Shwe Pyi Thit LiquorStore

Shwe Pyi Thit LiquorStore မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခဗျာ�

ကယ်NewYearမှာအပြတ်ကဲမယ်ဆိုတဲ့ကိုယ့်ဘော်ဒါတွေအတွက် စုသောက်မယ် တစ်ယောက်ထဲကွဲမယ်ဆိုတဲ့ကိုယ့်လူတို့အတွက် Budget Saveလဲဖြစ်ချ...
29/12/2023

ကယ်NewYearမှာအပြတ်ကဲမယ်ဆိုတဲ့ကိုယ့်ဘော်ဒါတွေအတွက်

စုသောက်မယ် တစ်ယောက်ထဲကွဲမယ်ဆိုတဲ့ကိုယ့်လူတို့အတွက်

Budget Saveလဲဖြစ်ချင်တယ် cash 15000-50000ကျော်ပတ်ဝန်းကျင်လေးဘဲသုံးချင်တယ်ဆိုတဲ့လူကြီးမင်းတို့အတွက်

budget saveလဲဖြစ်ရမယ်အရသာကောင်းကောင်းလေးလဲမြည်းစမ်းရမယ်

ကယ်ဘာလိုသေးလဲ🤷🏽‍♂️

ကိုယ့်ဘော်ဒါတို့အဆင်ပြေဖို့ဖန်တီးပေးရဖို့ကဒီကမင်မင်ရဲ့တာဝန်ထား 😉

Absolut Vodka (Raspberry,Kurant,Vanilia,
Mandarin)
Johnnie Walker(red label)
Johnnie Walker(black label)
Jagermeister(.7)
Jagermeister (1L)
Jack Daniel’s
Chivas (12years)
Sir Edward’s Smoky
Sir Edward’s Finest
Sir Edward’s Beer
ကယ်ကြိုက်တာသာရွေးလိုက်အကုန်အဆင်ပြေအောင်လုပ်ပေးရမှာကမင်မင့်တာဝန်

အော်….ဒါနဲ့ ! ဒီအမျိုးအစားထဲကဘာဘဲဝယ်ဝယ် GrandRoyal Signature 1(L)မေတ္တာလက်ဆောင်ပြန်ပေးသွားမှာဘဲဖြစ်ပါတယ်ခဗျ

မင်မင်ရေကျွန်တော်တို့ကတော့GR signature မယူချင်ဘူးဗျာဘီယာဘဲယူချင်တယ်ဆိုလဲရတယ်နော် ၆၅၀၀ဖိုးပြည့်အောင်မင်မင်ကဒီဘက်ကနေမင်မင်တို့စီမှာရှိတဲ့ဘီယာတွေကိုလက်ဆောင်အဖြစ်ထည့်ပေးလိုက်အုံးမှာဗျ

ကြိုက်ရာသာရွေးလိုက်စိတ်ချမ်းသာစေရမယ်

ဘီယာကောGR signatureကောမယူချင်ဘူးဆိုတဲ့Customers များအတွက်လဲမင်မင်ကDelivery freeနဲ့အိမ်အရောက်ပို့ပေးအုံးမှာဗျာ
ပုံအောက်မှာစျေးလေးတွေရေးပေးထားပါတယ်ခဗျာ🥃

ဆိုင်မှာလာဝယ်ချင်ရင်တော့ -မြောက်ဥက္ကလာနွယ်သာကီ၆လမ်းထိပ်/မေယုလမ်းမ
Ph num-09883826711/09263483479 သိို့ဆက်သွယ်မှာယူလို့ရရှိနိုင်ပါတယ်ခဗျာ
Thank you for being our valued customer 🙏🏽

ဒီတစ်ခေါက်မှာတော့မင်မင်ကလူကြီးမင်းတို့အတွက်Absolut Vodka အကြောင်းရသလောက် ရှာပြီးတင်ပေးလိုက်ပါတယ်၊ပုံလေးတွေရဲ့အောက်မှာစာတ...
29/12/2023

ဒီတစ်ခေါက်မှာတော့မင်မင်က
လူကြီးမင်းတို့အတွက်
Absolut Vodka အကြောင်းရသလောက် ရှာပြီးတင်ပေးလိုက်ပါတယ်၊ပုံလေးတွေရဲ့အောက်မှာစာတွေပါပါတယ်ခဗျာ။
ထောက်ကြည့်လိုက်ပါ

