It's PhOo

It's PhOo မိန်းမ မဆန်သော မိန်းမ . . . .

~ Mae PhOo ~

သဲသဲလှုပ်အချစ်ခံရပါတယ်ဆိုတဲ့နေ့နာမ်တွေထဲမှာသောကြာသမီးတွေမပါဘူးထင်ပါရဲ့ . . .ချစ်စရာကောင်းအောင်လည်းမနေတက်မထိုင်တက်အချစ်ကလ...
21/08/2023

သဲသဲလှုပ်အချစ်ခံရပါတယ်ဆိုတဲ့နေ့နာမ်တွေထဲမှာသောကြာသမီးတွေမပါဘူးထင်ပါရဲ့ . . .
ချစ်စရာကောင်းအောင်လည်းမနေတက်မထိုင်တက်အချစ်ကလည်းခံချင်သေး . . .

~ Mae PhOo ~

🤍 . . .
20/08/2023

🤍 . . .

အချစ်လို့ခေါင်းစဥ်တပ်ပီး ကိုယ့်ကိုချည်နှောင်ထားခဲ့တယ် . . .ပုံပြောကောင်းတဲ့ကောင်လေးရေ မင်းကတော့အချစ်ဆိုပီးဘောင်ခတ်ထားတဲ့...
07/08/2023

အချစ်လို့ခေါင်းစဥ်တပ်ပီး ကိုယ့်ကိုချည်နှောင်ထားခဲ့တယ် . . .
ပုံပြောကောင်းတဲ့ကောင်လေးရေ မင်းကတော့အချစ်ဆိုပီးဘောင်ခတ်ထားတဲ့စံချိန်စံနှုန်းတွေအောက်မှာ ဘောင်မဝင်တန်းမဝင်တဲ့ကိုယ့်မှာတော့ ဂျွန်းထိုးမှောက်ခုံတွေဖြစ်ရတဲ့အထိ နှလုံးသားတွေကမောက်ကမဖြစ်ခဲ့ရတယ် . . . .
Happy နဲ့စပြီး Sad နဲ့ဆုံးသွားတဲ့ Story မှာကိုယ်မပါချင်ဘူးအချစ်ရေ ဇာတ်လိုက်မှမဖြစ်နိုင်ဘဲ ကိုယ်သရုပ်မဆောင်တက်ဘူးရယ် ဘဝ က Really သိပ်ဆန်တယ်လေ . . .
အချစ်ဆိုတာမျိုးကကိုယ်ဖမ်းဆုပ်ထားချင်တောင် သူ့ဟာသူအလိုလိုလွတ်ထွက်သွားတာမျိုး အချစ်ကအဲ့ဒီလိုမျိုးဘဲ မင်းလည်းဒီလိုဘဲ . . .

ကိုယ့်ရဲ့ချစ်လှစွာသောအယုတ်တမာလေးရေ
လူချင်းတော့ ဝေးနေနေ ၊ နီးနေနေ နှလုံးသားချင်းဝေးမသွားချင်တဲ့ အတ္တစိတ်လေးတော့ကိုယ့်မှာရှိတယ် . . .

~ Mae PhOo ~

ကိုယ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဘယ်သူ့ ဘယ်သူကမှတာ၀န်ယူမှု့တာ၀န်ခံမှု့တွေမလိုဘူး ကိုယ်တို့အတူရှိနေတာဟာအချစ်ကြောင့်ဖြစ်ပြ...
27/07/2023

ကိုယ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဘယ်သူ့ ဘယ်သူကမှတာ၀န်ယူမှု့တာ၀န်ခံမှု့တွေမလိုဘူး ကိုယ်တို့အတူရှိနေတာဟာအချစ်ကြောင့်ဖြစ်ပြီး ကိုယ်တ်ို့ဝေးကွာသွားကြရင်အဲ့ဒီအချစ်ကမခိုင်မြဲလို့
ကိုယ်တို့အချစ်တွေလျော့ရဲကုန်လို့ အချစ်ကအရေးမပါတော့လို့မချိုမြိန်တော့လို့ဘဲ

