Taw Wynn Liquor Corner

Taw Wynn Liquor Corner whiskey & Ci******es

Sir Edwardsပိုက်ဆံအများကြီးလည်းမသုံးချင်ဘူး၊ ကောင်းကောင်းလေးလည်းသုံးဆောင်ချင်တယ်၊ ဘယ်ဟာအဆင်ပြေမလဲဆိုပြီး လာမေးတဲ့သူတွေကိ...
24/09/2023

Sir Edwards

ပိုက်ဆံအများကြီးလည်းမသုံးချင်ဘူး၊ ကောင်းကောင်းလေးလည်းသုံးဆောင်ချင်တယ်၊ ဘယ်ဟာအဆင်ပြေမလဲဆိုပြီး လာမေးတဲ့သူတွေကို အခုနောက်ပိုင်း ကျွန်တော်ညွှန်းနေတာ ဒီကောင်ပါ။

Aroma - ရနံ့ကမွှေးပါတယ်။ ပျားရည်ရနံ့လေးရယ်၊ oaty aroma လေးရယ်၊ citrus အသီးရနံ့လေးရယ်နှင့် aroma က sweet ဖြစ်ပါတယ်။ ရေမွှေးရနံ့မသိမသာလေးနဲ့ aroma က မပျော့မပျင်းလေးပါ။ ရနံ့က မွှေးလည်းမွှေး မိုက်လည်းမိုက်ပါတယ်ခင်ဗျာ။

Taste - သူတို့ပြောသလို အရသာက ကဗျာဆန်ပါတယ်။ အရသာစစချင်းမှာ ဝီစကီတစ်ခုရဲ့ smooth ဖြစ်တဲ့ ညက်ညောမှုကို ကောင်းကောင်းခံစားရမှာပါ။ ညက်ညောမှုရဲ့နောက်မှာ caramel အချိုရဲ့ sweet ဖြစ်တာလေးက မသိမသာနဲ့ လိုက်ပါအားဖြည့်ပေးမှာပါ။ Smooth & sweet တွဲမိသွားရင် အရသာက အီပြီး ပျော့သွားတတ်ပါတယ်။ အဲ့လိုမပျော့သွားဖို့အတွက် ဘယ်ရီသီးအရသာတွေက background notes အနေနဲ့ taste ကိုလေးနက်အောင် ကူညီပေးထားပါတယ်။ အဲ့အရသာတွေအပြီးမှာ မအီသွားဖို့ အတွက် spice အရသာလေးက ပေါ်လာပါတယ်။ သူ့ရဲ့ spice က အရမ်းမပျင်းတဲ့အတွက် beginner တွေတောင် ကောင်းကောင်းသုံးဆောင်နိုင်မှာပါ။ ပြီးတော့ caramel အချိုအရသာလေးကလည်း အရသာအစကနေ အဆုံးသတ်နား spicy အရသာပေါ်လာတဲ့အထိတိုင်အောင် မပျောက်သွားပါဘူး။ သူ့ရဲ့ spicy ဖြစ်တာက caramel အချိုလေးနဲ့ မသိမသာတွဲပြီး အရသာအဆုံးသတ်ကို အကောင်းဆုံးဖြစ်အောင် ကဗျာဆန်ဆန်ကို ပံ့ပိုးပေးသွားတာပါ။ ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ taste က အရမ်းကောင်းပါတယ်ခင်ဗျာ။

Finish - အဆုံးသတ်မှာ spicy လေးတစ်ခုကပဲ ကဗျာဆန်ဆန်ကစားသွားတာလားဆိုတော့ မဟုတ်သေးပါဘူး။ Smoky ဖြစ်တာလေးကလည်း spicy နဲ့အတူပေါင်းပြီး finish လေးကို ပိုပြီးကဗျာဆန်အောင် ပံ့ပိုးပေးထားပါတယ်။ အဲ့အပြင်ကိုမှ Beer Reserve လို့ပြောတဲ့အတိုင်း beer ရဲ့ အနံ့မွှေးမွှေးလေးကလည်း အဆုံးသတ်မှာ မသိမသာပေါ်လာပြန်ပါတယ်။ အဲ့လို နူးနူးညံ့ညံ့ spice လေးကိုမှ ကဗျာဆန်ဆန် smoky လေးနဲ့ တော်တော်ကောင်းတဲ့အပြင် finish ကချက်ချင်းပြီးမသွားပဲ ညက်ညက်ညောညောနဲ့ ကြာကြာလေးကို ခံစားရပါတယ်ခင်ဗျာ။

