07/11/2023
မောင်ရင့်မာ(ကျောင်းကုန်း)ရေးသားထားသော
📙📘စာအုပ်များရပါပြီ...
၁။ အမေကတစ်ဖက် ကမ္ဘာကြီးကတစ်ဖက် (ရသစာတမ်းများ) - ၄၀၀၀ ကျပ်
၂။ မိုညိုမှာ ညိုသောမိုး - ၃၅၀၀ ကျပ်
📬စာတိုက်မှဖြစ်စေ..
🚛ကားဖြင့်ဖြစ်စေ..အိမ်အရောက်ပို့ပေးပါတယ်
ဆက်သွယ်မှာယူလိုပါက-
☎09773975663
ဆိုင်သို့လာရောက်ဝယ်ယူအားပေးချင်ပါက-
#ကောင်းသစ်စတိုး
အမှတ် ၄၈၆၊ ဗိုလ်စိန်မှန်လမ်းလမ်း၊
ဆရာစံမြို့သစ် ၊ သာယာ၀တီမြို့နယ်။
အမေကတစ်ဖက် ကမ္ဘာကြီးကတစ်ဖက်
=========================
ကျွန်တော့်အမေ။အသက်-၈၃ နှစ်ရှိပြီ။ ကြာဖြူကြာနီကျေးလက်၊ မြစ်၀ကျွန်းပေါ်ရွာကလေးမှာနေသည်။
အေမက တို့လင်မယားကိုနှင်ချနေတာများပြီ။ဒီတစ်ခေါက်ပြန်လာရင် အမေ့ကိုသေချာပြောမှဖြစ်မယ်အကိုကြီး
အမေနှင့်အတူတကွနေထိုင်သော ကျွန်တော့်ညီကျောင်းဆရာက လှမ်း၍တိုင်တန်းသောကြောင့်မဟုတ်စေကာမူ လည်း
ကျွန်တော်သည် နွရေက်ရောက်လျှင်ဖြင့့် ရွာသို့ပြန်ခဲ့ရမြဲပင်ဖြစ်သည်။
ကျွန်တော်က ဟိုဟိုသည်သည် ပြောင်းရရွှေ့ရသော၀န်ထမ်းဖြစ်သဖြင့် အမေနှင့်အတူမနေနိုင်။ရွာကိုခင်တွယ်သော အမေကလည်း
ကျွန်တော်တို့နှင့်လိုက်မနေနိုင်။
ကျွန်တော့်ညီနှင့်ခယ်မကပဲ အမေ့အနွံအတာခံ၍ အမေနှင့်အတူရွာမှာ နေရသည်။
သို့သော်နီးတကျက်ကျက်ဝေးတသက်သက်ဆိုသောသဘောသည် သားအမိများကြားမှာလည်းရှိတတ်စမြဲဖြစ်သည်။
သားအကြီးဖြစ်ခြင်းကြောင့်လည်းကောင်း၊ဆယ်နှစ်သားကတည်းက သူနှင့်ခွဲ၍နေခဲ့ရခြင်းကြောင့်လည်းကောင်း၊ကျွန် တော့်ကိုအချစ်ဆုံးဖြစ်ကြောင်း၊ အလိမ္မာဆုံးဖြစ်ကြောင်း၊ပြောင်ပြောင်တင်းတင်းပင် အမေကကြေညာထားသည်။
စင်စစ် ကျွန်တော်သည်အဝေးမှနေ၍ အမေ့ကိုတတ်နိုင်သမျှငွေစကြေးစလေးကန်တော့ရုံ၊ဘားပလက်တစ်ဗူးနှစ်ဗူး၊ ဂလူးကို့(စ်)တစ်ထုပ်စနှစ်ထုပ်စ(ဆရာစွမ်းကဗျာထဲဆိုသလို)ပေးပို့ရုံကလွဲ၍၊ အမေ့ကိုအနီးကပ်ပြုစုခြင်း၊မွေးမြူခြင်း၊ပြုနိုင်သူ မဟုတ်ပါ။
ကျွန်တော့်ညီမအငယ်ဆုံးကလည်း သူ့အိုးအိမ်နှင့်သူ ၊သျှောင်နောက်ဆံထုံးပါလိုက်ပါနေထိုင်ရသဖြင့်အမေ့အနားမှာ မနေနိုင်ပါ။ ကျွန်တော့်ညီကျောင်းဆရာနှင့်ကျွန်တော့်ခယ်မကျောင်းဆရာမတို့ကပဲ အမေ့နှင့်အတူတကွ နေထိုင်၍ အမေ့အနွံ အတာခံရသည်။အမေ့ကိုသည်းခံရသည်။ပြုစုရ၊စောင့်ရှောက်ရသည်။
