Zaw & Lwin Co.Ltd

Zaw & Lwin Co.Ltd အရက်ဘီယာ နှင့် အချိုရည် မျိုးစုံရော?

11/01/2024

ယနေ့မှာကျရောက်သော ကရင်နှစ်ကူး 2763 ခုနှစ်တွင် ကရင်တိုင်းရင်းသားများနှင့်အတူ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ပျော်ရွှင်ဖွယ်ရာ "ကရင်နှစ်သစ်ကူးနေ့" ဖြစ်ပါစေကြောင်း

Zaw & Lwin Co.Ltd.မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

25/12/2023
26/09/2023

ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..

ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန်

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိတ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိတ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိတ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။..

ရှောင်ရန်

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။

မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....။

မျက်စိအထူးကုဆရာဝန်တစ်ဦး
တယ်လီကျန်းမာ

04/03/2023

#ဘီယာ ကို #မုယောစပါး ကနေ ချက်တယ်။
#ဝီစကီ ကို #ပြောင်း ကနေ ချက်တယ်။
#ဝိုင် ကို #စပျစ်သီး ကနေ ချက်တယ်။
#ဗော်ဒ်ကာ ကို #အာလူး ကနေ ချက်တယ်။
#တက်ကီလာ ကို #သင်္ဘောနာနတ် က ချက်တယ်။
#ဆာကေး ကို #ဆန် ကနေ ချက်တယ်။
#ရမ် ကို #ကြံ ကနေ ချက်တယ်။

ဒီအပင်တွေ စိုက်ပေးမယ့် တောင်သူ လယ်သမားတွေ မရှိရင် ကိုယ်တွေလည်း သောက်စရာ ရှိမှာ မဟုတ်။

ထို့ကြောင့် #တောင်သူလယ်သမားနေ့ ကို ကြိုဆိုပါတယ် ။

26/01/2023

Beer:
alcohol 5%
သောက်လိုက်ပေါက်လိုက်
မူးနေချင်ရင် သေးမပေါက်ပါနဲ့။
ပေါက်လိုက်တိုင်း အမူး လျော့သွားစေတယ်
များများသောက်လေ မနက်ကြ ခေါင်းကိုက်လေ
ထုံထုံကြီး မူးတာမျိုး က beer
ဗိုက်ကြီးတင်းပြည့်ပြီး အမူးမျိုး

Stout:
alcohol 8%
ABC လို black shield လိုမျိုး
သောက်ပြီးရင် ဆန့်ကျင်ဖက် လိင်ကို
တောင့်တ တတ်တယ်
Homo ဆိုရင်တော့ မသိပါ။
မူးတာက ခေါင်းထဲမှာ မူးနောက်နောက်နဲ့
ရဟတ်စီးပြီး မူးတာမျိုးက stout

Wine:
alcohol 13.5%
အိပ်ချင်သလို မျက်လုံးစဉ်းလာပြီး
မူးတာမျိုးပါ
တန်းပြီး အိပ်ဖို့ အဆင်ပြေရင် ကောင်းပါတယ်
အရမ်း များရင် အန်ဖို့ အရမ်း လွယ်ကူတဲ့
အမူး မျိုး

Red Label:
alcohol 40%
အမူးက ရိုင်းတယ်
ချက်ခြင်း ဆောင့်တက်ပြီး မူးတယ်
သွေးဆူလွယ်တယ်
ရန်ဖြစ်မယ် ဆိုလည်း ဖြစ်ပေါ့ ဆိုတဲ့
အမူးမျိုး
များရင် ခေါင်းကိုက်လိမ့်မယ်

Black and double black label:
alcohol 40%
နည်းနည်းလေး ထွေတေတေလေး
ပတ်ဝန်းကျင် ကို ကြည့်လိုက်ရင်
ပျော်စရာတွေ ပြည့်နေသလိုလို
ကဖို့ ခုန်ဖို့ တော်ကီပစ်ဖို့
ကောင်းတယ်
မဆိုးပါဘူးလို့ မှတ်ချက်ပြုရမယ်

