Kaung Hsat Mart

Kaung Hsat Mart စားသောက်ကုန်၊လူသုံးကုန်ပစ္စည်း အမျိ

ဝယ်သူစိတ်ချမ်းသာစေတဲ့ Kaung Hsat Mart 🥰Customer စိတ်တိုင်းကျဖို့ အများကြီးမလိုပါဘူး 🔹ပစ္စည်းမှန်ရမယ်🔹ဈေးမှန်ရမယ်🔹ဝန်ဆောင...
26/12/2024

ဝယ်သူစိတ်ချမ်းသာစေတဲ့ Kaung Hsat Mart 🥰

Customer စိတ်တိုင်းကျဖို့ အများကြီးမလိုပါဘူး

🔹ပစ္စည်းမှန်ရမယ်
🔹ဈေးမှန်ရမယ်
🔹ဝန်ဆောင်မှုမြန်ရမယ်

ဒါဆို ဈေးဝယ်သူတိုင်း Satisfied ဖြစ်ပြီလေ

ဒီလို စိတ်ကျေနပ်မှုမျိုးကို Kaung Hsat Mart မှာ အပြည့်အဝပေးထားပါတယ် 🥰

💬 မီးဖိုချောင်သုံး စားသောက်ကုန်ကနေ
💬 တစ်ကိုယ်ရေ လူသုံးကုန်ပစ္စည်းမျိုးစုံအထိ

တစ်‌နေရာတည်းမှာ ပစ္စည်းမှန်၊ ဈေးမှန်နဲ့ ရနေမှတော့ ဝယ်သူစိတ်ချမ်းသာတဲ့ Kaung Hsat ဖြစ်ပြီလေ 😎

မယုံဘူးဆို ကြုံဖူးအောင် လာဝယ်ကြည့်နော် 💁🏼‍♀️

ဆိုင်လိပ်စာ
☎️ 09796255950
🏩 အမှတ် 780၊ ဗိုလ်မင်းခေါင်လမ်းမကြီး၊ 12ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ် (ဆည်း‌ဆာရိပ် ဘိုးဘွားရိပ်သာ အနီး)၊ ရန်ကုန်မြို့။

📢ပစ္စည်းမှန် ဈေးမှန်နဲ့ စားသောက်ကုန်၊ လူသုံးကုန်ဆို Kaung Hsat မှာ အစုံ📢ပစ္စည်းမှန် ဈေးမှန်တဲ့ ဆိုင်လေး ရှာနေတာလားKaung ...
19/12/2024

📢ပစ္စည်းမှန် ဈေးမှန်နဲ့ စားသောက်ကုန်၊ လူသုံးကုန်ဆို Kaung Hsat မှာ အစုံ📢

ပစ္စည်းမှန် ဈေးမှန်တဲ့ ဆိုင်လေး ရှာနေတာလား

Kaung Hsat Mart ရှိတယ်လေ 💁🏼‍♀️

💠 ဇီးယို၊ ဇီးပြား၊ အာလူးကြော် စတဲ့ သရေစာကစ Ready Made ဟင်းချက်ပစ္စည်းအမျိုးမျိုးအထိ
💠 တစ်ကိုယ်ရေလူသုံးကုန်ပစ္စည်းအမျိုးမျိုးအထိ

တစ်နေရာတည်းမှာ ရွေးချယ်ဝယ်ယူနိုင်ပါတယ် 💁🏼‍♀️

Service အတွက်လည်း စိတ်ချရပြီး
တစ်ခါဝယ်ပြီး နောက်တစ်ခါပြန်လာချင်တဲ့ ဆိုင်လေးဖြစ်နေတာကိုက

Kaung Hsat ရဲ့ အားသာချက်တစ်ခုပါပဲ

ဒါကြောင့် ဘာပဲလိုလို
Kaung Hsat ဆီသာ အပြေးလာလိုက်ပါ😍

ဆိုင်လိပ်စာ
☎️ 09796255950
🏩 အမှတ် 780၊ ဗိုလ်မင်းခေါင်လမ်းမကြီး၊ 12ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ် (ဆည်း‌ဆာရိပ် ဘိုးဘွားရိပ်သာ အနီး)၊ ရန်ကုန်မြို့။

👉Member များအတွက် အထူးအစီအစဉ် ပြန်လာပါပြီ 💥 🌞ဒီနှစ်ပိုင်း ဩဂုတ်လ မှ လေးလတာ ခဏနားထားခဲ့သော Membership Savings Bonus Progr...
04/12/2024

👉Member များအတွက် အထူးအစီအစဉ် ပြန်လာပါပြီ 💥

🌞ဒီနှစ်ပိုင်း ဩဂုတ်လ မှ လေးလတာ ခဏနားထားခဲ့သော Membership Savings Bonus Program လေးကို 2025 January လမှာ မကြာမှီ စတင်တော့မှာပါ။

