ဂျော်နီ Liquor House Hpa-an

  • Home
  • ဂျော်နီ Liquor House Hpa-an

ဂျော်နီ Liquor House Hpa-an 100%အရည်အသွေးစစ်မှန်သောအရက်၊ဘီယာ၊ဝို

  သို့မဟုတ်သိသာထင်ရှားသည့် မည်သည့်သမိုင်းကြောင်းမှ မရှိသည့် စကော့တလန်နိုင်ငံထုတ် Entry Level Budget Whisky" ရိုးသားခြင်း...
03/12/2023

သို့မဟုတ်
သိသာထင်ရှားသည့် မည်သည့်သမိုင်းကြောင်းမှ မရှိသည့် စကော့တလန်နိုင်ငံထုတ် Entry Level Budget Whisky

" ရိုးသားခြင်းသည် အကောင်းဆုံး " ဆိုတဲ့ ဆောင်ပုဒ်ဖြင့် စကော့တလန်နိုင်ငံ၏ ကမ္ဘာ့၁၀ခုမြောက်အကြီးဆုံး အရက်ကုမ္ပဏီကြီး Ian Macleod မှ ၎င်းတို့ထုတ်လုပ်တဲ့ Dunfife အမည်ရှိ Blended Scotch Whisky ကို ကြေငြာခဲ့ပါတယ်။ အဆိုပါ ဆောင်ပုဒ်လေးတစ်ခုမှလွဲပြီး မည်သည့်နေရာဒေသ၊ ပါဝင်ပစ္စည်း၊ ခုနှစ်သက္ကရာဇ် အစရှိသည်များကို မထုတ်ဖော်၊ မဖော်ပြဘဲ ကုန်အမှတ်တံဆိပ်တစ်ခုအနေဖြင့်သာ တန်ဖိုးထားပြီး ထုတ်လုပ်ထားသော်လည်း မြန်မာနိုင်ငံတွင် လူကြိုက်များလှသည့် အရက်အမှတ်တံဆိပ်တစ်ခုလည်းဖြစ်ပါတယ်။

ထို့အပြင် အဆိုပါ Dunfife Whisky အပေါ် Ian Macleod ဘက်မှ ရိုးရှင်းသည့် ရည်ရွယ်ချက်တစ်ခုလဲ ထားရှိပါသေးတယ်။ " ဈေးနှုန်းချိုသာစွာဖြင့် အချိန်ကာလတခုကြာအောင် သက်တမ်းယူရင့်ကျက်ထားပြီး အရည်အသွေးပြည့်မှီသည့် စကော့ခ်ျဝီစကီကို လူအများမှ ဝယ်ယူသောက်သုံးနိုင်စေရန် " ဆိုပြီး ဖော်ထုတ်ထားပါတယ်။

ထိုအချက်ကပင် P to P (Price to Performance) Index Ratio အရ ပေးရသည့်ဈေးနှုန်းထက် ပိုတန်/များသည့်အရည်အသွေးကိုကြိုက်နှစ်သက်ကြသည့် သောက်သုံးသူများ၏ အသဲစွဲဖြစ်နေရခြင်းလည်းဖြစ်သည်။ Ian Macleod ကုမ္ပဏီဘက်ကိုကြည့်လျှင်မူ များပြားလှသော ထုတ်ကုန်အရက်အမျိုးအစားများအကြား အဆိုပါ ဈေးနှုန်းသင့်တင့်သည့် အရက်အမျိုးအစားတစ်ခုအပေါ်၌ ဈေးနှုန်းကလွဲပြီး အခြားမည်သည့်အကြောင်းအရာကိုမှ သီးသန့်အာရုံမစိုက်နိုင်ခြင်းလည်းဖြစ်ပေသည်။

မူလအစထုတ်လုပ်ခြင်း၌ စကော့တလန်တွင် ထုတ်လုပ် ပုလင်းသွင်းခဲ့သည်ဟု ဆိုကြသော်လည်း လက်ရှိတွင်မူ ထိုင်းနိုင်ငံ၌ပြုလုပ်သည်ဟု ကောလဟာလသတင်းများထွက်ပေါ်မှုများအရ သိရှိရပါတယ်။

ပုလင်းအတွင်းရှိ အရက်တွင် အယ်လ်ကိုဟောပါဝင်မှုမှာ ရာခိုင်နှုန်း၄၀ရှိကာ သက်တမ်းကိုသီးသန့်မဖော်ပြထားသည့် NAS (No Age Statement) အမျိုးအစားအရက်လည်း ဖြစ်ပါတယ်။

ပုလင်းအပြင်အဆင်ပုံစံကို Vat69 ပုံစံမျိုး ငှဲ့ရလွယ်ကူစေရန် ပုလင်းလည်တံတွင် ကြက်ဥပုံစံထည့်သွင်းထားကာ လည်တံရှည်ပုလင်းပုံစံဖြစ်ပြီး ပုလင်းအရောင်မှာလည်း အရက်ကို နေရောင်ခြည်နှင့်အလွယ်တကူဓာတ်မပြုစေသည့် အစိမ်းရောင်ဖြစ်ပါတယ်။ အဆိုပါပုံစံမှာ အစောပိုင်းကာလထဲက ရောင်းချသည့် အမျိုးအစားဖြစ်ပြီး နောက်ပိုင်းထွက်ရှိလာသည့် ပုလင်းအကြည် တံဆိပ်အနီ Ruby Red၊ အပြာ Sapphire Blue၊ ခရမ်း Violet Purple နှင့် ‌အဖုံးနီ ပုလင်းစိမ်း Gold အနေဖြင့် ထပ်မံခွဲခြားထုတ်လုပ်ထားသည်ကိုလည်း မြင်တွေ့နေရသော်လည်း Ian Macleod ကုမ္ပဏီအနေဖြင့် သီးသန့်သတင်းထုတ်ပြန်ကြေငြာထားခြင်းမရှိပါဘူး။

🔸Ps : ရေးပေးပါလို့တောင်းဆိုထားကြလို့သာ ရေးလိုက်ရတယ်။ Dunfife အကြောင်းလိုက်ရှာဖတ်ကြည့်တာ An Honest to Goodness Blended Scotch Whisky ဆိုတဲ့စာတကြောင်းရယ် Best Value Purchase ဆိုတဲ့စာကြောင်းလေးပဲတွေ့ရလို့ ရနိုင်သလောက်အကျယ်ပြန်ချဲ့ပြီး ရေးလိုက်ရပါတယ်။ ဒါကြောင့် အမှားပါခဲ့ရင် သည်းခံခွင့်လွှတ်ပေးကြပါလို့ ကြိုတင်တောင်းပန်ထားပါတယ်။ ဒါ့အပြင် အရသာမှတ်စုအနေနဲ့ကျတော့လဲ သီးခြားဖော်ပြစရာမလိုလောက်အောင် လူအများနှစ်သက်သဘောကျစွာ သောက်သုံးနေကြတဲ့ အမျိုးအစားဖြစ်တာကြောင့်ဖြစ်ပါတယ်။