Johnnie walker Explorer series:
alcohol 40%
the spice road လို အတက်ကြမ်းပေမယ့်
နောက်နေ့ လန်းလန်းဆန်းဆန်း ရှိနေစေတယ်

Gold label:
alcohol 40%
တခွက်သောက် ဘာမှန်းမသိသေးဘူး
နှစ်ခွက်မှာ စငြိမ့်လိမ့်မယ်
သူ့ အငြိမ့်လေးက ငြိမ်တယ်
bar တို့ ဘာတို့ထက်ဆိုင်ရင်
classical လို ငြိမ့်တဲ့ musicလေးနဲ့ဆို
လွင့်နေမှာ သေချာတယ်
တစုံတခုပဲ တွေးပြီး စိတ်နှစ်ကြည့်
အဲဒိအပေါ်မှာ မျောသွားမယ့် feel က
အမိုက္စား
မနက်ကြတော့ လန်းနေရော

Platinum label:
alcohol 40%
Gold နဲ့ မကွာလှဘူး
ငြိမ့်တာကတော့
ချစ်သူကို ကြူလို့ သိပ်ကောင်းတာ
သောက်ပြီးရင်😀😀😀

Johnnie walker 18:
alcohol 40%
Gold labelရဲ့ အပေါ်မှာ
blue လောက် မသုံးချင်ရင်
သိပ်ကောင်းတဲ့ အရာပါ
KTV ရောက်ရင် ကွကိုယ်
အဆိုတော်အလား
လမ်းလျှောက်ရင် မြေကြီးတောင်
ထိရဲ့လား ထင်ရလောက်အောင်
ပံ့ပိုးပေးပါတယ်
စိတ်ကူးထဲက အတိုင်း
ဘုရင်ကြီးအလားပေါ့

Blue label:
alcohol 40%
ငြိမ့်ချက်ဆိုတာ
သင်္ဘောမှာတုန်းက
Fitter ကြီးတယောက်ရှိတယ်
အရက်မူးရင် သူ့ကို စ စလို့ရှိရင်
မကြိုက်ဘူး ပြန်ပြီး တခုခု လိုက်လုပ်တယ်
သူလို လူမျိုးတောင် blue သောက်ပြီး
စ ရုံမကလို့ ခေါင်း ပုတ်ရင်တောင် ပြုံးပြနေတယ်
ပြောချင်တာ အရမ်း ငြိမ့်တယ်
ရန်မလိုဘူး ငြိမ့်ပြီး အတွေး အရမ်းကောင်းစေတယ်
အတွေး ထဲကအတိုင်း
စီးမျော သွားတာ
မိန်းမ ချစ်ဆေး လို့ တင်စားရမလားပဲ

Johnnie walker XR 21:
21 years old alcohol 40%
blue ဈေးပဲမို့
blue နဲ့ ခံစားရတဲ့ feel သိပ်မကွာလှပါဘူး
ခွန်အားဖြိုးမောက် ဇော်ဂျီလက်စွဲ
ဆိုလား😬😬😬

Monkey shoulder:
alcohol 40%
အမူးလွယ်တယ်
percetage တူပေမယ့် ပိုမူးသလိုပဲ
မွှေးလည်းမွှေး အဝင်လည်းမိုက်
သီချင်းဆိုလို့လည်း ကောင်းပ
ကြိုက်တယ် မနက်ဆို အလန်းပဲ
ခေါင်း လုံးဝ မကိုက် ကြည်လင်လို့

Jagermeister 35%
အဝင်မဆိုးဘူး၊
လည်ချောင်းထဲပူဆင်းသွားတာမျိုး။
အူရွှင်တယ်၊ ယဉ်ယဉ်လေးမူးတယ်။
ကျွဲရိုင်းတို့ shark တို့နဲ့ Jager Bomb လုပ်လိုက်လို့ကတော့ မနက်လည်းခေါင်းမကိုက်ဘူး။

Grand Royal ID 37.2%
အဝင်ရှင်းတယ်နော်၊
ဇွတ်ခွသောက်ရင်တော့ အပြဲပဲ။
စိတ်ညစ်လို့အော်ချင်ဟစ်ချင်ရင် သောက်။
မနက်နိုးရင်တော့ ခေါင်းနည်းနည်းကိုက်မယ်။
အိပ်ရာဘေး သံပုရာသီးဆောင်ထား။