📢ထူးခြားချက်လေး ကတော့ VIP Member အဖြစ် ပြောင်းလဲမှုလေးပါဘဲ။

💫🛍️ကောင်းဆက်မတ်ရဲ့ ဆိုင်မှာ ကြော်ငြာစာလေးကပ်ထားပေးမှာပါ🛍️💫

ဈေးဝယ်တိုင်းလဲ member ဖြစ်ကြောင်း ကိုယ်တိုင်ပြောဖို့လည်း မမေ့ပေးပါနဲ့နော်🧏

ကဲ ဈေးဝယ်သူတိုင်းအတွက် ဘယ်လို Benefit တွေများ ကောင်းဆက်မတ်က Sweet December နဲ့အတူ ယူဆောင်ပေးအုန်းမလဲ Shopaholic တို့ရေ

🪅မိသားစုတိုင်း အိမ်သုံးစရိတ်ချွေတာဖို့ ကောင်းဆက်မတ်မှာ ဈေးဝယ်ဗျို့📢

၂၀၂၃ တစ်နှစ်တာအတွက်  ကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်အစီအစဥ် (၁) 🎁၁.၁.၂၀၂၄နေ့ရက် မနက်ခင်းအစပိုင်းတွင်   ကောင်းဆက်မတ်၏ကျေးဇူး...
01/01/2024

၂၀၂၃ တစ်နှစ်တာအတွက် ကျေးဇူးတုံ့ပြန်ခြင်း အစီအစဥ်

အစီအစဥ် (၁) 🎁
၁.၁.၂၀၂၄နေ့ရက် မနက်ခင်းအစပိုင်းတွင် ကောင်းဆက်မတ်၏ကျေးဇူးရှင်အချို့ဖြစ်သော ကောင်းဆက်မတ် တွင် နေ့စဥ် နီးပါး ဆန်လာ၀ယ်သူများ (၂၀၂၃ ခုနှစ်အတွင်းရက် ၂၀၀ နှင့်အထက်) နှင့် မည်သည့်မျှော်မှန်းချက်မှမရှိဘဲ သဘောရိုးဖြင့် Customer အသစ်များအား လမ်းညွှန်ပေးသော သုံးဘီးဆိုင်ကယ်ဆရာများအဖွဲ့ အား ဆန်၃ပြည် စီနှင့် အိမ်နီးချင်း အချို့အား ဆီ ၅၀သားစီ ကျေးဇူးတုံ့ပြန် လက်ဆောင်ပေးပို့လိုက်ပါတယ်

အစီအစဥ် (၂)🎁
Kaung Hsat Mart ၏ member များအားလုံး ကောင်းဆက်မတ်၏ 3000 Ks အခမဲ့စျေး၀ယ်ကဒ် ကို ( ၅.၁.၂၀၂၄ မှ ၁၀.၁.၂၀၂၄ ထိ) ဆိုင်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပါတယ် ( ၄.၁.၂၀၂၄ တွင် ဖုန်းဆက်သွယ်ပေးပါမည် )

အစီအစဥ်(၃)🎁
Kaung Hsat Mart ၏ Special Member များအတွက် လစဥ် bonus အစီအစဥ် အဖြစ် ပုံမှန် ဖုန်းဆက်သွယ်ခြင်း ကို ဆိုင်တာ၀န်ခံများမှ ၁.၁.၂၀၂၄ နှင့် ၂.၁.၂၀၂၄ တွင် ဆက်သွယ်ပါမည်

🙏စျေး၀ယ်သူ customer များအားလုံးနှင့် ကောင်းဆက်မတ် ရေရှည် ရပ်တည်နိုင်စေရန် ကူညီပံ့ပိုးပေးသူ မိတ်ဆွေများ ၀န်ထမ်းများ စျေး၀ယ်သူတိုင်းအားလုံးအား ကျေးဇူးအထူးတင်ရှိပါတယ်🙏

31/12/2023

1.1.2024 မင်္ဂလာမနက်ခင်းလေး အဖြစ် ဆန်နှင့်ဆီ မျှဝေခြင်း အစီအစဥ်ဖြင့် ဆိုင်စဖွင့်လိုက်ပါပြီ

17/12/2023

`` တို့စျေးရောင်းတယ် ဆိုတာ အခြားသူတွေကို ကူညီနေတာဘဲမဟုတ်လား "

# ဒေါက်တာခင်မောင်ညို

ဆရာ ဒေါက်တာခင်မောင်ညို ကတော့ " စျေးရောင်းခြင်းက ကူညီခြင်း" တဲ့

" ကောင်းဆက်မတ်" မှာ အဲဒီအတိုင်း ကျင့်သုံးပါတယ် ဆရာ
ဒါပေမဲ့ ကူညီမှုအတွက် လူမသိရတဲ့ မမြင်ရတဲ့နောက်ကွယ်မှာ ပေးဆပ်ရခြင်းတွေ အများကြီးပါ လူတိုင်းက စျေးရောင်းတာလွယ်လွယ်လေးဘဲ ယူဆချင် ယူဆ ကြပါလိမ့်မယ် ကောင်းဆက်မတ်မှာ စျေးရောင်းဖို့တော့ အရမ်းကြိုးစားကြရပါလိမ့်မယ်