ရီဝေစွာဖြင့်
#ယမကာသုတေသီ_တင်အောင်လွင်

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

White Walker Game of Thrones Series (GOT) ကြည့်ဖူးတဲ့သူတွေသိမှာပါ။ White Walkers လို့ခေါ်တဲ့ frozen north မြောက်ပိုင်းက ...
30/11/2023

White Walker

Game of Thrones Series (GOT) ကြည့်ဖူးတဲ့သူတွေသိမှာပါ။ White Walkers လို့ခေါ်တဲ့ frozen north မြောက်ပိုင်းက စစ်တပ် နှင့် Night King ရဲ့အကြောင်းကိုပါ။ ဒီဝီစကီက သူတို့ကို inspiration ယူထားတာပါ။ ပုလင်းဒီဇိုင်းကနေ ဝီစကီရဲ့အရသာအထိ သူတို့ကို inspiration ယူပြီး Johnnie Walker က အသစ် blend ပေးထားတာပါခင်ဗျာ။

ပုလင်း design မှာ GOT ရဲ့ inspiration တော်တော်များများပါဝင်ပါတယ်။ အသိသာဆုံးတစ်ချက်ကတော့ ပုလင်းကို အရမ်းအေးအောင် (ice cold) လုပ်လိုက်ရင် ပုလင်းဘေးမှာ WINTER IS HERE ဆိုတဲ့စာသားလေး ပေါ်လာပါတယ်။

သူ့ရဲ့အရသာကတော့ Johnnie walker series ထဲမှာအလွယ်ပြောရရင် မွှေးပါတယ်။ Vodka လိုမျိုး မွှေးတာကြိုက်တတ်ရင် White Walker လည်းကြိုက်မှာပါ။ Vodka နဲ့ ရနံ့မတူပေမယ့် မွှေးမွှေးလေးပါ။ Ice cold လုပ်ပြီး သုံးဆောင်တာရယ်၊ ဒီတိုင်း room temperature မှာသုံးဆောင်တာရယ်ကို ခွဲရေးပေးထားပါတယ်။

Ice Cold - တကယ်အံဩမိမှာက သစ်သီးတွေရဲ့ရနံ့နဲ့ ပန်းမျိုးစုံရဲ့ရနံ့က သင်းသင်းလေးနဲ့ မွှေးတက်လာတာပါပဲ။ တကယ် aroma ကမိုက်ပါတယ်။ Surprise attack ခံလိုက်ရသလိုပါပဲ။ ပြီးတော့ sweet smelling ထက်စာရင် fresh smelling နဲ့ပိုဆင်တဲ့ လန်းဆန်းစေတဲ့ ရနံ့လေးကို ခံစားရပါတယ်။ ဒါပေမယ့် smoky မဖြစ်ပါဘူး။ ပြီးတော့ ginger spice လိုမျိုး အမွှေးစူးတဲ့ aroma ကိုလည်း သိသာစွာ ခံစားမိပါတယ်။

Room Temp - သစ်သီးတွေရဲ့ရနံ့က ပိုများလာပြီး ပန်းမျိုးစုံရဲ့ရနံ့အများစုက ပျောက်သွားပါတယ်။ Fresh ဖြစ်တဲ့ လန်းဆန်းစေတဲ့ရနံ့က ပိုသိသာလာပြီး dried smelling ဘက်ပိုရောက်လာပါတယ်။ သင်းသင်းလေးမွှေးရာကနေ ပြင်းပြင်းလေးမွှေးလာပါတယ်။ Smoky နည်းနည်းဖြစ်လာပေမယ့် smoky က ယဉ်ယဉ်လေး (gentle smoky) ပါ။ Aroma က room temp မှာလည်း တော်တော်ကောင်းပါတယ်။

အချုပ်ပြောရရင် ဘော်ဒါတွေစုပြီးနဲ့ Chill တဲ့အခါ အလုပ်လဲမရှုပ်ဘဲ အေးဆေးလေး စတိုင်လဲမိုက်မိုက်သုံးဆောင်လို့ရမှာပါဗျ။

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

Double Black ဂျော်နီလမ်းလျှောက်ကြီးရဲ့ အပြင်းစားရောစပ်မှု ဆိုရင် လူငယ်တွေရော လူကြီးတွေရော ကြားမှာ Double black ဟာ အသဲစွဲ...
26/11/2023

Double Black
ဂျော်နီလမ်းလျှောက်ကြီးရဲ့ အပြင်းစားရောစပ်မှု ဆိုရင် လူငယ်တွေရော လူကြီးတွေရော ကြားမှာ
Double black ဟာ အသဲစွဲ Whisky အဖြစ် ယခုထိတိုင် နေရာယူနေဆဲပါ

Double black ကို စပျစ်သီး​​ခြောက်,ပန်းသီး,သစ်တော်သီး,ဗနီလာတို့အရသာတွေပေါင်းစပ်စေပြီး မုရောခြောက်များကို မီးရှို့မှိုင်းတိုက်ကာ ချက်လုပ်ထားတယ့် Whisky ပဲဖြစ်ပါတယ်

Smokey ဖြစ်တာမို့ အနံပိုင်းမှာလဲ ရီဝေဝေနဲ့ အင်မတန်ဆွဲဆောင်မှု ရှိလှပါတယ်

စျေးကလဲ သိပ်မများပဲ Quality ကလဲ ကောင်းတာမို့ စျေးကွက်ထဲ မှာ အခုချိန်ထိ အောင်မြင်နေတယ့် Whisky ဆိုလဲ မ မှားပါဘူး
တစ်ယောက်ထဲပဲ ဆွေးမလား ဘော်ဒါတွေနဲ့ပဲ Chill မလား အပြင်းစားရောစပ်မှုဖြစ်တယ့် Double black က တော့ အသင့်စောင့်ကြိုနေလျှက်ပါပဲဗျို့ ....

မြန်မာငွေ သိန်း { 𝟗𝟎𝟎𝟎𝟎 }တန် ဝီစကီ 🥴ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဝီစကီအဖြစ် ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝီစကီပုလင်းကမ္ဘ...
22/11/2023

မြန်မာငွေ သိန်း { 𝟗𝟎𝟎𝟎𝟎 }တန် ဝီစကီ 🥴

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဝီစကီအဖြစ် ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တဲ့ ဝီစကီပုလင်း

ကမ္ဘာ့ဝယ်လိုအား အမြင့်ဆုံး ဝီစကီတစ်ပုလင်းဟာ လေလံပြပွဲမှာ ပေါင် ၂.၁ သန်း ( မြန်ာမငွေ သန်း ၉၀၀၀ နီးပါး) နဲ့ လေလံအောင်ခဲ့ပါတယ်။ အခုလေလံအောင်ခဲ့တဲ့ The Macallan 1926 ဝီစကီဟာ ဝက်သစ်ချစည်ထဲမှာ နှစ် ၆၀ ကြာ စိမ်ပြီး ၁၉၈၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ဝီစကီပုလင်း ၄၀ အနက် တစ်ပုလင်းဖြစ်ပြီး Macallan ရဲ့ သက်တမ်းအရင့်ဆုံးဝီစကီ ဖြစ်ပါတယ်။

