Maha Ngang

Maha Ngang Thai Voodoo Amulet Store

မျိုးဆက် ၃ ဆက်တိတိ လက်ဆင့်ကမ်းလာရင် နောက်ဆုံးမျိုးဆက်က ရောင်းအထုတ်မှာ အဘိုးဟာ ရွှေပြည်ကြီးကို ကြွလှမ်းလာခဲ့ရတာပဲ ဖြစ်တယ်...
15/11/2023

မျိုးဆက် ၃ ဆက်တိတိ လက်ဆင့်ကမ်းလာရင် နောက်ဆုံးမျိုးဆက်က ရောင်းအထုတ်မှာ အဘိုးဟာ ရွှေပြည်ကြီးကို ကြွလှမ်းလာခဲ့ရတာပဲ ဖြစ်တယ်။

ငန်းဆောင်လို့ အကျိုးမရှိတဲ့သူ လုံးဝမရှိ။ တခုရှိတာ ယုံကြည်ရမယ် အဆူဟာ စစ်မှန်ရမယ်။ နောက်တချက်က ယုံကြည်မှ စွမ်းတယ်ဆိုတာပဲ 👌👌🤝👍

#ငန်း #မဟာငန်း #ငန်းအရောင်းအဝယ် #သိန္ဓိဝင်အဆောင် #ခမင်

ထိပ်ချွန်လေး နောက်တဆူရောက်ရှိ လိုချင်ရင် Hi လိုက်ပါ ငန်းချစ်သူ
11/11/2023

ထိပ်ချွန်လေး နောက်တဆူရောက်ရှိ
လိုချင်ရင် Hi လိုက်ပါ ငန်းချစ်သူ

ငန်းတွေဝယ်ကြအုန်းနော် ငန်းချစ်သူတို့ ^^
04/11/2023

ငန်းတွေဝယ်ကြအုန်းနော် ငန်းချစ်သူတို့ ^^

Good afternoon 😘😘😍
12/10/2023

Good afternoon 😘😘😍

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပွဲစားတွေ မြေအရောင်းအဝယ်သမားတွေ တိုက်ခန်းအရောင်းအဝယ်သမားတွေ Small Business run နေသူတချို့န...
04/10/2023

စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပွဲစားတွေ မြေအရောင်းအဝယ်သမားတွေ တိုက်ခန်းအရောင်းအဝယ်သမားတွေ Small Business run နေသူတချို့နဲ့ ခရိုနီအကြီးကြီးတွေအထိ ဆောင်ကြလေ့ရှိတဲ့ ငန်းခူငေ

#ငန်းခူငေ #မဟာငန်း #ငန်းအကြောင်း #ငန်းအဆောင် #ငန်း

ဟူဟာလွန်းငန်း🔎🔎🔎🔎🔎ဘောစိတဘွေဆောင်ယူဖို့ ပင့်သွားတဲ့ ဟူဟာလွန်းငန်း ဖြစ်ပါတယ်။ အရပ်သားငန်း အရာရှိမဖြစ်သေးတဲ့ငန်းပေမယ့် အစွမ...
01/10/2023

ဟူဟာလွန်းငန်း
🔎🔎🔎🔎🔎

ဘောစိတဘွေဆောင်ယူဖို့ ပင့်သွားတဲ့ ဟူဟာလွန်းငန်း ဖြစ်ပါတယ်။ အရပ်သားငန်း အရာရှိမဖြစ်သေးတဲ့ငန်းပေမယ့် အစွမ်းကတော့ စနေးနဲ့ ထပ်တူနီးပါးရှိပါတယ် ငန်းချစ်သူတို့ရေ။

♨♨♨

တခုအငြင်းပွားစရာရှိနေတာက တချို့ဆရာတွေက ဒီအဆူဟာ အမျိုးသမီးကို ကိုယ်စားပြုတယ်ဆိုတာပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကဆိုတော့ သုတေသနပြုစုမှုရှိခဲ့သလား မရှိခဲ့ဖူးလားဆိုတာတော့ စာရေးသူကိုယ်တိုင် သေသေချာချာမသိသေးပါ။ သုတေသနပြုလုပ်ထားတဲ့ စာတမ်းတမျိုးမျိုးကို သက်သေအနေနဲ့ယူပြီး သေချာရေရာတဲ့ အပြောမျိုးပြောချင်တဲ့သူမို့ ဆက်လက်လေ့လာတင်ပြပြီး ပြန်လည်မျှဝေပေးပါ့မယ်လို့ 😘😘😍

ကျန်းမာချမ်းသာကြပါစေ 🤘

#မဟာငန်း #ဟူဟာလွန်း #ဟူဟာလွန်းငန်း #ငန်း #ငန်းအဆောင် #ငန်းအကြောင်း

တဆူရောင်းထွက်သွားပြီဖြစ်ပြီး တဆူတည်းကျန်နေသေးတဲ့ အာထန်ငန်း လေးပါ။ အများအားဖြင့် ထိုင်းမှာ ဆရာတွေဆောင်တာများပြီး တပါးသူက ...
30/09/2023

တဆူရောင်းထွက်သွားပြီဖြစ်ပြီး တဆူတည်းကျန်နေသေးတဲ့ အာထန်ငန်း လေးပါ။ အများအားဖြင့် ထိုင်းမှာ ဆရာတွေဆောင်တာများပြီး တပါးသူက ကိုယ့်ကို မကောင်းတဲ့နည်းလမ်းတွေနဲ့ လုပ်ကြံ ရန်မရှာနိုင်ဟု သိရပါတယ်။

#ငန်းအာထန် #ငန်း #မဟာငန်း #ငန်းအဆောင်

ငန်းစနေနဲ့ဟူဟာလွန်း💓💓💓💓💓💓💓ငန်းစနေနဲ့ဟူဟာလွန်းငန်းတွေဟာ ရှေးခေတ်အခါကတည်းက လှည်းကုန်သည်တွေ ခရီးသွားလာတဲ့အခါ ခါးလှည့်ကြိုးန...
25/09/2023

