K Mark Grocery Store

K Mark Grocery Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K Mark Grocery Store, Convenience Store, Yangon.

🎇တန်ဆောင်တိုင်လျော့စျေး🎆✨📣hello ရာသီအကူးပြောင်းမှာပဲဖြစ်ဖြစ်တန်ဆောင်တိုင်ကန်တော့လက်ဆောင်ပေးဖို့ဆိုလဲသင့်လျော်တဲ့သက်ကြီးရ...
14/11/2024

🎇တန်ဆောင်တိုင်လျော့စျေး🎆

✨📣hello ရာသီအကူးပြောင်းမှာပဲဖြစ်ဖြစ်တန်ဆောင်တိုင်ကန်တော့လက်ဆောင်ပေးဖို့ဆိုလဲသင့်လျော်တဲ့

သက်ကြီးရွယ်အို လူငယ်လူကြီးအားလုံးတွက်စိတ်နဲ့ခန္ဓာကျန်းမာပီးကိုယ်ခံအားကောင်းဖို့ဆို

လိုအပ်တဲ့ဖြည့်စွက်စာများကိုစျေးနူန်းချိုသာစွာရရှိနိုင်ပါတယ်ရှင်

🇹🇭ယိုးဒယားqualityပြည်တွင်းသုံးများကို dateဝေးပီးစျေးနူန်းသက်သာစွာဖြင့်ရန်ကုန်မြို့တွင်းနှင့်နယ်ဝေးများပါပို့ဆောင်ပေးပါတယ်🚛

🍁ဆီးချိုသမားများတွက်Glucerna 800g(ဗူးကြီး) --- 176000ks
400g(ဗူးသေး)--- 88000ks
400gကိုအထုပ် --- 85000ks
400g×3=1200gထုပ် -- 260000ks

🍁Ensure gold
800g --- 139000ks
380g --- 72000ks

🍁Anlene 5x gold
400g --- 42000ks

🍁သကြားမပါတဲ့india made Viva Horlick 500g --- 27500ks

🍁vit B အုပ်စုပါဝင်တဲ့GSD ဂျင်ဆင်းအားဆေးရည်
10လုံး1ကဒ် --- 22000k

🫕🍲ကြော်ကြော်ချက်ချက် အရသာတိုင်းကိုပြည့်စုံကောင်းမွန်စေတဲ့ ရွှေပျားကထုပ်လုပ်ထားတဲ့ပဲငံပြာရည် အကြည်ရည် အပျစ်အနောက်ရည် ခရုဆ...
12/11/2024

🫕🍲ကြော်ကြော်ချက်ချက် အရသာတိုင်းကိုပြည့်စုံကောင်းမွန်စေတဲ့

ရွှေပျားကထုပ်လုပ်ထားတဲ့ပဲငံပြာရည် အကြည်ရည် အပျစ်အနောက်ရည်

ခရုဆီ နဲ့chilli sauceများလဲရရှိနိုင်ပါတယ်နော်🥦🌽🥕🌶🍄

🌧☕မိုးအေးအေးနဲ့ ကော်ဖီအရသာလေးပင်ပီးမွှေးလွန်းတဲ့ယိုးဒယားကုန်တိုက်က ARABUS Speed 3in 1 coffeeလေး K Mark မှာရပါတယ်ရှင်‼️ 1...
09/11/2024

🌧☕မိုးအေးအေးနဲ့ ကော်ဖီအရသာလေးပင်ပီးမွှေးလွန်းတဲ့ယိုးဒယားကုန်တိုက်က ARABUS Speed 3in 1 coffeeလေး K Mark မှာရပါတယ်ရှင်‼️
1ပါကင်အထုပ်30ထုပ် --- 23000ks

🇹🇭ထိုင်းနိုင်ငံထုတ် GSD Ginseng drinkအသစ်လေး ရောက်ထားပါတယ်ရှင်🍁Ginsengအားပြည့် အချိုရည်လေးမှာဆိုရင် ဂျင်ဆင်းပျားရည်တို့အ...
08/11/2024