အဲဒီဝီစကီပုလင်း ၄၀ ကို ဈေးကွက်တင် ရောင်းချခဲ့ခြင်းမရှိဘဲ Macallan ရဲ့ ထိပ်တန်းဖောက်သည်တွေကိုပဲ ဝယ်ယူခွင့်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်က လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ Sotheby လေလံပွဲမှာ ပေါင် ၂.၁ သန်းနဲ့ လေလံအောင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဝီစကီအဖြစ် စံချိန်တင်နိုင်ခဲ့တာပါ။

ဝီစကီပုလင်းရဲ့ စက္ကူပတ်ဒီဇိုင်းကိုတော့ အီတလီပန်းချီဆရာ ဗယ်လာရီယိုအဒါမီက ရေးဆွဲပေးခဲ့တာဖြစ်ပါတယ်။

Ref: World’s ‘most sought-after’ whisky sells for $2.7 million
Team ( ရိုးရာလေး)
#ဂျော်နီ_Liquor_House

Chivas Regal 18 yrsChivas Regal 18 years ✨2014 မှာ International Wine & Spirit Competition 2014 Trophy ကိုရယူထားတာပဲဖြစ်...
14/11/2023

Chivas Regal 18 yrs
Chivas Regal 18 years ✨

2014 မှာ International Wine & Spirit Competition 2014 Trophy ကိုရယူထားတာပဲဖြစ်ပါတယ်

ထုတ်ပိုးမှုက လဲ ဆန်းသစ်သွားပြီး ဘူးရဲ့ အတွင်းထဲက ပန်းချီ ကလဲ လူတွေကိုစွဲဆောင်စေနိုင်တယ့် အချက်တစ်ချက်လဲဖြစ်ပါတယ်
အနံ့ပိုင်းမှာလဲ အုန်းသီ နှင့် အခွံမာသီလို ရနံသင်းသင်းလေးခံစားစေရမှာပါ

အရသာပိုင်းမှာလဲ ခပ်ပြင်းပြင်နဲ့ ထိမိ လွန်းတာမို့ Juice နဲ့ပဲသောက်သောက် Mixer လေးနဲ့ပဲ တွဲတွဲ နောက်ဆုံး Cocktail လုပ်သောက်လို့လဲ ရပါသေးတယ် စွယ်စုံ ရ whisky လေးပေါ့

အရက်ဆိုတာမျိုးက နှစ်ချိူ့ လေ အရသာပိုရှိလေ ဖြစ်တယ့်အတွက် အခု Chivas Regal 18 years ကိုလဲ မြည်းစမ်းကြည့် ဖို့ အကြံကောင်းပေးလိုက်ပါတယ်

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

Black Label (.7)Sherry Finish Taste - ချိုမြိန်နူးညံ့သိမ်မွေ့ ပြီး မီးခိုး နဲ့ ချော့ကလက်နံ့သင်းသင်းလေးနဲ့ ပျားရည်အခွံမာသ...
12/11/2023

Black Label (.7)Sherry Finish

Taste - ချိုမြိန်နူးညံ့သိမ်မွေ့ ပြီး မီးခိုး နဲ့ ချော့ကလက်နံ့သင်းသင်းလေးနဲ့ ပျားရည်အခွံမာသီးအရသာနဲ့အဆုံးသတ်ထားပါတယ်ဗျာ

Perfect ဖြစ်နေတယ့် ဒီလို Whisky မျိူး တစ်သက်မှာ တစ်ခါမှ မသောက်ဖူးလိုက်ရင် လူဘဝကြီးဘယ်တန်လိမ့်မလဲဗျာ

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

Local made တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်ထွက်ဆန်အရက်ကို "ဂျော်နီ liquor house" မာရနေပြီနော် 😉ခနခနအကုန်မြန်လို့ ပစ္စည်းပြတ်သွာ...
05/11/2023

Local made တစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်ထွက်ဆန်အရက်ကို "ဂျော်နီ liquor house" မာရနေပြီနော် 😉
ခနခနအကုန်မြန်လို့ ပစ္စည်းပြတ်သွားတာလေး ပြန်ရနေပါပြီ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

Jack Daniel's  Old No.7 !!! 🥃Whiskey တွေထဲက Tennessee Whiskey ဖြစ်တဲ့ Jack Daniel ရဲ့ Old No. 7 အကြောင်းကိုပြောသွားမှာဖြ...
03/11/2023

Jack Daniel's Old No.7 !!!

🥃Whiskey တွေထဲက Tennessee Whiskey ဖြစ်တဲ့ Jack Daniel ရဲ့ Old No. 7 အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်။

🥃 Jack Daniel’s Old No. 7 ဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ Bar တိုင်းလိုလိုမှာ မရှိမဖြစ်လို့ကိုပြောလို့ရလောက်အောင် နာမည်ကျော်အောင်မြင်ပြီးရောင်းအားအကောင်းဆုံး Whiskey လို့ပြောလို့ရပါတယ်။

🥃Whiskey ကြိုက်တတ်သူတွေအတွက် Jack Daniel’s Old No. 7 ဆိုတဲ့နာမည်ကရင်းနှီးပြီးသားပါ။

🥃Jack Daniel's သည် သကြားညို၊ လိမ္မော်သီး၊ သစ်သားနှင့် ပူနွေးသော သစ်ကြံပိုးခေါက်တို့ကို သတိရစေသောကြောင့် ၎င်း၏ချိုသောအရသာကြောင့် အလွန်ရေပန်းစားပါသည်။

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

နံနံဂျားသွားဖို့  Passport လိုလားမရှိမဖြစ်ရအောင် booking တင်စရာမလိုပဲ နေ့ချင်းရ နေ့ချင်းရချင်တယ်ဆိုဆိုင်ကိုလာခဲ့ပါဗျာ🙃😁A...
02/11/2023

နံနံဂျားသွားဖို့ Passport လိုလားမရှိမဖြစ်ရအောင် booking တင်စရာမလိုပဲ နေ့ချင်းရ နေ့ချင်းရချင်တယ်ဆို
ဆိုင်ကိုလာခဲ့ပါဗျာ🙃😁

Alcohol 40% ပါဝင်ပြီး
ကောက်ရိုးနံ့လေးသင်းနေမယ်
ဂျုံ ၊ Vanilla နဲ့ အသီးအနှံမျိုးစုံရဲ့
ပေါ့ပါးစေတဲ့ မွှေးရနံ့နဲ့အတူ
စျေးသင့် blended whisky
တမျိုးဖြစ်ပါတယ် Light Smokey
အရသာကြိုက်တဲ့ ညိုကီတို့အတွက်
ရွေးချယ်မယ်ဆို Passport Scotch
Whisky ကိုလည်းမေ့ထားလို့မရပါဘူး

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
Ph no-09444711661 / 09444711662

