎င်းတို့သည် တစ်နေ့လျှင် အနည်းဆုံး ခြောက်နာရီမှ ရှစ်နာရီအထိ တိုက်ရိုက်နေရောင်ခြည် လိုအပ်သည်။

✔️ခရမ်းချဉ်သီးများအတွက် မြေဆီလွှာသည် အက်စစ်ဓာတ်အနည်းငယ်၊ ကောင်းစွာရေဆင်း၊ မြေမှုန့်နှင့် မြေမှုန့်ဖြစ်သင့်သည်။

✔️ခရမ်းချဉ်သီးကို ပုံမှန်ရေလောင်းပေးရပါမယ်။

✔️မည်သည့်အချိန်တွင်မှ မြေဆီလွှာခန်းခြောက်ခွင့်မပြုသင့်ပါ။

✔️အသီးအနှံရာသီတွင် မြေဆီလွှာကို အညီအမျှ စိုစွတ်နေအောင် ထားခြင်းဖြင့် ပန်းပွင့်ပုပ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

✔️အခြားတစ်ဖက်တွင်၊ အလွန်အကျွံရေလောင်းခြင်းသည် ခရမ်းချဉ်သီးများကို ကွဲစေနိုင်သည်။ အစက်ချရေသွင်းခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်ရှင်။

🍒ချယ်ရီခရမ်းချဉ်သီး။
မျိုးစေ့ (၂၀) ပါ ၁ထုတ် ကို ၂၉,၀၀၀ ကျပ်
မျိုးစေ့ (၆၀) ပါ ၃ထုတ် ကို ၅၅,၀၀၀ ကျပ်

မှာယူလိုပါက ဒီ Page ရဲ့ cb ကနေ အမည် နေရပ်လိပ်စာ ဖုန်းနံပါတ်ရေးထားပေးပြီး ပစ္စည်းလက်ခံရယူဖို့စောင့်နေရုံပါပဲနော် 🥰

ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ပေးတာမို့ ယခုပဲ Cb ကနေ မှာယူလိုက်ပါနော် 🙏

🚒မြန်မာပြည်အနှံကို အိမ်အရောက်ပို့ဝန်ဆောင်မူ့ ရှိနေပါတယ်ရှင့်။

✨🍒ချယ်ရီ ခရမ်းချဉ်သီးရဲ့ ၁ လုံးရဲ့ ကောင်းကျိုးများ ကို သင်သိပါသလား ??🍒ချယ်ရီခရမ်းချဉ်သီးတွင် ကယ်လိုရီနည်းသော်လည်း အမျှင်...
04/08/2023

✨🍒ချယ်ရီ ခရမ်းချဉ်သီးရဲ့ ၁ လုံးရဲ့ ကောင်းကျိုးများ ကို သင်သိပါသလား ??

🍒ချယ်ရီခရမ်းချဉ်သီးတွင် ကယ်လိုရီနည်းသော်လည်း အမျှင်ဓာတ်၊ ဗီတာမင် A နှင့် C နှင့် lutein၊ lycopene နှင့် beta carotene ကဲ့သို့သော carotenoid antioxidants များ မြင့်မားသည်။

🍒ချယ်ရီခရမ်းချဉ်သီးမှာပါတဲ့ အပင်ဒြပ်ပေါင်းတွေက သွေးကြောနံရံတွေကို စည်းထားတဲ့ endothelial ဆဲလ်တွေကို ကာကွယ်ပေးခြင်းအားဖြင့် နှလုံးရောဂါကို ကြိုတင်ကာကွယ်တိုက်ဖျက်နိုင်ပါတယ်။

✔️၎င်းတို့သည် သင့်သွေးထဲတွင် သွေးခဲများ စုပုံခြင်းကိုလည်း တားဆီးနိုင်ပြီး၊ ၎င်းသည် နောက်ဆုံးတွင် သွေးခဲခြင်းနှင့် နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်း ဖြစ်နိုင်ချေ တို့ကို လျော့ချစေနိုင်ပါတယ်ရှင်။

✔️မြန်မာနိုင်ငံ မှာပဲ နေရာဒေသ အသီးသီးတွင် လက်ရှိ မှာ ယူ စိုက်ပျိုး နေသူများရဲ့ ထောက်ခံမူ့များ ရရှိ ထား ပြီးမို့ 🚫မျိုးစေ...
03/08/2023