ABV - 40%

Price - ၁ သောင်းကျော်

စျေးအားဖြင့် ၁ သောင်းကျော်ကျော်လောက်နဲ့၊ အရသာကလည်း smooth ဖြစ်တယ်၊ အရမ်းပျော့တဲ့အထဲလည်းမပါဘူး၊ neat / ရေခဲနဲ့ / mixer နဲ့ ဘယ်လိုဖြစ်ဖြစ်လည်း အဆင်ပြေတဲ့အတွက် လောလောဆယ် ကျွန်တော် recommend ပေးလေ့ရှိနေတာပါ။

ဒီကောင့်ကိုညွှန်းရတဲ့ နောက်တစ်ချက်က အတုပြဿနာကြောင့်လည်းပါပါတယ်။ မြန်မာပြည်မှာ အတုက အရမ်းပေါပါတယ်။ ဒါပေမယ့် အတုထွက်တာ အရမ်းနည်းတဲ့ တံဆိပ်ထဲမှာ Sir Edward ပါပါတယ်။ Smoky နှင့် Beer Reserve ဆို အတုက မရှိသလောက်နည်းပါတယ်။ စျေးလည်းတန်၊ အရသာလည်းကောင်း၊ အတုလည်း သိပ်မထွက်တာမို့ ဒီကောင်လေးကို ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ
# crd original uploader
(Photos from Internet)

 # Jagermeister  #Jägermeister company ကို ၁၈၇၈ တွင် Wilhelm Mast ကတည်ထောင်ခဲ့ပါသည်။Wilhelm Mast က ၁၉၃၄ ခုနှစ်မှာ လျို့ဝ...
14/09/2023

# Jagermeister #

Jägermeister company ကို ၁၈၇၈ တွင် Wilhelm Mast ကတည်ထောင်ခဲ့ပါသည်။Wilhelm Mast က ၁၉၃၄ ခုနှစ်မှာ လျို့ဝှက် formula တစ်ခုကိုဖော်ထုတ်ပြီး၁၉၃၅ ခုနှစ်မှာ ဂျာမနီလူမျိုးတွေရဲ့ဈေးကွက်ထဲကိုတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ၁၉၇၀ မှာတော့ ပြည်ပတိုင်းပြည်းများကို တင်ပိုရောင်းချနိုင်ခဲ့ပါသည်။

ယနေ့ခေတ်အထိ ဂျာမန်တွေကဆေးဖက်ဝင်အဖြစ် အသုံးပြုနေဆဲဖြစ်ပါသည်။Jägermeister ကို Jager ဟုခေါ်တွင်ခဲ့ပြီး Jägermeister ကိုဆေးဖက်ဝင်အပင် ၅၆ မျိုး + Alcohol 35% ဖြင့်ပြုလုပ်ထားပါသည်။ Jägermeister သည်ဂျာမနီ နိုင်ငံ Wolfenbüttel ရုံးချုပ်တွင် တည်ရှိသောအဓိကထုတ်ကုန်ဖြစ်သည်။လွန်ခဲ့သော ၈၆ နှစ်လောက်ကတည်းက ယနေ့အထိပြောင်းလဲခြင်းမရှိဘဲ အစိမ်းရောင်ဖန်ပုလင်း နှင့်သာထုတ်လုပ်ဆဲဖြစ်သည်။

Wilhelm Mast ရဲ့သား Curt Mast က ၁၉၃၄ တွင်သူ့အဖေရဲ့လုပ်ငန်းကို လွဲပြောင်းယူခဲ့ပါတယ်။ Jagermeister ကို ဂျမန်လူမျိုးတွေရဲ့အဓိပ္ပာယ်အနေနဲ့ မုဆိုးတွေရဲ့သခင်လို့အဓိပ္ပာယ်ရပါတယ်။ Jagermeister ကို အမေရိကန်ယမကာ company တည်ထောင်သူ Sideny Frank ၏လုပ်ဆောင်မူကြောင့် အပြည်ပြည်ဆိုင်ရာ စိတ်ဝင်စားမူကိုရရှိခဲ့သည်။ Label Jagermeister ပုလင်းတံဆိပ်တွင် ဒရယ်ချိုနှစ်ခုကြားတွင် လက်ဝါးကပ်တိုင်ကိုတွေ့ရမည်ဖြစ်သည်။ထိုပုံမှာ ခရစ်ယာန်ဂိုဏ်း ခွဲသူနှစ်ဦး Saint Hubertus and Saint Eustace တို့ကို ရည်ညွန်းသည်။Jagermeister သည် ဥရောပပြိုင်ကားအသင်း BMW and Porsches ကို လည်း စပွန်ဆာ ပေးခဲ့သည်။

