San San Myint Store Ye-U

  • Home
  • San San Myint Store Ye-U

San San Myint Store  Ye-U စန်းစန်းမြင့်စတိုး၊ ရေဦးမြို့

 #စားသောက်ကုန်ရွှေမန္တလေးက Oriental House ရဲ့ Dimsum အစုံ ရောက်ပါပြီနော်။ 😊အားပေးကြမ်းကြတဲ့အမျိုးတွေကို ကျေးဇူးတင်ပါတယ်ရ...
05/09/2021

#စားသောက်ကုန်
ရွှေမန္တလေးက Oriental House ရဲ့ Dimsum အစုံ ရောက်ပါပြီနော်။ 😊
အားပေးကြမ်းကြတဲ့အမျိုးတွေကို ကျေးဇူးတင်ပါတယ်ရှင်။🥰🥰
ပစ္စည်းပြတ်သွားလို့ စောင့်ပေးနေကြတာလဲ အားနာပါတယ်နော်။ 😘
comment မှာလဲ အော်ဒါတင်လို့ရပါတယ်၊ ဒါမှမဟုတ် cb ကဖြစ်ဖြစ် ဖုန်း ၀၉၇၆၉၆၃၉၉၃၆ ကို ခေါ်ဆိုပြီးဖြစ်ဖြစ် အော်ဒါပေး ဝယ်ယူနိုင်ပါပြီရှင့်။ ☺️☺️
စျေးနှုန်းလေးတွေကို သက်ဆိုင်ရာ တပုံချင်းစီအောက်မှာ Caption ရေးပေးထားပါတယ်နော်။ 👇👇
*******
Dimsum တွေက ခဲထားတာမို့ အရသာမပြောင်းလဲပဲ လတ်ဆတ်မှု အပြည့်ပါပဲ။ ရေခဲသေတ္တာထဲမှာ ခဲထားမယ်ဆိုရင် သူ့ Expiry date ထက် ၃ ပတ်အထိ ကျော်လွန်ပြီး ထားသို စားသုံးလို့ ရပါတယ်ရှင်။ မခဲတဲ့အခန်းမှာ ထားသိုမယ် ဆိုရင်တော့ Expiry date အတွင်း စားသုံးရမှာဖြစ်ပါတယ်။

စားခါနီးရင် ရေခဲပျော်သည်အထိ ထုတ်ထားပြီးမှ ရေနွေးငွေ့နဲ့ ၁၅ မိနစ်ခန့် ပေါင်းပြီးတာနဲ့ စားဖို့ အဆင်သင့် ဖြစ်ပါပြီ။
OH က ဆော့ချဉ်လေးကိုတော့ မေ့လို့ ဘယ်ဖြစ်မလဲနော် အမျိုးတို့။ 😋😋

ဆိုင်မှာ In stock အများကြီး မထားတာမို့ လာဝယ်မယ်ဆို cb (သို့) ဖုန်း (သို့) comment ကနေ အရင်မေးပေးပါနော်။ လာပြီးမှ ပစ္စည်းမရှိတော့တာမျိုး ဖြစ်မှာစိုးလို့ပါရှင့်။ 😌😌

ကျေးဇူးတင်ပါတယ်ရှင့်။ 🙏🙏🙏

OH က Dimsum ကို OH က ဆော့ချဉ်နဲ့ တို့စားမယ်..Oriental House က ဒင်မ်ဆမ်း (Dimsum) စားဖို့ ရွှေမန္တလေးကို သွားဖို့ မလိုတော...
04/09/2021

OH က Dimsum ကို OH က ဆော့ချဉ်နဲ့ တို့စားမယ်..

