KING Liquor Store- KSE

  • Home
  • KING Liquor Store- KSE

KING Liquor Store- KSE “ KING of Liquor Store“

05/12/2023
😂
26/08/2023

😂

သတ္တဝါတစ်ချို့ရဲ့ ဖာဆန်တဲ့အပြုသဘောမဆောင်တဲ့ ထိုးနှက်ချက်တွေကြားထဲငါအောင်မြင်ဖို့ ပြေးနေတာမဟုတ်ဘူး အေးချမ်းဖို့ပြေးနေတာလိ...
12/08/2023

သတ္တဝါတစ်ချို့ရဲ့ ဖာဆန်တဲ့
အပြုသဘောမဆောင်တဲ့ ထိုးနှက်ချက်တွေကြားထဲ

ငါအောင်မြင်ဖို့ ပြေးနေတာမဟုတ်ဘူး
အေးချမ်းဖို့ပြေးနေတာလို့ ရိုးတံအား တိုင်တည်ခဲ့တယ်၊

ခင်ဗျားတို့ မုန်းနေလဲ
ကျွန်တော် ပြုံးပါတယ်..
ကျွန်တော့် ကံပါပဲ..။

#ရိုးတံ

01/08/2023

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရှုံးသွားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်။

Credit မူရင်း

27/07/2023

ကိုယ့်အကြောင်း လူတွေ
ဘာပဲပြောပြော ဂရုမစိုက်နဲ့…

ဘဝက ကိုယ်ဟာကို ကြိုးစားမှဖြစ်တာ။

ဘာ လုပ်လုပ်…ဘာ လေ့လာ လေ့လာ
ဘာ သင်ယူ သင်ယူ…
တခြားသူနဲ့ ကိုယ့်ကိုမထိခိုက်သ၍…
ကိုယ့်ကို ပျော်ရွှင်မှုပေးတဲ့ အရာဆို လုပ်။
ကိုယ့်ကို ပျော်စေတဲ့ အရာပဲ ရှာ…
ကိုယ့် ဘဝတွက်ပဲ ရှင်သန်…

ဘယ်သူ ဘာပြောပြော ဂရုစိုက်ဖို့မလိုဘူး…
ကိုယ့်လမ်းကို အကောင်းဆုံး ရွေးချယ်နိင်ဖို့နဲ့
မှန်မှန်လေး လျှောက်နိင်ဖို့ ပိုအရေးကြီးတယ်…

22/07/2023

လိပ်ပြာလုံနိုင်တဲ့ဘဝကို တည်ဆောက်ပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ကိုယ်တိုင်တည်ဆောက်ယူပါ။

သူများချီးကျူးမှ ပျော်ရတဲ့ ဘဝ၊ သူများ အပြစ်ပြောရင် ထိရှလွယ်တဲ့ ဘဝမှာ မနေမိပါစေနဲ့။

ကိုယ်မလေးစားတဲ့ လုပ်ရပ်ကို ကိုယ်ကိုယ်တိုင်လည်း မလုပ်ဖို့ ဆုံးဖြတ်ချက်ချပါ။

ရောက်ချင်တဲ့ ပန်းတိုင်အတွက် လိုအပ်တဲ့ စံနှုန်းကိုအမြဲမှီအောင်လိုက်ပါ။

လုပ်နိုင်တာထက် ဘယ်တော့မှ လျှော့မလုပ်ပါနဲ့။ မနေ့ကထက် ပိုလုပ်ပြပြီး ကိုယ့်ကိုယ်ကို စိန်ခေါ်ရဲတဲ့ သတ္တိမွေးပါ။

ကိုယ့်ကိုယ်ကို အပြင်းအထန်မောင်းတင်ပြီး ခိုင်းနေတယ်ဆိုတဲ့ လိပ်ပြာလုံလေ၊ ဘေးလူတွေရဲ့ စကားလုံးတွေအောက် ခံစားနေဖို့ ဂရုမစိုက်အားလေ ဖြစ်လာပါလိမ့်မယ်။