သို့သော်-ကျွန်တော့်ညီလင်မယားမှာ သားသမီးမထွန်းကားတာလည်း အကြောင်းရင်းတစ်ချက်ဖြစ်မည်။ နှစ်ဦးသား မှီနွဲ့နေလျှင် အမေကကြည့်မရ။ တီဗွီရှေ့အတူထိုင်၍တွတ်ထိုးနေလျှင်လည်းအမေကနားကြားပြင်းကပ်သည်။ အပ်ကြောင်းထပ်အောင် ထပ် ခါတလဲလဲပြောသောစကားသံံများကို အမေသည်းမခံတတ်။ အမေသည်ကျွန်တော့်ကိုဖြစ်စေ၊သူ့မြေးတွေကိုဖြစ်စေ၊အောက်မေ့ လာလျှင် အတူနေကျွန်တော့်ညီလင်မယားကို ရမ်းတော့သည်။စင်စစ်၊အမေနှင့်အတူသူတို့နေကြ၍သာပဲ အဝေးကကျွန်တော် တို့ စိတ်၀မ်းဖြောင့်ဖြောင့် ၀မျးကြောငျးနိုငျခွငျးဖွဈသညျ။
နင်တို့တွေငါ့အိမ်ပေါ်မနေကြနဲ့ဟုမကြာခဏနှင်ချနေသတဲ့။
အသက်အရွယ်ကြောင့်ပဲထင်သည်။၊ အေမက တစ္ခုခု ကို အလိုမကျဖြစ်တာများလာသည်။မည်သို့ပင်ဖြစ်စေ၊သားနှင့်ချွေးမကလွဲ၍အမေနှင့်အတူနေဖို့ဘယ်သူမှအခွင့်အရေးမရနိုင် သည်ကို အမေမသိရန်အကြောင်းမရှိ။
သို့သော်၊သည်တစ်ခါပြန်လျှင် တစ်စုံတစ်ခုဆုံးဖြတ်ပေးမှဖြစ်တော့မည်။တစ်ဦးဦးကိုဗိုလ် ပေးမှဖြစ်တော့မည်။
++++++++++++++++++
ပိတောက်ဝါပွင့်ဖူးသည့် တန်ခူးနွရေက်များရောက်လျှင် ဘယ်ရပ်မြေ၊ဘယ်ဒေသ၊ဘယ်နေရာ၊ဘယ်ဌာနသို့ ရောက်ရှိ နေသည်ပဲဖြစ်စေ၊
ကျွန်တော်တို့သည် အမေ့ရွာကလေးသို့အရောက်ပြန်လာခဲ့ရစမြဲဖြစ်သည်။
တန်ခူးနွရေက်များသည် ကြဲကြာ နေသောမိသားစုများကိုပြန်လည်စုစည်းပေးတတ်သကဲ့သို့ သံယောဇဉ်မိခင်ကြီး၏ သံယောဇနအာလျကိုလည်း ဖြည့်ဆည်း ပေးတတ်စမြဲဖြစ်သည်။
အတာရက်နီးသည်နှင့်အမေ့ခေါ်သံ ကြားရပြီ။ ဆန်ဗန်းတပျာပျာ၊အိမ်ကြမ်းတစ်ခါခါ-နှင့် သား၊သမီး၊မြေးထီး၊မြေးမ၊ အစုံအညီတွေ့ရမှ အမေကကျေနပ်သည်။ တစ်ယောက်ယောက်မလာရောက်ဖြစ်လျှင် တဖျစ်တောက်တောက် ပြောနေတတ် သည်။ရောက်လာသူကိုထား၍ ရောက်မလာသူကိုလွမ်းနေတတ်သည်။
သည်တော့၊နွရေက်နီးပြီဆိုလျှင်အမေ့ထံပြန်ဖို့ စိုင်းပြင်း ရသည်။ကလေးတွေကို
အမေ့ဆီသို့ပြန်ကြဖို့့စည်းရုံးရ၊ချော့မော့ရ၊ဖျောင်းဖျရသည်။