✔️မြန်မာနိုင်ငံ မှာပဲ နေရာဒေသ အသီးသီးတွင် လက်ရှိ မှာ ယူ စိုက်ပျိုး နေသူများရဲ့ ထောက်ခံမူ့များ ရရှိ ထား ပြီးမို့
🚫မျိုးစေ့ မပေါက်မှာ၊
🚫အပင်မဖြစ် ထွန်းမှာ ၊
🚫မျိုးစေ့ အသေဖြစ်မှာတို့ အတွက် စိုးရိမ်စိတ်ပူစရာ မလိုပါဘူးရှင် 🥰

🍒ဒီချယ်ရီခရမ်းချဉ်သီးလေးရဲ့ ထူးခြားချက်က ရာသီတ်ိုင်း ၊ နေရာတိုင်း မြေအမျိုးအစားရွှေး၊အိမ်တွင်း မှာပါ လွယ်ကူ စွာ စိုက်ပျိုးနိုင်ပါတယ်ရှင်။

🍒အခုတွေ့ရှိနေရတဲ့ Cherry Tomatoes ကတော့နီနီရဲရဲနဲ့အရမ်းကိုလတ်ဆတ် ချိုမြန်ပြီး စိုက်ပျိုးရေးသုတေသနများရဲ့အောင်မြင်မှုရရှိတဲ့ သင် အမြင်ပါပဲနော်

🍒ချယ်ရီခရမ်းချဉ်သီး။
မျိုးစေ့ (၂၀) ပါ ၁ထုတ် ကို ၂၉,၀၀၀ ကျပ်
မျိုးစေ့ (၆၀) ပါ ၃ထုတ် ကို ၅၅,၀၀၀ ကျပ်

မှာယူလိုပါက ဒီ Page ရဲ့ cb ကနေ အမည် နေရပ်လိပ်စာ ဖုန်းနံပါတ်ရေးထားပေးပြီး ပစ္စည်းလက်ခံရယူဖို့စောင့်နေရုံပါပဲနော် 🥰

ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ပေးတာမို့ ယခုပဲ Cb ကနေ မှာယူလိုက်ပါနော် 🙏

🚒မြန်မာပြည်အနှံကို အိမ်အရောက်ပို့ဝန်ဆောင်မူ့ ရှိနေပါတယ်ရှင့်။

ခရမ်းချဉ်သီးစိုက်နည်း။1. အပင်စိုက်အိုးတစ်လုံး (သို့) 30 cm ခန့်နက်သောအရာဝတ္ထုတစ်ခုပြင်ထားပါ။2. အပင်စိုက်ရန်သဲရောစပ်ရာတွင...
02/08/2023

ခရမ်းချဉ်သီးစိုက်နည်း။

1. အပင်စိုက်အိုးတစ်လုံး (သို့) 30 cm ခန့်နက်သောအရာဝတ္ထုတစ်ခုပြင်ထားပါ။
2. အပင်စိုက်ရန်သဲရောစပ်ရာတွင်

3. ခရမ်းချဉ်သီးအစေ့ကိုပျိုးခင်းပစ္စည်း (ဥပမာ) မြေဆွေး (သို့) ပျိုးမြေ ဖြင့်ပျိုးပေးပြီး မျိုးစေ့ကိုအိုးထဲသို့စိုက်ထည့်ပြီး စိုစွတ်နေအောင်ရေလောင်းပေးပါ။ ပျိုးပင်ပေါက်ပြီး အရွက် 4-5 ရွက်ရှိသောအချိန် (သို့) ရက် 25-30 ရက်အကြာအတွင်ပြောင်းစိုက်ပါ။
4. ပျိုးပင်ရက် 30 ကြာမှစိုက်ခင်းထဲသို့ပြောင်းစိုက်ပေးခြင်း (သို့) အဆင်သင့်ပြင်ထားသောအပင်စိုက်အိုးထဲသို့ပြောင်းထည့်ပါ။
အကယ်၍စိုက်ခင်းတွင်စိုက်ပါကတစ်တန်းနှင့်တစ်တန်း 50×70 cmခြားပေးရပါမည်။
ရေပေးနည်း : ခရမ်းချဉ်သီးသည်စတင်စိုက်ပျိုးသည့်အချိန်မှစပြီးအပင်အိုသည်အထိရေပုံမှန်လောင်းပေးရပြီး (အသီးအရောင်ပြောင်းသွားပြီး) နောက်ပိုင်းမှသာရေလောင်းနှုန်းပမာဏကိုလျော့ချပေးပါ ထိုမှမဟုတ်လျှင် အသီးကွဲတတ်ပါသည်