Baileys 17%
နုနုရွရွသောက်မယ်၊
ဆော်ရောသောက်မယ်ဆို ရွေးသင့်တယ်။
ချောကလက်ပျစ်ပျစ်လေးသောက်ရသလိုပဲ။ Classical ဆန်ဆန်သောက်၊
လုံးဝအထာကျတယ်။
မွှေးချိုပူဆင်း လည်ချောင်းရှင်း။
ဇွတ်မူးချင်တယ်ဆိုရင်တော့ မရွေးနဲ့၊
ပိုက်ဆံပဲကုန်တာအဖတ်တင်မယ်။

Chivas Regal 40%
ကဲချင်ခုန်ချင်ပေါက်ချင်ရင် သောက်၊
ခွေးသောက်သောက်ရင် ခွေးလိုအန်မှာပဲ။
ခွက်ထဲ နှစ်ပတ်လာက်ထည့်
ရေခဲတစ်တုံးထည့်
ဖရဲသီးတစ်စိတ်စိမ်ပြီးမှသောက်၊
ကြာကြာသောက်နိုင်တယ်။
ဖင်ယားပြီး ခွက်ထဲကဖရဲသီးစိတ်သွားမကိုက်နဲ့။
ဖင်ထိုင်လဲသွားမယ်။
ဘားမှာ ကေတီဗီမှာ ကဲမယ်ဟေ့ဆို ရွေးသင့်။

Vodka 40%
ပြင်းပြင်းရှရှ ပူဆင်းချင်ရင်သောက်။
နွေပူပူ နေပူပူမှာတော့ မသောက်နဲ့။
အလွတ်ရူးသွားမယ်။
ကျုပ်ကတော့ သိပ်မကြိုက်ဘူး။
အမူးရိုင်းလို့။

Gin 40% ( approximately )
သူလည်း Vodka လိုပဲ။
ပိုတောင်ရှသေးတယ်။
မရှိလို့သောက်ရင်တောင်
နှာခေါင်းပိတ်သောက်ရတဲ့အမျိုး။
ဆိုးလိုက်တဲ့အဝင်။
ဂျင်နှစ်ပတ်
သံပုရာသီးတစ်စိတ်ညစ်
သကြားတစ်ဇွန်းမွှေထည့်။
ဒါက ရိုးရာပေါ့နော။
ကျုပ်တော့ လုံးဝမကြိုက်။
AK47 မှာရင်တောင် Gin မထည့်ခိုင်းဘူး။
မုန်းလို့။

Soju 20%
ဖင်မယားသင့်တဲ့အရက်ဖြစ်ပါတယ်။
တစ်ခါက ဆိုဂျူကို အကြမ်းခွက်အသေးနဲ့ငှဲ့
ရေခဲတစ်တုံးထည့်၊
ကမ်းပေ့လုပ်ပြီးပြိုင်သောက်ကြတာ။
အိမ်ကိုဘယ်လိုပြန်ရောက်ခဲ့မှန်းမသိဘူး။
နောက်နေ့မေးကြည့်တော့ ဥသြတွေဆွဲတာ
ဝက်စာပုံးမှောက်တဲ့အတိုင်းဆိုပဲ။
အဝင်က Vodka လောက်တောင်မဆိုးဘူးဆိုပြီး
ဖင်ယားခဲ့မိလေခြင်း။

ခေါင်ရည် ( % မသိ 😂 )
စကားပြောမယ်၊
အပျင်းပြေသောက်မယ်ဆို ငချိပ်ရတဲ့ဆိုင်သွား။
သေးခဏခဏထပေါက်မယ်၊
ဘီယာလောက်ဗိုက်မတင်းပေမယ့်
များရင်တော့ ရီဝေဝေနဲ့
အတော်တွေးလို့ကောင်းတယ်။
ပုလင်းကိုဇောက်ထိုးငှဲ့၊
နှမြောပြီး အောက်ဆုံးကအနယ်တွေမငတ်မိနဲ့။ သူက ဆိုင်ရွေးတယ်။
ကောင်းတယ်ဆိုတဲ့ဆိုင်ကိုသေချာစုံစမ်းပြီးမှ
သောက်သင့်တယ်။