💌ကောင်းဆက်မတ်ရဲ့ စံနှုန်းတွေက 🤍နှလုံးသားနဲ့ အလုပ်လုပ်မှသာ ပြည့်မှီကြရမှာပါ👍

ကောင်းဆက်မတ် မှာ တာ၀န်ယူ စျေးရောင်းနေတဲ့ အရောင်းတာ၀န်ခံများသည် သာမန် အရောင်း၀န်ထမ်းများနှင့် မတူပါ 🥰 ။

တာ၀န်ယူမှု တာ၀န်ခံမှု အပြည့်နှင့် အလုပ်လုပ်ကြရပါတယ်။ ဆိုင်လေးကောင်းကောင်းမွန်မွန်ရပ်တည်နိုင်စေဖို့ စျေးဘဲတက်နေသော ယနေ့ကာလ ကိုယ့်customer တွေကို စျေးမများဘဲရောင်းချပေးနိုင်ဖို့ စျေးအငြိမ်တန်းလေးတစ်ခု အတတ်နိုင်ဆုံးကာလတခုအထိ တောင့်ခံထားထားပေးနိုင်ဖို့ ကောင်းဆက်မတ်မိသားစုဟာ ဇွဲရှိပြီးကြိုးစားကြတဲ့ ၀န်ထမ်းများနှင့်အတူ ရုန်းကန်လျက်ရှိပါတယ် 👬

Limitation အခက်အခဲ အများကြီးကိုရင်ဆိုင်ရင်း ကိုယ့်ကို အမြဲအားပေးစျေး၀ယ်နေခဲ့ကြသော customer များအတွက် အတတ်နိုင်ဆုံး အကောင်းဆုံးပြည့်မီအောင် ကြိုးစားနေရင်း အခက်အခဲများနှင့် customer များ၏ စိတ်တိုင်းကျခြင်း မကျခြင်းများလည်း အတူရင်ဆိုင်ဖြေရှင်းခဲ့ကြရပါတယ် 💪

ဖတ်ခဲ့ဖူးသော ဆရာဒေါက်တာခင်မောင်ညိုရဲ့ဆောင်းပါးလေးတစ်ပုဒ်ပါ 👇👇👇👇

( "" ဒီလိုမျိုး မြန်မာနိုင်ငံမှာပဲ လူပါး၀လို့ရမယ် အဲ့ဒီလို ဆိုင်းဘုတ်တွေရေးထားတဲ့ ဆိုင်တွေရဲ့ ဇာတ်သိမ်း မကြာခင်လာတော့မယ်ဗျ

ဒီနေ့ ကျွန်တော် ဆိုင်တစ်ဆိုင်မှာ နွားနို့ထွက်ဝယ်တယ်။
နွားနို့ တစ်ပိဿာပေါ့။ ၅၀ သားနှစ်ထုပ် ပါပဲ။
ဒါပေမဲ့ ဝယ်ပြီးတော့မှ သတိရတယ်။

၂၅ သား နှစ်ထုပ်တွဲယူရင် ကောင်းမလားလို့။

ဒါနဲ့ အရောင်းကောင်တာက မိန်းကလေးကို ပြောတယ်။ ဈေးဝယ်သူတွေလည်း ရှင်းနေတာကိုး။

“ဟိုနှစ်ထုပ်နဲ့ ဒီတစ်ထုပ် အတူတူပဲဆိုတော့ လဲလိုက်မယ်နော်”

“လဲလို့ မရဘူး”

“အတူတူပဲ မဟုတ်လား”

“ဟိုမှာ ရေးထားတယ်”

သူပြတဲ့ စာကို ဖတ်ကြည့်တော့

“ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ”တဲ့။

ဆိုင်ထဲကလည်းမထွက်ရသေးဘူး။ ပိုက်ဆံပေးပြီးရုံပဲ ရှိသေးတယ်။ အမျိုးအစားတူ၊ဈေးနှုန်းတူကိုပဲ လဲတာ။

သူ့အနေနဲ့ အဆင်မပြေတာ ရှိချင်ရှိမှာပါ။ ဒါပေမဲ့ Customer ရဲ့ လိုအပ်ချက်တွေကို ဘာလို့ မဖြည့်ဆည်းပေးနိုင်ရမှာလဲ။