ပြည်မြို့မှာခိုနားခဲ့စဉ်အကြီးကောင်ဆယ်ကျော်သက်က ပြည်သင်္ကြန်ကို
သူ၏သူငယ်ချင်းများနှင့်နွှဲချင်သည်-ဟုအေရး ဆိုသည်။ ကျွန်တော်ကအမေ့ရွာကိုပဲပြန်လိုက်ဖို့တွန်းတွန်းတိုက်တိုက်ပြောရသည်။
ပထမနှစ်မှာ-လိုက်လျော၍ သူပြန်ခဲ့သည်။
နောက်တစ်နှစ်မှာတော့ဖြင့် သင်္ကြန်ရက်နီးသည်နှင့် ရာဇသံပေးလေတော့သည်။
ဒီသင်္ကြန်၊ဖွားဖွားဆီပဲပြန်ရမယ်ဆို- ကျွန်တော်အိမ်ကထွက်ပြေးမယ်
အဲသည်တစ်နှစ်ပဲအမေကခွင့်ပေးခဲ့သည်။ပြည်သင်္ကြန်မှာသူ့မြေးလည်မည်ကိုစိတ်မချ၍ ကျွန်တော်တို့ကိုပါ မပြန်ခိုင်း တော့ဘဲ
မြေးနှင့်အတူလည်စေ ဟူ၍ အမေကအမိန့်ချမှတ်တော်မူသည်။
ကျွန်တော်ပူတာအိုပြောင်းတုန်းက
ပူတာအိုကိုရွှေဘို ဟုပြောပြီးပြောင်းသွားခဲ့ခြင်းဖြစ်သည်။
တစ်ယောက်ယောက် က လျှာချော်၍ သတင်းပေါက်သွားလျှင်၊ အမေကရွှေဘိုကိုပူတာအိုနဲ့နားကြားလွဲတာဖြစ်မှာပါ-ဟု ဇွတ်ငြင်းနိုင်စေရန် အိုနှင့် ကာရံညီသောမြို့ကိုတမင်ရှာ၍လိမ်လည်ထားခဲ့ရသည်။
ထိုနှစ်၊သင်္ကြန်မတိုင်မီ ကျွန်တော့်ညီရေးလိုက်သောစာက ဒီနှစ်တော့ အမေ့ကိုလိုက်လျောတဲ့အနေနဲ့ဘုန်းကြီး၀တ်ပေးမှဖြစ်မယ်အကိုကြီးဆိုသဖြင့်-မဖြစ်မနေရွာပြန်ပြီးဘုန်းကြီး၀တ်သည်။
အေမ့ ရှေ့ရောက်ခါမှ ဒုလ္လဘဘုန်းကြီးတစ်ပါးကအခုဘယ်မှာတာ၀န်ကျသလဲမေးသဖြင့် ကတုံးကြီးနှင့် ဗြောင်လိမ်ခဲ့ရသေးသည်။
ဖေဖော်ဝါရီလက ဆိုးလ်မြို့ကကိုရီးယားအကယ်ဒမီတစ်ခုမှာပညာသင်ကြားဖို့
သမီးငယ် Scholar ရသည်။သူ့မြေးမ ထွက်သွားပြီးနောက် အမေ့ကိုလိမ်နေရတာပင်ပန်းသည်ဆိုပြီးဖွင့်ပြောလိုက်သည်။
ဟဲ့၊ငါ့မြေးကို ဒီလောက်ဝေးတဲ့ နေရာကြီး လွှတ်ရသလား၊နင့်မိန်းမကိုလွှတ်ပါလား မျက်ရည်စမ်းစမ်းနှင့်ဆူပါလေတော့သည်။
အမရော၊ပညာသငျသှားတာပါ၊ယောကြာငျ်း နောက် လိုက်သွားတာမှမဟုတ်ဘဲ
-ပြောတော့မှ အမေအသံတိတ်သည်။
ကျွန်တော်တို့ရွာမှာဟိုစဉ်ကမူလတန်းပဲရှိသည်။
လေးတန်းအောင်က တောင်သူလယ်လုပ်ဓားမခုတ်လျှင်ခုတ်၊
မခုတ်လို၍ကျောင်းဆက်တက်မည်ဆိုလျှင် ပုသိမ်၊ဟင်္သာတသွားရသည်။ ကျွန်တော်လေးတန်းအောင်သောအခါ တတ်နိုင်လှ သည်မဟုတ်သော်လည်း ဖေဖေကပုသိမ်ကျောင်းပို့မည်ပြောသည်။