❝ သီတင်းကျွတ် ဂါရဝ ကန့်တော့ခြင်း ❞လူကြီးမင်းတို့ရဲ့ ဂါရဝတရားကိုပြဖို့ အများနဲ့မတူတဲ့ Liquor ခြင်းလေးတွေရှိပါတယ်ဗျ။▪️လူကြ...
28/10/2023

❝ သီတင်းကျွတ် ဂါရဝ ကန့်တော့ခြင်း ❞

လူကြီးမင်းတို့ရဲ့ ဂါရဝတရားကိုပြဖို့ အများနဲ့မတူတဲ့ Liquor ခြင်းလေးတွေရှိပါတယ်ဗျ။

▪️လူကြီးသူမကိုကန်တော့ဖို့ဘဲဖြစ်ဖြစ်
▪️လက်ဆောင်ပေးဖို့ဘဲဖြစ်ဖြစ်
▪️ဝါတွင်းနားထားသော မိမိမိတ်ဆွေများကို လက်ဆောင်ပေးဖို့ဘဲဖြစ်ဖြစ်
ကန့်တော့ခြင်းလေးတွေလာရောက်မှာယူလို့ရပါပြီးခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
☎️09 444711661 / 09444711662

Johnnie Walker Black Label 12yrs ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယမကာသုံးဆောင်တဲ့သူတိုင်း Johnnie Walker Black Label ကို သ...
05/10/2023

Johnnie Walker Black Label 12yrs

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ယမကာသုံးဆောင်တဲ့သူတိုင်း Johnnie Walker Black Label ကို သုံးဆောင်ဖူးကြပါတယ်။ Bar / Club ထိုင်တဲ့သူတိုင်း Black Label ကိုတော့ သုံးဆောင်ဖူးတာပါပဲ။ ယမကာနဲ့မကင်းတဲ့သူဆို Black Label နဲ့ မကင်းနိုင်ကြပါဘူး။ သက်တမ်း 12 years လည်းဖြစ်တော့ လူကြီးကန်တော့ရင်တောင် တော်ရုံတန်ရုံဆို Johnnie Walker Black Label လေးပါလာရစမြဲပါ။ နောက်ဆုံး ယမကာအကြောင်းမသိတဲ့သူတောင် Black Label ကိုတော့ သိနေ / ကြားဖူးနေ ကြပါတယ်။ (ဘောလုံးအကြောင်းမသိလည်း Ronaldo / ဒိုလေး ကိုတော့ သိနေကြသလိုပါပဲ)
မြန်မာပြည်မှာ Johnnie Walker Black Label က အဲ့လောက်ထိ အောင်မြင်ကျော်ကြားတာပါ။

တကယ်လည်း ပေးရတာနဲ့တန်တဲ့ ဝီစကီတစ်ခုပါခင်ဗျာ။ သူ့ရဲ့ age statement သက်တမ်း 12 နှစ်ဆိုတာကလည်း မနည်းလှပါဘူး။ ကျွန်တော်ပြောခဲ့ဖူးသလို မြန်မာပြည်က အကြာဆုံးတက္ကသိုလ်တစ်ခုဖြစ်တဲ့ ဆေးတက္ကသိုလ်တောင် 7 နှစ်ပဲတက်ရတာပါ။ Black Label တစ်လုံးရဖို့ အနည်းဆုံး 12 နှစ်လိုပါတယ်။ 12 Years is not a joke ပါ။ တန်ဖိုးထားပြီး သုံးဆောင်ကြပါခင်ဗျာ။

ဗဟုသုတအနေနဲ့ တစ်ခုလေးပြောပြချင်ပါတယ်။
တစ်ခါက အာဏာရှင်ကဒါဖီရဲ့ အကြိုက်ဆုံး ယမကာက Johnnie Walker Black Label & Blue Label ပါ။ သူဟာ ထွက်ပြေးနေရတုန်းမှာတောင် Black Label ကိုမပြတ်ခဲ့ပါဘူး။
(သူကိုယ်တိုင်သာ ယမကာ မပြတ်ခဲ့ပေမယ့် နိုင်ငံထဲမှာတော့ alcohol ကို ဥပဒေအရရော၊ ရိုးရာအရရော လုံးဝတားမြစ်ထားတာပါ။ အဲ့လိုတားမြစ်ထားတဲ့နိုင်ငံက ကမ္ဘာ့စံချိန်တင် alcohol poisoning (methanol poisoning) ဖြစ်ခဲ့ဖူးပါတယ်။ Tripoli မြို့တော်တစ်ခုထဲကနေ ကမ္ဘာ့အများဆုံး alcohol poisoning list ထဲဝင်သွားတာပါ။ Bokha လို့ခေါ်တဲ့ သူတို့ဒေသရဲ့ homemade ယမကာတစ်မျိုးကနေဖြစ်တယ်ဆိုပေမယ့် တရားခံဘယ်သူလဲ မသိခဲ့ပါဘူးခင်ဗျာ)

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

လူငယ်တွေကိုနေရာပေး🥲
02/10/2023

လူငယ်တွေကိုနေရာပေး🥲

Gordon's Gin ကို Type သုံးမျိုးခွဲခြားနိုင်ပါတယ်။ London dry gin, Distill gin နဲ့ Compound gin တို့ပဲဖြစ်ပါတယ်။London dr...
29/09/2023

Gordon's
Gin ကို Type သုံးမျိုးခွဲခြားနိုင်ပါတယ်။ London dry gin, Distill gin နဲ့ Compound gin တို့ပဲဖြစ်ပါတယ်။
London dry gin ဟာ 19 ရာစုအစပိုင်းလောက်က ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ရှေးနှစ်ပေါင်းများစွာကသုံးစွဲခဲ့တဲ့အတွက် Pot still မှသည် Column still ကိုတီထွင်နိုင်ခဲ့သည့်အတွက် အရက်များဟာအရင်ကထက်ပိုသန့်စင်လာပါတယ်။ပိုပြီးထိထိရောက်ရောက်နဲ့ကုန်ကြစရိတ်ပါပိုသက်သာလာပါတယ်။အရင်တုန်းကဂျင်တွေဟာ ချိုတဲ့အရသာနဲ့တခြားအရသာသက်ရောက်မူ့တွေရှိနေပါတယ်။(ဥပမာ ဂျင်ငါးမျိုးထဲက Dutch gin ကိုကြည့်ပါ)Column still နဲ့ချက်တဲ့အရက်ရဲ့ကြည်လင်သန့်စင်မူ ,Dry ဖြစ်မူ့တွေက ဂျင်ထဲကို Fusion လုပ်တဲ့ ဂျနီဖာ ဘယ်ရီနဲ့ တခြားBotinical တွေရဲ့အရသာကိုညက်ညောစွာနဲ့ပေါ်လွင်စေပါတယ်။
ဂျင်ပြုလုပ်ပုံကိုသိမှ London dry gin ဆိုတာဘာ,Distill gin ဆိုတာဘာလဲဆိုတာသိမှာပါ။ဂျင်ဆိုတာက၊အရက်ဖြူသန့်သန့်(Pure Vodka)ထဲကို botinical တွေစိမ်ထားပြီး ဒုတိယအကြိမ်ပြန်ပေါင်းခံထားတဲ့အရက်တမျိုးပါ။နောက်ပိုင်းမှာ Botinical တွေကိုအရက်ထဲမစိမ်တော့ဘဲ ဒုတိယအကြိမ်ပေါင်းခံတဲ့အခါထွက်လာတဲ့အရက်ငွေ့ထွက်ရာလမ်းမှာ Botinical ခြင်းလေးတွေထားရှိခြင်းဖြင့်ရနံ့တွေကိုထုပ်ယူပါတယ်။ပိုပြီးသိမ်မွေ့တဲ့ရနံ့တွေကိုရရှိစေပါတယ်။Bombay Saphire gin က အဲ့ဒီနည်းကိုစတင်ခဲ့တာဖြစ်ပါတယ်။London dry gin style က အဲ့လိုဒုတိယအကြိမ်ပေါင်းခံပြီးသွားရင် ဂျင်ထဲကို နောက်ထပ် အရောင်အရသာထပ်ထဲ့ခွင့်မရှိတော့ပါ။
ပထမ Botinical တွေစိမ်တဲ့အရက်ကလည်း သန့်စင် ပြီး Dry ဖြစ်တာကြောင့် London dry gin (style)ရယ်လို့ခေါ်တွင်ပါတယ်။