မင်္ဂလာပါ။ချယ်ရီခရမ်းချဉ်မျိုးစေ့များကို အိုးဖြင့်စိုက်ပျိုးမည်ဆိုပါက အိုးအချင်းသည် အနည်းဆုံး (၃ လက်မ) ခန့် ရှိရမည်။ အို...
02/08/2023

မင်္ဂလာပါ။
ချယ်ရီခရမ်းချဉ်မျိုးစေ့များကို အိုးဖြင့်စိုက်ပျိုးမည်ဆိုပါက အိုးအချင်းသည် အနည်းဆုံး (၃ လက်မ) ခန့် ရှိရမည်။ အိုးအနက်သည် တစ်လက္မခန့်ရှိရမည်ဖြစ်ပြီး အိုးတစ်အိုးလျှင် မျိုးစေ့နှစ်စေ့ထည့်၍ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီးပါက စိုက်ပျိုးရန် ပြုပြင်ထားသောမြေကို အိုးအတွင်း ထပ်မံဖြည့်ပေးရမည်။ ပြုပြင်ထားသော မြေသည် အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရမည်။

မျိုးစေ့များအညှောင့်ပေါက်ရန် အချိန်နှစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။ အိုးကို ကြည်လင်သန့်ရှင်း သော ပလက်စတစ်အိတ်ဖြင့် ဖုံးအုပ်ထားခြင်းဖြင့် မျိုးစေ့များကို လျင်မြန်စွာ အညှောင့်ပေါက်စေပါသည်။ အိုးများကို ပလက်စတစ်အိတ် မဖယ်ဘဲ နွေးထွေးသော အခန်းအတွင်း ထည့်သွင်းထားရပါမည်။ မျိုးစေ့များ စတင်အညှောင့်ပေါက်ပြီဆိုပါက ပလက်စတစ်အိတ်များကို ဖယ်ရှားပြီး အိုးများကို နေရောင်ခြည် လုံလုံလောက် လောက်ရသည့်နေရာတွင် ရွှေ့ပြောင်းထားရမည်။ အိုးအတွင်းရှိ မြေကြီးခြောက်သွေ့နေပါက အစိုဓာတ်ရရှိရန် ရေလောင်းပေးရမည်ဖြစ်သော်လည်း ရေကိုအလွန်အကျွံ မလောင်းသင့်ပေ။ အပင်များ တဖြည်းဖြည်း ကြီးထွားလာပါက အရွယ်အစားပိုကြီးသော အိုးအတွင်းသို့ ရွှေ့ပြောင်းနိုင်သည်။ အချင်း (၆ လက္မ မှ ၈ လက္မ) ရှိသော ရွှံ့စေးမြေအိုးများသည် အပင်များကို ထောက်ပံ့မှုကောင်းကောင်းပေးနိုင်သဖြင့် ရွှေ့ပြောင်းစိုက်ပျိုးရန်အတွက် မြေအိုးများကို ရွေးချယ်မည်ဆိုပါက ပိုမိုကောင်းမွန်ပါသည်။ သင့်အနေဖြင့် အရည်အသွေးကောင်းမွန်သော ပလက်စတစ်အိုးများကိုလည်း အသုံးပြုနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်စိုက်ပျိုးရန် ပြုပြင်ထားသောမြေသည် အော်ဂဲနစ်မြေအမျိုးအစား ဖြစ်သင့်သည်။ ထိုမြေထဲသို့ မြေဆွေးများကိုလည်း ရောနှောအသုံးပြုနိုင်သည်။ ပြုပြင်ထားသောမြေကို အိုး၏သုံးပုံတစ်ပုံခန့်အထိဖြည့်ပြီး အလယ်တွင် အပေါက်ဖောက်ထားရမည်။ ဖောက်ထားသောအပေါက်သည် အမြစ်များ ကောင်းမွန်စွာဝင်ဆံ့ရန် (ထည့်လိုက်ပါက အမြစ်များမခေါက်စေရန်) သင့်လျော်သည့်အကျယ်အဝန်း ရှိရမည်။ ထို့နောက် အပင် (သို့) ပျိုးပင်များကို ၎င်းအပေါက်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ပြီးပါက အပေါက်ကို မြေကြီးဖြည့်ပေးရမည်ဖြစ်ပြီး အပင်မယိုင်လဲအောင် အပင်အောက်ခြေရှိမြေကြီးကို အနည်းငယ် ဖိနှိပ်ပေးရမည်။ ပျိုးပင်များကို ရေလောင်းရန် မမေ့ပါနှင့်။