အမေကရှင်တတ်နိုင်လို့လားမေးသည်။
မင်္ဂလသုတ်၊ရတ နာ့သုတ်နှင့်ရတနာရွှေချိုင့်လောက်သာ အာဂုံရသောဖေဖေ၊ ကျွန်တော်မှတ်မိသရွေ့ဆိုလျှင် အမေ့ကိုဘယ်တစ်ခါမှမလွန်ဆန် ခဲ့ဖူးသောဖေဖေက အဲသည့်တစ်ကြိမ်ပဲ ဝံ့ဝံ့စားစား တော်လှန်ခဲ့လေသည်။
ငါ-ခါးတောင်းကျိုက်မဖြုတ်ရရင်နေပါစေတဲ့လေ။
တစ်နေ့။တစ်ခုတည်းသောရတနာပစ္စည်းအဖြစ်ပိုင်ဆိုင်သည့်ရွှေဆွဲကြိုးကလေးကို
အေမက သူ့လည်တိုင်မှချွတ်ကာ ကျွန်တော့်လည်ပင်းတွင်ဆင်မြန်းပေးလိုက်ခြင်းသည် အဖေ၏တော်လှန်ရေးအပေါ်အမေ၏နောက်ဆုံးခုခံစစ် ဖြစ်သည်။
ပုသိမ်မှာ ကျောင်းသွားမနေနဲ့နော်၊ သားကိုဒီဆွဲကြိုးလေးပေးမယ်
အဲသည်တုန်းက ပုသိမ်ကျောင်းသို့သွားတက်သော ရွာမှအင်းသူကြီးသား(သူငယ်ချင်း)များကိုအားကျစိတ်ဖြင့် အေမ့ ရွှေဆွဲကြိုးလေးကို ဘုမသိဘမသိ-ငြင်းပယ်ခဲ့သောကျွန်တော့်အား ရွှေမလိုငွေမလို၊ပညာကိုသာလိုသော အကောင်းစားသား တစ်ယောက်သဖွယ် အမေသည်တစ်သက်ပန်လုံး ချီးမွမ်းမဆုံးရှိသကဲ့သိ့ု ဆယ်နှစ်သားကတည်းက ခွဲခွာနေထိုင်ရသောသား အဖြစ် ဦးစားပေးခဲ့၊အချစ်ပိုခဲ့သည်။
သည်မြေကမ်ဘာတွင် ကျွန်တော့်အမေက တစ်ယောက်သောသူ၏စကားကိုပဲလက်ခံစဉ်းစား ပေးမည်ဆိုလျှင်
ထိုတစ်ယောက်သည် ကျွန်တော်မှတစ်ပါး အခြားသူမဖြစ်တန်ရာချေ။
သားသမီးကိုအပြစ်တင်ရန်၀န်လေးသော၊အပြစ်မမြင်ရက်သောအမေများထဲတွင်
ကျွန်တော်တို့အမေ ထိပ္ဆုံးက ပါမည်။
ငယ်တုန်းကကျွန်တော်တို့သူငယ်ချင်းတစ်စု ကစားကျူး ကျောင်းနောက်ကျ၍ အရိုက်ခံရသောအခါဖြစ်စေ၊ သူငယ်ချင်း များနှင့်အပြစ်တစ်ခုခုကို
အတူကျူးလွန်မိသောအခါဖြစ်စေ၊
အမေသည် အပြစ်ကိုအပြစ်-ဟုမျဖစ္မေန လက်ခံလိုက်ရစေကာမူ ကျွန်တော့်ကိုပြစ်တင်မောင်းမဲဖို့ထက် တစ်ယောက်ယောက်ကို သူ့သားအစားတရားခံရှာဖို့အသင့်ဖြစ်နေတတ်သည်။
ငါ့သားလေးက ဒီလောက်ဆိုးတာမဟုတ်ဘူး၊ ဒေါ်ပူတူးသားတွေနဲ့ပေါင်းလို့ ဖြစ်ရတာ
မဟုတ်ပါဘူးအမေရယ်၊အဲဒါကိုကျွန်တော်ကစလုပ်တာ၊ဟိုကောင်တွေမဟုတ်ဘူး
အဖော်မင်သော ကျွန်တော်က သူငယ်ချင်းများနှင့်ဆော့ကစားမှုကို ပိတ်ပင်ခံရမည်စိုး၍ပြောလျှင် အေမက ဟဲ့ကောင်လေး၊တိတ်တိတ်နေဟုဟန့်တတ် သည်။