ရောင်းသူနဲ့ ဝယ်သူ ဘယ်သူက အရေးပါလဲ။ မေးခွန်းတွေအများကြီး ပေါ်လာပါတယ်။

▪️ ▪️ ▪️

ဖတ်ဖူးတဲ့ တစ်ခါက အကြောင်းအရာတစ်ခုကို တင်ပြလိုပါတယ်။

သူရေးထားတဲ့အတိုင်း တင်ပြပါမယ်။

“ကျွန်တော်ငယ်ငယ်က ကျောင်းအားရက်တွေမှာ အဖေ့ကို ကူညီတဲ့အနေနဲ့ ဆိုင်ထိုင်ပေးရပါတယ်။

အဖေကလည်း ကျွန်တော့်ကို အလုပ်သင်အနေနဲ့ လုပ်ခပေးပါတယ်။

အဖေ့ဆိုင်က ပရိဘောဂတွေ ရောင်းတဲ့ဆိုင်ပါ။

တစ်ခါမှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ဆိုင်ရှေ့မှာ သူ့ရဲ့ကားကို ရပ်ပြီး ဆိုဖာတစ်လုံးကို ကျွန်တော့်ကို ချစေတယ်။

ကျွန်တော်က ဆိုဖာကို ဆိုင်ထဲသွင်းလိုက်ပါတယ်။

“ဘာမှ မကြာသေးဘူး ပျက်ပြီ။ ဘောက်ချာတော့
မပါဘူး။ ပြင်ပေးလို့ရလား”

“ရပါတယ်”

အဖေက ဆိုဖာကုလားထိုင်ကို စစ်ဆေးပြီး “နက်ဖြန်လာယူပါ”လို့ မှာလိုက်တယ်။
အဖေက ပြင်ပေးတယ်။

ကျွန်တော်က ကုလားထိုင်ကို ကြည့်လိုက်တော့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆိုင်ကဖြစ်နေတာကို တွေ့ရတယ်။

“အဖေ။ ဟိုဘက်ဆိုင်က ကုလားထိုင်ပဲ”

“ဟုတ်တယ်လေ။ ငါသိပါတယ်"

“ဒါဆို အဖေဘာလို့ ပြင်ပေးတာလဲ”

“ငါက ဒါလောက်တော့ ပြင်တတ်တာကိုး”

“အဖေအမျိုးသမီးကြီးကို ပိုက်ဆံတောင်းဦးမှာလား”

“မတောင်းပါဘူး။ သူဝယ်သွားတာတစ်နှစ်တောင် မပြည့်သေးဘူး ပြောတယ်။
ဒီမှာကြည့်။

အသစ်ကြီး။ တစ်ခုခုကြောင့် ဒီလို ပျက်သွားတာ”

အဖေက စိတ်ရှည်လက်ရှည် ပြင်ပေးလိုက်တယ်။ နောက်တစ်နေ့မှာအမျိုးသမီးကြီးက သူ့ခုံသူ လာယူသွားတယ်။

တစ်ပတ်လောက်ကြာတော့ အမျိုးသမီးကြီး ပြန်လာတယ်။

“ဆောရီးပဲ။ ကျွန်မ ဆိုင်မှားပြီး ပြင်ခိုင်းလိုက်တာ။ တကယ်တော့ကျွန်မ မသိလိုက်ဘူး။

ကျွန်မယောက်ျား ခရီးက ပြန်ရောက်တော့ သူပြောပြမှ သိတယ်။

သူက ကျွန်မကို အပြစ်တင်တယ်”
အဖေက ပြုံးနေတယ်။

“ရှင် ဆိုင်မှားနေတာကိုသိမှာပေါ့”

“သိပါတယ်။ အောက်ဘက်မှာ ဆိုင်တံဆိပ် ပါတာပဲ”

“ကဲပါ။ ကျွန်မဘယ်လောက် ပေးရမလဲ”

“မလိုပါဘူး”

“ဘာဖြစ်လို့လဲ”

“အသေးအမွှားတွေပဲလေ။ ဒီလိုပြင်ပေးဖို့ ကျွန်တော်တို့ ပရိဘောဂသမားတွေမှာ တာဝန်ရှိပါတယ်။

နောက်ပြီး ခင်ဗျားအနေနဲ့လည်း ဒီခုံကို ဟိုသယ်ဒီသယ်လုပ်ရတာ အဆင်မှ မပြေတာပဲ”

အဖေပြောတော့ အမျိုးသမီးသဘောပေါက်ပြီး ပြန်သွားတယ်။

နှစ်တွေကြာသွားတော့ ကျွန်တော်လည်း အဆောင်ကို ပြောင်းနေခဲ့တယ်။

ကျောင်းကဘွဲ့ရပြီး အိမ်ကိုပြန်ရောက်တော့ ကျွန်တော် ကိုယ်ပိုင်အလုပ်ကို မလုပ်မီ အဖေ့ဆိုင်မှာ ထိုင်ပေးပါတယ်။