ယခုဆိုလျင် London dry gin တော်တော်များများ Pink gin ပန်းရောင်ဂျင်တွေပေါလာပါတယ်။ဂျင်ဖြစ်ပြီးမှအရောင်ထပ်ထဲ့တဲ့အတွက် အဲ့ဒီပုလင်းမှာ London dry Gin ဆိုတဲ့စာသားတပ်ခွင့်မရှိတော့ပါဘူး။ဒါပေမဲ့‌‌ process ကတော့ London dry gin နဲ့အတူတူပါပဲ။

တချို့ Botinical တွေက ပေါင်းခံတဲ့အခါအပူနဲ့ထိတွေစွဲယူလို့အစဉ်မပြေတာကြောင့် ဂျင်ဖြစ်ပြီးမှ သူတို့လိုချင်တဲ့ရနံ့ကိုထပ်ထဲ့ကြပါတယ်။
ဥပမာ Hendric gin ဆိုရင် သခွားသီးရနံ့နဲ့နှင်းဆီပွင့်ဖတ်ရဲ့အဆီတွေကို ဂျင်ဖြစ်ပြီးမှထဲ့တာဖြစ်တဲ့အတွက် Distill gin လို့ခေါ်ပါတယ်။ ဂျပန်ကလာတဲ့ Roku gin ဆိုရင်သူတို့ရဲ့ Tradition botanical 6မျိုးကို ပြည့်ပြည့်၀၀ရရှိအောင်လို့Copper pot still ကိုသုံးတဲ့အတွက် full body ပိုဖြစ်ပြီးlondon dry gin style မဟုတ်တော့ပါ။
Compound gin ကတော့ ဈေးပေါတဲ့ဂျင်းထဲ့ထားတဲ့ဂျင်ပါ။အရက်ဖြူထဲကို Botanical ရနံ့အတုတွေထဲထားတာဖြစ်ပါတယ်။ဥပမာ မြန်မာပြည်က မန်ကျီး,နာနတ် အရက်လိုမျိုးပါ။

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။

မင်းတို့ဒွေ...ဘမာကားသိပ်မကြည့်နဲ့😐
29/09/2023

မင်းတို့ဒွေ...ဘမာကားသိပ်မကြည့်နဲ့😐

GOLD LABEL RESERVEငွေဈေးအတက်အကျမှာ ဘာကိုင်ထားချင်ကြလဲ ရွှေကိုင်ထားဖို့ လိုပြီနော်မိတ်ဆွေ...Premium ဆန်ဆန် သူတွေ ကြိုက်တဲ...
13/09/2023

GOLD LABEL RESERVE
ငွေဈေးအတက်အကျမှာ ဘာကိုင်ထားချင်ကြလဲ
ရွှေကိုင်ထားဖို့ လိုပြီနော်မိတ်ဆွေ...
Premium ဆန်ဆန် သူတွေ ကြိုက်တဲ့ Gold label
စီးပွားရေးစကားဝိုင်းတွေအတွက် မပါမဖြစ် Gold Label
မွေးနေ့တွေဆိုရင်လဲ Gold Label
ဘာညာ ကန်တော့လည်း Gold Label

Gold Label ဟာ ၁၉၉ဝ အလွန်နှစ်များမှ အရက်ဈေးကွက်အတွင်း ဝင်ရောက်လာခဲ့ပြီး မုယောဝီစကီ ၁၅မျိုးကို ထပ်မံချက်လုပ်ထားတဲ့အတွက် ချိုရှရှအရသာနဲ့ သောက်သုံးရအဆင်ပြေစေပါတယ်။

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။

တက်နိုင်တာလေးနဲ့ဘဲ ဧည့်ခံလိုက်ပါတယ်🥲
12/09/2023

တက်နိုင်တာလေးနဲ့ဘဲ ဧည့်ခံလိုက်ပါတယ်🥲

10/09/2023

အရမ်းလွမ်းနေပီးကွာ...🥲

#ဂျော်နီ_Liquor_House

Glenfiddich Select Cask 1l Twin Pack (Travel Exclusive) ၁လုံးတည်းနဲ့မဝဘူးဆိုတဲ့ customer တွေအတွက် ၂လုံးတွဲ Select Cask  ...
05/09/2023

Glenfiddich Select Cask 1l Twin Pack (Travel Exclusive)
၁လုံးတည်းနဲ့မဝဘူးဆိုတဲ့ customer တွေအတွက် ၂လုံးတွဲ Select Cask Twin Pack ရနေပီနော်

𝐆𝐥𝐞𝐧𝐟𝐢𝐝𝐝𝐢𝐜𝐡 𝗦𝗘𝗟𝗘𝗖𝗧 𝗖𝗔𝗦𝗞 ဟာ Speyside Single malt အမျိုးအစားဖြစ်ပြီး Travel Retail သီးသန့်အနေနဲ့စတင်ထွက်ရှိပြီး ယခုအခါမှာတော့ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အမျိုးအစားလည်းဖြစ်ပါတယ်။
Malt Master Brian Kinsman ရဲ့လက်ရာဖြစ်ပြီး သီးသန့်ရွေးချယ်ထားတဲ့စည်ကြီးထဲမှာ နှစ်ချို့သိုလှောင်ကာ ရိုးရာနည်း လမ်းလို့ လူသိများကြတဲ့ Solera Vat System (နှစ်ချို့သိုလှောင်ထားတဲ့အရက်ကို ကြီးမားတဲ့သစ်သားစည်ကြီးထဲသို့ ထည့်သွင်းပြီးအရက်ရဲ့ အခိုးသတ်ခြင်းကို ဆက်လက်လုပ်ဆောင်ပါတယ်။ Vat ထဲရောက်ရင်တော့ ယခင်လက်ကျန်ရှိတဲ့အရာများနဲ့ပါရောစပ်ပြီးတော့ ကောင်းမွန်တဲ့ ကြွယ်ဝတဲ့ နှစ်ချို့အရက်ကိုရရှိစေပြီးနောက် ပုလင်းသွတ်သွင်းခြင်းအဆင့်ကိုလုပ်ဆောင်ပါတယ်) နဲ့ထပ်မံချက်လုပ်ထားခြင်းဖြစ်ပါတယ်။