ငန်းစနေနဲ့ဟူဟာလွန်း
💓💓💓💓💓💓💓

ငန်းစနေနဲ့ဟူဟာလွန်းငန်းတွေဟာ ရှေးခေတ်အခါကတည်းက လှည်းကုန်သည်တွေ ခရီးသွားလာတဲ့အခါ ခါးလှည့်ကြိုးနဲ့ချည်ကာတမျိုး သင်းပိုင်ကဲ့သို့ ရှေးအမျိုးသားတွေဝတ်ဆင်လေ့ရှိတဲ့ ချည်ပုဆိုးထဲထည့်
လိပ်ကာတဖုံသယ်ယူကာ ဆောင်လေ့ရှိကြသတဲ့။

လူချစ်လူခင်များကာ လာဘ်လာဘပေါကြွယ်ဝစေပြီး ရောင်းပန်းဝယ်ပန်းများအစဥ်ပွင့်လန်းကာ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားစေဖို့ရည်ရွယ်ကာ
ေဆာင်ယူလေ့ရှိကြသတဲ့။

တချို့သော ရှားပါးအဆူတွေမှာ အပြီးအစီးကာယသိန္ဓိအစွမ်းပါ တွဲဖက်ကာပါတတ်တာမို့ တုတ်ဓားလက်နက်အချွန်အတက်တွေ မိမိခန္ဓာထဲကို တိုးမဝင်စေဖူးတဲ့။ဆောင်ယူသူအချို့ဟာ သေနတ်နဲ့ပစ်ခတ်ပြီး အစောင့်အစွမ်းကို စမ်းသပ်ကြသူတွေလည်းရှိကြပါတယ်။တခုသိထားရမှာ အဆူတိုင်းမှာ ကာယသိန္ဓိ မပါဖူးဆိုတာပဲ။

ငန်းချစ်သူများဆောင်ယူမယ်ဆို တစုံတွဲကာ ဆောင်ယူကြဖို့ recommend လုပ်ပါတယ်။

#ငန်း #ငန်းစနေ #ငန်းအဆောင် #ဟူဟာလွန်း

Good morning 😘😘😍 #ငန်း  #လန်ခွန်း  #ခါးကုန်းအဘိုး
20/09/2023

Good morning 😘😘😍

#ငန်း #လန်ခွန်း #ခါးကုန်းအဘိုး

Good evening 😘😘 #ငန်းစနေ  #စနေး  #ပြဒါးများသောအသား  #ငန်း  #ငန်းအဆောင်  #ဂမ္ဘီရအဆောင်
19/09/2023

Good evening 😘😘

#ငန်းစနေ #စနေး #ပြဒါးများသောအသား #ငန်း #ငန်းအဆောင် #ဂမ္ဘီရအဆောင်

ထိုင်းနိုင်ငံမှာ ငန်းပညာရဲ့ Pioneer Ajarn မဟာဝက်http://www.mahawed63.net/ ကိုယ်တိုင် အာမခံထားတဲ့ အဆူပါ။ ပင့်ဆောင်သူဟာ အစ...
10/09/2023

ထိုင်းနိုင်ငံမှာ ငန်းပညာရဲ့ Pioneer Ajarn မဟာဝက်
http://www.mahawed63.net/ ကိုယ်တိုင် အာမခံထားတဲ့ အဆူပါ။ ပင့်ဆောင်သူဟာ အစစ်ဖြစ်ကြောင်း အာမခံ Card ကိုပါ ပူးတွဲရရှိမှာဖြစ်ပါတယ်။ပူဇော်လိုသူမည်သူမဆို Chatbox မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

#ငန်းအာထာန် #အာထန်ငန်း #ရောင်းမည် #ငန်း #မဟာငန်း #ငန်းအကြောင်း

Good afternoon #ငန်းတာဒင်  #ပီယထွဋ်ခေါင်  #ရောင်းမည်
08/09/2023

Good afternoon

#ငန်းတာဒင် #ပီယထွဋ်ခေါင် #ရောင်းမည်

ကိုယ်တော်လက်ရှိဆောင်လျှက်ရှိသော စနေးငန်းသကဲ့သို့ သိသာထင်ရှားသော ပြဒါးသေများဖြင့် အရောင်လက်တောက်ပလျှက်ရှိသော အာထာန်ငန်းအာ...
06/09/2023

ကိုယ်တော်လက်ရှိဆောင်လျှက်ရှိသော စနေးငန်းသကဲ့သို့ သိသာထင်ရှားသော ပြဒါးသေများဖြင့် အရောင်လက်တောက်ပလျှက်ရှိသော အာထာန်ငန်းအား တွေ့ရပုံ

Source https://www.facebook.com/groups/443190589371012/permalink/2001807853509270/?mibextid=Nif5oz

#ငန်း #ငန်းအာထာန် #ပြဒါးသေ #အစွမ်းထက် #ဂမ္ဘီရအဆောင် #ငန်းအကြောင်း

ငန်းလေလံ✴✴✴✴တခြားငန်းမျှဝေတဲ့ ဒကာတွေရေးထားပြီးသားမို့ အယုထရာငန်းတွေရဲ့ အစွမ်းတွေကို ကိုယ်တော်ရေးမပြတော့ပါဖူး။ လက်ကျန်နှစ...
02/09/2023

ငန်းလေလံ
✴✴✴✴

တခြားငန်းမျှဝေတဲ့ ဒကာတွေရေးထားပြီးသားမို့ အယုထရာငန်းတွေရဲ့ အစွမ်းတွေကို ကိုယ်တော်ရေးမပြတော့ပါဖူး။ လက်ကျန်နှစ်ဆူကို လေလံပစ်မျှဝေပေးပါရစေ။

လေလံစျေး( ၁၁၀,၀၀၀ ကျပ် တသိန်းတသောင်းမှစပြီး) တခါတိုး မြန်မာကျပ် ၄၀၀၀ အနည်းဆုံးထားပြီး စိတ်ကြိုက်တိုး ပူဇော်ပင့်ဆောင်နိုင်ပါတယ်။ လေလံပိတ်ချိန်ကတော့ မနက်ဖြန် စက်တင်ဘာလ ၃ ရက်နေ့ ည ၈ နာရီတိတိဖြစ်ပါတယ်။