ချဉ်စော်ခါး ( % မသိ )
ပြဲချင်လား။
အမဲကြော်တစ်ပွဲ၊ ကြက်ဥမွှေကြော်တစ်ပွဲနဲ့
ချဉ်စော်ခါးတစ်လုံး ရေခဲတစ်ပွဲမှာသောက်။
သူလည်းဆိုင်ရွေးတယ်။
ပြင်းပြင်းရှရှပြဲတဲ့ဆိုင်ရှိတယ်။
အူမြူးပြီးပြဲတဲ့ဆိုင်ရှိတယ်။
သူ့အထာနဲ့သူ။
မိုးအေးအေးနေ့တွေ ဂစ်တာတီးချင်ပါတယ်
သီချင်းဆိုချင်ပါတယ်ဆို ပါဆယ်ဆွဲခဲ့။
လည်ချောင်းထဲရှင်းပြီးပူဆင်းတာ၊
သီချင်းဆိုလို့ အတော်ကောင်း။
😂😂😂

Regency (Thai made)
Brandy အမျိုးအစား
On the rock သောက်ရင်အလွန်ကောင်း။
သုံးခွက်လောက်သောက်ပြီးရင် အရသာ သိသိသာသာ သောက်လို့ပိုကောင်းလာတယ်။ သောက်တာများလေလေ အဝင်ပိုကောင်းလာလေလေပဲ။Smooth ဖြစ်တယ် ငြိမ့်တယ် အိပ်လို့ကောင်းတယ် ။ အကြိုက်ဆုံးအချက်ကတော့ မနက်အိပ်ယာနိုးရင် ခေါင်းမကိုက်ပဲ စိတ်ကြည်လင်လန်းဆန်းနေရောပဲ😁။ အတုမမိဖို့တော့လိုမယ်။ မြိတ် နဲ့ ကော့သောင်း မှာတော့ရနိုင်တယ်။

:Credit
သူများရေးတာကို ကူးလာတာပါ။

01/01/2023

Happy New Year!

2023 နှစ်သစ်မှာ အလုပ်အကိုင်တွေအဆင်ပြေကြပါစေ။ စီးပွားဥစ္စာတွေတိုးတက်ကြပါစေ။ ကျမ္မာချမ်းသာ ကြပါစေ။

အမျိုးသမီးထုကြီး သဘောပါလား ....
17/11/2022

အမျိုးသမီးထုကြီး သဘောပါလား ....

အပျော်လေးပါ
19/10/2022

အပျော်လေးပါ

ပျော်ပျော်ရွှင်ရွှင် ကံစမ်းကြရအောင် သူငယ်ချင်းတို့ရေ
16/06/2022

ပျော်ပျော်ရွှင်ရွှင် ကံစမ်းကြရအောင် သူငယ်ချင်းတို့ရေ

ရုံးရှေ့က ပိတောက်ပင်လှချက် လာကြွားတာ
12/05/2022

ရုံးရှေ့က ပိတောက်ပင်လှချက် လာကြွားတာ

11/04/2022

အချိန်မှန်မှန်စားပါ
အချိန်မှန်မှန်သောက်ပါ
အချိန်မှန်မှန်အိပ်ပါ
ကျန်းမာရေး ဂရုစိုက်ကြပါ
တစ်နှစ်ပါတ်လုံး အေးချမ်း ကျန်းမာ ပျော်ရွှင် ကြပါစေ ဟု ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

09/02/2022

Covid 4th Wave က တကယ်ပြန်စနေပါပြီ..
ဆေးထိုးပြီးသားသူတွေရော၊ Covid ဖြစ်ပြီးသားသူတွေရော ပြန်ဖြစ်တာ ခပ်စိတ်စိတ်ကြားနေရပါတယ်..
မကြာခင်မှာရောဂါပြန့်တာဆိုးလာနိုင်တဲ့အတွက် ဆေးထိုးပြီးပြီဆိုပြီး Mask ​တွေ မတပ်မိတာမျိုးတွေ မလုပ်ပါနဲ့တော့နော်..