အနံ့
- vanilla , လိမ္မော်သီးခွံခြောက်နဲ့ကိတ်ခြောက်တို့ပေါင်းစပ်ထားတဲ့ရနံ့လေးကို ရရှိနိုင်မှာပါ

အရသာ
- ငရုတ်ကောင်းဆန်ဆန်အရသာလေးနဲ့စပြီးတော့ Sherry နဲ့ ထောပတ်အရသာလေးက လျှာပေါ်မှာပျော်ဆင်းနွေးထွေးသွားစေမှာပါ။ စသောက်တဲ့ခွက်မှာတော့ ပြင်းသလိုလိုဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ လုံးဝကို smooth ဖြစ်စေပါတယ်။

Finish
-အဆုံးသတ်မှာတော့ လတ်ဆတ်တဲ့ Cream, သကြားညိုနဲ့ ဘလူးဘယ်ရီ အရသာလေးက
နောက်တစ်ခွက် ထပ်စမ်းဖို့အတွက် တွန်းအားပေးနေမှာအမှန်ပါပဲ။

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

04/09/2023

ကိုဂျော်နီ တို့လဲ လစ်လိုက်သေးတယ်နော်
ရေကူး သောက်စား ဘာညာပေါ့😍

စမ်းကလိကြည့်ရတာပေါ့ 😎
24/08/2023

စမ်းကလိကြည့်ရတာပေါ့ 😎

Blue Label JW Blue Label ကို 1867 မှာ Alexander Walker ကဖန်တီးခဲ့ပြီး ရှေးကျသော ဝီစကီတခုလည်းဖြစ်ပါတယ်။ Johnnie Walker Bl...
15/08/2023

Blue Label
JW Blue Label ကို 1867 မှာ Alexander Walker ကဖန်တီးခဲ့ပြီး ရှေးကျသော ဝီစကီတခုလည်းဖြစ်ပါတယ်။ Johnnie Walker Blue label ဟာဆိုရင်ဖြင့်
ပြိုင်ဘက်ကင်း လို့တင်စားခံရတဲ့ စကော့တလန်ရဲ့ အရှားပါးဆုံး နဲ့ အထူးခြားဆုံးသော လက်ရာများနဲ့ ပေါင်းစပ် ဖန်တီးထားသော ဝီစကီတခုဖြစ်ပါတယ်။ စည်ပေါင်းမြောက်မြားစွာချက်လုပ်မှ တစည်တွင်သာ တွေ့ရသလိုမျိုး ထူးခြားသော အရောင်အဆင်း အနံ့အရသာတို့နဲ့ ပြည့်ဝတဲ့ မှတ်ကျောက်တင်စရာ ဝီစကီဆိုလည်းမမှားပါဘူး။
Speyside နဲ့ Highland ဒေသမှ နာမည်ကျော် နူးညံ့ ကောင်းမွန်တဲ့ Cardhu, Clynelish တို့အပြင် Blue Label ရဲ့ ထူးခြားချက်ဖြစ်တဲ့ မီးခိုးနံ့လေးသင်းပျံ့နေစေဖို့ Islay ဒေသမှအရက်ကိုပါရောစပ်ဖန်တီးထားပြီး နာမည်ကျော် ရှားပါးစည်ကြီးများထဲတွင် သိုလှောင်ချက်လုပ်ထားခြင်းဖြစ်ပါသည်။

Nose
- ချိုမြတဲ့စပျစ်သီးခြောက်ရနံ့နဲ့ ခြောက်သွေ့ငြင်သာတဲ့ မီးခိုးနံ့သင်းသင်းလေးတို့ပေါင်းစပ်ထားပြီး ထူးခြားသိမ်မွေ့တဲ့ အနံ့ကို ခံစားရရှိစေနိုင်မှာပါ

Taste
- Vanilla, ပျားရည်နဲ့ နှင်းဆီတို့ရဲ့ နူးညံ့မှုအပြင် လိမ္မော်အရသာလေးပါ ပါဝင်ပြီးတော့ Hazelnut, Sherry နဲ့ Dark Chocolate တို့ရဲ့ပေါင်းစပ်မှုကတော့ လျှာလည်စေနိုင်မှာပါပဲဖြစ်ပါတယ်။

Finish
- ခြားနားတဲ့ဝီစကီအရသာကြွယ်ဝပြီး လျှာပေါ်မှာကြာရှည်စွဲကျန်ရစ်စေမယ့်အပြင် Blue label ရဲ့ ထူးခြားတဲ့ smoky အရသာလေးပါ ပေါင်းစပ်ထားလို့ တခါသောက်ပြီး တစ်သက်စွဲလန်းစေမှာပါ။

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။

07/08/2023

ဗဟုသုတ ရစေရန် အလို့ဌာ😌

Double Black ဂျော်နီလမ်းလျှောက်ကြီးရဲ့ အပြင်းစားရောစပ်မှု ဆိုရင် လူငယ်တွေရော လူကြီးတွေရော ကြားမှာ Double black ဟာ အသဲစွဲ...
02/08/2023

Double Black
ဂျော်နီလမ်းလျှောက်ကြီးရဲ့ အပြင်းစားရောစပ်မှု ဆိုရင် လူငယ်တွေရော လူကြီးတွေရော ကြားမှာ
Double black ဟာ အသဲစွဲ Whisky အဖြစ် ယခုထိတိုင် နေရာယူနေဆဲပါ

Double black ကို စပျစ်သီး​​ခြောက်,ပန်းသီး,သစ်တော်သီး,ဗနီလာတို့အရသာတွေပေါင်းစပ်စေပြီး မုရောခြောက်များကို မီးရှို့မှိုင်းတိုက်ကာ ချက်လုပ်ထားတယ့် Whisky ပဲဖြစ်ပါတယ်

Smokey ဖြစ်တာမို့ အနံပိုင်းမှာလဲ ရီဝေဝေနဲ့ အင်မတန်ဆွဲဆောင်မှု ရှိလှပါတယ်

စျေးကလဲ သိပ်မများပဲ Quality ကလဲ ကောင်းတာမို့ စျေးကွက်ထဲ မှာ အခုချိန်ထိ အောင်မြင်နေတယ့် Whisky ဆိုလဲ မ မှားပါဘူး
တစ်ယောက်ထဲပဲ ဆွေးမလား ဘော်ဒါတွေနဲ့ပဲ Chill မလား အပြင်းစားရောစပ်မှုဖြစ်တယ့် Double black က တော့ အသင့်စောင့်ကြိုနေလျှက်ပါပဲဗျို့ ....