ရရှိတဲ့ငွေကို ဦးဇင်းကြီးတပါးနဲ့ ကိုရင်ငယ်တပါးတို့အတွက် တလစာ နေ့စဥ် အာရုံဆွမ်းဆပ်ကပ်လှူဒါန်းမှာဖြစ်လို့ ကုသိုလ်လည်းရ ငန်းလည်းရမို့ အပြိုင်အဆိုင်ထည့်ဝင်ကြပါအုန်း ဒကာဒကာမတို့ 🗣🗣🗣

#ငန်းလေလံ #ငန်း #မဟာငန်း #အယုထရာငန်း

ပီယအရာမှာ ပြိုင်ဖက်ကင်း တာဒင်ငန်းတွေနဲ့ ပတ်သက်ပြီး ကိုယ်တော်သိသလောက်လေး ပြောပြပေးချင်တယ် ဒကာဒကာမတို့။ ဦးစွာပထမ ငန်းတာဒင...
01/09/2023

ပီယအရာမှာ ပြိုင်ဖက်ကင်း တာဒင်ငန်းတွေနဲ့ ပတ်သက်ပြီး ကိုယ်တော်သိသလောက်လေး ပြောပြပေးချင်တယ် ဒကာဒကာမတို့။ ဦးစွာပထမ ငန်းတာဒင်ရဲ့ အောက်ချေ BELL ကို ကြည့်ရအောင်။

အောက်ချေ BELL မှာ ကြေးဝါနဲ့ ကြေးနီဆို နှစ်မျိုးရှိပြီး ကြေးဝါကို ကြည့်တဲ့အခါ ကြေးရဲ့ အသားတွေဟာ သံချေးတွေနဲ့ ေဟာင်းနွမ်းနေရင် ဒါဟာ နှစ်ပရိစေဒကြာပြီဖြစ်တဲ့ ငန်းတာဒင်ဆိုတာကို ငန်းပညာရှင်တွေက မှတ်ယူကြသတဲ့။ ဖြတ်ထားတဲ့အသားဟာလည်း အောက်ချေနဲ့ တသားတည်း ညီညာနေဖို့လိုပါတယ်။

နောက်တခုက ငန်းတာဒင်ရဲ့ ပါးစပ်အကျယ်ဟာလည်း ငန်းတာဒင်အစစ်တွေမှာ ပုံပါအတိုင်း မျက်လုံးနှစ်လုံးရဲ့ ဘောင်အတွင်းမှာပဲ ရှိလေရှိသတဲ့။

ဒါကတော့ ဦးဇင်းသိသလောက်လေး ပြောပြမျှဝေပေးတာပါ ဒကာဒကာမတို့။

ကြေးနီရောင် BELL က ကိုယ်တော့်အတွက် ကြည့်ရခက်နေဆဲ ဖြစ်ပြီးေကြးနီရောင် BELL အကြောင်းတော့ နောက်မှ မျှဝေပြောပြပေးတော့မယ်နော် 👌

#ငန်းတာဒင် #တာဒင် #ငန်းအကြောင်း #ငန်း

မဂ်လာနံနက်ခင်းပါ ဒကာကြီးတို့ 😘😘😍 #ငန်းစနေ  #ငန်း  #မဟာငန်း
29/08/2023

မဂ်လာနံနက်ခင်းပါ ဒကာကြီးတို့ 😘😘😍

#ငန်းစနေ #ငန်း #မဟာငန်း

ဖချိုင်ကို ကျောင်းအထိ လာရောက်အားပေးသွားတဲ့ ဒကာကြီး ကျေးဇူးအထူးတင်ပါတယ်။ ကျန်တဲ့ဒကာတွေလည်း ကျောင်းအထိလာရောက်အားပေးနိုင်ပါ...
28/08/2023

ဖချိုင်ကို ကျောင်းအထိ လာရောက်အားပေးသွားတဲ့ ဒကာကြီး ကျေးဇူးအထူးတင်ပါတယ်။ ကျန်တဲ့ဒကာတွေလည်း ကျောင်းအထိလာရောက်အားပေးနိုင်ပါတယ် 😘

ညနေက ငန်းခါးပတ်ထပ်မှာတဲ့ ငန်းဆရာကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ထပ်လောင်းပြောချင်ပါတယ်။

အခုပြထားတဲ့ ငန်းခူငေလေးတွေလည်း စီးပွားလာဘ်လာဘကောင်းအောင် ဆောင်ကြပါအုန်းလား 😉

ကဲ....လက်နှေးရင် လွတ်သွားမယ်။ Chatbox သာ မြန်မြန်လာကြတော့ ဒကာကြီးတို့ 🤝🤝👏

#ငန်းခူငေ

👐🙌ဒီနေ့ဟာ သောကြာနေ့မို့ လူသားတွေက ဘုရားသခင်ကို ကျေးဇူးတင်နေကြမယ် ထင်ပါရဲ့။ ဒီည အိပ်ရေးဝအောင် အိပ်လို့ရကြပြီကိုး 😊နောက်တခ...
25/08/2023

👐🙌

ဒီနေ့ဟာ သောကြာနေ့မို့ လူသားတွေက ဘုရားသခင်ကို ကျေးဇူးတင်နေကြမယ် ထင်ပါရဲ့။ ဒီည အိပ်ရေးဝအောင် အိပ်လို့ရကြပြီကိုး 😊
နောက်တခုက Bar တွေ Club တွေ Restaurant တွေ နဲ့အတူ KTV တွေကပါ ဘုရားသခင်ကို ကျေးဇူးတင်နေတတ်ကြသတဲ့ 😉😁