🇹🇭ထိုင်းနိုင်ငံထုတ် GSD Ginseng drinkအသစ်လေး ရောက်ထားပါတယ်ရှင်

🍁Ginsengအားပြည့် အချိုရည်လေးမှာဆိုရင် ဂျင်ဆင်းပျားရည်တို့အပြင်vit B2 ,B6,B12 စသည်တို့ပါဝင်သောကြောင့်စိတ်ကြည်လင်လန်းဆန်းစေပီးပင်ပန်းနွမ်းနယ်မူကိုလျော့ကျစေပါတယ်
100mlပါ10လုံး1ကဒ် -- 22000ks🛒

🌸🌷အဝတ်ထည်လေးတွေမှိုနံ့ကင်းပီးနူးညံ့မွှေးပြန့်ဖို့ဆို softenerလေးတွေရှိပါတယ်နော် 🌼🍁
07/11/2024

🌸🌷အဝတ်ထည်လေးတွေမှိုနံ့ကင်းပီးနူးညံ့မွှေးပြန့်ဖို့ဆို softenerလေးတွေရှိပါတယ်နော် 🌼🍁

🧠💪ကိုယ်ခံအားကောင်းပီးအာဟာရဓါတ်မျိုးစုံပါတဲ့nutrients supporting များစွာပေးတဲ့  Viva Horlicksလေးအနဲငယ်ရပါမယ်ရှင်  🇮🇳 indi...
07/11/2024

🧠💪ကိုယ်ခံအားကောင်းပီးအာဟာရဓါတ်မျိုးစုံပါတဲ့nutrients supporting များစွာပေးတဲ့ Viva Horlicksလေးအနဲငယ်ရပါမယ်ရှင်

🇮🇳 india made ကိုမှ no added sugar မို့ဆီးချိုသမားတွေပါသောက်သုံးလို့ရပါတယ်နော်

🌧ခုလိုရာသီအကူးအပြောင်းတွေမှာကျန်းမာဖို့တွက်သက်ကြီးရွယ်အိုလူကြီးတွေတွက်ဆိုလဲသောက်သုံးသင့်ပါတယ်
500g--- 27500ks🛒
India madeမို့အရည်သွေးလဲစိတ်ချရပါတယ်

💝  400g အထုပ်တွဲလေးကကုန်ပါပီရှင် 💝  800g ဗူးကြီးလေးရပါသေးတယ်နော်💸စျေးနူန်းလဲအသက်သာဆုံးလေးလေးဖြစ်အောင်ထားပေးထားပါတယ်800g ...
02/11/2024

💝 400g အထုပ်တွဲလေးကကုန်ပါပီရှင်

💝 800g ဗူးကြီးလေးရပါသေးတယ်နော်
💸စျေးနူန်းလဲအသက်သာဆုံးလေးလေးဖြစ်အောင်ထားပေးထားပါတယ်
800g --- 180000ks🛒

 📣hello.. ဆီးချိုသမားများတွက်မရှိမဖြစ် အကောင်းဆုံးဖြည့်စွက်စာလေးဖြစ်တဲ့ Glucerna ဆီးချိုနို့မူန့်အထုပ်ကြီးတွေမှာထားသူလေး...
01/11/2024



📣hello.. ဆီးချိုသမားများတွက်မရှိမဖြစ် အကောင်းဆုံးဖြည့်စွက်စာလေးဖြစ်တဲ့ Glucerna ဆီးချိုနို့မူန့်အထုပ်ကြီးတွေမှာထားသူလေးတွေတွက်ရောင်းရင်း အပိုအထုပ်လေးတွေ instockရပါမယ်နော်

🔸️ ဆီးချိုရှိပီးအားနဲတဲ့လူကြီးတွေအစာသိပ်မစားနိုင်တဲ့လူကြီးတွေအားလုံးတွက်လိုအပ်တဲ့ခန္ဓာကိုယ်တွက်အကျိုးရှိတဲ့ဓါတ်ပေါင်းစုံပါဝင်တဲ့ Glucerna SRလေးကတော့သူ့တစ်ခွက်ထဲနဲ့တင်ပြည့်စုံကောင်းမွန်စေတာလေးပါ