ချယ်ရီခရမ်းချဉ်ပင်များ နေရောင်ခြည်ရရှိမှုအနေဖြင့် တစ်နေ့လျှင်အနည်းဆုံး ခြောက်နာရီရရှိနိုင်သည့် နေရာတွင် အိုးများကိုထားရမည်။ အစိုဓာတ်ကို သေချာထိန်းသိမ်းထားရမည်ဖြစ်ပြီး အရမ်းမစိုစွတ်စေရန် သတိပြုရမည်။ အာဟာရအနေဖြင့် ရေတွင်ပျော်ဝင်သော မြေသြဇာများကို တစ်ပတ်လျှင်တစ်ကြိမ် ကျွေးနိုင်သည်။ နောက်ထပ် အဓိကဂရုစိုက်ရမည့်အချက်မှာ ချယ်ရီခရမ်းချဉ်ပင်များကို ဒေါက်ထောက်ပေးခြင်း ဖြစ်သည်။ ဒေါက်ထောက်ပေးခြင်းဖြင့် အပင်များကြီးလာသည့်အခါ ယိုင်လဲမသွားအောင် ထိန်းထားနိုင်သည်။

မင်္ဂလာပါ ယခုကူးယူဖော်ပြပေးသွားမှာကတော့ချယ်ရီခရမ်းချဉ်သီးများကို အိုးနှင့်ဘယ်လိုစိုက်ပျိုးမလဲ?ချယ်ရီခရမ်းချဉ်သီးတွေကို အ...
02/08/2023

မင်္ဂလာပါ ယခုကူးယူဖော်ပြပေးသွားမှာကတော့
ချယ်ရီခရမ်းချဉ်သီးများကို အိုးနှင့်ဘယ်လိုစိုက်ပျိုးမလဲ?

ချယ်ရီခရမ်းချဉ်သီးတွေကို အိုး ဒါမှမဟုတ် ဗန်းထဲမှာ ဘယ်လိုစိုက်ပျိုးမလဲဆိုတာကို ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးကြရအောင်။

ချယ်ရီခရမ်းချဉ်ပင်များသည် သေးငယ်၍ လုံးဝိုင်းသော ခရမ်းချဉ်သီးများကို သီးပါသည်။ အဆိုပါ ခရမ်းချဉ်သီးများသည် လတ်လတ် ဆတ်ဆတ် အစိမ်းစား၍ရသလို သုပ်စား၍လည်း ရပါသည်။ သေချာဂရုတစိုက် စိုက်ပျိုးမည်ဆိုပါက ချယ်ရီခရမ်းချဉ်ပင် တစ်ပင်သည် မိသားစုတစ်စုစားသုံးရန် လုံလောက်သော ခရမ်းချဉ်သီးများကို သီးပေးနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်ပင်များသည် နွေးသောရာသီဥတုကို နှစ်သက်သောအပင်များဖြစ်သဖြင့် အိုး (သို့မဟုတ်) ထည့် စရာခွက်တစ်ခုခုတွင် ထည့်စိုက်ပါက ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ပါသည်။ ချယ်ရီခရမ်းခဉ်ပင်ကို ယခုမှ စတင် စိုက်ပျိုးမည့် တောင်သူများပင်လျှင် အိုးနှင့်စိုက်ပျိုးခြင်းကို အောင်မြင်စွာပြုလုပ်နိုင်ပါသည်။

ချယ်ရီခရမ်းချဉ်အစေ့များသည် မြန်မြန်အညှောင့်ပေါက်ပြီး အမိုးအကာအောက်တွင် စိုက်ပျိုးမည်ဆိုပါက ဂရုစိုက်ပေးရန် လိုအပ်ပါသည်။ ခက်ခက်ခဲခဲမဟုတ်ဘဲ အထွက်နှုန်းကောင်းကောင်း ရနိုင်သော ခရမ်းချဉ်မျိုးကို စိုက်ပျိုးလိုသည့် တောင်သူများအတွက် ချယ်ရီခရမ်းချဉ်သည် အကောင်းဆုံး ဖြစ်ပါသည်။ ချယ်ရီခရမ်းချဉ်သီးများသည် အရောင်အမျိုးမျိုး (ဥပမာ- လိမ္မော်ရောင်၊ အဝါရောင်၊ အဖြူရောင်) ရှိနိုင်ပါသည်။ မိမိဥယျာဉ်ခြံအတွင်းစိုက်ပျိုးရန် အလွန်ကောင်းမွန်သော်လည်း အိုးများ၊ ခရမ်းချဉ်စိုက်ပျိုးသည့် အိတ်များဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်စိုက်ပျိုးရန် နည်းလမ်းအဆင့်ဆင့်ကို ပြေပြသွားပါမည်။