Oriental House က ဒင်မ်ဆမ်း (Dimsum) စားဖို့ ရွှေမန္တလေးကို သွားဖို့ မလိုတော့ဘူးနော်။🤔
Frozen Dimsum လေးတွေ ရေဦး စန်းစန်းမြင့်စတိုးမှာ ဝယ်လို့ရနေပါပြီ။😊
စားခါနီးမှ ရေခဲ ပျော်အောင်ထားပြီး ရေနွေးငွေ့နဲ့ ပြန်ပေါင်းပြီးစားရုံမို့ အလုပ်ရှုပ်အရမ်းသက်သာပါတယ်။🤗🤗
Oriental House က Sauce ချဉ်လေးလည်း ပေးအုံးမှာဆိုတော့ ရှယ်ပဲပေါ့ 😋😋

**In stock အများကြီး မထားတာမို့ ဆိုင်ကိုမလာခင် cb ဒါမှမဟုတ် ဖုန်း 09769639936 ကို ကြိုတင်ဆက်သွယ်ပြီး စုံစမ်းပေးပါရှင်။**

အစားကောင်းရရင် မိတ်ဆွေတွေကို သတိရတယ် ဆိုတဲ့အတိုင်း...မန္တလေး Oriental House က frozen dimsum လေးတွေ မှာလို့ရတော့ ချစ်မိတ်...
01/09/2021

အစားကောင်းရရင် မိတ်ဆွေတွေကို သတိရတယ် ဆိုတဲ့အတိုင်း...

မန္တလေး Oriental House က frozen dimsum လေးတွေ မှာလို့ရတော့ ချစ်မိတ်ဆွေတွေအတွက် တင်ပေးလိုက်ပါတယ်ရှင်။ အခု တင်ထားတာကတော့ admin တို့အကြိုက်ဆုံး menu လေးတွေကို ရွေးမှာထားတာပါ။

Oriental House ဆိုတာနဲ့ Dimsum အပေါင်းလေးတွေကို မြင်ယောင်ပြီးသား ဖြစ်မှာမို့ အရသာနဲ့ အရည်အသွေးကိုတော့ ကြေငြာစရာ လိုမယ် မထင်ပါဘူး။

Frozen ခဲပြီးထားတာမို့ စားခါနီးမှ အညွှန်းအတိုင်း ရေနွေးငွေ့နဲ့ ပြန်ပေါင်းပြီး စားရုံပါပဲ။ ဝယ်ပြီး ရေခဲသေတ္တာထဲ ခဲထားမယ်ဆိုရင် ၂ ပတ် ၃ ပတ်လောက် ထားပြီးစားလို့ရပါတယ်။ ရေခဲသေတ္တာထဲမှာ မခဲပဲ ထားမယ်ဆိုရင်တော့ သူ့ Expiry date မတိုင်မီ စားသုံးရမှာ ဖြစ်ပါတယ်။

ဆိုင်မှာ in stock အများကြီးမထားလို့ ဝယ်ချင်ရင် cb (သို့) ဖုန်း 09769639936 ကိုဆက်ပြီး အရင်မေးပေးပါနော်။

 #စားသောက်ကုန်   ှက်သိုက်“စန်းစန်းမြင့်စတိုး”မှ အာဟာရဖြည့် စားသောက်ကုန်များကို ပစ္စည်းပြတ်လပ်မှု မရှိစေဘဲ နေ့စဉ် ရောင်းခ...
26/08/2021

#စားသောက်ကုန်



ှက်သိုက်

“စန်းစန်းမြင့်စတိုး”မှ အာဟာရဖြည့် စားသောက်ကုန်များကို ပစ္စည်းပြတ်လပ်မှု မရှိစေဘဲ နေ့စဉ် ရောင်းချပေးလျက်ရှိပါတယ်။

အမှန်တကယ်လိုအပ်သူများအတွက် ပြီးခဲ့တဲ့ကာလတလျောက်လုံး ပစ္စည်းပြတ်လပ်မှု မရှိစေဘဲ ရောင်းချပေးခဲ့တာပါ။

စျေးနှုန်းမှန်၊ ပစ္စည်းစစ်မှန်တာကိုတော့ အထူးပြောဖို့ မလိုပါဘူးနော်။

Cb (သို့) ဖုန်း 09769639936 သို့ စုံစမ်းနိုင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်ရှင့်။

08/08/2021

စာနာစိတ်က​လေးထား အခက်အခဲကြားမှာ

မသောက်ဘူး မိုးခါး​ရေများ......