🔸️ အထုပ်ကြီးထဲမှာ400gကို3ထုပ်ပါလို့အားလုံး1200gပါ သောက်သမားတွေတွက်လဲတကယ်တန်ပါတယ်နော်
လူကြီးမိဘတွေတွက် ကန်တော့ဖို့လက်ဆောင်ပေးဖို့ဆိုလဲအထုပ်ကြီးထည်ထည်လေးနဲ့ပိုတန်သောလေးမို့ရတုန်းမှာထားသင့်တာလေးပါ

1200g 1ထုပ် --- 258000ks🛒
(1ထုပ်ခြင်းခွဲယူချင်လဲရပါတယ်နော်)
400g --- 86000ks🛒

🇹🇭🥛ဒီတစ်ခါတော့ budge save ဖြစ်ပီးအက်မင်ကိုယ်တိုင်အိမ်မှာလဲ တိုက်တဲ့ အသက်3နှစ်ကနေ10နှစ်ထိတိုက်လို့ရတဲ့ အရည်သွေးကောင်းတဲ့ ...
01/11/2024

🇹🇭🥛ဒီတစ်ခါတော့ budge save ဖြစ်ပီးအက်မင်ကိုယ်တိုင်အိမ်မှာလဲ တိုက်တဲ့ အသက်3နှစ်ကနေ10နှစ်ထိတိုက်လို့ရတဲ့ အရည်သွေးကောင်းတဲ့ ကလေးနို့မူန့်လေးနဲ့မိတ်ဆက်ပေးမယ်နော်

🥛သူ့မှာပါတဲ့ဓါတ်လေးတွေကအမြင်အာရုံ မှတ်ဥာဏ်အား အရိုးအဆစ်စသည်များသန်မာစေပီး ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးဖို့လဲအထောက်ပံ့ပေးပါတယ်နော်

🥛calcium သံဓါတ်နဲ့အခြား vitamins များစွာပါဝင်ပီးထိုင်းပြည်တွင်းသုံးအရည်သွေကောင်းတဲ့နို့မူန့်လေးမို့ညွှန်းပါရစေ

+
850g --- 42000k🛒

အရသာက ပျားရည်/ဗီနီလာနဲ့ပုံမှန်အရသာလေးတွေရှိပေမဲ့ပိုသောက်ကောင်းတဲ့ဗီနီလာလေးinstockရပါတယ်နော်‼️

☕တစ်ခါသောက်ပီးတာနဲ့အကြိုက်တွေ့စေတဲ့ Dreamy နို့မှုန့်နဲ့ကော်ဖီအတွဲလေး ☑နို့မှုန့်လေးကအရမ်းသောက်ကောင်းသလိုကော်ဖီအသစ်လေးကလ...
29/10/2024

☕တစ်ခါသောက်ပီးတာနဲ့အကြိုက်တွေ့စေတဲ့ Dreamy နို့မှုန့်နဲ့ကော်ဖီအတွဲလေး

☑နို့မှုန့်လေးကအရမ်းသောက်ကောင်းသလိုကော်ဖီအသစ်လေးကလဲကောင်းလွန်းပြန်ရောနော်
Dreamy milky --- 21500🛒
Dreamy coffee --- 22000🛒

🥛ခလေးလူကြီးအားလုံးတွက်အာဟာရပြည့်ဝဖို့Ovaltine white maltလေးတွေသောက်ကျစို့နော်600g --- 28000ks🛒ထပ်ရောက်ထားပီးqualityလဲညွှ...
27/10/2024

🥛ခလေးလူကြီးအားလုံးတွက်အာဟာရပြည့်ဝဖို့Ovaltine white maltလေးတွေသောက်ကျစို့နော်
600g --- 28000ks🛒
ထပ်ရောက်ထားပီးqualityလဲညွှန်းစရာမလိုတဲ့White Maltလေး❣

🌻နေကြာဆီပဲကြိုက်တယ်ဆို.. ဟောဒီမှာအိမ်ရှင်မတွေနဲ့မစိမ်းတဲ့  Meizanတံဆိပ် Sunflower oil လေး ရပါမယ်ရှင်..☑ပစ္စည်းမှန် စျေးန...
27/10/2024

🌻နေကြာဆီပဲကြိုက်တယ်ဆို.. ဟောဒီမှာအိမ်ရှင်မတွေနဲ့မစိမ်းတဲ့ Meizanတံဆိပ် Sunflower oil လေး ရပါမယ်ရှင်..