#ပါဝင်ပစ္စည်း သစ်ကြံပိုးခေါက် သည် ဝမ်းပျက်ဝမ်းလျှောခြင်းကိုကာကွယ်ရန်နှင့် အစာစားချင်စိတ်ကိုလှုံ့ဆော်ရန် အထောက် အကူပြုပါသသည်။ လေးညှင်းပွင့် သည် အဖျားအနာများကိုလျှော့ချရန်၊ရောင်ရမ်းခြင်းကို ကာကွယ်ရန်နှင့်အူလမ်းကြောင်းကင်ဆာကိုကာကွယ်ရန် ဂျင်းမြစ် သည်ပျို့ချင်ခြင်း၊ ရောင်ခြင်းကိုလျော့နည်းစေသည်။ နံနံပင် နံရံဆေးကြောခြင်း၊ အစာအိမ်ကြွက်သားသန်မာခြင်း (အစာအိမ်ကြွက်သားကျန်းမာရေးကိုပိုမိုကောင်းမွန်စေသည့်ဆေးပင်) သည်။ ဘိန်းစေ့ သည်အစာချေခြင်း ကိုပိုမိုကောင်းမွန်စေခြင်း ချောင်းဆိုးခြင်းကိုသက်သာစေပါသည်။ ဂျင်ဆင်း သည်ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး အအေးမိခြင်းကိုလျော့နည်းစေသည့် အပြင် ကင်ဆာရောဂါကိုကာ ကွယ်ပေးသည်။ Red Sandalwood သည်စိုးရိမ်စိတ်ကိုလျှော့ချရန်နှင့်နိုးနိုးကြားကြား ရှိစေပြီး ဘလူးဘယ်ရီသည်ဓါတ်တိုးခြင်း နှင့် fiber တွင်အလွန်မြင့်မားပြီး၎င်း သည်ကျန်းမာသောအစာကြေခြင်းကိုအထောက်အကူပြုပါသည်။
Crd.. original uploader

Johnnie Walker - - - - - - - - - - - - - - - - - - - - - -Johnnie Walker သည် အရက်ဈေးကွက်တွင် ကမ္ဘာ့အရက်ဈေးကွက်အတွင်း အကြ...
13/09/2023

Johnnie Walker
- - - - - - - - - - - - - - - - - - - - - -

Johnnie Walker သည် အရက်ဈေးကွက်တွင် ကမ္ဘာ့အရက်ဈေးကွက်အတွင်း အကြီးမားဆုံးအရက်ဖြန့်ဖြူးရေး စကော့(ဒ်)တလန် ကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းနှစ် ၂ဝဝ ကျော်ပြီ ဖြစ်သည်။ Johnnie Walker ဝီစကီ၏ ထူးခြားချက်မှာ အခြားအရက်များကဲ့သို့ ကုန်ကြမ်းမှတိုက်ရိုက်ချက်လုပ်ထားခြင်းမဟုတ်ဘဲ ဝီစကီများကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် တစ်နှစ်လျင် Johnnie Walker ပုလင်းပေါင်း သန်း ၁၃ဝ ခန့် သောက်သုံးကြပါသည်။ Johnnie Walker ဝီစကီတွင် အရောင်အပေါ်မူတည်၍ အရည်အသွေးနှင့်ဈေးနှုန်းကွာခြားပုံကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။