ဒီရက်ပိုင်း ရာသီဥတုကလဲအေးလာတယ်..
အအေးမိပြီး ကိုယ်ခံအားနည်းသွားလို့ ရောဂါကူးစက်တာတွေမဖြစ်ရအောင် နွေးနွေးထွေးထွေး​လေးနေပါ..
အနွေးထည်ဝတ်ပါ ခြေအိတ်လေးတွေဝတ်ပါ..
Vitamins တွေသောက်ပါ.. အိပ်ချိန်မှန်အောင်အိပ်ပါ
ဘယ်သွားသွား Mask တပ်ပါ.. လက်ဆေးပါ..
အစစအရာရာ ဂရုစိုက်ကြပါနော်..

Credit

04/02/2022

သတိပြုနိုင်ကြဖို့ပါ
~~~~~~~~~~~~~~~~~~
အိုမီခရွန်လက္ခဏာတွေက (၄၈)နာရီအတွင်း လက္ခဏာပြတယ်
(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊
အားမရှိဖြစ်နေမယ် …

(၂) လည်ချောင်းယားမယ် ၊
ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ် ...

(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊
ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်ကိုက်ခဲမယ် ...

(၄) မစားမသောက်ချင်ဖြစ်လာမယ် ...
အထက်ပါလက္ခဏာတွေဖြစ်ရင်
အများပြည်သူဆိုင်ရာနေရာတွေကို မသွားခြင်းဖြင့် ကူညီကြပါ။
@နန်း ယု

02/02/2022

သင် ကိုဗစ်မကူးစက်စေရန်

၁၊မက်စ်တပ်ပါ
၂၊တစ်ခုခုကိုင်ပြီးတိုင်းလက်ဆေးပါ၊
၃၊လူစုလူဝေးရှေုာင်ရှားပါ
၄၊လူတစ်ဦးနှင့်တစ်ဦးခြောက်ပေကွာနေထိုင်ပါ
၅၊မျက်နှာ အကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို၊မကိုင်မနှိုက်ပါနဲ့
အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ။

20/10/2021

🙏🙏🙏 သီတင်းကျွတ်လပြည့်နေတွင်
ဘုရား၊တရား၊သံဃာ ရတနာသုံးပါးနှင့်တကွဘိုးဘွားမိဘဆရာသမားများအားလုံးကိုစိတ်ဖြင့်ရည်မှန်းရိုသေစွာရှိခိုးကန်တော့ပါ၏။
🙏🙏🙏

🙏အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ စီးပွားတိုးတက်ကြပါစေ။

ကျန်းမာ ချမ်းသာ ကြပါစေ။
09/10/2021

ကျန်းမာ ချမ်းသာ ကြပါစေ။

09/10/2021

ကျန်းမာရေးဂရုစိုက်ကြပါနော်

16/01/2021
(၉)ကြိမ်‌မြောက် မြန်မာဘရူဝါရီလီမိတက်မှလှူဒါန်းပါသောမဟာဘုံကထိန်အလှူတော်တွင်တစ်ဖက်တစ်လမ်းမှပါဝင်လှူဒါန်းခွင့်ရသည့်အတွက်ဝမ်...
16/01/2021

(၉)ကြိမ်‌မြောက် မြန်မာဘရူဝါရီလီမိတက်မှလှူဒါန်းပါသောမဟာဘုံကထိန်အလှူတော်တွင်တစ်ဖက်တစ်လမ်းမှပါဝင်လှူဒါန်းခွင့်ရသည့်အတွက်ဝမ်းသာကျေနပ်မိပါတယ်🙏🙏🙏
ယခုလိုလှူဒါန်းရသောကောင်းမှုကုသိုလ်အား
သာဓုအနုမောဒနာခေါ်ဆိုအပ်ပါတယ်🙏🙏🙏