☑ပစ္စည်းမှန် စျေးနူန်းမှန်ပီး ဆီဆိုလဲအမျိုးစားစုံစုံလင်လင်လေးတွေရနိုင်တာပေါ့🥰
5lit --- 70000ks🛒
dateဆိုလဲအမြဲလတ်

📣ပစ္စည်းပျက်တတ်တော့ လိုအပ်ရင်ဝယ်ထားပါ promotionစျေးလေးနဲ့ပဲပေးထားပါတယ်နော် 🛒
23/10/2024

📣ပစ္စည်းပျက်တတ်တော့ လိုအပ်ရင်ဝယ်ထားပါ promotionစျေးလေးနဲ့ပဲပေးထားပါတယ်နော် 🛒

🌷🌸 မွှေးပြန့်ပီးဖြူစင်သန့်ရှင်းတောက်ပြောင်ဖို့တွက်ရွေးချယ်စရာ ဆပ်ပြာမူန့်လေးတွေလဲရှိပါတယ်နော်🌺💦
21/10/2024

🌷🌸 မွှေးပြန့်ပီးဖြူစင်သန့်ရှင်းတောက်ပြောင်ဖို့တွက်ရွေးချယ်စရာ ဆပ်ပြာမူန့်လေးတွေလဲရှိပါတယ်နော်🌺💦

🌺 good morningပါ♦️photo : crd
20/10/2024

🌺 good morningပါ♦️

photo : crd

🪔🏮✨ယနေ့ကျရောက်သောသီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)စ၍မြန်မာပြည်သူ ပြည်သားကမ္ဘာသူကမ္ဘာသားအားလုံးတို့ကိုယ်ကျန်းမာစိတ...
17/10/2024

🪔🏮✨ယနေ့ကျရောက်သောသီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)စ၍မြန်မာပြည်သူ ပြည်သားကမ္ဘာသူကမ္ဘာသားအားလုံးတို့ကိုယ်ကျန်းမာစိတ်ချမ်းသာပီးနှလုံးစိတ်ဝမ်းအေးချမ်းသာယာကျပါစေကြောင်းK Markမိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏🙏

✨🪔သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာများ၁။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည် ၆ ဝါအလွန် ၇ ဝါ အရော...
17/10/2024

✨🪔သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အကြောင်း သိကောင်းစရာများ

၁။ အဘိဓမ္မာတရားတော်ကို မြတ်စွာဘုရားသည် ၆ ဝါအလွန် ၇ ဝါ အရောက် သက်တော် ၄၂ နှစ်အရွယ်တွင် တာဝတိံသာနတ်ပြည်၌ ဟောကြားခဲ့ပါသည်။

၂။ မယ်တော်မိနတ်ကို ကျေးဇူးဆပ်လိုသောရည်ရွယ်ချက်
ဖြင့် ဟောကြားတော်မူပါသည်။

၃။ မယ်တော်မိနတ် အမှူးပြုသော နတ်ဗြဟ္မာပရိသတ်တို့အား ဟောကြားခဲ့ပါသည်။

၄။ ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာမျှ ဟောကြားတော်မူခဲ့ပါသည်။

၅။ မြတ်စွာဘုရားသည် နတ်ဗြဟ္မာပရိသတ်တို့အားအကျယ်နည်းဖြင့် ဟောကြား၍ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။

အရှင်သာရိပုတ္တရာမှ အတတိတ်ဘဝတွင် လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် ဟောကြားတော်မူပါသည်။

၆။ သုတ္တန်တရားတို့ထက် သာလွန်ထူးခြားသောတရား
ဖြစ်၍ “အဘိဓမ္မာ” ဟုခေါ်ပါသည်။

၇။ အဘိဓမ္မာသည် “ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊
ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်း” ဟူ၍
အရေအတွက် ၇ ကျမ်း ရှိပါသည်။