ToeTet.com

Sir Edward's Finest Limited Edition 1 Liter
17/07/2023

Sir Edward's Finest Limited Edition 1 Liter

24/06/2023

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရင့်ကျက်တယ် ဆိုတာ လူတွေအများကြီး ဝင်လာပြီး လူတွေအများကြီး ပြန်ထွက်သွားတာမျိုး ဖြစ်လိမ့်မယ်လို့ ထင်ပါတယ် ။

လူတစ်ယောက်ကို ရင့်ကျက်စေတာဟာ
အခြားလူတစ်ယောက် ကပဲ သင်ပေးတာ
ဖြစ်လိမ့်မယ် ။

လူတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်လာလိုက်၊ ပြန်ထွက်သွားလိုက်နဲ့ ဘဝဟာ ရင်ဖိုစရာကောင်းလွန်းပါတယ်။

တွေ့ဆုံခြင်းတိုင်းဟာ အစပိုင်းမှာ အရမ်းကောင်းနေမှာပါပဲ။ ဝဋ်ကြွေး ကြောင့်လားရေစက် ကြောင့်လားဆိုတာ သူတိူ့ထွက်သွားတဲ့အချိန်မှ ကွဲကွဲပြားပြား သိလာရတယ်။

ပုံစံအမျိုးမျိုး နဲ့ ဝင်လာမယ်။ မတည်နိုင်တဲ့ ကတိတွေပေးမယ်။ စကားတွေ အများကြီး ပြောမယ်။ မျှော်လင့်ချက်တွေပေးကြမယ်။

ပျော်စရာတွေလည်း ပေးကောင်း ပေးမယ်။ နာကျင်စရာတွေလည်း ပေးမှာပဲ။ သင်ခန်းစာတွေလည်းရလိမ့်မယ်။
တစ်ချိန်မှာ ဒါတွေအားလုံးဟာ လေထဲ မှုတ်ထုတ်လိုက်တဲ့ စီးကရက် ငွေ့တွေလိုအမှတ်မထင်ပျောက်ကွယ်သွားကြမှာပါ။

ပေးခဲ့တဲ့ ကတိတွေ၊ ပြောခဲ့တဲ့စကားတွေ အတူဖန်တီးဖူးတဲ့ အမှတ်တရ တွေ၊ ထပ်တူကျတဲ့ရယ်သံတွေ၊ အရာ အားလုံးပါပဲပေါ့။ ဒီ့အတွက် ဘယ်သူ့ကိုမှ အပြစ်တင်စရာမလိုဘူး။ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း ကို အချိုးကျကျ ပေါင်းစပ် ထားတာကိုဘဝလို့ခေါ်တယ်။

ကိုယ့်ဘဝရဲ့ အနှစ်သာရတွေအတွက် သူတို့ ဝင်ဖြည့်ပေးတဲ့သဘောပါပဲ။
ချိုရင်ချိုမယ်။ ခါးရင်းခါးမယ်။

လူသားတွေဟာ သံယောဇဉ်တို့ ချစ်ခြင်းမေတ္တာတို့မှာ အစွဲလမ်းကြီး ကြတယ် ၊ သူမရှိရင် မဖြစ်ပါဘူး။
သူနဲ့ မခွဲနိုင်ပါဘူး ဆိုတဲ့ စိတ်တွေ ရှိကြပါတယ် ။
ဒါဟာ ကျနော်တို့အတွက်မှားယွင်းနေမှုတစ်ခုပါ။

လူတစ်ယောက်ကို မျှော်လင့်စိတ် ၊ အားကိုးချင်စိတ်တွေဟာ အဆုံးသတ်မှာ နာကျင်စေတာချည်းပါပဲ ။

တွယ်ငြိမှုတွေတိုင်းက ဆုံးရှုံးဖို့အတွက်ဆိုတာကျနော်တို့ အားလုံး နားလည်းထားရပါလိမ့်မယ်။
ဝင်လာနဲ့အခါ ပြုံးပြုံးလေး ကြိုနိုင်ပြီး ပြန်ထွက်သွားတဲအခါ ပြုံးပြုံးလေးပဲ Good bye ပြနိုင်တယ်ဆိုရင် ကျနော်တို့ ရင့်ကျက်နေပါပြီ ။