ABSUTUT VODKA အကြောင်း

ABOUT ABSOLUT ကိုတည်ထောင်သူကတော့Lars Olsson Smith ဖြစ်ပါတယ်

တည်ထောင်တဲ့ခုနှစ်ကတော့၁၈၇၉ ခုနှစ်ဖြစ်ပြီးစက်ရုံ တည်ရှိတဲ့နေရာကတော့- Distillery Ahusမှာဘဲဖြစ်ပါတယ်။

တည်နေရာ - ဆွီဒင်🇸🇪

ဝိဝိဇ္ဇာအမျိုးအစားများ- Per Hermansson, Master Distiller / ensory Analysis

အမျိုးစား-ဗော့ဒ်ကာ

လူကြီးမင်းတို့အတွက်အကျိုးရှိတယ်ဆိုရင်တော့Page ကိုလဲ like and share လေးလုပ်ပေးသွားကြပါအုံးနော့်❤️

လူကြီးမင်းတို့ဝီစကီ စသောက်တော့မယ်လို့ စဉ်းစားမိပြီဆိုရင် ကိုယ့်အတွက်ကိုက်ညီမှုရှိမယ့် ဝီစကီအမျိုးအစားကို ရွေးချယ်နိုင်ဖိ...
16/12/2023

လူကြီးမင်းတို့ဝီစကီ စသောက်တော့မယ်လို့ စဉ်းစားမိပြီဆိုရင် ကိုယ့်အတွက်ကိုက်ညီမှုရှိမယ့် ဝီစကီအမျိုးအစားကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။ ခံတွင်းထဲက အရသာခံတဲ့ အစိတ်အပိုင်းလေးတွေမှတစ်ဆင့် ဝီစကီရဲ့အနံ့နဲ့အရသာကို ထိတွေ့ မြည်းစမ်းပြီး စိတ်ကြိုက်ဖြစ်၊ မဖြစ် ဆုံးဖြတ်သွားမှာ ဖြစ်တဲ့အတွက် စသောက်ခါစသူတွေအနေနဲ့ ညက်ညော၊ ညင်သာတဲ့ ဝီစကီမျိုးကိုရွေးချယ်မိဖို့ အလွန်အရေးကြီးပါတယ်။
Chivas Brothers က ၁၈၄၀ မှာ Chivas blended whisky ကို စတင်ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ Chivas House က ဆိုပါတယ်။ အဲ့ခေတ်ကာလတုန်းက single malt တွေသာ ကြီးစိုးနေခဲ့တာဖြစ်ပြီး စိတ်တိုင်းကျလက်စွမ်းပြနိုင်မယ့် ရောစပ် အရသာမျိုးကိုရရှိစေဖို့ Chivas brothers က Chivas blended scotch ကို တစ်ခေတ်ဆန်း မိတ်ဆက်ပွဲထုတ်ခဲ့တာပါ။ ထိုအစဉ်အလာကောင်းကို Chivas Regal က ယနေ့ထက်တိုင်နှစ်ပေါင်း ရာနဲ့ချီပြီး လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ပါတယ်။ နူးညံ့ညင်သာတဲ့ အရသာ၊ ခံတွင်းထဲသင်းပျံတဲ့ ရနံ့မျိုးရရှိစေတဲ့ Chivas Regal 12 years ကို စကော့ထ်လန်နိုင်ငံရဲ့ ရှေးအကျဆုံး ဝီစကီချက်ရုံကြီးဖြစ်တဲ့ စထျာသိုင်စလာ မှာချက်လုပ်ပြီး နိုင်ငံပေါင်း ၁၅၀ ကျော်ကို တင်ပို့ရောင်းချပေးလျှက်ရှိပါတယ်။ ယနေ့ တကမ္ဘာလုံးမှာ Chivas 12 years ကို ၁ မိနစ်မှာ ပျှမ်းမျှ ၁၀၃ ပုလင်းနှုန်း ရောင်းချရလျှက်ရှိနေပါတယ်။