တစ်ရက်မှာ သူရဲ့ဆိုဖာခုံကို ဆိုင်မှားပြင်ခိုင်းတဲ့ အမျိုးသမီးသမီးကြီးရောက်လာတယ်။

အဖေ့ကို ပြုံးပြီး နှုတ်ဆက်တယ်။ သူတစ်ယောက်ထဲ မဟုတ်ဘူး။

နောက်မှာ လူအချို့လည်း ပါလာတယ်။

“ဒါက ကျွန်မမြေးတွေ။

သူတို့ မင်္ဂလာဆောင်ပြီး အိမ်သစ်အတွက် ပရိဘောဂလိုချင်လို့ပါ”
သူတို့ ကက်တလောက်တွေကို ကြည့်ပြီး ပစ္စည်းတွေ မှာသွားတယ်။

သူတို့ပြန်သွားတော့ အဖေ့ကို မေးတယ်။

“မိတ်ဆွေတွေ ဖြစ်သွားလား”

“ဟုတ်တယ်။ ဒီအမျိုးသမီးကြီးက လူမှုကွန်ရက်မှာ အရေးပါတဲ့ တစ်ယောက်ပဲ။

သူက ဖောက်သည်တွေ အများကြီး ရှာပေးတယ်”

“အဖေ့ ပစ္စည်းတွေလည်း ကောင်းတာကိုး”

“ပစ္စည်းကောင်းရုံနဲ့ မရဘူးသား။

စိတ်ထားလည်း ကောင်းရတယ်။ တို့ဈေးရောင်းတယ်ဆိုတာ အခြားသူတွေကို ကူညီနေတာပဲမဟုတ်လား “

အဖေ့ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဆရာအစစ်အမှန် ဖြစ်လာပါတယ်။

ဒီနေ့မှာ ကျွန်တော်ဟာ သန်းကြွယ်သူဌေးကြီး ဖြစ်နေပါပြီ။
ပိုက်ဆံရှိတာထက် လူမှုအသိုင်းအဝိုင်းထဲမှာ ပျော်ရွှင်မှုတွေနဲ့ နေတတ်ဖို့ အဖေသင်ပေးတာပါပဲ"တဲ့။

▪️ ▪️ ▪️

ကျွန်တော်တို့ ကမ္ဘာကြီးမှာ တစ်နေရာနဲ့တစ်နေရာ၊ တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာပါပြီ။ နယ်စည်းမခြားဆိုတာ တကယ့်ကို ဖြစ်လာပြီပဲ။

ဒါကို Globalization လို့ ခေါ်ကြတယ်။ ကမ္ဘာလုံးခြုံ ဖြစ်ထွန်းမှုပေါ့။

တစ်နေရာက လိုတဲ့ပစ္စည်းကို နောက်တစ်နေရာက ပို့ဆောင်ရောင်းဝယ်တာပါပဲ။ အဓိကကတော့ ဈေးကွက်ပေါ့။

၂၁ ရာစု ဈေးကွက်ဆိုတာ အကောင်းဆုံးကို လိုချင်တဲ့ ဈေးကွက်ပါပဲ။

လူတွေဟာ ပစ္စည်းကောင်းကို သုံးချင်တယ်။ ရွေးချယ်ခွင့်ကို ရချင်တယ်။ မိမိကိုလေးစားတဲ့ သူတွေနဲ့သာ ဆက်ဆံလိုတယ်။
၁၉၆၀ ပြည့်နှစ်လောက်က ထိုင်းမှာ စီးပွားရေးပြုပြင်ရေးတွေ လုပ်တယ်။

ထိုင်းအစိုးရက နိုင်ငံတကာကလူတွေကို ဖိတ်ခေါ်ပြီး ထိုင်းမှာ ဆိုင်တွေဖွင့်ဖို့ အားပေးအားမြှောက် ပြုတယ်။

ကုန်တိုက်ကြီးတွေ နေ့ချင်းညချင်း ပေါ်လာပါတယ်။
ဒါပေမဲ့ တစ်နှစ်မပြည့်မီ အနောက်တိုင်းရင်းနှီးမြှုပ်နှံသူတွေက ပြန်ထွက်ဖို့ ပြင်ဆင်ကြတယ်။

ဒီတော့ ထိုင်းတာဝန်ရှိသူတွေက ရင်းနှီးမြှုပ်နှံသူတွေကို မေးတယ်။

“ဘာလို့ ထွက်မှာလဲ”

“ဝန်ထမ်းတွေပါပဲ။ သူတို့နဲ့ အလုပ်လုပ်ရတာ အဆင်မပြေဘူး”

“ဝန်ထမ်းတွေကို ခိုင်းလေဗျာ”

“ခိုင်းပါတယ်။ သူတို့ဟာ စကား စုပြောတယ်။ ဖောက်သည်သည်တွေလာရင်လည်း ချေချေငံငံ မဆက်ဆံဘူး”

“ဘယ်လိုမျိုးလဲ”

“ပစ္စည်းတစ်ခုပြခိုင်းရင် ဈေးကြီးတယ်နော်၊ ဝယ်နိုင်လို့လား ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတယ်”