လူတစ်ယောက်ရင့်ကျက်ဖို့ ဘာလိုအပ်လဲ …

ခုအချိန်လူတစ်ယောက်ရင့်ကျက်ဖို့ဘာလိုအပ်သလဲလို့ကျွန်တော့်ကို မေးလာရင်

လူတစ်ယောက် ရင့်ကျက်ဖို့အတွက် နောက်ထပ် လူတွေအများကြီး ဘ၀ထဲကို၀င်လာပြီး ပြန်ထွက်သွားဖို့
လိုပါတယ် လို့ကျွန်တော်ဖြေမိမယ် ထင်ပါတယ် ။

ဘာကြောင့်လဲဆိုရင် စိတ်ထားတတ်ဖို့ ၊ ရင့်ကျက်ဖို့ဆိုတဲ့ အကြောင်းတရားတွေကို ကျွန်တော်ခင်တွယ်မိခဲ့တဲ့လူတွေက သင်ပေးခဲ့ကြလို့ပါပဲ … ။

⁃ Thar Htwe -

မှ - Live Life Satisfied

05/06/2023

`မဖြစ်မနေ ရှေ့ဆက်ရဦးမယ်ဆိုရင်´

နာကျင်ချိန်ဟာ
အမြတ်နိုးဆုံးအရာတွေကို
ဆုံးရှုံးလိုက်ရခြင်းဘဲလို့ပြောရင်

ပျော်ရွှင်ချိန်ကတော့
ခက်ခဲခါးသီးမှုတွေရဲ့ နောက်မှာပေါ့

ဘယ်သူမေးမေး
အဆင်ပြေပါတယ်ကွာ ပြန်ဖြေလိုက်ရုံနဲ့
ကိုယ် တကယ် အဆင်ပြေသွားတာမှမဟုတ်တာ

ဘဝမှာ
နားလည်မှုမရှိတဲ့သူတွေနဲ့
ထပ်မတွေ့ချင်တော့ဘူးလို့ တွေးရင်းနဲ့
တစ်ချို့လူတွေကိုတော့
ကိုယ့်ကိုယ်တိုင် နားမလည်ခဲ့ဘူး

ကြယ်တွေ ကြွေတာကို
ကြယ်တွေ သေတာလို့ဘဲ မမြင်ပါနဲ့

တကယ်တမ်းကျ
တစ်ဘဝစာ နွေးထွေးမှုမပေးနိုင်တော့တဲ့
ကောင်းကင်ကြီးမှာ
သူ မပျော်တော့တာလဲ ဖြစ်နိုင်တာဘဲလေ

ဒီလိုဘဲပေါ့
လိုမှ လာခေါက်တဲ့ လက်တွေအတွက်
တံခါးလေးဟာ
ဘယ်အဆင်သင့်ရှိနေပါ့တော့မလဲ

ဘဝမှာ
ကိုယ်က သွားချစ်ရတဲ့သူရယ်
ကိုယ့်ကို လာချစ်တဲ့သူရယ်ဆိုပြီး နှစ်မျိုးရှိတယ်

ဘယ်သူက ဘယ်သူ့ကိုချစ်ချစ်
မျက်နှာချင်းဆိုင် ရထားတွေဟာ
သံလမ်းတွေမှာ ဆန့်ကျင်ဘက်ပြေးလွှာနေသလို
ထပ်တူမကျတာတွေ များလာရင် ဝေးရတာဘဲ
တစ်ဘဝစာ တန်ဖိုးထားမှုတွေ မပေးနိုင်ရင်
အချိန်အများစုဟာ မပျော်ရွှင်ရတာပါဘဲ

တစ်ချို့ကြိုးတွေဟာ
နာကျင်ရမှန် သိပေမယ့်
ကိုယ် ကိုယ်တိုင်ကဘဲ လိုလိုလားလားနဲ့
ချည်းနှောင်ခံခဲ့ကြတာဘဲ မဟုတ်ဘူးလား