Old Fashion ခွက်ထဲမှာ ရွှေရောင်အဆင်နဲ့ ကြည်လင်တောက်ပနေတဲ့ ဒီဝီစကီကို အပေါ်ယံ ခပ်မြန်မြန်လေး အနံ့ခံကြည့်လိုက်တော့ ကျပ်ခိုးနံ့တွေ အရမ်းကြီးမပြင်းပဲ သင်းပျံ့သိမ်မွေ့တဲ့အနံ့ ရှိတာကိုတွေ့ရပါတယ်။ ခပ်ပြင်းပြင်းလေး ထပ်ပြီး ရှုကြည့်လိုက်တဲ့အခါ ကပ်လိုက်လာတဲ့ ရနံ့တွေကတော့ ဗနီလာ၊ ရှောက်ခွံ၊ သစ်ကျပိုး နဲ့ စမုန်စပါးတို့ပါပဲ။ ဝက်သစ်ချစည်ရဲ့ သစ်သားရနံ့တစ်ချို့ကလဲ သောက်ချင်စဖွယ် ဆွဲဆောင်မှုပေးနေပါတယ်။ လည်ချောင်းတစ်လျှောက် ပူနွေးသွားစေတဲ့ ခံစားမှုကတော့ ၄၀ ရာခိုင်နှုုန်းပါဝဝ်တဲ့ alcohol ကြောင့်ပဲဖြစ်ပါတယ်။

Chivas Regal12လေး ကို ရေသန့် ဆိုဒါ ရေခဲများနဲ့သောက်သုံးနိင်သလို Gingerale, 100 Plus တို့နဲ့ အနည်းငယ်ရောနှောသောက်ကြည့်ရာမှာလဲ အဆင်ပြေတာကိုတွေ့ရပါတယ်။ သူငယ်ချင်းတွေဆုံတဲ့အခါ Jug ထဲမှာ ဝီစကီ တစ်ဆ၊ ဆိုဒါ တစ်ဆ၊ Tonic တစ်ဆ နဲ့ ရေခဲများ ထည့်ပြီးတော့လဲ Chivas Sonic (Soda+Tonic) လုပ်သောက်လို့လဲ အဆင်ပြေပါတယ်။

က်ုယ့်မိတ်ဆွေတို့အနေနဲ့ ခုလာမယ့်Christmas NewYearကာလအတွင်းမှာ အပြင်မထွက်ပဲ အိမ်မှာပဲနေဖို့စဉ်းစားထားကြတယ်ဆိုရင် Chivas Regal12 လေးရဲ့ အရသာက ဘယ်လိုနေမလဲ မြည်းစမ်းသောက်သုံးကြည့်ရင်း မိမိအတွေ့အကြုံကို Comment Box မှာ လက်ဆင့်ကမ်း ဆွေးနွေးပေးသွားကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Price-51500
Address-မြောက်ဥက္ကလာနွယ်သာကီမှတ်တိုင် နွယ်သာကီ၆လမ်းထိပ်မေယုလမ်းမ ShwePyiThit Liquor Store




Jägermeister- Jägermeister ဟာဆေးဖက်ဝင် အရက်ချိုအမျိုးအစားဖြစ်ပါတယ်။ သူ့ကို ၁၉၃၅ခုနစ်လောက်မှာ Mast-Jägermeister SE ကုမ္ပဏ...
22/10/2023

Jägermeister

- Jägermeister ဟာဆေးဖက်ဝင် အရက်ချိုအမျိုးအစားဖြစ်ပါတယ်။ သူ့ကို ၁၉၃၅ခုနစ်လောက်မှာ Mast-Jägermeister SE ကုမ္ပဏီက စျေးကွက်မှာစတင် ရောင်းချခဲ့ပါတယ်။ ထိုကုမ္ပဏီရဲ့ ရုံးချုပ်မှာ Germanyနိုင်ငံ၊ Lower Saxony ပြည်နယ်ရှိ Wolfenbüttel ဒေသမှာအခြေစိုက်ပါတယ်။ Mast မိသားစုပိုင် ကုမ္ပဏီ လည်းဖြစ်တယ်။

