06/01/2023
လူကြိုက်များတဲ့ Monkey Shoulder Blend Malt ဆိုသည်မှာ
🥃Monkey Shoulder သည် Blended Malt Scotch Whisky ဖြစ်သည်။ Blended Malt ဆိုသည့်အတိုင်း 100% Malted Barley ကိုအသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်တယ်။ Single Malt တွေနဲ့ကွာခြားတဲ့အချက်ကတော့ Distillery တစ်ခုထဲက Malt Whisky တွေကိုအသုံးပြုထားတာမဟုတ်ပဲ နာမည်ကျော် Distillery သုံးခုက Malt Whisky တွေကို Blended လုပ်ထားတာဖြစ်တယ်။
🥃Monkey Shoulder ဆိုတဲ့အမည်ဖြစ်ပေါ်လာပုံ
၁၈၀၀ ပြည့်နှစ်တွေမှာ ယခုခေါတ်လိုနည်းပညာတွေ မထွန်းကားသေးတော့ Malt Whisky တွေထုတ်ဖို့ ဘာလီစေ့တွေကို Malting (အညှောင့်ဖောက်ခြင်း)လုပ်တဲ့နေရာမှာ Traditional Malting Process ကိုအသုံးပြုကြတယ်။ ဘာလီစေ့တွေကို ရေစိမ်၊ အခန်းကျယ်တစ်ခုရဲ့ကြမ်းပြင်မှာ အညှောင့်ပေါက်လာအောင်အခြောက်ခံရပါတယ်။ ဒီလို Malting လုပ်တဲ့နေရာမှာ ဘာလီစေ့တွေ အပေါ်အောက်သမအောင် Mlat Men တွေက ဂေါ်ပြားတွေနဲ့ တစ်ချိန်လုံးမွှေပေးရတယ်။ ကြာလာတော့ ပခုံးကြွက်သားတွေတောင့်ပြီး နာကျင်လာကာ မျောက်ရဲ့ပုခုံးတွေ ရှေ့ကိုကိုင်းပြီးတွဲလောင်းကျသလိုဖြစ်လာပါတယ်။ အဲဒီ Malt Men တွေကို ဂုဏ်ပြုသောအားဖြင့် Monkey Shoulder လို့အမည်ပေးခဲ့တာပါ။ မျောက် ၃ကောင်ကိုသုံးထားတာကတော့ စကော့တလန် Speyside ဒေသက နာမည်ကျော် Glenfiddich, The Balvenie, and Kininvie Distillery ၃ခုက Malt Whisky တွေကိုအသုံးပြုထားတာကြောင့်ပါ။
🥃Flavour & Tasting
Monkey Shoulder ဟာ Blended Malt ဖြစ်တဲ့အတွက် Mixing ရောစပ်သောက်သုံးဖို့ Cocktail ဖျော်စပ်ဖို့အတွက် အဓိကထားထုတ်လုပ်ထားတာဖြစ်ပါတယ်။ တကယ့် Premium Single Malt တွေကိုသုံးထားတာဖြစ်လို့ အရသာ Smooth ဖြစ်တယ် အဝင်ကောင်းတယ် Rich&Vibrant ဖြစ်ပါတယ်။ အမူးညင်သာလို့လည်း သောကြာညလိုမျိုးမှာ သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီး Mixer အစုံနဲ့သောက်သုံးရင်း ပျော်ရွှင်မှုတွေမျှဝေလို့ကောင်းပါတယ်။
Producer's Tasting Notes
• NOSE
Zesty Orange meets mellow vanilla, honey and spiced oak.
• TASTE
Mellow vanilla with spicy hints.
• FINISH
Super smooth