သားနှင့်ပတ်သက်ပါက
တရားမျှတမှုနှင့်ယုတ္တိဗေဒကို ပစ်ပယ်ရန်၀န်မလေးခဲ့-ဟုဆိုလိုခြင်းဖြစ်ပါသည်။
ကျွန်တော် ဆယ်တန်းကျသည့်နှစ်ကအကြောင်းကို ပြန်ပြောရဦးမည်။
အမေတို့စီးပွားရေးမချောင်လည်၍ ခက်ခဲချို့တဲ့စွာကျောင်းထားရသည်ကို ကောင်းစွာသိနားလည်ပါလျက်
ကျွန်တော်ကစာယောင်ယောင်ပေယောင်ယောင်လုပ်နေခဲ့သည်။
ကျောင်းစာနှင့်မဆိုင်သောစာအုပ်ပုံတွေထဲမှာ ခေါင်းစိုက်နေခဲ့သည်။
စာမေးပွဲဖြေဖို့ ၆ ရက်အလိုတွင်နတ်ရှင်နောင်ဆိုရတုပေါင်းချုပ် ကို
သူငယ်ချင်းထံမှ ငှားရမ်းရရှိသဖြင့်
တစ်အုပ်လုံး ရေးကူးလိုက် ကျက်မှတ်လိုက်လုပ်နေခဲ့ပါသည်။ စာမေးပွဲခန်းထဲသို့ရောက်သောအခါကျွန်တော်အကျွမ်းတ၀င်ရှိလှပါသည်ဆိုသော
ရူပ ဗေဒပုစ်ဆာများကိုမဖြေနိုင်ခဲ့ပါ။
အဘယ်မျှ သေချာခဲ့သလဲဆိုလျှင် အောင်စာရင်းကိုပင်သွားမကြည့်ခဲ့ပါ။
ကိုယ့်အပြစ် ကိုယ်သိပြီး ဖြစ်ပါသည်။ကိုယ့်ရလဒ် ကိုယ်လက်ခံပြီးဖြစ်ပါသည်။ ကြီးစွာမျှော်လင့်အားခဲခဲ့သော အဖေနှင့်အမေကိုမူ အားနာလှပါသည်။
သို့သော်၊ အဖေနှင့်အမေကကျွန်တော့်ကို စိုးစဉ်းမျှအပြစ်မတင်ခဲ့ပါ။
အပြစ်မတင်၊အပြစ်မမြင်ခဲ့ရုံမက အမေပြောလိုက် သောစကားတစ်ခွန်းက
ကျွန်တော့်ရင်ထဲ စစ်ခနဲကျင်သွားခဲ့ပါသည်။
ငါ့သားက အင်မတန်စာတော်တာ၊ တစ်နှစ်မှရှုံးဖူးတာမဟုတ်ဘူး။ စာဖျက်တဲ့ဆရာတွေက အောင်စာရင်း မွားသလား မွမသိတာ
စာမေးပွဲကျ၍မျက်ရည်မဝဲခဲ့သောကျွန်တော်သည်
အမေ့မေတ္တာတရားကိုမျက်ရည်ဝဲမျှနင့်နင့်နဲနဲ ခံစားသိခဲ့ဖူးပါသည်။
+++++++++++++++++
ကျွန်တော့်အမေ။ ၈၃ နှစ်ရှိပြီ။ ကြာဖြူကြာနီကျေးလက်၊
မြစ်၀ကျွန်းပေါ်ရွာကလေးမှာနေသည်။
ဒေါ်လေးကိုလည်းပြောခဲ့ဦးဟုအစ်ကို၀မ်းကွဲကပြောသည်
။ပြောခဲ့မှဖြစ်မယ်-ညီ၀မ်းကွဲကလည်းပြောသည်။
တူသား နောင်မယ်တွေက အမေဗိုလ်ကျပုံတွေကို ဝိုင်း၍တိုင်ကြသည်။
အမေလွန်ကြောင်း သူရို့ပြောတာတွေက မှားယွင်းခြင်းမရှိပါ။
အမေသည် ခု-အသက်အရွယ်အထိတိုင်
သားသမီးမြေးမြစ်တို့နှင့်စိတ်ရှိတိုင်း သိုက်သိုက်၀န်း၀န်း နေခွင့်မရနိုင်သေးသည်ကိုအကြောင်းပြု၍ အတူနေသောသားနှင့်ချွေးမကို ရမ်းနေခဲ့တာ အမှန်ပဲဖြစ်ပါသည်။