- Mast-Jägermeister SE ကိုစတင်တည်ထောင်သူမှာ Wilhelm Mast ဖြစ်ပြီး Jägermeister ကိုထုတ်လုပ်ခဲ့သူမှာ Curt Mast(original distiller) ဖြစ်ပါတယ်။ Curt Mast ဟာအမဲလိုက်ခြင်းကို စိတ်ပါဝင်စားသူ တဦးလည်းဖြစ်တယ်။ Jägermeister ရဲ့အဓိပ္ပါယ်ကတော့ *Hunting Master* ဖြစ်ပါတယ်။ Germans တွေအများစု ခေါ်ဝေါ်ကြတဲ့ နာမည်ပြောင်က *Göring Schnaps* ဖြစ်ပါတယ်။

- Jägermeister ကို ၂၀၀၆ စစ်တမ်းများအရ ကမ္ဘာနိုင်ငံပေါင်း ၇၀ကျော်ကို တရားဝင်တင်ပို့ရောင်းချနေပြီဖြစ်ပါတယ်။ Drink Power Brands 2013 report အရ Jägermeisterဟာ wine & spirits brands top100 စာရင်းဝင်ခဲ့ပါတယ်။ ယခုကဲ့သို့ အောင်မြင်မှုများမရလာခင်တချိန်က UKမှ Jäger shot or Jägerbomb သောက်ခြင်းများကို ပိတ်ပင်၍ လိုက်လံဖမ်းဆီးခြင်းများ ရှိခဲ့သေးသည်။

- Jägermeister ၏အရောင်မှာ Dark Brown ဖြစ်ပါတယ်။ ဆေးဖက်ဝင် အရက်ချိုဟုရှေ့တွင် သုံးနှုန်းရခြင်းမှာ အရက်ချက်လုပ်ရာတွင် ဆေးဖက်ဝင် အပင်များ(herbs)၊ အမြစ်များ(roots)၊ ဟင်းခတ်အမွှေးအကြိုင်များ(spices)၊ သစ်ဥစ်ဖုများ(fruits) စတဲ့ 56 မျိုးသောပစ္စည်းများဖြင့် ချက်လုပ်ထားခြင်းကြောင့်ဖြစ်သည်။ Eg: citrus peel, licorice, anise, poppy seeds, saffron, ginger, juniper berries and ginseng.

- ချက်လုပ်ပြီးသားအရက်ကို ဝက်သစ်ချစည်(oak barrel)တွေ ထဲတွင်တစ်နှစ်ခန့်ထား၍ ရလာသောအရက်ကို သန့်စင်ခြင်း ရောစပ်ခြင်းများပြုလုပ်၍ စျေးကွက်သို့ ထုတ်ပိုးရောင်းချသည်။ ယနေ့စျေးကွက်တွင် Jägermeister ပုလင်းအစိမ်းအပြင် Jägermeister Spice ဟူ၍ အနက်ရောင်ပုလင်းဖြင့် အမျိုးအစားနောက်တမျိုး ထုတ်လုပ်ရောင်းချလျှက်ရှိသည်။

- Jägermeister ကို ရေခဲသေတ္တာ သို့မဟုတ် ရေခဲထဲတွင် (-18°C) အအေးခံ၍ RedBull ဖြင့်ရောစပ်၍ Jägerbomb အဖြစ်သောက်သုံးကြသလို မည်သည့်အရာမျှ ရောစပ်ခြင်းမပြုဘဲ Shooter အနေဖြင့်လည်းသောက်သုံးကြသည်။

-Cocktail အနေဖြင့်လည်း...
Jägerbomb
Berlin Mule
Summer Sangria
California Surfer
Count Jäger စသဖြင့် အမျိုးမျိုးသော Cocktail များကိုဖျော်စပ်နိုင်သည်။

( အမှားပါသွားရင်လည်း ခွင့်လွှတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။)
Liquor Store

Address

မြောက်ဥက္ကလာပမြို့နယ် နွယ်သာကီ၆လမ်းထိပ်မေယုလမ်းမကြီး
Yangon

Opening Hours

Monday 09:00 - 22:30
Tuesday 09:00 - 22:30
Wednesday 09:00 - 22:30
Thursday 09:00 - 22:30
Friday 09:00 - 22:30
Saturday 09:00 - 22:30
Sunday 09:00 - 22:30

Telephone

+959883826711

Website

Alerts

Be the first to know and let us send you an email when Shwe Pyi Thit LiquorStore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Wine, Beer & Spirits Stores in Yangon

Show All