ဘယ်လောက် မိုက်မဲလိုက်သလဲ
နေမကောင်းတဲ့အခါ
ဆေးသောက်ဖို့ ခေါက်ဆွဲပြုက်ပေးတဲ့သူထက်
နေကောင်းလားလို့ စာလေးပို့တဲ့သူကိုဘဲ
ကျေးဇူးတွေ တင်နေတက်တာ

မသွားပါနဲ့လို့
ကိုယ့်ကို ဆွဲထားတဲ့သူထက်
ယူကြုံမရ ကိုယ်ကလိုက်ဆွဲရတဲ့လက်တွေကိုမှ
ကိုယ်တွေက ချစ်ခြင်းမေတ္တာလို့ ထင်ကြတာ
ရင် နာ စ ရာ မ ကောင်း ဘူး လား

တစ်ချို့ဒဏ်ရာတွေကို
ဘဝကြီးနဲ့ရင်းခဲ့ရတာ မတန်ပါဘူး

ကြွေသွားတဲ့ သစ်ရွတ်လေးကို
ရိုးတံလေးက ပြောတယ်
`ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်ရင်
နာကျင်အောင် ထပ်မလုပ်ပါနဲ့´တဲ့

တကယ်လိုအပ်တာက
ညနဲ့မနက် , တစ်နေ့ကို ထမင်းသုံးနပ်
ဘာတွေဖြစ်နေလို့ ချစ်တယ်ဆိုတာထက်
ဘာတွေဘဲဖြစ်နေဖြစ်နေ
ချစ်ပါတယ်ဆိုတဲ့ လူ တစ်ယောက်နဲ့
ဘဝကို ကျေနပ်တဲ့စိတ် ကိုယ့်မှာရှိဖို့ဘဲမို့လား

တကယ်လို့သာ
အချိန်တွေကို နောက်ပြန်လှည့်ခွင့် ရခဲ့ရင်
ဟို , အ ရင် လို
အနာတရကင်းတဲ့ ကိုယ့်ဖြစ်တည်မှုလေးကို
ပြန် လို ချင် မိ တယ် … … … … …

တ ကယ် လို့
မဖြစ်မနေ ရှေ့ဆက်ရဦးမယ်ဆိုရင်တော့
ဒဏ်ရာတွေ နည်းအောင် ရှင်သန်ချင်ပါတယ် ။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
`ခင် မင် လေး စား လျှက် ပါ ´

30/05/2023

သန်မာ နေမှ ဖြစ်မယ် ☘️
==================

စာလို တတ်ပြီး
လူလို မတတ်တဲ့ သူတွေကိုတွေ့တော့
စိတ်ကောင်းရှိမှ
လူကောင်းဖြစ်မယ် ဆိုတဲ့ စကားကို
ပိုပြီး လက်ခံ လာတယ် ။

အသက်တွေသာကြီးပြီး
စိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့
လူတွေကို တွေ့တော့
အသက်ကြီးလို့သာ လူကြီးလိုခေါ်ပြီး
အသိ မရှိတော့ အလကားပဲလို့ မြင်လာတယ် ။

လူက ချမ်းသာနေပြီးတော့
စိတ်မချမ်းသာနိုင်တဲ့ လူတွေကိုတွေ့တော့
ဘယ်လို နေရနေရ ဘယ်လို စားရစားရ
လွတ်လပ် ပျော်ရွှင်ခြင်းကသာ
ဘဝတန်ဖိုးဆိုတာ လက်ခံလာတယ် ။

ပညာတတ်ပြီး အကျည်းတန်နေတဲ့ လူတွေကိုတွေ့တော့
စိတ်ကောင်းမရှိတဲ့ ပညာတတ်ခြင်းက
လောကကို ဒုက္ခပေးတတ်တယ်
ဆိုတဲ့ စကားလေးကို ပိုပြီးတော့ ယုံကြည်လာတယ် ။