၈။ ကုသိုလ်၊အကုသိုလ် စသောတရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသောကျမ်းကို “ဓမ္မသင်္ဂဏီ” ကျမ်းဟု ခေါ်ပါသည်။

၉။ ခန္ဓာ စသောတရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြု၍ အကျယ်ဝေဘန်ဟောကြားသောကျမ်းကို “ဝိဘင်းကျမ်း”ဟု ခေါ်ပါသည်။

၁၀။ ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို “ဓာတုကထာကျမ်း” ဟု ခေါ်ပါသည်။

၁၁။ ပုဂ္ဂိုလ်အမျိုးတို့ကို ခွဲခြား သတ်မှတ်အမည်တပ်၍ ဟောကြားသောကျမ်းတို့ကို “ပုဂ္ဂလပညတ်ကျမ်း” ဟုခေါ်သည်။

၁၂။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏တည်ရာဖြစ်၍အဘိဓမ္မာအနှစ်သာရတို့နှင့်ပြည့်စုံသောကျမ်းကို “ကထာဝတ္တုကျမ်း” ဟု ခေါ်သည်။

၁၃။ အနုလုံ နှင့် ပဋိလုံ၊ ပုစ္ဆာ နှင့် ဝိသဇ္ဇနာ၊ သန္နိဋ္ဌာန် နှင့်သံသယ အစုံစုံပြု၍ ဟောကြားတော်မူသောကျမ်းကို “ယမိုက်ကျမ်း” ဟုခေါ်သည်။

၁၄။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ်စသောတရားတို့ကို ၂၄ပစ္စည်းတို့ဖြင့်
ဝေဖန်အပ်သောကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာ ဖြစ်သောကျမ်းကို “ပဋ္ဌာန်းကျမ်း”ဟုခေါ်ပါသည်။

▪️အဘိဓမ္မာတရားတော်၏ ထူးခြားချက်

အဘိဓမ္မာတရားသည်…
- အမိကျေးဇူးဆပ်တရားဖြစ်ခြင်း၊
- နတ်ပြည်၌ ဟောကြားခြင်း၊
- သုံးလကြာမျှဟောရခြင်း၊
- ပတိဘုရားနှင့် နိမ္မိတဘုရားတို့ တလှည့်စီဟောကြားခြင်း ဟု “ထူးခြားချက် လေးမျိုး”ဖြင့် ပြည့်စုံသောတရားဖြစ်သည်။

အဘိဓမ္မာတရားသည်
- ပါဠိ၏ နက်နဲခြင်း၊
- သဘောအဓိပ္ပါယ်၏ နက်နဲခြင်း၊
- ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း၊
- ဉာဏ်တော်၏ နက်နဲခြင်း ဟူသော
“ဂမ္ဘီရ လေးမျိုး” ဖြင့် ပြည့်စုံသော တရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူကြားနာပူဇော်ခြင်း ကြောင့် လင်းနို့သားရဟန်းငါးရာကဲ့သို့
နာမရူပပရိစ္ဆေဒဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန်အကြောင်းအထောက်အပံ့ကောင်းဖြစ်ခြင်း၊ ဘေးဥပါဒ် အန္တရာယ်ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံခြင်း ဟူသော အကျိုးထူးတရားများ ရရှိနိုင်သည်။ ။

▪️အဘိဓမ္မာအမေးအဖြေ

(မေး)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဘယ်အချိန် ဘယ်ကာလ ဘယ်နေရာ ဘယ်ဌာန၌ ဘယ်ရည်ရွယ်ချက်ချက်ဖြင့် ဘယ်သူတို့အားဟောကြားတော်မူခဲ့ပါသနည်း။

(ဖြေ)။ ။ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် အဘိဓမ္မာတော်ကို ၆ ဝါအလွန်၊၇ဝါ အရောက် မဟာသက္ကရာဇ်၁၀၉ ခုနှစ် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာမြကျောက်နေရာထက်၌ မယ်တော်မိနတ်ကိုကျေးဇူးဆပ်လိုသောရည်ရွယ်ဖြင့် နတ်ဗြဟ္မာအပေါင်းတို့အားဟောကြားတော်မူခဲ့ပါသည်။