မြန်မာဘရူဝါရီလီမိတက်မိသားစုများအားလုံးအလုပ်အကိုင်များလဲအဆင်‌ပြေကြ၍ကျန်းမာချမ်းသာကြပါစေ🙏🙏🙏🙏

15/01/2021

သတင်းကောင်းလေးပါ
Myanmar Beer သံဘူး မဲ များ 19.2.21 ထိလဲလှယ် ပေးသွားပါမည်။

14/01/2021

မြန်မာသံဗူး ကံစမ်းမဲရက်မတိုးပါဘူးနော် ၂၉ -၁-၂၀၂၁ ရက်နေ့နောက်ဆုံးဖြစ်ပါကြောင်း လေးစားစွာ အသိပေးပါတယ် ခင်ဗျား

01/01/2021

နှစ်သစ်အခါသမယမှာ ကျန်းမာ ပျော်ရွှင် စီးပွားတိုးတက်ကြပါစေကြောင်း Zaw & Lwin မိသားစုမှ ဆုမွန်တောင်းလိုက်ပါတယ်။

19/11/2020

ညီအစ်ကိုတို့ရေ Myanmar Lager ရဲ့အရသာကိုခံစားရင်း Ford Everest Trend ကားသစ်ကြီးကံထူးနိုင်မယ့် အစီအစဥ်လာပါပြီ...

“အားလုံးပါဝင်မြန်မာရဲ့ဆုမဲအစီအစဥ်” မှာတော့ Ford Everest Trend ကားသစ်ကြီးဆုမဲ (၂) ခုပါတဲ့အပြင် “ဆယ်သိန်းကျပ်” “Free Beer Can” အစရှိတဲ့ ကံစမ်းမဲတွေလည်းပါဝင်မှာဖြစ်ပါတယ် 🤩

ကံစမ်းမဲကာလကတော့ (၁၆.၁၁.၂၀၂၀) ကနေပြီးတော့ (၃၁.၁.၂၀၂၁) အထိဖြစ်ပြီးတော့ ဒီကံစမ်းမဲကတော့ promotion အမှတ်အသားပါတဲ့ မြန်မာဘီယာသံဗူးတွေဝယ်ယူမှကံစမ်းနိုင်မှာပါ....ကဲ ဒါဆိုရင်တော့ မြန်မာဘီယာလေးသောက်ပြီး ဆုမဲတွေကိုကံစမ်းလိုက်ရအောင် ညီအစ်ကိုတို့ရေ 🍻

#အားလုံးနဲ့အတူရှိနေတဲ့မြန်မာ

[Zawgyi]
ညီအစ်ကိုတို့ရေ Myanmar Lager ရဲ့အရသာကိုခံစားရင်း Ford Everest Trend ကားသစ်ကြီးကံထူးနိုင်မယ့် အစီအစဉ်လာပါပြီ

“အားလုံးပါဝင်မြန်မာရဲ့ဆုမဲအစီအစဉ်” မှာတော့ Ford Everest Trend ကားသစ်ကြီးဆုမဲ (၂) ခုပါတဲ့အပြင် “ဆယ်သိန်းကျပ်” “Free Beer Can” အစရှိတဲ့ ကံစမ်းမဲတွေလည်းပါဝင်မှာဖြစ်ပါတယ် 🤩

ကံစမ်းမဲကာလကတော့ (၁၆.၁၁.၂၀၂၀) ကနေပြီးတော့ (၃၁.၁.၂၀၂၁) အထိဖြစ်ပြီးတော့ ဒီကံစမ်းမဲကတော့ promotion အမှတ်အသားပါတဲ့ မြန်မာဘီယာသံဗူးတွေဝယ်ယူမှကံစမ်းနိုင်မှာပါ....ကဲ ဒါဆိုရင်တော့ မြန်မာဘီယာလေးသောက်ပြီး ဆုမဲတွေကိုကံစမ်းလိုက်ရအောင် ညီအစ်ကိုတို့ရေ

Address

Za/56 Arrtawka Str Bayintnaung Manyangone Township
Yangon
16.8626488,96.1061910

Opening Hours

Monday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Zaw & Lwin Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaw & Lwin Co.Ltd:

Share


Other Wine, Beer & Spirits Stores in Yangon

Show All