သင့်တော်သော ရာသီဥတု

ချယ်ရီခရမ်းချဉ်သီးများကို မည်သည့်ပတ်ဝန်းကျင် အခြေအနေမျိုးတွင်မဆို စိုက်ပျိုးနိုင်ပါသည်။ သို့သော် စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက နောက်ဆုံးအကြိမ် နှင်းခါးများကျပြီးသည့်အချိန်တွင် စိုက် ပျိုးပါက ပိုမိုကောင်းမွန်ပါသည်။ အကယ်၍ သင့်နေဖြင့် ချယ်ရီခရမ်းချဉ်ကို အိုးအတွင်းထည့်၍ စိုက် ပျိုးလိုပါက အစေ့များကို ပြုပြင်ထားသောမြေ ထည့်ထားသည့် ခွက်ငယ်အတွင်းထည့်၍ စိုက်ပျိုးသင့်သည်။

ချယ်ရီခရမ်းချဉ်များကို အိုးဖြင့်စိုက်ပျိုးခြင်း

ချယ်ရီခရမ်းချဉ်မျိုးစေ့များကို အိုးဖြင့်စိုက်ပျိုးမည်ဆိုပါက အိုးအချင်းသည် အနည်းဆုံး (၃ လက်မ) ခန့် ရှိရမည်။ အိုးအနက်သည် တစ်လက္မခန့်ရှိရမည်ဖြစ်ပြီး အိုးတစ်အိုးလျှင် မျိုးစေ့နှစ်စေ့ထည့်၍ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီးပါက စိုက်ပျိုးရန် ပြုပြင်ထားသောမြေကို အိုးအတွင်း ထပ်မံဖြည့်ပေးရမည်။ ပြုပြင်ထားသော မြေသည် အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရမည်။

မျိုးစေ့များအညှောင့်ပေါက်ရန် အချိန်နှစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။ အိုးကို ကြည်လင်သန့်ရှင်း သော ပလက်စတစ်အိတ်ဖြင့် ဖုံးအုပ်ထားခြင်းဖြင့် မျိုးစေ့များကို လျင်မြန်စွာ အညှောင့်ပေါက်စေပါသည်။ အိုးများကို ပလက်စတစ်အိတ် မဖယ်ဘဲ နွေးထွေးသော အခန်းအတွင်း ထည့်သွင်းထားရပါမည်။ မျိုးစေ့များ စတင်အညှောင့်ပေါက်ပြီဆိုပါက ပလက်စတစ်အိတ်များကို ဖယ်ရှားပြီး အိုးများကို နေရောင်ခြည် လုံလုံလောက် လောက်ရသည့်နေရာတွင် ရွှေ့ပြောင်းထားရမည်။ အိုးအတွင်းရှိ မြေကြီးခြောက်သွေ့နေပါက အစိုဓာတ်ရရှိရန် ရေလောင်းပေးရမည်ဖြစ်သော်လည်း ရေကိုအလွန်အကျွံ မလောင်းသင့်ပေ။ အပင်များ တဖြည်းဖြည်း ကြီးထွားလာပါက အရွယ်အစားပိုကြီးသော အိုးအတွင်းသို့ ရွှေ့ပြောင်းနိုင်သည်။ အချင်း (၆ လက္မ မှ ၈ လက္မ) ရှိသော ရွှံ့စေးမြေအိုးများသည် အပင်များကို ထောက်ပံ့မှုကောင်းကောင်းပေးနိုင်သဖြင့် ရွှေ့ပြောင်းစိုက်ပျိုးရန်အတွက် မြေအိုးများကို ရွေးချယ်မည်ဆိုပါက ပိုမိုကောင်းမွန်ပါသည်။ သင့်အနေဖြင့် အရည်အသွေးကောင်းမွန်သော ပလက်စတစ်အိုးများကိုလည်း အသုံးပြုနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်စိုက်ပျိုးရန် ပြုပြင်ထားသောမြေသည် အော်ဂဲနစ်မြေအမျိုးအစား ဖြစ်သင့်သည်။ ထိုမြေထဲသို့ မြေဆွေးများကိုလည်း ရောနှောအသုံးပြုနိုင်သည်။ ပြုပြင်ထားသောမြေကို အိုး၏သုံးပုံတစ်ပုံခန့်အထိဖြည့်ပြီး အလယ်တွင် အပေါက်ဖောက်ထားရမည်။ ဖောက်ထားသောအပေါက်သည် အမြစ်များ ကောင်းမွန်စွာဝင်ဆံ့ရန် (ထည့်လိုက်ပါက အမြစ်များမခေါက်စေရန်) သင့်လျော်သည့်အကျယ်အဝန်း ရှိရမည်။ ထို့နောက် အပင် (သို့) ပျိုးပင်များကို ၎င်းအပေါက်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ပြီးပါက အပေါက်ကို မြေကြီးဖြည့်ပေးရမည်ဖြစ်ပြီး အပင်မယိုင်လဲအောင် အပင်အောက်ခြေရှိမြေကြီးကို အနည်းငယ် ဖိနှိပ်ပေးရမည်။ ပျိုးပင်များကို ရေလောင်းရန် မမေ့ပါနှင့်။