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။

ဒီဆေးမျိုးဘယ်မာရနိုင်လဲဗျ😌
29/07/2023

ဒီဆေးမျိုးဘယ်မာရနိုင်လဲဗျ😌

ယမကာသုတေသီ တင်အောင်လွင်ရဲ့ "အရက်သောက်ခြင်း အတက်ပညာ "စာအုပ်ရောက်ပါပြီးခင်ဗျ။အရက်ကိုအထာကျကျ သတ်တမ်းရှည်ရှည် ဘယ်လိုသောက်သင့...
27/07/2023

ယမကာသုတေသီ တင်အောင်လွင်ရဲ့ "အရက်သောက်ခြင်း အတက်ပညာ "စာအုပ်ရောက်ပါပြီးခင်ဗျ။

အရက်ကိုအထာကျကျ သတ်တမ်းရှည်ရှည် ဘယ်လိုသောက်သင့်လဲဆိုတဲ့ အနှစ်တွေထည့်ရေးထားလို့ အရမ်းဖတ်လို့ကောင်းတဲ့စာအုပ်တအုပ်ပါ။

မိုးအေးအေးမှာ ... ဝီစကီတခွက်ရယ်...စာအုပ်တအုပ်ရယ်... အရမ်းကောင်းတဲ့ mood ပေါ့ဗျာ🥃 📖

Price - 27000/-ks

မှာယူလိုပါက Page Chat Box မှဖြစ်စေ
ဖုန်း 09 444711661 / 09444711662 တို့ကို
ဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။ဆိုင်မှာလဲ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

Vodka Absolut Sweden နိုင်ငံထုတ်တဲ့ Vodka သို့မဟုတ် အာလူးနဲ့ချက်တဲ့ အရက်ဖြူ Vodka ဟာ ဥရောပတိုက်မှထွက်ရှိပြီး ကြည်လင်တောက...
27/07/2023

Vodka Absolut
Sweden နိုင်ငံထုတ်တဲ့ Vodka သို့မဟုတ် အာလူးနဲ့ချက်တဲ့ အရက်ဖြူ

Vodka ဟာ ဥရောပတိုက်မှထွက်ရှိပြီး ကြည်လင်တောက်ပတဲ့ အရောင်အဆင်းရှိတဲ့ ယမကာတစ်မျိုးပါ။ အထူးသဖြင့် ပိုလန်၊ ရုရှားနှင့် ဆွီဒင်နိုင်ငံတို့မှာ ကွဲပြားခြားနားသော အရက်ချက်နည်းများဖြင့် ချက်လုပ်ကြလေ့ရှိပါတယ်။ Vodka ကို ရေနှင့် Ethanol တို့ဖြင့် အဓိကပေါင်းစပ်ဖွဲ့စည်းထားသော်လည်း တခါတရံတွင် အနည်အနှစ်များနှင့် အခြားသော သစ်သီးအနံ့၊အရသာများလည်း ပေါင်းစပ်ချက်လုပ်ထားလေ့ရှိပါတယ်။ အစဉ်အလာအားဖြင့် ကောက်ပဲသီးနှံများနှင့် အာလူးကို ကဇော်ဖောက်ပြီးသား စိမ်ရည်များဖြင့် ချက်လုပ်ကြလေ့ရှိပါတယ်။ နောက်ပိုင်းတွင် ကဇော်ဖောက်ရာ၌ အာလူးကို ပိုမိုထည့်သွင်း အသုံးပြုလာပြီး ခေတ်ပေါ်အမှတ်တံဆိပ်များတွင် သစ်သီးများ၊ ပျားရည်အပြင် မေပယ်အရည် (Maple Syrup) များကိုပါ ရောနှောချက်လုပ်လာကြပါတယ်။

၁၈၉၀ခုနှစ်မှစ၍ Vodka အရက်များတွင် ပါဝင်ရမည့် အရက်ပြင်းအားကို (ABV 40%) အဖြစ် သတ်မှတ်ပေးခဲ့ပြီး ဥရောပသမဂ္ဂ၏ စံနှုန်းသတ်မှတ်ချက်အရ ဥရောပတိုက်၌ရောင်းချမည့် Vodka အရက်များ၏ အရက်ပြင်းအားမှာ (ABV 37.5%) အနိမ့်ဆုံးပါရှိရမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၌မူ အရက်ပြင်းအား (ABV 40%) အနိမ့်ဆုံးရှိရမည်ဟု သတ်မှတ်ခဲ့ပါတယ်။

Vodka အရက်ကို ရိုးရာအစဉ်အလာသောက်နည်းအရ Neat သောက်ရမည်ဟု (ရေ၊ရေခဲနှင့် အခြားသောမည်သည့် Mixer နှင့်မှ ရောနှောပြီး မသောက်သုံးရဟု) သတ်မှတ်ထားကြသော်လည်း ဟုသတ်မှတ်ထားပြီး ချက်လုပ်သည့် နိုင်ငံများဖြစ်သည့် ဘီလာရပ်စ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ အိုက်စ်လန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ နော်ဝေ၊ ဆွီဒင်၊ ယူကရိန်း၊ ပိုလန်နှင့် ရုရှားတို့တွင်မူ ရေခဲသေတ္တာတွင်း အအေးခံပြီး ရံဖန်ရံခါသောက်သုံးကြပါတယ်။ အထက်ပါနိုင်ငံများတွင် ယမကာနှင့် ပက်သက်သည့် အခွန်အခများကြီးမြင့်သောကြောင့် Black-Market သို့မဟုတ် Bathtub အမည်ရှိ အိမ်တွင်းဗော့ဒ်ကာချက်နည်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကိုယ်တိုင်ချက်လုပ်ပြီး သောက်သုံးကြသည့် အလေ့အထလဲရှိပါတယ်။

Vodka အရက်ကို Neat သောက်သုံးလေ့ရှိကြသော်လည်း အချို့သော Mixer များနှင့် ရောစပ်ကာ Cocktail အနေဖြင့်လည်း သောက်သုံးကြပါသေးတယ်။ Vodka ပါဝင်သည့် နာမည်ကြီး Cocktails များကို ဖော်ပြရမည်ဆိုလျှင် James Bond သောက်သုံးသည့် Classic Cocktail , Screw Driver , Greyhound , Black or White Russian , Moscow Mule , Bloody Mary , Caesar နှင့် Cosmopolitan တို့ဖြစ်ပါတယ်။

Crd..ယမကာသုတေသီ တင်အောင်လွင်

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။
09 444711661 / 09444711662

ဝါတွင်းရောက်ရင် အရက်ဘီယာရှောင်သူတွေအတွက်သူများ Chillသလို Chillလို့ရဖို့..."BrEE  No Alcohol Wine ရှိဖို့တော့လိုတယ် 🍷" #ဂ...
24/07/2023