၁။ Johnnie Walker Red Label

Red Label သည် ဆန်စေ့နှင့်မုယောဝီစကီပေါင်း ၃၅မျိုး ရောနှောချက်လုပ်ထားသော ဝီစကီပင်ဖြစ်သည်။ Red Label သည် စကော့စလန်အနောက်ဘက် ကမ်းရိုးတန်းမှ အပြင်းစား Peat Whiskey နှင့် စကော့တလန်အရှေ့ဘက် ကမ်းရိုးတမ်းမှ အပျော့စား ဝီစကီတို့ကို ပေါင်းစပ်ချက်လုပ်ထားခြင်း ဖြစ်သည်။ Red Label သည် Johnnie Walker တံဆိပ်တွင် ဈေးအနည်းဆုံး ဖြစ်သည်။

၂။ Johnnie Walker Black Label

စနစ်တကျရွေးချယ်ထားသော စကော့တလန်ဝီစကီအမျိုးပေါင်း ၄ဝ ကျော်ဖြင့် Black Label ကို ပေါင်းစပ်ချက်လုပ်ထားခြင်းဖြစ်သည်။ Black Label ကို ချက်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ၁၂နှစ်သက်တမ်းရှိသော ဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Black Label တစ်လုံးသည် အကြမ်းဖျဉ်းအားဖြင့် အနည်းဆုံးသက်တမ်း ၁၂နှစ်ရှိပြီဟု ဆိုနိုင်သည်။

၃။ Johnnie Walker Double Black Label

Johnnie Walker မှ ထပ်မံထုတ်လုပ်လိုက်သော Double Black သည် Black Label ကို စည်ထဲတွင် ထည့်ပြီး မုယောသစ်ဆွေးများကိုလောင်စာအဖြစ်အသုံးပြုပြီး မီးခိုးငွေ့မှိုင်းတိုက်တာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် Double Black သည် သင်းပျံ့သောရနံ့၊ ထုံရီစေသော အရသာတို့ ပါဝင်နေခြင်း ဖြစ်သည်။

၄။ Johnnie Walker Gold Label

Gold Label သည် ၁၉၉ဝ အလွန်နှစ်များမှစ၍ အရက်ဈေးကွက်အတွင်း ဝင်ရောက်လာခဲ့သည်။ Gold Label သည် မုယောဝီစကီ ၁၅မျိုးကို ထပ်မံချက်လုပ်ထားပြီး ချိုရှရှအရသာဖြင့် သောက်သုံးရအဆင်ပြေစေပါသည်။
Crd -Original post

မိုးရွာလဲ အေးဆေးဘဲ ...😜😜
23/08/2023

မိုးရွာလဲ အေးဆေးဘဲ ...😜😜

21/07/2023

အရက်အမျိုးအစားများ

Liquor Man

ကာကာတို့ TWLC မှ ဂျင် သမိုင်းကြောင်းလေးလေ့လာနိုင်ရန်တင်ထားပေးပါတယ် ဟော်လန်ဂျင် တစ်မျိုးဖြစ်သည့် Jenever ကို ၁၃ရာစုခန့်တွ...
21/07/2023