ချယ်ရီခရမ်းချဉ်ပင်များ နေရောင်ခြည်ရရှိမှုအနေဖြင့် တစ်နေ့လျှင်အနည်းဆုံး ခြောက်နာရီရရှိနိုင်သည့် နေရာတွင် အိုးများကိုထားရမည်။ အစိုဓာတ်ကို သေချာထိန်းသိမ်းထားရမည်ဖြစ်ပြီး အရမ်းမစိုစွတ်စေရန် သတိပြုရမည်။ အာဟာရအနေဖြင့် ရေတွင်ပျော်ဝင်သော မြေသြဇာများကို တစ်ပတ်လျှင်တစ်ကြိမ် ကျွေးနိုင်သည်။ နောက်ထပ် အဓိကဂရုစိုက်ရမည့်အချက်မှာ ချယ်ရီခရမ်းချဉ်ပင်များကို ဒေါက်ထောက်ပေးခြင်း ဖြစ်သည်။ ဒေါက်ထောက်ပေးခြင်းဖြင့် အပင်များကြီးလာသည့်အခါ ယိုင်လဲမသွားအောင် ထိန်းထားနိုင်သည်။

ဖျက်ပိုးကာကွယ်နှိမ်နင်းရေး

ချယ်ရီခရမ်းချဉ်ပင်များကို ပိုးမွှားမကျရောက်စေရန် ကာကွယ်ရေးသည် အလွန်အရေးကြီးပါသည်။ ပင်စိမ်းပင်နှင့် ထပ်တရာပင်များကို ချယ်ရီခရမ်းချဉ်ပင်များအနီး စိုက်ပျိုးထားခြင်းဖြင့် ဖျက်ပိုးများကို ကာကွယ်နိုင်သည်။ ထို့အပြင် မိမိဒေသရှိ စိုက်ပျိုးရေးဌာန၏ လမ်းညွှန်အကြံပြုချက်နည်းလမ်း များကိုလည်း အသုံးပြုနိုင်ပါသည်။

သင့်လျော်သော ဂရုစိုက်မှုပေးမည်ဆိုပါက ချယ်ရီခရမ်းချဉ်ပင်များသည် နွေရာသီအလယ်မှစ၍ ဆောင်းရာသီကုန်သည်အထိ ကောင်းမွန်သော အထွက်နှုန်းကို ပေးစွမ်းနိုင်ပါသည်။