07/08/2021

မင်္ဂလာပါရှင်။

"စန်းစန်းမြင့်စတိုး" မှ

>> ကိတ်မုန့်၊ ပေါင်မုန့် စတဲ့ မုန့်အစိုများ
>> မုန့်ကြွပ်၊ ကိတ်ခြောက်၊ ဘီစကစ်၊ ဝေဖာ၊ ကွတ်ကီး စတဲ့ မုန့်အခြောက်များ
>> ကော်ဖီမစ် တီးမစ်မျိုးစုံ၊ Pocari sweat Royal-D Shark Red bull စတဲ့ အားဖြည့်အချိုရည်မျိုးစုံ
>> ကွေကာ၊ အိုဗာတင်း၊ မိုင်လို၊ Ensure Brands ကြက်ပေါင်း၊ ငှက်သိုက် စတဲ့ ဖြည့်စွက်အာဟာရ မျိုးစုံ
>> လူသုံးကုန်ပစ္စည်း အမျိုးမျိုး

တို့ကို ပစ္စည်းမှန် စျေးနှုန်းမှန်ကန်စွာဖြင့် တသမတ်တည်း ရောင်းချပေးလျက် ရှိပါသည်။ သယ်ယူပို့ဆောင်မှု အခက်အခဲ၊ ပစ္စည်းဝင်ရောက်မှု အခက်အခဲတို့ကြောင့် ပြတ်လပ်မှုများ ရှိသော်လည်း လိုအပ်သည့် ကုန် ပစ္စည်းများကို အလျင်မပြတ် ရရှီနိုင်ရန် ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။

***ပရဟိတ လှူဒါန်းမည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် ဝယ်ယူလျှင် အလှူတွင် တစိတ်တဒေသ ပါဝင်မည် ဖြစ်ပါသဖြင့် အသိပေးကြပါရန် တောင်းဆိုအပ်ပါသည်။

 #စာသောက်ကုန်ရွှေကျီးပေါင်မုန့်နဲ့ ဒမ်ဘိုကိတ် မုန့်အစိုများ ဒီနေ့ရောက်ပါပြီ။၂၇-၀၇-၂၁
27/07/2021

#စာသောက်ကုန်

ရွှေကျီးပေါင်မုန့်နဲ့ ဒမ်ဘိုကိတ် မုန့်အစိုများ ဒီနေ့ရောက်ပါပြီ။

၂၇-၀၇-၂၁

 #စာသောက်ကုန်၂၆-၀၇-၂၁ဒီနေ့ရောက် ရွှေဘို ဝင်းကိတ်များ လတ်လတ်ဆတ်ဆတ် ဝယ်ယူ အားပေးနိုင်ပါပြီရှင်။သယ်ယူပို့ဆောင်ရေး အခက်အခဲကြ...
26/07/2021

#စာသောက်ကုန်
၂၆-၀၇-၂၁
ဒီနေ့ရောက် ရွှေဘို ဝင်းကိတ်များ လတ်လတ်ဆတ်ဆတ် ဝယ်ယူ အားပေးနိုင်ပါပြီရှင်။

သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် မုန့်စိုများ နေ့စဉ် မရရှိနိုင်ပါဘူး။

ရောက်ပြီးရင်လဲ အမြန်ကုန်တတ်လို့ ကြိုမှာထားချင်ရင် ပေ့ချ် (cb)ချက်ဘောက်ကနေ မှာထားလို့ရပါတယ်နော်။
ကျေးဇူးတင်ပါတယ်။

ရေဦးမြို့ရဲ့ “လိုလျှင်ယူ ပိုလျှင်လှူ” အစီအစဉ်မှာ တတပ်တအား ပါဝင်ခွင့် ရခဲ့ပါတယ်။စန်းစန်းမြင့်စတိုးနှင့်တကွ စျေးဝယ်သူမိတ်ဟ...
25/07/2021