ကဲ......ထားတော့ အခုပြထားတဲ့ငန်းစနေနဲ့ ဟူဟာလွန်းကိုတော့ အကျယ်ချဲ့ပြီးရေးပြဖို့ မလိုအပ်ဖူးလို့ ထင်ပါတယ်။ ငန်းချစ်သူတိုင်းမှာ တဆူမဟုတ် တဆူရှိနေတတ်ကြတာကိုး။ ရုပ်ထွက်အားဖြင့်တော့ အရာရှိငန်းစနေးဟာ ခန့်ညားထည်ဝါတဲ့ဟန်ပန်နဲ့မို့ ေဆာင်ယူသူများပြားလေ့ရှိပုံရပါတယ်။ အခြားတဖက်မှာလည်း ဟူဟာလွန်းဟာလည်း ဖရာလိုမျိုးအစွမ်းသတ္တိရှိတယ်လို့တောင် ငန်းစီနီယာအစ်ကိုတွေ ပြောပြလေ့ရှိတာ သတိထားမိတယ်။ ( ဖရာဟူဟာလွန်း လည်း သပ်သပ်ရှိပါတယ်)

ယခုဖော်ပြပါ စနေးဟာ ကြေးပိတ်အဆူဖြစ်ပြီး ဖျင်ယိုင်နဲ့ဖျင်လတ်နှစ်မျိုးရှိရာမှာ ဦးဇင်းခါးက အဆူနဲ့ ရွယ်တူဖြစ်တဲ့အတွက် ဖျင်လတ် တနည်းအားဖြင့် ပိုမိုသေးငယ်တဲ့အဆူ လို့ ပြောလို့ရပါတယ်။ ကြေးပိတ်အဆူဟာ ထိုင်းဆရာတွေအဆိုအရ အဆူတရာမှာ တဆူရဖို့ အရမ်းခဲယဥ်းပါသတဲ့။

လာဘ်လာဘကြွယ်စေ မျက်နှာပွင့်စေရုံသာမက ဆန့်ကျင့်ဘက် လိင်ကို ဆွဲဆောင်ရာမှာတော့ တမူထူးခြားတဲ့အစွမ်းရှိတယ်ဆိုတာ ဆောင်ယူဖူးတော့ တပ်အပ်ပြောနိုင်ပါတယ်။ တဆူချင်းစီသော်၎င်း နှစ်ဆူပေါင်းတစုံသော်၎င်း ကြိုက်နှစ်သက်သလို ဆောင်ယူနိုင်တယ်။ ဆောင်ယူသူအတွက် ထူးခြားမှုလုံးဝရှိစေရမှာဖြစ်တယ်လို့ အာမခံပါတယ်။ စစ်မှန်တဲ့ အဆူအစစ်တွေသာဖြစ်ပြီး ဒကာကြီးအောင်ကောင်းစံပြောသလို ရောင်းမထွက်တဲ့ အဆူအတုတွေထိုးရောင်းနေခြင်း ဟုတ် မဟုတ် တတ်သိနားလည်သူတွေကို ပုံပြပြီး မေးမြန်းနိုင်ပါတယ်။

ရောင်းမထွက်ဖူးပြောချင်ရင်လည်း ဦးဇင်းရောင်းခဲ့တဲ့ အဆူတွေဟာ ရာကျော်သွားပြီဆိုတာ မသိနားမလည်တဲ့ ဒကာကြီးအောင်ကောင်းစံ သိစေလိုပါတယ်။

☣☣☣☣☣☣☣☣☣☣☣☣☣☣☣☣☣☣

နောက်နောင် အောင်ကောင်းစံ လို လာ insult လုပ်ရင် legal action ယူမှာဖြစ်ပါတယ်။ မယုံကြည်ချင်နေပါ ယုံကြည်သူတွေကိုတော့ နှောက်ယှက်စော်ကားမှု မပြုသင့်ဖူးဆိုတာ သတိချပ်စေချင်တယ်။ ပထမနှောက်ယှက်စော်ကားတယ် နောက်တခါ လေလံစျေးကို ဘယ်သူမှ လိုက်မထည့်ချင်တဲ့ စျေးကိုထည့်ပြီး လေလံအောင်တော့လည်း excuse တွေပဲပြောပြီး လေလံအဆူကို ယေကျ်ားပီသစွာ တာဝန်ယူ ငွေပေးချေခြင်း မရှိတဲ့အပြင် admin account တွေမှာ တဖက်သတ် သူပြောချင်ရာတွေွပြောပြီး block သွားတဲ့အထိ မိုက်ရိုင်းလွန်းတဲ့ သတ္တဝါတကောင်မှန်း သက်သေပြသွားခဲ့လေရဲ့။ တကယ့်ကို လူမပီသတဲ့ သတ္တဝါရယ်ပါ။

မြန်မာပြည်မှာက လူတွေဟာ Law enforcement အားနည်းတော့ လူပါးဝနေကြတာ။ နိုင်ငံကြီးတွေမှာ ဆို ဒီလိုမျိုးကောင်တွေ ရဲစခန်းသွားရှင်းနေရပြီ။

❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌

စာကြွင်း 💓💓

ငန်းခါးပတ်မှာထားတဲ့ ငန်းဆရာကြီးတွေ ငန်းခူထော်မှာထားတဲ့ ဒကာကြီးရယ် နောက် ငန်းစနေးမှာထားတဲ့ ရွှေရင်ကျော် မြစကြာ ဆရာအသီးသီးထံကို ယနေ့ပါဆယ်များ သေချာထုတ်ပိုးပြင်ဆင်ပြီး ပို့ဆောင်လိုက်ပြီဆိုတဲ့အကြောင်းလည်း အသိပေးပါရစေ။

ငန်းချစ်သူအပေါင်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းအပေါင်းနဲ့ ပြည့်စုံကြပြီး ပျော်ရွှင်စရာ သီတင်းပတ်ဖြစ်ပါစေကြောင်း ဦးဇင်းအရှင်ဉာဏပီယ မှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

#ငန်း #ငန်းစနေ #ဟူဟာလွန်း #စံခဝနွန် #ထူးခြားကြေးပိတ်အဆူ #ပီယ #လာဘ်လာဘပေါကြွယ်ဝ #ဆန့်ကျင်ဖက်လိင်အားဆွဲဆောင်မှု