သို့သော်၊ကျွန်တော်တို့ရွာပြန်ရောက်သည့်နေ့မှစ၍အမေပြုံးနေသည်
။နှစ်ရက်အကြာမှာညီမတို့မိသားစုလည်းရောက်လာသည်။
ကျွန်တော်တို့အင်မတန်ကြိုက်သောမုန့်ဟင်းခါးကိုမနက်တိုင်းချက်ကျွေးသည်။
ရွာနှင့်၆မိုင်ဝေးသောဒါးကသို့ ဟင်းကျွေးဟင်းယံများ တခုတ်တရမှာလျက် အလျှံပါယ်ချက်ပြုတ်ကျွေးမွေးနေခဲ့သည်။
အမေ့မျက်နှာကပြုံးလက်နေသည်။
အသားအရေတွေလျော့လျဲလျဲ၊သွားတွေကျိုးတို့ကျဲတဲ၊မျက်ခွံက အိတြဲတြဲ၊ သို့သော် မြေးတွေကြားမှာအမေ့အပြုံးက ပို ၍တောက်ပနေသည်။
အေမအို ကြည်သာနေတုန်း အကိုကြီး၊မပြန်ခင် အမေ့ကိုပြောခဲ့ဦး ဟု
ညီမအငယ်ဆုံးကပြောသည်။
အမေတစ်ချက်ငဲ့ကြည့်သည်။သမီးငယ်က ဘာဆိုလိုသည်ကိုရိပ်စားမိပုံရသည်။
ငါ့သားကြီး တစ်ခါတစ်လေလာတာ၊ စိတ်ရှုပ်စရာတွေမပြောနဲ့ ဟုကျွန်တော့်ဘက်ကိုမကြည့်ဘဲပြောသည်။
သို့သော်၊ညီမက မေလွ်ာ့။
အမေ့ကို၊အတူနေတဲ့သူတွေနဲ့တည့်အောင်နေဖို့၊အကိုကြီးမပြန်ခင်ပြောခဲ့ဦးမှပေါ့
တစ်အိမ်လုံးတိတ်သွားသည်။
တုပ်တုပ်မျှမလှုပ်။ညီနှင့်ခယ်မသာမကအစ်ကို၀မ်းကွဲညီ၀မ်းကွဲများပါ
ကျွန်တော့်ဆုံးဖြတ် ခ်က္ကို ငံ့လင့်နေကြသည်။
မရှောင်လွှဲသာပြီ။ ကျွန်တော် တစ်ခုခုပြောဖို့လိုအပ်နေပါပြီ။
အမေနှင့် သူ၏တူသားနောင်မယ်များအကြား
ပြတ်ပြတ်သားသားပြောမှဖြစ်ချေတော့မည်။
ကျွန်တော်သက်ပြင်းရှိုက် အားတင်းပြီးပြောချလိုက်သည်။
ဟေ့-အေမတရားတာမတရားတာ၊မွားတာ မမှားတာတွေမပြောကြနဲ့တော့။
ဒီတစ္မိသားစုလုံးမွာ-အမေအရေးကြီး ဆုံးပဲ။ငါတို့အမေစိတ်ချမ်းသာဖို့လိုတယ်။
ဘယ္သူမဆို-အမေနဲ့တည့်အောင်နေရမယ်၊ဒါပဲ
မည်သို့သောအရာသည် အမေနှင့်ဘက်ပြိုင်လောက်အောင် အရေးပါခဲ့ပါသနည်း။
ကျွန်တော်တို့တရားသူကြီးလုပ်တမ်း ကစားနေခြင်းမဟုတ်ပါ။
အမေ့ကိုတစ်ဖက်၊ကမ်ဘာကြီးကိုတစ်ဖက်
ချိန်တွယ်၍ရသော ချိန်ခွင်မျိုးရှိသည်-ဟုကျွန်တော်မယုံပါ။
ကျွန်တော်တို့သည် အမေ့ကိုရွေးချယ်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော်၊အမေဖြစ်သောကြောင့်ဖြစ်သည်။ ။
မောင်ရင့်မာ၊ကျောင်းကုန်း၊
၂၀၁၄ နို၀င်ဘာလ၊ရွှေအမြုတေမဂ္ဂဇင်း။