ရေဦးမြို့ရဲ့ “လိုလျှင်ယူ ပိုလျှင်လှူ” အစီအစဉ်မှာ တတပ်တအား ပါဝင်ခွင့် ရခဲ့ပါတယ်။

စန်းစန်းမြင့်စတိုးနှင့်တကွ စျေးဝယ်သူမိတ်ဟောင်းမိတ်သစ်များအားလုံးရဲ့ မိသားစုအလှူ -
၂၅-၀၇-၂၁
ပေါင်မုန့် အထုပ် ၄၀၀
ကြက်ဥ အလုံး ၈၀၀
ကော်ဖီမစ်အထုပ်သေး ၈၀၀
လှူဒါန်းမှု အစုစု အမျှပေးဝေပါတယ်ရှင်။
#အတူတူကျော်ဖြတ်ကြမယ်နော်

 #စာသောက်ကုန်လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ရွှေမန်းက ရွှေကျီးပေါင်မုန့်များ ရွှေဘိုက ဝင်းကိတ်များကိုလည်း နေ့စဉ် ရောင်းချပေးန...
12/07/2021

#စာသောက်ကုန်
လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ ရွှေမန်းက ရွှေကျီးပေါင်မုန့်များ ရွှေဘိုက ဝင်းကိတ်များကိုလည်း နေ့စဉ် ရောင်းချပေးနေပါတယ်။

လိုအပ်တဲ့ မုန့်အစိုများ ရှိပါက အိမ်မှ ထွက်မလာခင် cb မှ အရင် စုံစမ်းနိုင်ပါတယ်နော်။

 #စာသောက်ကုန်မန္တလေး ဒမ်ဘိုကိတ်မုန့် ပေါင်မုန့် လတ်လတ်ဆတ်ဆတ်များ နေ့စဉ် ရရှိနိုင်ပါတယ်။ ဒီနေ့ရောက် ဒီနေ့ကုန် ဖြစ်တာမို့ ...
11/07/2021

#စာသောက်ကုန်

မန္တလေး ဒမ်ဘိုကိတ်မုန့် ပေါင်မုန့် လတ်လတ်ဆတ်ဆတ်များ နေ့စဉ် ရရှိနိုင်ပါတယ်။ ဒီနေ့ရောက် ဒီနေ့ကုန် ဖြစ်တာမို့ လတ်ဆတ်မှုကို စိတ်ချပါ။

ဒီကာလမှာ အာဟာရပြည့်ဖို့လည်း အရေးသိပ်ကြီးတာမို့ အရသာရှိရှိ အာဟာရပြည့်ပြည့် စားသောက်ကြဖို့လည်း တိုက်တွန်းပါတယ်။

လိုအပ်တဲ့မုန့် ရှိမရှိကို အိမ်မှ ထွက်မလာခင် cb ကနေ အရင်မေးမြန်းနိုင်ပါတယ်နော်။

05/07/2021

အခုလို အားလုံးအခက်အခဲကြုံနေချိန်မှာ စားသောက်ကုန်၊ လူသုံးကုန် လိုအပ်တာများရှိရင် မေးမြန်းနိုင်ပါတယ်။

ဝယ်လိုတဲ့ ပစ္စည်းများကိုလည်း ကြိုတင်မှာထားပြီးလွယ်ကူလျင်မြန်စွာ လာရောက်ယူနိုင်ဖို့ အသင့်ပြင်ဆင်ပေးထားပါမယ်ရှင်။

ကြိုတင်အော်ဒါများလည်း ပေးထားနိုင်ပါတယ်။

#လူသုံးကုန်ပစ္စည်း
#စာသောက်ကုန်
#ကလေးကစားစရာအရုပ်များ
#စာရေးကိရိယာ
စသည့် ပစ္စည်းများကို လက်လီ/လက်ကား ဝယ်ယူရရှိနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းကို cb မှ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Address

Ye-U/Kalaywa Road, Ye-U Town

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00

Telephone

+959769639936

Website

Alerts

Be the first to know and let us send you an email when San San Myint Store Ye-U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to San San Myint Store Ye-U:

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share