26/12/2023
မင်မင် ဒီလကုန်တာနဲ့ Online စျေးရောင်းတာကို အကန့်အသတ်မရှိနားမှာပါ
မင်မင် သေချာရှင်းပြခဲ့ပါတယ်နော်
အမြတ်နည်းနည်းလေးယူပြီး ရောင်းတာမို့လို့ အကြွေးတွေ ကို လအကြာကြီးမထားပေးနိုင်ပါဘူးလို့
မင်မင်ပစ္စည်းရင်းဖို့ မင်မင့် အင်/ယာပညာနဲ့ ကြိုးစားပမ်းစားအလုပ်လုပ်ပြီး ရတဲ့ ပိုက်ဆံနဲ့ရင်းရတာပါ
ရော့အင့် နင်စျေးရောင်းဖို့ပိုက်ဆံဆိုပြီး ဘယ်သူမှ ထုတ်ပေးထားတာမဟုတ်ဘူး
ချွေးနည်းစာနဲ့ ရင်းထားတဲ့ ကုန်ပစ္စည်းတွေပါ
မင်မင်နေတာက မင်မင့်အဖေအိမ်မှာပါ
ပြောရရင် အဖေ့အိမ်မှာကပ်နေတာပါ
ဒီလိုဒီအကြောင်းတွေရှိလို့မို့ အကြွေးလေးတွေတော့ လကုန်တာနဲ့ပေးကြပါလို့ပြောတာကို နားမလည်တာလား ၊ မလေးစားတာလား ၊ လုပ်လို့ရလို့လုပ်တာလားတော့ မင်မင်မသိပါ ။
ယူတို့ခက်ခဲသလို မင်မင် ကပိုခက်ခဲပါတယ် ပစ္စည်းလည်းပေးလိုက်ရတယ် ပိုက်ဆံလည်း မရဘူးဆိုတော့
မိအေး၂ခါနာပါ ….
အိမ်မှာ stock ကျန်တဲ့ ပစ္စည်းတွေလည်း လက်ငင်းပဲရောင်းပေးတော့မှာ
အစဉ်တစိုက်အားပေးလာကြသော ကာကာလေးများကိုတော့ချစ်ခင်လေးစားတန်ဖိုးထားလျှက်ပါ 🙏🏻🙏🏻🙏🏻