“သူတို့ကို သဘော‌ပေါက်အောင် ပြောလို့မရဘူးလား”

“မရဘူး။ တစ်ခါတစ်ခါ သူတို့အချင်းချင်း စကားပြောနေတယ်။ ဖောက်သည်တွေကိုလည်း ပြန်ငြင်းတာ ရှိတယ်”

“သူတို့က ရှင်းပြတာ နေမှာပေါ့”

“ဟုတ်မှာပါ။ ဒါပေမဲ့ဖောက်သည်က ဘာမှမသိဘူးဆိုတာ မလုပ်ရဘူးလေ။

Customer is always right ဆိုတဲ့စကား ရှိတယ်”

“ဖောက်သည်က မှားနေရင်ကော”

“မှားတာတွေ ရှိမှာပါ။ ဒါပေမဲ့ ဈေးရောင်းတဲ့သူတွေက ဒါကို ထောက်ပြစရာ မလိုဘူးလေ။ သူ့တာဝန်က ဝန်ဆောင်မှုပေးဖို့ပဲ”

“ခင်ဗျားပြောတာ တော်တော်ကောင်းတာပဲ။ ခင်ဗျားတို့ ဘာလုပ်ပေးလို့ရလဲ”

“အင်း၊ ကျွန်တော်တို့ သူတို့ကို တစ်လနှစ်လလောက် သင်တန်းပေးဖို့ လိုတယ်”

“အဲဒီအချိန်မှာ ကုန်တိုက်ကို ဘာလုပ်ရမှာလဲ”

“ပိတ်ထားလိုက်ပေါ့”
“ခင်ဗျာ”

“တစ်သက်လုံး အဆင်ပြေမဲ့ကိစ္စ တစ်လနှစ်လလောက်တော့ ရင်းနှီးရမှာပေါ့”

▪️ ▪️ ▪️

အဲဒီနောက်တော့ ထိုင်းကုန်တိုက်တွေဟာ ကမ္ဘာ့အဆင့် မီလာတယ်။

နောက်ပြီးစားသောက်ဆိုင်က ဝန်ထမ်းတွေကိုလည်း သင်တန်းတွေပေးတယ်။ အချို့ ကို နိုင်ငံခြားလွှတ် သင်တန်းတွေတက်ခိုင်းတယ်။
ဆက်ဆံရေးတွေကောင်းပြီး ဂရုစိုက်မှုတွေနဲ့ စာသုံးသူတွေကို အဆင်ပြေအောင် လုပ်ဖို့ဆိုတာတွေကို သင်တန်းတွေမှာ သင်ပေးတယ်။

မန်နေဂျာသင်တန်းတွေ၊ စီအီးအိုသင်တန်းတွေတောင် ရှိပါတယ်။ ဒါတွေက အင်မတန် အရေးကြီးတယ်။

ဘာကြောင့် ဒါတွေ လိုအပ်လဲ။

စောစောက ကျွန်တော်ပြောသလို Globalization ဆိုတာ ကျွန်တော်တို့ဆီ ရောက်လာနေပြီ။ ငွေအား၊ လူအားနဲ့ ဝင်လာတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ ပြိုင်ရမှာပဲ။
ဒီအတိုင်း ဆက်နေရင်တော့ မြန်မာတွေဟာ အလုပ်သမားတွေပဲ ဖြစ်လာမှာပေါ့။

ဘဏ်လုပ်ငန်းတွေ၊ ဓာတ်ဆီဆိုင်လုပ်ငန်းတွေမှာ အစိုးရက သူတို့ဝင်မတိုးနိုင်အောင် ကာကွယ်ထားတာတွေ ရှိတယ်။
ဒါပေမဲ့ ရေရှည်မှာ သူတို့ကို ဖွင့်ပေးရမှာပဲ။ ဒီအခါ ခက်ခဲတဲ့ယှဉ်ပြိုင်မှုတွေကို တွေ့ရမှာပါပဲ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မလွဲမသွေ လမ်းဖွင့်ပေးရမှာ ဖြစ်တယ်။

ဒီတော့အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကိုယ် မိမိတို့ ပြင်ဆင်ထားကြဖို့ လိုတယ်။
နိုင်ငံခြားမှာ မိမိမကြိုက်ရင် ဝယ်ပြီးပစ္စည်းတွေကို တစ်ပတ်အတွင်း ပြန်လဲလို့ ရတယ်။
မြန်မာပြည်မှာ ဆိုင်ထဲကနေ မထွက်ရသေးတာတောင် လဲလို့မရဘူး။

“ဝယ်ပြီးပစ္စည်း မလဲပေးပါ။ ကျန်ရှိပစ္စည်း တာဝန်မယူ” ဆိုတာတွေနဲ့ နိုင်ငံတကာဈေးကွက်ကို တိုးဖို့မလွယ်လှကြောင်း တင်ပြလိုက်ရပါတယ်။