အချစ်ဆိုတဲ့အရာနဲ့မရင်းနှိီးဘဲ အချစ်က ကိုယ့်ဆီတိုး၀င်လာတယ် ၊တကယ်လည်းအဲ့ဒီချစ်ခြင်းတွေက ကိုယ့်ကိုယ်ပြောင်းလဲလိုက်တယ် ဒီလိုမျိုးအချစ်က ကိုယ့်ဆီရောက်လာခဲ့တာ အတူတူထမင်းစားခဲ့ချိန်တွေကနွေးထွေးပြီးအတူလျှောက်လည်တော့လည်းလွတ်လပ်မှု့တွေအပြည့်ဘဲ သူ့ဘေးမှာစိတ်လုံခြုံသလိုခံစားရတယ် အဲ့ဒီလိုခံစားမှု့တွေပေးတယ် သူကိုယ့်ကိုပြောတဲ့စကားလုံးတွေက ကဗျာ တစ်ပုဒ်လို ကိုယ့်နားထဲသံဇဥ်တွေစီးဆင်းနေသလို လေပြေတွေတိုး၀င်လာသလိုလို သူကကိုယ့်စိတ်ကိုဖျားယောင်းခဲ့တယ် ၊ ကိုယ်မသိလိုက်ခင်မှာဘဲ သူ့စိတ်နဲ့ ကိုယ်ဟာကိုယ်မဟုတ်တော့သလိုကိုယ့်စိတ်ကိုယ့်အတွေးတွေကသူနဲ့ပြည့်နှက်နေခဲ့တယ် ချစ်ခြင်းမေတ္တာကို အဲ့ဒီလိုမျိုး ရိုကျိုး မွတ်သိပ် တော့တစွာနဲ့သူ့အပါးမှာ၀ပ်တွားခဲ့တယ် အဲ့ဒီအချိန်တွေတုန်းက သူ့စကားသူ့ဆန္ဒသူ့စိတ်သဘောအတိုင်းကိုယ်ဟာသူကလွဲလို့ ဘာမှမသိတဲ့တုန်းအအ ခပ်နုံ့နုံ့မိန်းမတစ်ယောက်ဖြစ်ခဲ့ပြီး အဲ့ဒီလိုအချစ်ကိုကိုးကွယ်ပြစ်ခဲ့တယ်

ကိုယ့် Partner က ကိုယ်နဲ့ရှိနေစဥ်ကာလမှာကိုယ်မဟုတ်တဲ့မိန်းမတစ်ယောက်ရဲ့လူ အဖြစ်ရှိနေခဲ့တယ်ဒါတွေကိုသိရဲ့နဲ့မသိသလိုဟန်ဆောင်နေတဲ့မိန်းမက ဟန်ဆောင်ရတာအမုန်းဆုံးတဲ့ အဲ့လိုကြွေးကြော်ပီးအလိမ်ခံနေခဲ့တယ် ချစ်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ ကိုယ့်စိတ်ကိုသတ်မိတယ် စိတ်ဒဏ်ရာတွေပေးနေမိတယ်ကိုယ်ကိုတိုင်က ကိုယ့်ကိုကိုယ်ညှင်းပန်းခဲ့မိတဲ့ကာလတွေပေါ့

အချိန်အတော်ကြာတဲ့အထိ မဖြေရှင်းခဲ့ဘူး ပွင့်ပွင့်လင်းလင်းမမေးရက်ခဲ့ဘူး မဟုတ်ဘူး ကိုယ်မကြားရဲခဲ့တာနေမှာ သူ့အတွက်ကိုယ်ကဘာမှမဟုတ်တော့မှာကြောက်နေခဲ့တာ ကိုယ့်ကိုကိုယ်လိမ်ညာပြီးတော့ဖြစ်ဖြစ်သူ့အနားမှာဆက်ရှိနေချင်သေးတာ မာနကြီးတယ်လို့ကြွေးကြော်ခဲ့တဲ့ကိုယ်က ကိုယ်တိုင်မာနမဲ့နေခဲ့တာ အဲ့ဒီအချိန်တွေတုန်းက တစ်ကိုယ်တော်အချစ်ဆိပ်တက်နေခဲ့တာ