ဒကာႀကီး Aung Kaung San သည် သူလက်ရှိအသုံးပြုနေသော facebook အကောင့်https://www.facebook.com/aungkaung.san.75470  အား သြဂုတ...
21/08/2023

ဒကာႀကီး Aung Kaung San သည် သူလက်ရှိအသုံးပြုနေသော facebook အကောင့်

https://www.facebook.com/aungkaung.san.75470

အား သြဂုတ်လ ၂၁ ရက်နေ့ နေ့လည် ၃ နာရီ ၄၁ မိနစ် အချိန်မှာ deactivate လုပ်ကာ ရှောင်ပြေးခဲ့ပါပြီ။

၂၁ ရက်နေ့ နေ့လည် ၂ နာရီ ၁၀ မိနစ် တိတိ အချိန်မှာ မဟာငန်း Page ကို Block သြားခဲ့ပြီး ကိုယ့်တာဝန် ကိုယ်မယူနိုင်သော အမိယုတ် အဖယုတ်များမှ မွေးဖွားဆင်းသက်လာသူမှန်း သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

ပြုသူအသစ် ဖြစ်သူအဟောင်းပါ ဒကာကြီးရေ။ ရောက်လေရာရာ သွားလေရာရာ ထိုင်လေရာရာ ​ေတွမှာ ဒုက္ခများအုန်းမယ့် ဒကာကြီးတဦးပါ။

ဒကာကြီး အောင်ကောင်းစံ ထွက်ပြေးလို့ လွတ်ရိုးထုံးစံ
မရှိပါဖူး။ လေလံစျေးကို သူများတွေလိုက်မမှီလောက်တဲ့ ပမာဏ​ ငွေကိုထည့်ဝင်​ပြီး မပေးပဲ ထွက်ပြေးတဲ့
ဖျက်လိုဖျက်ဆီးစိတ်ဓာတ်
အောက်တန်းကျတဲ့စိတ်ဓာတ်တွေကိုတော့ "လုံးဝ" လုံးဝ လက္မခံပါ။

အမြန်ဆုံးဆက်သွယ်ဖြေရှင်းပါ မဟုတ်ရင် ဦးဇင်း အဆိုးမဆိုပါနဲ့လို့ အသိပေးရင်း တနေ့တာ ငန်းအဆောင် ရောင်းဝယ်မှုကို ရပ်နားပါရစေခင်ဗျားးးးး 🙏

https://www.facebook.com/aungkaung.san.75470

သူနဲ့ friend ဖြစ်နေသူများ သူ့အကြောင်းသိသူ မည်သူမဆို ဦးဇင်းကို တိတ်တဆိတ်လာရောက်သတင်းပေးနိုင်ပြီး ပေးပို့သူရဲ့ ကိုယ်ရေးအချက်အလက် အားလုံးကို ဦးဇင်းမှ လျှို့ဝှက်ပေးထားမှာဖြစ်ကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။ ရည်ရွယ်ချက်ရှိရှိ
နှောက်ယှက်​ေနခဲ့တာ အကြိမ်ကြိမ်ရှိပြီမို့ ဦးဇင်း သူ့ကို မညှာတာတော့ပါ။

#အောင်ကောင်းစံ #ကလေကဝ #အဆင့်အတန်းမရှိ #သတ္တဝါ

🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑လေလံပိတ်သော်ညား ထည့်ဝင်သူ သူခိုးဂျပိုး ကိုယ့်တာဝန်ကိုယ်မယူကောင် ထွက်​ပြေးလွတ်မြောက်နေချိန် ကြိုက်နှစ်သ...
18/08/2023

🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑

လေလံပိတ်သော်ညား ထည့်ဝင်သူ သူခိုးဂျပိုး ကိုယ့်တာဝန်ကိုယ်မယူကောင် ထွက်​ပြေးလွတ်မြောက်နေချိန် ကြိုက်နှစ်သက်သူ မည်သူမဆို ေနာက်တပတ်လေလံဟု ယူဆကာ ထည့်ဝင်နိုင်ပြီး နောက်တပတ် Sunday ည ၇ နာရီတွင် လေလံထပ်ပိတ်မည် 👌👌👌

❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌❌

ထော်လေး လို့အမည်ရတဲ့ ရေလုံကြုပ်ပါတဲ့ ငန်းတာဒင်လေး ကို ဒီတပတ်လေလံပစ်ပေးချင်ပါတယ်။

လေလံအဖွင့်စျေး ကျပ် ၇ သောင်း ၆ ထောင် [ 76,000 MMK] မှစ၍ တခါတိုးအနည်းဆုံး ၄၀၀၀ ကျပ်ဖြင့် ကြိုက်သလောက်တိုး ထည့်ဝင်နိုင်ပါတယ် ဒကာဒကာမတို့... 👌👌

လေလံပိတ်ချိန်ကတော့ ထုံးစံအတိုင်း တနဂ္်နွေနေ့ ၂၀ရက် သြဂုတ်လ ၂၀၂၃ မြန်မာစံတော်ချိန် ည ၇ နာရီတိတိဖြစ်ပါတယ်။ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ 👍👍

#ထော်လေး #ငန်းတာဒင် #တာဒင် #ငန်းလေလံ #မဟာငန်း #ငန်း #ဖရာ့ငန်း

အဆောင်အတု ငန်းအတုရောင်းတဲ့ကောင်တွေကို ပြောနေပါပြီနော်...🗣🗣 ဘယ်သူက ပြောတာလဲ?  ဘတ် ၃၅၀ တန်ခမာငန်းအတုတွေ စီရင်တဲ့ ဆရာကြီးက ...
17/08/2023

အဆောင်အတု ငန်းအတုရောင်းတဲ့ကောင်တွေကို ပြောနေပါပြီနော်...🗣🗣

ဘယ်သူက ပြောတာလဲ? ဘတ် ၃၅၀ တန်
ခမာငန်းအတုတွေ စီရင်တဲ့ ဆရာကြီးက ပြောနေတာပါတဲ့နော် 😁😅😅😂