အလုပ်အကိုင်လုပ်ငန်းများ ​တိုးတက်​အောင်မြင်ကြပါစေ။

Credit

#ဒေါက်တာခင်မောင်ညို
(ဒီဇင်ဘာ ၆ရက်၊ ၂၀၂၀)
®PNCS

09/10/2023

🥰ကြည်နူးစရာ အခိုက်အတန့်များ🥰

မနက်မိုးလင်း မျက်စိနှစ်လုံးဖွင့် မိုးကလည်းသည်း Admin မှာ ဆိုင်အပြင်ဘက် အလုပ်လဲ လုပ်လို့မရ ဆိုင်အတွင်းလည်း ဆိုင်အလုပ်လုပ်တဲ့ ကလေးတွေ မရောက်ခင်မ၀င်ချင် စိတ်ထဲရောက်ရာ
🤔 ဟိုးအရင် နှစ်နှစ်ခန့်က ဆိုင်ဖွင့်ချိန်ဆို အစောဆုံးရောက်တတ်တဲ့ သေးသေးသွယ်သွယ် ချစ်စဖွယ် ညီမလေး တစ်ဦးကို သတိရ (ဂျပန်သွားဖို့ computer ပညာသင်ဖို့ ဆိုင်မှ ထွက်ခွါ သွားရ)
🤔 ယခင်အချိန်တွေက ဆိုင်မှာ လုပ်ငန်းလုပ်စရာရှိတဲ့ ကိစ္စဆို အပြေးအလွား ဖိနပ်မပါ ပြေးပြေးလုပ်တတ်လို့ ဖိနပ်စီးအုန်းဟု သတိပေးရတဲ့ ပိန်ပိန်ရှည်ရှည် မော်ဒယ် ကောင်လေး( သင်တန်းသွားတက်အုန်းမယ်တဲ့ သွားပါကွယ် ခွင့်ပြုပါတယ် အောင်မြင်မှုတွေရမှာပါ ကြိုးစားတာကိုး)
🤔 အလုပ်ချိန်ဆို အလုပ်ပြီးအောင် ဒုံးလုပ်ပြီး နားချိန်ဆိုတိုင်း ပြေးပြေးအိပ်တတ်တဲ့ အိပ်ပုပ်ဖက်တီးမလေး (မန္တလေးမှာဘဲ အလုပ်လုပ်ချင်တာတဲ့ သူလေးနဲ့လည်း​ေ၀းသွားရပြန်ရော)
🤔 မီးပွိုင့်တွေမှာ ကားလမ်းကြောင်းမှားသွားသော်လည်း လမ်းပြောင်းချင်ပါက စောင့်ပေးတတ်သူများ လမ်းပြောင်းခွင့်ပေးသူယာဥ်မောင်း အစ်ကိုအစ်မ ချောချောလေးများ ( 😘နားလည်မှု ပေးတတ်တဲ့ မြန်မာဓလေ့လေးများရယ် )

🤔 ကားမရပ်ရ ဘာညာကွိကွ ဆိုင်းပုဒ်မရှိသော်လည်း ကားရပ်ချင်ပါက အလွယ်တကူလမ်းရှင်းပေးတတ်တဲ့ အရှေ့ဒဂုံဆိုင်နီး၀န်းကျင်မှ ကားပိုင်ရှင်ဆိုင်ကယ်ပိုင်ရှင် စက်ဘီးပိုင်ရှင်များ ​(😊ကိုယ်ချင်းစာတရားရှိသော မြန်မာ့ဓလေ့လေးတွေပါ )

`Love you All ´

😝မနက်စောစောစီးစီး မိုးကလည်း သည်းသည်းမဲမဲ တွေးမိတွေးမိတွေးရာ 👵

👉စကားမစပ် သီတင်းကျွတ်တော့မယ်နော် အမျိုးတွေ ဆိုင်မှာ မုန့်တွေအစုံ ရောက်ပြီနော် 😜 နောက်နေ့ ကြော်ငြာ၀င်မယ်လေ မိုးလည်းစဲပြီ ဒီနေ့တော့ တော်သေးပြီ -

အရသာထူးကဲ စျေးနှုန်းသင့်တင့် အသင့်စား စားစရာ မျိုးစုံ KAUNG HSAT MART မှာ ရပါပြီဗျို့
22/08/2023

အရသာထူးကဲ စျေးနှုန်းသင့်တင့် အသင့်စား စားစရာ မျိုးစုံ KAUNG HSAT MART မှာ ရပါပြီဗျို့

" 2 Day Special Sale "KAUNG HSAT MART 🏬 ၃ နှစ်ပြည့် အထူးအစီအစဥ်  ဆိုင်သေးသေးလေးမှ  ဆိုင်တိုးချဲ့နိုင်သည်အထိ  ရပ်တည်နိုင်...
24/07/2023

" 2 Day Special Sale "