ကာကာတို့ TWLC မှ ဂျင် သမိုင်းကြောင်းလေးလေ့လာနိုင်ရန်တင်ထားပေးပါတယ်


ဟော်လန်ဂျင် တစ်မျိုးဖြစ်သည့် Jenever ကို ၁၃ရာစုခန့်တွင် စတင်ပေါ်ပေါက်ခဲ့ ကြောင်းကို ၁၆ရာစုတွင်ရေးသားထားသော စွယ်စုံကျမ်းတွင် ရေးသားဖော်ပြထားခဲ့သည်။ ဒတ်ချ် လူမျိုး သိပ္ပံပညာရှင် (chemist, physiologist and anatomist)နှင့် ရူပဗေဒပညာရှင် Franciscus Sylvius က မိမိကိုးနှစ်သားအရွယ်တွင် ကြည့်ရှုနားထောင်ခဲ့ဖူးသော Philip Massinger ၏ The Duke of Milan (၁၆၂၃) ပြဇာတ်အရ Gin ကို ၁၇ရာစု အလယ်ပိုင်းတွင်[၂] တီထွင်ချက်လုပ်ခဲ့ကြောင်း မှားယွင်းစွာ ကောက်ချက်ချရေးသားခဲ့သည်။ သို့သော်လည်း ပါဝင်ခဲ့သည့် အင်္ဂလိပ်စစ်သားတစ်ဦးက တိုက်ပွဲ (၁၅၈၅) တွင် တိုက်ပွဲမဝင်မီ Jenever ကိုသောက်သုံးခဲ့ပြီး တိုက်ပွဲအတွင်း အရှိန်တက်ခဲ့ကြောင်း အတည်ပြုဖော်ပြခဲ့သည်။ ၁၅၈၅ ခုနှစ်၌ ရှစ်နှစ်ကြာစစ်ပွဲ ဟုလူသိများသော ဒတ်ချ်တို့၏ လွတ်လပ်ရေးစစ်ပွဲကာလ Antwerp တိုက်ပွဲတွင် စပိန်ကိုဆန့်ကျင်ရန် ထောက်ခံမှုပေးခဲ့သော အင်္ဂလိပ်စစ်သားများသည် ဒတ်ချ် လူမျိုးတို့၏ အယူအရ ရဲစွမ်းသတ္တိရှိစေရန် နှင့် ၎င်းတို့၏ အေးဆေးတည်ငြိမ်သော အကျိုး သက်ရောက်မှု ရရှိစေရန်အတွက် တိုက်ပွဲမစမီအချိန်တွင် Jenever ကိုသောက်သုံးနေခဲ့ပြီး ဖြစ်သည်။ ထိုမှတဆင့် Dutch courage (အရက်မူးမှပေါ်သော သတ္တိ၊ အမူးသမား သတ္တိ) ဝေါဟာရ ဆင်းသက်ဖြစ်ပေါ်လာခဲ့သည်ဟု ယုံကြည်ကြသည်။[၃] အချို့သော အတည်မပြုနိုင်သည့် သမိုင်းအချက်အလက်များအရ ဂျင်သည် အီတလီမှစခဲ့သည် ဟု ဆိုကြသည်။[၄]

၁၇ရာစုအလယ် ကာလများတွင် များစွာသော အသေးစား အရက်ချက်လုပ်သည့် ဒတ်ချ်များနှင့် ဖလားန်းဒါဒေသနေသူများ (Flanders) တို့ကြားတွင် မုယောစပါးများဖြင့် ဗျစ်ရည်လုပ်ခြင်း၊ juniper၊ anise၊ caraway၊ coriander၊ တို့ဖြင့် ဝိုင် ချက်လုပ်ခြင်းများသည် ခေတ်စားခဲ့ကြသည်။[၅] ၎င်းတို့ကို တိုင်းရင်းဆေးအဖြစ် ရောင်းဝယ် ဖောက်ကားခဲ့ပြီး ကျောက်ကပ်ရောဂါ၊ ခါးအောက်ပိုင်းနာခြင်း၊ အစာအိမ်ရောဂါ၊ သည်းခြေရောဂါနှင့် အဆစ်မြစ်ကိုက်ရောဂါများ ကုသရာတွင် အသုံးပြုခဲ့ကြသည်။ ထို့ပြင် ၁၇ ရာစုအစောပိုင်းတွင် ဂျင် (Gin) သည်အင်္ဂလန်တွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လာပြီး ပြန်လည် ထူထောင်ခြင်းကာလတွင် ခေတ္တပြန်လည်ရှင်သန်လာခဲ့သည်။ Glorious-Revolution အပြီးတွင် အင်္ဂလန်၊ စကော့တလန်နှင့် အိုင်ယာလန်နိုင်ငံတို့တွင် William III, II & I နှင့် Mary II တို့၏ အုပ်ချုပ်စဉ် ကာလ၌ ဂျင် (Gin) သည် ဘရန်ဒီ (brandy) ထက် ပို၍ လူကြိုက်များခဲ့သည်။[၆] သမိုင်းပညာရှင် Angela McShane က၎င်းကို "Protestant drink" အဖြစ်ဖော်ပြခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကက်သလစ်အိုင်းရစ်နှင့် ပြင်သစ်တို့၏ တိုက်ပွဲတွင် မိမိစစ်တပ်များကို စိတ်ဓာတ်တက်ကြွစေရန် တိုက်ကျွေးစေခဲ့သောကြောင့်ဖြစ်သည်။[၇]

Address

Yangon
11201

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959759686133

Website

Alerts

Be the first to know and let us send you an email when Taw Wynn Liquor Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taw Wynn Liquor Corner:

Videos

Share


Other Wine, Beer & Spirits Stores in Yangon

Show All