ဘတ် ၃၅၀ ဆိုတော့ ၃ သောင်းခွဲ
အလုံးစျေးနဲ့ယူ ၁၉၉ ဘတ် မြန်မာငွေ ၂ သောင်းတန် ဘာအစီအရင်မှ မပါတဲ့ ငန်းအတုတွေကိုဝယ် ထိုင်းမှာဝယ်တော့ ထိုင်းငန်းပေါ့

နောက်မှ ခမင်ဂါထာတွေနဲ့ ဟတ်ချလောင်းဆို ပြီးပြီလေ ကမ္ဘာဒီးယားခမင် made ဖြစ်သွားပြီ
ဆရာက ဖြစ်ဆို ဖြစ်တယ်ပဲ ဘာမှပြန်မပြောနဲ့ 👌

ဥုံဖွ ဥုံဖွ ခမာငန်းဖြစ်စေဆိုပြီး မန်း မှုတ်ပြီး အစောင့်ဝင်ပြီလေ ဆရာကြီးအစွမ်းက သေးမှမသေးတာကိုး...ငါကွ
ခမာမှော်ဆရာ 💪💪

ရောင်းပြီလေ တသိန်းနှစ်သောင်း
ကိုက်တယ်ဟေ့ ဘတ် ၂၀၀ အရင်းမှာ အမြတ်က
ဘတ်တထောင်

မြန်မာကျပ် ၂ သောင်းရင်း တသိန်းမြတ် ဘယ်နှယ့်ရှိစ 🤔

သန်း ၃၀ နီးနီးရှိတဲ့ မိခင်တွေမှာ တယောက်ထဲ ထွန်းပေါက်တဲ့သူမို့ ဂုဏ်ယူကြစမ်းပါ ရွှေမြန်မာတို့...

ငါတို့ကို ပုတ်ခတ်ရေးရင် ဒီနေ့ကစ ပြန်ရေးမယ်။ တိုက်ခိုက်ခံရတာ အောင်မြင်လို့မထင်နဲ့ သောက်ရူးမို့ လွှတ်ပေးထားတာ ရေးမှာနော်

ပုံမလာပန်းမလာတဲ့ မိုလောင်းအရုပ်တွေရောင်းပြီး သောက်ဆရာကြီးစတိုင်လာမဖမ်းနဲ့ လူလိမ်ကောင်!

ကိုယ်တော်က ကျောင်းထဲ ပတ်သွားနေတာ တခါတလေကျ သိမ်ထဲမှာ Wifi တွေက နီးရာလှည့်ချိတ်နေတာပါ။ အမြဲဖုန်းကို ကြည့်နေရလောက်အောင် အား...
16/08/2023

ကိုယ်တော်က ကျောင်းထဲ ပတ်သွားနေတာ တခါတလေကျ သိမ်ထဲမှာ Wifi တွေက နီးရာလှည့်ချိတ်နေတာပါ။
အမြဲဖုန်းကို ကြည့်နေရလောက်အောင် အားနေလေ့မရှိပါဖူး။ ကျောင်းဝေယာဝစ္စတွေကို လုပ်ကိုင်ပေးရပါတယ်။ မနက်အစော ၄ ခွဲထွက် ဆွမ်းလောင်းတွေ လှည့်ပတ်ခံရာကစ ည ၉ နာရီမှ အနားရတာပါ။

ဟိုးဖက်ခေတ်က ကိုယ်တော်တို့ နိုင်ငံရပ်ခြားမှာနေတော့ အိမ်မှာ ADSL တွေ အမြဲရှိကြတယ်။ ခက်တာ မြန်မာမှာကျ လူတိုင်းမသုံးနိုင်ကြတာရယ် အသိအမြင်ဗဟုသုတ နည်းတာတွေကြောင့်ထင်ပါရဲ့...🤔🤔

အွန်လိုင်းမှာ အမြဲရှိနေတယ်နော်တို့.... အခု ၂၀၂၃ ရောက်နေပြီ ရှိနေဆဲလို့ ယူဆရပါတယ်။ ချက်ချင်း Reply မရတာနဲ့ တဖက်သတ် စိတ်ဆိုးပြီ။ ဆင်ခြင်နိုင်ကြအောင်လို့ပါ။

တရက်ပဲကြာတာကို မရမှာ စိတ်အပူလွန်တဲ့ ဒကာကြီး
နားလည်ပါတယ် ကိုယ်တော်က.... 👌

ယုံမှသာ လေလံထည့်ပါ ဝယ်ယူအားပေးပါ လို့ပဲ ပြောချင်ပါတယ်။
အရင်ဆုံး ကိုယ့်စိတ်ကိုယ်ပဲ ပြင်ဆင်သင့်တာပါ။ ကိုယ်ကျသူတဖက်သား ငန်းကို ၃၅ သိန်းနဲ့ မတန်တဆ အမြတ်တင်
ရောင်းပြီး ကိုယ့်ငွေတသိန်းခွဲကျ ဆုံးရှုံးမှာကြောက်လို့ ရူးခါနေတာ တနေ့လုံး 😁

ံရသောကိုယ်တော် #နားလည်မှုလွဲ

တချို့က ငန်းကို ဒီလိုအကြမ်းမွေးတာ 👇👇
15/08/2023

တချို့က ငန်းကို ဒီလိုအကြမ်းမွေးတာ 👇👇

Good morning ပါ ဒကာကြီးတို့...ဦးဇင်းမှာ အောင်ကောင်းငစား နဲ့ အောင်ကောင်းငနွား လို့အမည်ရတဲ့ အောက်တန်းစား အနိမ့်ငန်းလေး ၂ ...
12/08/2023

Good morning ပါ ဒကာကြီးတို့...