(မေး)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကိုအချိန် မည်မျှကြာအောင် ဟောတော်မူပါသနည်း။

(ဖြေ)။ ။ သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလ ရက်ပေါင်း ၉၀ ကြာအောင် ဟောတော်မူပါသည်။

(မေး)။ ။ ဘုရားရှင်တိုင်း အဘိဓ္မာတရားတော်ကိုလူ့ပြည်၌ မဟောကြားဘဲ၊ အဘယ်ကြောင့်နတ်ပြည်မှာသာ ဟောကြားပါသနည်း။

(ဖြေ)။ ။ အဘိဓမ္မာတရားတော်သည် သုတ္တန်ဒေသနာ၊ ဝိနည်းဒေသတော်များကဲ့သို့ လူတို့၏အချိန်ကာလ တစ်ရက်အတွင်း၌ အပြည့်အစုံပြီးဆုံးအောင်ဟောကြား၍မဖြစ်ပါ။

အဘိဓမ္မာတရား၏ ရှည်လျားသော ဒေသနာအစဉ်ကို
လူသားများ ဣရိယာပုတ်တည်းဖြင့် ပြီးဆုံးအောင်
နားယူနိုင်သောစွမ်းရည်လည်း မရှိပါ။ လူတို့၏
အချိန်ကာလ ဝါတွင်းသုံးလသည် တာဝတိံသာနတ်တို့၏အချိန်ကာလ တစ်ခဏမျှသာဖြစ်ပါသည်။

ဤအကြောင်းများကြောင့် ဘုရားရှင်တိုင်း အဘိဓမ္မာတရားတော်ကို လူ့ပြည်၌မဟောကြားဘဲ၊ နတ်ပြည်မှာသာ ဟောကြားရခြင်း ဖြစ်ပါသည်။

(မေး)။ ။အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မှီဝဲပါသလော။
အာဟာရကိစ္စ မည်ကဲ့သို့ ဖြေရှင်းပါသနည်း။

ဖြေ။ ။ အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားရာ၌
လူသားဘုရားအနေဖြင့် နတ်အာဟာရကို မမှီဝဲပါ။
လူ့ပြည်လူ့ရွာ မြောက်ကျွန်းသို့ ဆွမ်းခံကြွပြီး၊
လူ့အာဟာရကိုပင် မှီဝဲသုံးဆောင်ပါသည်။

(မေး)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်းထားပါသလော။
တရားဟောစဉ် အဆက်မပြတ်အောင် မည်သို့မည်ပုံ
ဆောင်ရွက်တော်မူပါသနည်း။

(ဖြေ)။ ။ပကတိမြတ်စွာဘုရား ဆွမ်းခံကြွသောအခါ
အဘိဓမ္မာတရားကို ဟောကြားခြင်းမှ ရပ်ဆိုင်း၍မထားပါ။
ပကတိမြတ်စွာဘုရားကိုယ်စား တန်ခိုးတော်ဖြင့်
ဖန်ဆင်းထားသော “နိမ္မိတာဘုရားရှင်”က ဆက်၍
ဟောကြားတော်မူပါသည်။

(မေး)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ ဟောကြား
နည်းများကို ဗဟုသုတအဖြစ် မှတ်သားလို၍ ရှင်းပြပေးပါ။

(ဖြေ)။ ။ အဘိဓမ္မာတရား ဟောကြားပုံ၊ ဟောကြား
နည်းမှာ သုံးမျိုး ရှိပါသည်။

(က)။ သဗ္ဗညုတမြတ်စွာဘုရားက တာဝတိံသာနတ်ပြည်၌ နတ်ဗြဟ္မာ ပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူပါသည်။
(ခ)။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။
(ဂ)။ ဘုရားဟောကြားသော အဘိဓမ္မာတရားကိုအရှင်သာရိပုတ္တရာ မထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး၊ လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀ဝ တို့အားမကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်ဟောကြားတော်မူပါသည်။

(မေး)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
မည်သူ၏ကျေးဇူးကြောင့် ဖြစ်ပါသနည်း။