ဂုဏ်ဓနရှိပြီး ရုပ်ရည်ချောတဲ့ သူတွေက
အခြောက်တိုက် ဘဝမြင့်နေပြီး
တစ်ဖတ်သားကို လူရာမသွင်းချင်ကြတဲ့အခါ
ရိုးသားခြင်းနဲ့ ကိုယ်ချင်းစာတရားကဘဲ
လူရဲ့ တန်ဖိုးလို့ ကိုယ်မြင်လာတယ် ။

တစ်ထောင်ဖိုး ပေးလို့
တစ်ရာဖိုးလောက်တောင်
အကောင်းမမြင်ဘဲ
ကိုယ်ဘာလုပ်လုပ် ပတ်ဝန်းကျင်က
အပြစ်ပဲမြင်နေကြတဲ့အခါ
ကိုယ်မှန်တယ် ထင်ရင်
ဂရုမစိုက်ပဲ နေတတ်လာတယ် ။

စေတနာ မေတ္တာတွေက
ကိုယ်ပေးသလောက်မဆိုးထားနဲ့
တစ်ခါတလေ တစက်လေးမှ
ပြန်မရတဲ့အခါ....
နောက်တခါ ပေးနိုင်ရင်ပေး
မပေးနိုင်ရင်လဲ ဥပေက္ခာပြုပြီးနေ
ဒါပေမယ့် မင်း မျော်လင့်ချက်တော့
သွားမထားမိစေနဲ့လို့
ကိုယ့်ကိုယ်ကို ဆုံးမတတ်လာတယ် ။

လူတစ်ချို့က လိုမှခေါ်တယ်
လူတစ်ချို့က လိုမှ သုံးတယ်
လူတချို့က အဆင်မပြေမှ ဆက်သွယ်တယ်
လူတချို့က ဒုက္ခရောက်မှ သတိရတယ်
လူတချို့က ဒဏ်ရာတွေ ပေးပြီး
လိုသလို သုံးပြီးရင် ပြန်ထွက်သွားကြတယ်

ဒါတွေဟာ ဘဝထဲမှာ ခေါက်ရိုးကျိုး
နေတဲ့အခါ လူတွေနဲ့ အရောဝင်ရမှာ
ကြောက်လာတယ်

လူတွေကို ယုံကြည်ရမှာ ကြောက်လာတယ်
လူတွေကို ထပ်ချစ်ရမှာ ကြောက်လာတယ်
လူတွေအများကြီးနဲ့
တဟီးဟီး တဟားဟား နေရဖို့ထက်
တစ်ယောက်ထဲပဲ အေးအေးဆေးဆေး
နေချင်လာတော့တယ်
နေတတ်အောင်လဲ ကြိုးစားတယ် ။

မိုးရွာရင်လဲ ရွာမယ်
နေပူချင်လဲ ပူမယ်
တခါတေလ ဘဝက
ရာသီဥတု ဆန်တယ်
ကိုယ်က နေတတ်မှ

ဒီနေ့က မလွယ်ကူဘူး
နောက်နေ့က ပိုပြီးခက်ခဲနိုင်တယ်
ဒီနေ့ထက် မနက်ဖြန်မှာ
ခံနိုင်ရည် ပိုပြီးရှိနေရမယ်

အပင်မြင့်ရင်လဲ လေတိုက် ခံရမှာဘဲ
အပင်နိမ့်ရင် တက်နင်း ခံရဦးမှာဘဲ
လောကဓံက ကွက်ကြားမိုး မဟုတ်ဘူး
ဘာပဲဖြစ်ဖြစ် ကိုယ်က သန်မာနေမှ ဖြစ်မယ် ။

Crd

(အရှင်ဇဝန သူစိတ်ကြိုက် စာပေများ)

♻♻♻♻♻♻♻♻♻♻♻

ညီမရဲ့page ကို like && follow လုပ်ထားနိုင်ပါတယ်ရှင့်။

https://www.facebook.com/profile.php?id=100088345785487&mibextid=ZbWKwL

(Business Advisor)
09975080147

Financial Consultant

Address


Telephone

+95943343344

Website

Alerts

Be the first to know and let us send you an email when KING Liquor Store- KSE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KING Liquor Store- KSE:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Convenience Store?

Share