ဦးဇင်းမှာ အောင်ကောင်းငစား နဲ့ အောင်ကောင်းငနွား လို့အမည်ရတဲ့ အောက်တန်းစား အနိမ့်ငန်းလေး ၂ ဆူ မျှပေးဖို့ ရှိပါတယ်။ ဝယ်ပြီးလို့ ရောက်ပြီဆိုတာနဲ့ အိမ်ထဲမရောက်ရင် $ခွက်ပိတ်ရိုက်ပြီး အပိုးကျိုးဖို့ အရင်ဦးဆုံး လုပ်ပေးရမှာဖြစ်ပါတယ်။

ခွေးချစ်သူ အောက်တန်းစားငန်းတွေမို့ ဆောင်ယူသူအပေါ် ကျရောက်လာတဲ့ အတိုက်အခိုက်မှန်သမျှ သစ္စာရှိစွာ ခွေးလိုကိုက် တိုက်ခိုက်ပေးမှာ ဖြစ်ပါတယ်။

ဝယ်ယူပြီး $ခွက်ပိတ်ရိုက်လိုတဲ့ ဒကာများ Chatbox ကို ကြွလှမ်းခဲ့ကြပါ။

#ငန်းတာကကျွတ် #အောက်တန်းစားများ #အနိမ့်ငန်း #ပီယ #လာဘ်လာဘ #အစောင့်အရှောက်

Aung Kaung San ဒီမှာလာပြော အဲ့တာ လေလံ ပစ်ထားတာ
11/08/2023

Aung Kaung San ဒီမှာလာပြော အဲ့တာ လေလံ ပစ်ထားတာ

ခမာဂါထာများဖြင့် ရွတ်ဖတ်ကာ အစောင့်အရှောက်ကို ဂါထာစုပ်သွင်း install လုပ်ထားပုံရတဲ့ ခပ်ကြမ်းကြမ်းအသွင်ဆောင်နေသော ဤခမင်ငန်း...
11/08/2023

ခမာဂါထာများဖြင့် ရွတ်ဖတ်ကာ အစောင့်အရှောက်ကို ဂါထာစုပ်သွင်း install လုပ်ထားပုံရတဲ့ ခပ်ကြမ်းကြမ်းအသွင်ဆောင်နေသော ဤခမင်ငန်းကြီးကို လေလံပစ်ချင်ပါတယ်။

ကြမ်းခင်း လေလံစျေး ၁၂၀၀၀၀ကျပ် ( တသိန်းနှစ်သောင်းကျပ်တိတိ) မှစပြီး ကြိုက်သလောက်တိုး အနည်းဆုံး ၄၀၀၀ တိုးရပါမယ် 👈👌

လေလံပတ်ချိန် ၁၃ ရက် သြဂုတ်လ ညနေ ၇ နာရီ ဖြစ်ပါတယ်။
ငန်းချစ်သူမည်သူမဆို ထည့်ဝင်နိုင်ပါတယ်။

#ငန်းခမင် #ငန်းလေလံ #ငန်းခမင်

ငန်းခူငေ #ငန်းခူငေ  #အမြင့်ငန်း  #ငန်း  #မဟာငန်း
09/08/2023

ငန်းခူငေ

#ငန်းခူငေ #အမြင့်ငန်း #ငန်း #မဟာငန်း

ငန်းဆရာကြီးတဦး ခါးပတ်မှာလို့ တခြားထပ်လိုချင်သူတွေလည်း ခါး size လာပြောပြီး chatbox မှာ မှာလို့ရတယ်နော် 👌👌 #ငန်းအဆောင်ခါး...
08/08/2023

ငန်းဆရာကြီးတဦး ခါးပတ်မှာလို့ တခြားထပ်လိုချင်သူတွေလည်း ခါး size လာပြောပြီး chatbox မှာ မှာလို့ရတယ်နော် 👌👌

#ငန်းအဆောင်ခါးပတ် #ငန်းခါးပတ် #ငန်းအဆောင် #ဂမ္ဘီရအဆောင်

ဟာ 😱😳😳
08/08/2023

ဟာ 😱😳😳

Edit SOLD OUTဖရာ့ချိုင်/ဖချိုင် also known as အောင်တော်မူနတ်🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯ဖ ဉီးထုပ်ရေး ဖ ခခွေး ယပင်း လုံးကြီးတင် တချေ...
07/08/2023

Edit

SOLD OUT

ဖရာ့ချိုင်/ဖချိုင် also known as အောင်တော်မူနတ်
🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯🔯

ဖ ဉီးထုပ်ရေး ဖ ခခွေး ယပင်း လုံးကြီးတင် တချောင်းငင် ချိုင်


ချိုင်

ွဆိုပြီး တွဲရေးထားပေမယ့် ခွဲဖတ်ရတာပါနော်

အခုဟာက ငန်းအတုကို ခမင်နည်းနဲ့ စီရင်တဲ့ ဆရာကြီးက အစ ဖချိုင် ဖချိုင်
အက်ထမိန်ကွီးကလည်း ဖချိုင် ဖချိုင် နဲ့ နားကြားပြင်းကပ်လာလို့ အမှန်ရေးပြလိုက်တာပါနော် 😁

စိတ်ဆိုးကြနဲ့နော် 😁 😉😜😝

#ဖရာ့ချိုင် #ဖချိုင် #အောင်တော်မူနတ် #ငန်းမဟုတ် #ဘုရားမဟုတ် #အငြင်းပွားဆဲအဆူ

Good morning 😘😘😍 #ငန်းတာဒင်  #တာဒင်ငန်း  #ငန်း  #မဟာငန်း
07/08/2023

Good morning 😘😘😍

#ငန်းတာဒင် #တာဒင်ငန်း #ငန်း #မဟာငန်း

သားမည်း လို့အမည်ရတဲ့ ငန်းတာဒင်အဆူလေး ဖြစ်ပါတယ်။       #ငန်း  #ငန်းတာဒင်  #ငန်းအကြောင်း
05/08/2023

သားမည်း လို့အမည်ရတဲ့ ငန်းတာဒင်အဆူလေး ဖြစ်ပါတယ်။

#ငန်း #ငန်းတာဒင် #ငန်းအကြောင်း

စနေးကြေးပိတ်အဆူ ဖြစ်ပါတယ်။ သွန်းလောင်းစီရင်စဥ်က အချို့သောအဆူများဟာ ကြေးရည်များ လျှံကျတဲ့အထိဖြစ်ကာ အောက်ခြေ ဌာပနာမြေသားကိ...
04/08/2023