ဝါတွင်းရောက်ရင် အရက်ဘီယာရှောင်သူတွေအတွက်
သူများ Chillသလို Chillလို့ရဖို့...
"BrEE No Alcohol Wine ရှိဖို့တော့လိုတယ် 🍷"

#ဂျော်နီ_Liquor_House

War Horse စစ်မြင်းမှစစ်မြင်းဆိုတဲ့ customer တို့အတွက် ကျွန်တော်တို့ ဂျော်နီ liquorhouse မာရနေပါပီခင်ဗျာ။----ဂျော်နီ  Liq...
24/07/2023

War Horse
စစ်မြင်းမှစစ်မြင်းဆိုတဲ့ customer တို့အတွက် ကျွန်တော်တို့ ဂျော်နီ liquorhouse မာရနေပါပီခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။

Sir Edward Beer Reserve #ဒဏ္ဍာရီဆန်တဲ့_သမိုင်းကြောင်းမရှိသော်လည်း_အလျင်အမြန်တိုးတက်လာတဲ့  " ဝီစကီအကြောင်း ငါတို့ကောင်းကေ...
20/07/2023

Sir Edward Beer Reserve
#ဒဏ္ဍာရီဆန်တဲ့_သမိုင်းကြောင်းမရှိသော်လည်း_အလျင်အမြန်တိုးတက်လာတဲ့

" ဝီစကီအကြောင်း ငါတို့ကောင်းကောင်းသိသလို ဒီဝီစကီတွေရဲ့ တန်ဖိုးကိုလဲ ငါတို့သိတယ် "ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ စကော့ခ်ျဝီစကီ ဈေးကွက်အတွင်းသို့ ရွှေရောင်ဝိညာဥ်တစ်ခုအဖြစ်‌ ပေါင်းစပ်ကာ Sir Edward's မှ ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။

အကောင်းဆုံးသော ကောက်ပဲသီးနှံများကို တစ်ခုချင်းစီ လူဖြင့် စေ့စပ်သေချာစွာ ရွေးချယ်ပြီး ဂရုတစိုက်နဲ့ ပေါင်းခံ၊ ချက်လုပ်ကာ ရင့်ကျက်သောရောစပ်မှုများကို ဝါရင့်အရက်ရောစပ်သူများမှ ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်းသယ်ယူလာတဲ့ ရိုးရာနည်းပညာများဖြင့် စကော့ခ်ျဝီစကီများ၏ နှလုံးသားဗဟိုချက်အဖြစ် ပေါင်းစပ်ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ပေါင်းစပ်မှုများ၏ ရလဒ်အဖြစ် ပြီးပြည့်စုံသော ဝက်သစ်ချစည်များ၏ ရနံ့၊ သိမ်မွေ့သော အရသာ၊ နူးညံ့သော အဝင်ချောမွေ့မှုတို့ဟာ အံ့ဩဖွယ်ကောင်းလောက်အောင် အနံ့အရသာတို့နှင့် ပြည့်စုံလှပါတယ်။

Sir Edward's အမှတ်တံဆိပ်မှာ ယခုထိတိုင် အနံ့အရသာကွဲ ၄မျိုးသာ ထုတ်လုပ်ထားပါတယ်။
's
's
's
's တို့ပဲဖြစ်ပါတယ်။

#ကျွန်တော်အခုမိတ်ဆတ်ပေးမှာကတော့ Sir Edward's Beer Reserve ဘဲဖြစ်ပါတယ် ခများ။

's

ဘီယာချက်လုပ်ရာတွင် အသုံးပြုပြီး Hops ဟုခေါ်သည့် တဆေးဖောက်ရာတွင် အသုံးပြုသည့် သစ်သားစည်များအတွင်းသို့ လှော်ထားသည့် မုယောစပါးများဖြင့် ချက်လုပ်ထားသည့် အရသာပြည့်ဝသည့် မုယောဝီစကီများအတွင်း သက်တမ်းယူခြင်းဖြင့် အနံ့၊အရသာများ ပေါင်းစပ်စေကာ ပြည့်စုံချောမွေ့သည့် ဝီစကီများကို ဖော်ထုတ်ရရှိစေပါတယ်။

ရနံ့ ။ ။ သဘာဝ‌မြက်ရိုင်းတောများမှာပေါက်ရောက်သည့် Heather ပင်များမှထုတ်ယူထားသည့် ပျားရည်အနံ့၊ သမမျှတစွာ ပေါင်းစပ်နေသည့် တော်ဖီနှင့် လိမ္မော်သီးအနံ့များနှင့်အတူ Hops ဟုခေါ်သည့် ဘီယာစည်အနံ့များ ကောင်းမွန်စွာရရှိပါတယ်။

အာခံတွင်း ။ ။ ချိုပြီးကြွယ်ဝသော Malt ဝီစကီအရသာ၊ ပျားရည်အရသာ၊ ဘယ်ရီသီးအရသာများ၊ လိမ္မော်သီးခွံအရသာများနှင့်အတူ တော်ဖီအရသာများ ပေါင်းစပ်ပါဝင်နေကာ ဘီယာစည်အတွင်း စိမ်ထားသည့် Maltဝီစကီအရသာများ ရရှိပါတယ်။
အဆုံးသတ်ပိုင်း ။ ။ နူးညံ့ပြီးသိမ်မွေ့သည့် ချိုမြိန်သော အရသာများကို တာရှည်စွာ ရရှိပါတယ်။

ဖော်ပြပါ Sir Edward's Whisky များ၏ အရက်ပြင်းအား ABV မှာ 40% ရှိပြီး 's ၏ သက်တမ်းမှာ ၁၂နှစ်ဖြစ်ကာ အခြားသော အရက်များ၏ သက်တမ်းမှာ ၃နှစ်သာ ရှိပါတယ်။

ာသုတေသီ တင်အောင်လွင်

ပုလင်းအများစုမှာ( Official Company Direct )or ကိုယ်တိုင်Orignial Carton လိုက် မှာယူ ရောင်းချသောကြောင့် ပုလင်းတိုင်း (Series Number) တူပြီး 100% Authentic ဖြစ်ကြောင်းအာမခံပါသည်။
100% Authenticစစ်မှန်သော အရည်အသွေး ချိုသာ မှန်ကန်သောဈေးနှုန်း ပြည့်ဝသော ဝန်ဆောင်မှု တို့ဖြင့်ရောင်းချပေး နေပါတယ်ခင်ဗျာ။

မှာယူလိုပါက Page Chat Box မှဖြစ်စေ ဖုန်း 09 444711661 / 09444711662 တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
ဘားအံမြို့တွင်း မှာယူပါက အိမ်အရောက်ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ။

----ဂျော်နီ Liquor House----
အမှတ်(၆) ရပ်ကွက်၊ သီရိလမ်းမကြီး၊ပြည်ထောင်စုလမ်းဆုံ၊ဘားအံမြို့။

Address

Thiri Street , PhyiDaungSu

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959444711661

Website

Alerts

Be the first to know and let us send you an email when ဂျော်နီ Liquor House Hpa-an posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဂျော်နီ Liquor House Hpa-an:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share