Galaxy Liquor Shop

  • Home
  • Galaxy Liquor Shop

Galaxy Liquor Shop သောက်ဖို့က သင့်တာဝန် ... သောက်သလောက် မ

ထန်းရည် (Palm wine) သည် ထန်းပင်မှ ထွက်ရှိလာသော အရည်ဖြစ်ပြီး သောက်သုံးနိုင်သည်။ ၎င်းအရည်ကို သောက်သုံးလျှင် ဆေးဘက်ဝင်သကဲ့သ...
22/01/2022

ထန်းရည် (Palm wine) သည် ထန်းပင်မှ ထွက်ရှိလာသော အရည်ဖြစ်ပြီး သောက်သုံးနိုင်သည်။ ၎င်းအရည်ကို သောက်သုံးလျှင် ဆေးဘက်ဝင်သကဲ့သို့ လူကို မူးဝေစေတတ်သည်။ ထန်းပင်ပေါက်သော မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂါနာနိုင်ငံနှင့် အာဖရိကဒေသတွင် အများဆုံး တွေ့ရသည်။ အဓိကအားဖြင့် မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးတွေ့ရသည်။ "'ထန်းရည်နဲ့ ငပိ လူမသိစေနဲ့"' ထိုစကားသည် ထန်းရည်၏ စွဲမက်ဖွယ်အရသာ ကောင်းမွန်မှုကို အမွန်းတင်သော စကား၊ ငပိသည်လည်း မြန်မာအများစု အလွန်နှစ်သက်သောကြောင့် ထမင်းဝိုင်းတွင် မပါမဖြစ်သောအရာ၊ ထိုနှစ်ခုကို အမွှမ်းတင် တွဲစပ်ပြောလေ့ ရှိခြင်းဖြစ်သည်။ ထို့ပြင် ထန်းရည်အကြောင်း တစ်ဖွဲ့တနွဲ့ သီကုံးစပ်ဆိုထားသည့် သီချင်းများ။ ကဗျာများပင် ရှိသည်။

ထန်းရည်ကို သောက်သုံးရန်၊ ထန်းလျက်၊ သကာပြုလုပ်ရန်အတွက် စီးပွားဖြစ်စိုက်ပျိုးကြသည်။ ထန်းရည်၌ အချို၊ အခါးဟူ၍ (၂) မျိုးရှိသည်။ ထန်းရည်အချိုကို သောက်လျှင် သကြားရည်ကဲ့သို့ ချို၏။ သို့သော် ရင်ခံတတ်သည်။ အခါးရည်ကိုသောက်လျှင် အရသာခါး၍ အရက်ကဲ့သို့ မူးယစ်စေသည်။ အချိုရည်သည် ကဇော်မပေါက်မီ ဆက်ကရင်း သကြားပါသော အရည်တစ်မျိုးပင်ဖြစ်၏။ ယင်းကို နေမွန်းတည့်ကျော်သည်အထိထားလျှင် အခါးရည်ဖြစ်သွားသည်။ လတ်ဆတ်သော အချိုရည်ကိုသောက်လျှင် ဝမ်းပျော့စေသည်။ ထန်းရည်ခံယူပုံမှာ ဤသို့ဖြစ်၏။ ဦးစွာ၌ အဖိုပွင့် သို့မဟုတ် အမပွင့် ပွင့်သော ထန်းနို့ကို ထုချေပစ်ရ၏။ ထိုနောက် ထိပ်ဖျားကို ဓားဖြင့်လှီးဖြတ်ရ၏။ ဤကဲ့သို့ နေ့စဉ်လှီးပေး ခြင်းဖြင့် ထန်းနို့မှ ထန်းရည်များလိုက်လာသည်။ ထန်းရည်ကို မြေအိုး သို့မဟုတ် ဝါးကျည်တောက်ဖြင့် ခံယူကြသည်။ ထန်းရည်မှ ထန်းလျက်ကို ချက်ယူကြသည်။ ထန်းဖိုပင်နှင့် အမပင် (၂) မျိုးစလုံးမှ ထန်းရည် ရနိုင်၏။ ထန်းရည်လှိုင်သော ရာသီမှာ ဆောင်းတွင်းနှင့် နွေဦးပေါက်ရာသီဖြစ်၏။ အမပင်များမှ ထန်းရည်ကို မိုးတွင်း၌ပင်လျှင် ရရှိနိုင်သည်။ အမပင် သည် အဖိုပင်ထက် ထန်းရည် ၁ဆ သို့မဟုတ် ၁/၂ ဆမျှ ပိုထွက်၏။

Credit - google

Address


Telephone

+959456500666

Website

Alerts

Be the first to know and let us send you an email when Galaxy Liquor Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share