စနေးကြေးပိတ်အဆူ ဖြစ်ပါတယ်။ သွန်းလောင်းစီရင်စဥ်က အချို့သောအဆူများဟာ ကြေးရည်များ လျှံကျတဲ့အထိဖြစ်ကာ အောက်ခြေ ဌာပနာမြေသားကို အပိတ်ဖြစ်စေခဲ့ပြီး တမူထူးခြားစေပါတယ်။

#ငန်း #စနေး #လဘ်လာဘ #လာဘကြွယ် #လူချစ်ခင်စေ #ပြောဆိုလုပ်ကိုင် #ပေါက်မြောက်အောင်မြင် #ပီယ

ဗိုလ်အောင်ဒင်လို့ အမည်ရတဲ့ ခပ်ဆိုးဆိုး ပေတေတေ ငန်းတာဒင်လေး တဆူပါ။ #ငန်းတာဒင်  #တာဒင်  #လာဘ  #ပီယ  #အစောင့်အရှောက်  #ငန်း...
03/08/2023

ဗိုလ်အောင်ဒင်လို့ အမည်ရတဲ့ ခပ်ဆိုးဆိုး ပေတေတေ ငန်းတာဒင်လေး တဆူပါ။

#ငန်းတာဒင် #တာဒင် #လာဘ #ပီယ #အစောင့်အရှောက် #ငန်း #မဟာငန်း #ငန်းအကြောင်း

Good afternoon #ပန်းငါးပွင့်သိန္ဓိငါးပါးအဆူ
03/08/2023

Good afternoon

#ပန်းငါးပွင့်သိန္ဓိငါးပါးအဆူ

ဖော့ငန်း 2021 မဟာစနေ ၁၀၈ မျိုး #ငန်းလျှာတစ်လစ်  #မဟာငန်း  #ငန်း
02/08/2023

ဖော့ငန်း 2021 မဟာစနေ ၁၀၈ မျိုး

#ငန်းလျှာတစ်လစ် #မဟာငန်း #ငန်း

ငန်းလေလံလည်း မပစ်ဖြစ်တာ ၂ ပတ်ရှိခဲ့ပြီ။ငန်းချစ်သူများအတွက် ဒီတပတ်ငန်း auction လေး ကတော့ မျက်လုံးအပြာနဲ့ ထူးခြားလှပတဲ့ ကြ...
28/07/2023

ငန်းလေလံလည်း မပစ်ဖြစ်တာ ၂ ပတ်ရှိခဲ့ပြီ။
ငန်းချစ်သူများအတွက် ဒီတပတ်ငန်း auction လေး ကတော့ မျက်လုံးအပြာနဲ့ ထူးခြားလှပတဲ့ ကြေးနီငန်း
အဘိုးလေးပဲ ဖြစ်ပါတယ်။ ရရှိတဲ့လေလံငွေကို ဦးဇင်းကြီးရဲ့ ဆွမ်းကွမ်းအတွက် အသုံးပြု လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကြမ်းခင်းစျေး ၆၆၀၀၀ ကျပ် ( ခြောက်သောင်းခြောက်ထောင်) 66,000 MMK မှ အစပြု၍ ကြိုက်သလောက်တိုး ( နောက်ဆုံး ၃လုံး သုညနှင့် အဆုံးသတ်ရမည်။) အနည်းဆုံး ၄၀၀၀ ကျပ် တိုးရမည်။

လေလံပတ်ချိန်ကို တနဂ္်နွေနေ့ ၃၀.၇.၂၀၂၃ ည ၇ တိတိ အဖြစ် သတ်မှတ်ထားပါတယ်။

အဘိုးငန်းကို ဘယ်သူပင့်ဆောင်ပူဇော်နိုင်မှာလဲဆိုတာကတော့ ပိတ်ကားပေါ်မှာ ဆက်လက်စောင့်ကြည့်ကြပါစို့လား 🤘👌

#ငန်းလေလံ #မဟာငန်း

ညာတင်ကုပ်လည်း မျက်စိဖွင့်မကြည့်ဖူး ငန်းလည်း အတူတူပါပဲနော်တချိန်က မန်းလေးသား ကိုမောင်လှ အဲ့လိုပဲ မဟာမြတ်မုနိဘုရားကို ဓာတ်...
24/07/2023

ညာတင်ကုပ်လည်း မျက်စိဖွင့်မကြည့်ဖူး ငန်းလည်း အတူတူပါပဲနော်

တချိန်က မန်းလေးသား ကိုမောင်လှ အဲ့လိုပဲ မဟာမြတ်မုနိဘုရားကို ဓာတ်ပုံရိုက်ပြီး မျက်လုံးဖွင့်ကြည့်နေဟန် သူ့ blog မှာ ရေးတင်ဖူးလို့ ၇ ရက် သားသမီး မေတ္တာပို့တာ ခံရဖူးတယ်။ ကောလဟာလဖြန့်တာလဲ အပြစ်တခုလို ဖြစ်တတ်ပါတယ်နော် .... ချင့်ယုံပါ ကိုယ်တိုင်က ဓာတ်ပုံဆရာမို့ အလင်းအကြောင်း ကောင်းကောင်းသိလို့ ပြောရတာပါ 👌👌

#ယုံချင်ယုံ #ချင့်ယုံပါ

ပျော်ရွှင်စရာ Weekend ဖြစ်ပါစေ ညီ ညီမလေးတို့်ရေ.. ~ 😘😘😍
22/07/2023

ပျော်ရွှင်စရာ Weekend ဖြစ်ပါစေ ညီ ညီမလေးတို့်ရေ.. ~ 😘😘😍

Address


Telephone

+959763383282

Website

Alerts

Be the first to know and let us send you an email when Maha Ngang posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Maha Ngang:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share