ချယ်ရီခရမ်းချဉ်များကို ဗန်းဖြင့်စိုက်ပျိုးခြင်း

ပထမဦးဆုံးအနေဖြင့် ပြုပြင်ထားသောမြေများကို ပျိုးဗန်းနှုတ်ခမ်းမရောက်မီ တစ်လက္မခန့်အထိ ဖြည့်ပါ။ မျက်နှာပြင်ညီညာအောင် လက်ဖြင့်ညှိပါ။ မြေကြီးနှံ့စပ်အောင် ရေလောင်းပေးရန်လိုအပ်ပြီး လုံးဝစိုစွတ်မနေစေရန် သတိပြုပါ။ ပုံမှန်ရေလောင်းပေးခြင်းဖြင့် မြေကြီးသည် ဗန်းထဲတွင်အသားကျနေမည် ဖြစ်သည်။ ခဲတံကိုအသုံးပြု၍ လက္မဝက်ခန့် အပေါက်များပြုလုပ်ပါ။ ပင်ကြားအကွာအဝေးသည် တစ်လက္မခန့်ရှိပြီး အပေါက်တစ်ပေါက်လျှင် အစေ့တစ်စေ့ချ၍ စိုက်ပျိုးပါ။ မျိုးစေ့များကို မြေခပ်ပါးပါး ဖုံးအုပ်ပါ။ ဗန်းများကို ပလက်စတစ်အပါးစဖြင့် ဖုံးအုပ်ပါ။ လေဝင်လေထွက်ကောင်းစေရန်အတွက် တစ်ဖက်ကို အနည်းငယ် ဖွင့်ထားရမည်။ ဗန်းများကို မှောင်၍ နွေးသောနေရာတွင် ထားရမည်ဖြစ်ပြီး အပူချိန်သည် အနည်းဆုံး (၂၁ ဒီဂရီ စင်တီဂရိတ်) ရှိရမည်။ မျိုးစေ့များ အညှောင့်ထွက်လာပြီး မြေကြီးပေါ် ပေါ်လာသည်အထိ ထားရမည်။ ထို့နောက် ဗန်းပေါ်ရှိ ပလက်စတစ်အပါးစများကို ဖယ်ရှားပြီး ဗန်းများကို လျှပ်စစ်မီး (အပင်များကြီးထွားစေရန် ပြုလုပ်ထားသော အလင်းရောင်ပေးသည့် လျှပ်စစ်မီးအလင်း) အလင်းရောင်အောက်ရှိ စင်ပေါ်တွင်ထားပါ။ နေဝင်၍ မှောင်လာသည်နှင့်တပြိုင်နက် ထိုလျှပ်စစ်မီးကို ဖွင့်ပေးရမည်။ ဗန်းများကို မီးအလင်းရောင်နှင့် (၆ လက္မ) အကွာတွင်ထားရမည်။ ဝပ်အားများသော လျှပ်စစ်မီးလုံးများအသုံးပြုလျှင် အပင်များကို မလောင်ကျွမ်းစေရန် မီးလုံးနှင့် ဗန်းများကြား အကွားအဝေးကို လက္မအနည်းငယ်ခန့် ညှိပေးနိုင် သည်။ ဗန်းထဲရှိပျိုးပင်များ (၄ လက္မ) ခန့်ရှိပြီဆိုပါက ပျိုးပင်များကို ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီဖြစ်သည်။ ခရမ်းချဉ်အပွင့်များ ပွင့်လန်းလာစေရန် ပန်းပွင့်များကို အသာအယာလှုပ်ပေးရမည်။ အသီးများ၏ အလေးချိန်ကြောင့် ပင်စည်မကွေးညွတ်စေရန်နှင့် ပင်စည်မကျိုးစေရန်အတွက် အပင်ကိုထောင်မတ်ပေးမည့် အထောက်အပံ့ (ဒေါက်တိုင်) များထားပေးရမည်။ ချယ်ရီခရမ်းချဉ်သီးများမှည့်လာပြီဆိုပါက အသီးများကို ရိတ်သိမ်းပေးနိုင်ပါသည်။ သို့မှသာ အပင်မှ အသီးများ ထပ်မံသီးနိုင်မည်ဖြစ်ပါသည်



Greenwaymyanmar.com မှ မသင်းသဇင်​၏ဆောင်းပါးအားပြန်လည်ကူးယူတင်ပြပေးထားခြင်းဖြစ်ပါသည်

31/07/2023

🍒🍒ထိုင်းခရမ်းချဉ်သီးပင် ၁ ပင်မှာ အသီး ပေါင်းများစွာသီး နိုင်တယ်ဆိုတာ သင်အမြင်တိုင်းပါပဲနော် 🥰

🍒ထိုင်းချယ်ရီ ခရမ်းချဉ်လေးတွေ က မိုးရာသီ မှာ စိုက်ပျိုးလို့ အကောင်းဆုံး ပဲ လို့ စိုက်ပျိုးရေး ပညာရှင်များကအထောက်အထားများနဲ့ တကွ အဆိုပြုထားပါတယ်ရှင်။