ဘာဘဲဖြစ်ဖြစ်အဆုံးသတ်တော့ ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ကပြကြရတာဘဲမဟုတ်လား၊တခါတစ်လေတဖက်သတ်ဖြစ်သလိုသိမ်းလိုက်ရတဲ့ဇာတ်သိမ်းခန်းတွေရှိတယ် ကိုယ့်စိတ်ကိုယ် ကြိုးကွင်းစွတ်ပီးကိုယ့်နှလုံးသားကိုယ် ကိုယ်တိုင်နင်းခြေလိုက်ရတာမျိုးပေါ့ တစ်စုံတယောက်ပျော်ဖို့ တစ်စုံတစ်ယောက်ကငိုပေးရတာ ဖြစ်သင့်လား ဘ၀ ဆိုတာအဲ့ဒီလိုမျိုးပေါ့ မဖြစ်ချင်ဘဲဖြစ်လိုက်ရတာတွေ မလိုချင်ဘဲရလိုက်တာတွေ အစုံပါဘဲအဖြစ်အပျက်တွေက ကိုယ်ဘယ်လောက်ဘဲတပ်မက်တပ်မက်ကိုယ့်အတွက်မဟုတ်ရင် စွန့်ပြစ်တက်ရမယ် ဆက်ပြီးဖက်တွယ်သိမ်းဆည်းထားရင်ကိုယ်ဘဲ၀န်ပိမယ်မဟုတ်လား ဘ၀မှာမက်မက်စက်စက်ဘာမှလောဘ မတက်မိဘူး အချစ်ကလွဲရင်ပေါ့ ကံကောင်းခြင်းဆိုတာခုထိ မထိတွေ့မခံစားဘူးသေးဘူး ကိုယ်ကံနိမ့်နေတုန်းဘဲ အချစ်ရေ . . . .

မကောင်းဆိုး၀ါးတစ်ကောင်နဲ့ကခုန်ခြင်း . . . .

~ Mae PhOo ~

25/07/2023

မာရီယာ
လူတွေက ကိုယ့်ကိုဘောင်မ၀င်ဘူးလို့ဆိုတယ်လူ့ပါတ်၀န်းကျင်နဲ့အံ့​ချော်နေသတဲ့လေ ဒါပေမယ့် ကိုယ်ဖြေရှင်းချက်တွေအကြောင်းပြချက်တွေ မပေးတက်ဘူး ဟုတ်တယ် ကိုယ်ကအဲ့ဒီလိုလူမျိုးဘဲ မာရီယာ စွဲလမ်းမိပြီဆိုလည်းနောင်ဘ၀ကူးတဲ့ထိအစွဲအလမ်းတွေသယ်ဆောင်သွားတက်တယ် ကိုယ်ကအဲ့ဒီလိိုစိတ်ကြီးတဲ့လူမျိုးဘဲလူ့ဂွါစဘဲ မာရီယာ . . .

မာရီယာ မင်းကကိုယ့်ရဲ့စိတ် ကိုယ့်ရဲ့အတွေးတွေကိုအမြဲဘောင်ခတ်တယ်နော် ဒါကိုမင်းသိရောသိရဲ့လား အကြောင်းပြချက်မပေးဘဲမင်းသဘောနဲ့မင်းစိတ်တိုင်းကျ ကိုယ့်ဘ၀ထဲဇွတ်တိုး၀င်လာတယ် စွဲလမ်းမှု့တွေကြီးကာမှာ မင်းကိုယ့်ကိုကျောခိုင်းလှည့်ထွက်သွားခဲ့တာ ဘာသဘောလည်းမာရီယာ အစကထဲက ကစားဖို့သက်သက်ဘဲလား မင်းရဲ့လှည့်ကွက်တွေဘဲလား အချိုတွေဖုံးအုပ်ထားတဲ့မာယာတွေလား ဘာအ​ကြောင်းပြချက်ဘဲပေးပေးမင်းမှမင်းဖြစ်နေတဲ့နှလုံးသားက ဘာနဲ့မှ ဘယ်သူနဲ့မှအစားထိုးမရခဲ့ဘူး
ခုချိန်ထိ ကိုယ့်နှလုံးခုန်သံက မင်းလို့သံပါတ်ပေးနေတုန်းဘဲ ပုံ​ပြောကောင်းတဲ့ကဝေမလေးရေ ရူးလောက်အောင်စွဲလမ်းမိပါတယ် သေမလောက်နာကြင်ခံစားရပါတယ် မင်းကကိုယ့်အတွက်အဖြေမရှိတဲ့ပုစ္ဆာလိုဘဲ မာရီယာ ဘ၀တစ်ခုလုံးရင်းတောင်ဘာမှပြန်မရလိုက်တာမျိုးပေါ့ ချစ်ခြင်းမေတ္တာဆိုတာ ဒီလိုမျိုးလား မာရီယာ . . . .

ကိုယ်သိတဲ့ချစ်ခြင်းမေတ္တာကတော့ဒီလိုမျိုးမဟုတ်ခဲ့ဘူး . . . .

ချစ်ခြင်းနဲ့အဆိပ်အတောက်များ . . . .

~ Mae PhOo ~

Address

Yangon

Telephone

+959976268899

Website

Alerts

Be the first to know and let us send you an email when It's PhOo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share