KAUNG HSAT MART 🏬 ၃ နှစ်ပြည့် အထူးအစီအစဥ်

ဆိုင်သေးသေးလေးမှ ဆိုင်တိုးချဲ့နိုင်သည်အထိ ရပ်တည်နိုင်အောင် ၃ နှစ်တိုင် အမြဲလာရောက်အားပေးသူ Member များနှင့် member မလုပ်ရသေးသူများအား ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် စျေးတွေ အမြဲတက်နေသော ယခုခေတ် ကာလ အတွင်း စျေး၀ယ်သူ customer များအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် ကောင်းဆက်မတ်မှ အထူးအစီအစဥ် တစ်ခုပါ

အဲဒါလေးကတော့ 🏆🎁🎁🎁

***Member အထူး လျော့စျေး 24 July 2023 - 25 July 2023 နှစ်ရက်တည်းသာ***

MEIZAN ဟင်းသီးဟင်းရွက်ဆီ 0.9 Lit - 4,000 ကျပ်
Lotus ဟင်းသီးဟင်းရွက်ဆီ 0.9 Lit - 3,900 ကျပ်

Non Member များအတွက်လည်း အထူးလျော့စျေးလေးတွေ ရှိတယ်နော် မြန်မြန်သာ ပြေး၀ယ်လိုက်တော့နော် 🏃🏃‍♀️ချစ်မိတ်ဆွေ တို့ရေ

""" ယခင်က  မိုးမရွာတဲ့နေ့  ဆိုင်သိမ်းဖို့ပြင် အမှတ်တရ ""   လှနေတာနော် 🤫🤫    စျေး၀ယ်သူက ၀ယ်နေတုန်း   မင်မင့် သားသားလေးက  ...
18/07/2023

""" ယခင်က မိုးမရွာတဲ့နေ့ ဆိုင်သိမ်းဖို့ပြင် အမှတ်တရ "" လှနေတာနော် 🤫🤫 စျေး၀ယ်သူက ၀ယ်နေတုန်း မင်မင့် သားသားလေးက ဆိုင်တွေပိတ် 🥰😝

အညာ ထန်းလျက် စစ်စစ်  နှင့် သန့်စင်ပြီး  အညာ မန်ကျည်းသီးမှည့်  များ  ကောင်းဆက်မတ်မှာ ရောက်ပါပြီဗျို့
02/04/2023

အညာ ထန်းလျက် စစ်စစ် နှင့် သန့်စင်ပြီး အညာ မန်ကျည်းသီးမှည့် များ ကောင်းဆက်မတ်မှာ ရောက်ပါပြီဗျို့

 # ပစ္စည်းပြတ်သွားပါပြီနော်   လာမည့်  တန်ခူးလောက်မှ ပြန်ရပါမယ်အညာဒေသ မြေနုကျွန်း မှ ထွက်သော  အညာပဲစစ်စစ်ချိုချို လေးတွေ ...
30/03/2023

# ပစ္စည်းပြတ်သွားပါပြီနော် လာမည့် တန်ခူးလောက်မှ ပြန်ရပါမယ်

အညာဒေသ မြေနုကျွန်း မှ ထွက်သော အညာပဲစစ်စစ်ချိုချို လေးတွေ ကောင်းဆက်မတ် မှာ ရပြီနော် အရသာမှာ တမူထူး စားဖူးသူတိုင်း ကြိုက်ကြတာ ကောင်းဆက်ဆိုင် မှ အညာပဲ စစ်စစ် တွေပါ ဗျို့🥜🥜🥜

ကောင်းဆက် မီနီမတ်  ၏   KAUNG HSAT MART အဖြစ် ပြောင်းလဲမှု အသစ် ခင်းကျင်းပြင်ဆင်မှု လေး ပါ  အဆင်ပြေရဲ့လား  အားပေးသူ မိတ်ဆ...
18/01/2023

ကောင်းဆက် မီနီမတ် ၏ KAUNG HSAT MART အဖြစ် ပြောင်းလဲမှု အသစ် ခင်းကျင်းပြင်ဆင်မှု လေး ပါ အဆင်ပြေရဲ့လား အားပေးသူ မိတ်ဆွေကောင်း ဖောက်သည်တို့ရေ 🥰🥳 ကောင်းဆက်မတ်ရဲ့ တာ၀န်ခံ ၀န်ထမ်းကောင်းလေးတွေရဲ့ ကြိုးစားမှု လေးတွေပါ💪

Address

No. 780, Corner Of Bo Min Khaung Street And U Paw Oo Street, Ward (12), East Dagon Tsp
Yangon

Opening Hours

Monday 07:30 - 20:00
Tuesday 07:30 - 20:00
Wednesday 07:30 - 20:00
Thursday 07:30 - 20:00
Friday 07:30 - 20:00
Saturday 07:30 - 20:00
Sunday 07:30 - 20:00

Telephone

+959796255950

Website

Alerts

Be the first to know and let us send you an email when Kaung Hsat Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share