(ဖြေ)။ ။ယနေ့မျက်မှောက်ခေတ်အထိ ရဟန်းရှင်လူတို့ အဘိဓမ္မာတရားကို သင်ကြားခွင့်ရရှိနေသည်မှာ
“အရှင်သာရိပုတ္တရာ”၏ကျေးဇူးကြောင့် ဖြစ်ပါသည်။

(မေး)။ ။အဘိဓမ္မာတရားကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် သီတင်းကျွတ်အခါ၌
မြင်းမိုရ်မီးပွဲ ဆင်နွှဲကြပုံ ယဉ်ကျေးမှုအစဉ်အလာကိုသိပါရစေ။

(ဖြေ)။ ။သဗ္ဗညုတမြတ်စွာဘုရားသည် အဘိဓမ္မာတရားကို ဝါတွင်းသုံးလ ဟောကြားတော်မူရာ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးသောကြောင့် လူတို့နေရာ သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်သက်ဆင်းတော်မူပါသည်။

နတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းရာ၌
- နတ်ပရိသတ်တွေက လက်ယာဘက် ရွှေစောင်းတန်း၊
- ဗြဟ္မာပရိသတ်တွေက လက်ဝဲဘက် ငွေစောင်းတန်း၊
- မြတ်စွာဘုရားသခင်က အလယ် ပတ္တမြားစောင်းတန်းမှ သက်ဆင်းတော်မူပါသည်။
- မာတလိနတ်သားက မြတ်စွာဘုရားအနီး
ဝဲဘက်တော်မှ ခစားလိုက်ပါပြီး၊
- ပဉ္စသီခ နတ်သားက စောင်းတီးပူဇော်ရင်း
လိုက်ပါပို့ဆောင်ပါသည်။
- သိကြားမင်းက ဘုရားနောက်တော်မှထီးမိုးလိုက်ပါပြီး၊
- သုယာမနတ်သားက ယပ်ခတ်လို့ လိုက်ပါလာပါသည်။

အဲဒီအချိန်က ဗုဒ္ဓအသရေတော်ကို ဖူးတွေ့လိုက်ရတဲ့လူတွေဟာ ဗောဓိဆုကို ရလိုကြောင်း ဆုတောင်းသူက
များပါသတဲ့။ ကုဋေပေါင်းများစွာ ကျွတ်တမ်းဝင်လိုကြတယ်လို့ ပိဋကတ်ကျမ်းဂန်တွေမှာ ဖော်ပြထားပါတယ်။

မြတ်စွာဘုရားသခင် တာဝတိံသာနတ်ပြည်မှသင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်ရာ၌ မီးရှူးတန်ဆောင်အလင်းရောင်တို့ဖြင့် ထွန်းညှိပူဇော်ကြသည့်ထုံးကို နှလုံးမူ၍ နှောင်းခေတ် ဗုဒ္ဓဘာသာဝင်တို့က သီတင်းကျွတ်ချိန်တွင် မြင်းမိုရ်မီးပွဲ ထွန်းညှိပူဇော်ကြခြင်းဖြစ်ပါသည်။

(မေး)။ ။သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ
အခါတော်နေ့အဖြစ် ကျင်းပရပုံကို ရှင်းပြပါ။

(ဖြေ)။ ။
(က)။နတ်ပြည်မှာ နတ်ပရိသတ်တွေကို အကျယ်ဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။
(ခ)။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းဟောကြားပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့။
(ဂ)။ အရှင်သာရိပုတ္တရာ မထေရ်ကတပည့်ရဟန်း ၅၀ဝ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့် သင်ကြားပို့ချပြီးဆုံးခြင်းသည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါသည်။

ဤအချက်ကို ရည်ညွှန်းပြီး သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ ကျင်းပခြင်းဖြစ်ပါသည်။

အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ” မှ

- အရှင်သုနန္ဒ (ခွန်သူရိန်မင်း-လမ်းပြကြယ်)

😅
15/10/2024

😅

Address

Yangon

Telephone

+959770561675

Website

Alerts

Be the first to know and let us send you an email when K Mark Grocery Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Convenience Stores in Yangon

Show All