🍒ချယ်ရီခရမ်း ချဉ်လေးတွေက နိုင်ငံတဝှမ်း မှာ ဈေးကွက် ဝယ် လိုအားလဲ အရမ်းများတဲ့ အတွက် စီးပွါး ဖြစ် စိုက်ပျိုး သူလိုများ အတွက် အဆင့်သင့် ပဲဝယ် ယူစိုက်ပျိုးနိုင်ပါပြီရှင်။

🍒ဒီချယ်ရီခရမ်းချဉ်သီးလေးရဲ့ ထူးခြားချက်က ရာသီတ်ိုင်း ၊ နေရာတိုင်း မြေအမျိုးအစားရွှေး၊အိမ်တွင်း မှာပါ လွယ်ကူ စွာ စိုက်ပျိုးနိုင်ပါတယ်ရှင်။

🍒အခုတွေ့ရှိနေရတဲ့ Cherry Tomatoes ကတော့နီနီရဲရဲနဲ့အရမ်းကိုလတ်ဆတ် ချိုမြန်ပြီး စိုက်ပျိုးရေးသုတေသနများရဲ့အောင်မြင်မှုရရှိတဲ့ သင် အမြင်ပါပဲနော်

🍒ချယ်ရီခရမ်းချဉ်သီး။
မျိုးစေ့ (၂၀) ပါ ၁ထုတ် ကို ၂၉,၀၀၀ ကျပ်
မျိုးစေ့ (၆၀) ပါ ၃ထုတ် ကို ၅၅,၀၀၀ ကျပ်

မှာယူလိုပါက ဒီ Page ရဲ့ cb ကနေ အမည် နေရပ်လိပ်စာ ဖုန်းနံပါတ်ရေးထားပေးပြီး ပစ္စည်းလက်ခံရယူဖို့စောင့်နေရုံပါပဲနော် 🥰

ပို့ဆောင်ခ အခမဲ့ဖြင့် ပို့ပေးတာမို့ ယခုပဲ Cb ကနေ မှာယူလိုက်ပါနော် 🙏

🚒မြန်မာပြည်အနှံကို အိမ်အရောက်ပို့ဝန်ဆောင်မူ့ ရှိနေပါတယ်ရှင့်။

28/07/2023

🍒🍒ထိုင်းနိုင်ငံတွင် ခရမ်းချဉ်သီးပင် 1 ပင်ကိုအသီး 4000 လုံးသီးနိုင်ပါတယ်။ မျိုးစေ့တွေကိုစိတ်ဝင်စားတယ်ဆိုရင် စုံစမ်းမေးမြန်းနိုင်ခြင်း (သို့) မှာယူနိုင်ပါတယ်။

🍒ချယ်ရီခရမ်းချဉ်သီး။
မျိုးစေ့ (၂၀) ၁ထုတ် ကို 29,000ကျပ်
မျိုးစေ့ (၆၀) ၃ထုတ် ကို 55,000ကျပ်

ဒီ Page cb ကနေ အမည် နေရပ်လိပ်စာ ဖုန်းနံပါတ်ရေးထားပေးပြီး ပစ္စည်းလက်ခံရယူဖို့စောင့်နေရုံပါပဲ။

🍒အခုတွေ့ရှိနေရတဲ့ Cherry Tomatoes ကတော့နီနီရဲရဲနဲ့အရမ်းကိုလတ်ဆတ် ချိုမြန်ပြီး စိုက်ပျိုးရေးသုတေသနများရဲ့အောင်မြင်မှုရရှိတဲ့ idea တစ်ခုပဲဖြစ်ပါတယ်။

ပို့ဆောင်ခ ပေးရန်မလိုပါရှင်🙏
🚒မြန်မာပြည်အနှံကို အိမ်အရောက်ပို့ဝန်ဆောင်မူ့ ရှိနေပါတယ်ရှင့်။

16/11/2022

မင်္ဂလာပါရှင့်
ပင်လယ်စာခြောက်များနှင့်အသီးအနှံခြောက်များကို လက်လီလက်ကား ရရှိနိုင်ပါပြီရှင့်။

Address

No. 279/YanshinStreet, Yankin, BahanTownship/Yangon
Yangon
11171

Telephone

+959953364015

Website

Alerts

Be the first to know and let us send you an email when Sweet Tomatoes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sweet Tomatoes:

Videos

Share


Other Convenience Stores in Yangon

Show All