Aung Thukha - Retail & Wholesale

Aung Thukha - Retail & Wholesale ကုန်မျိုးစုံနှင့်ကိုရီးယားအကင်လက်လီလက်ကားဖြန့်ချိရေး

‼️In Stock NOW‼️အချိန်အတော်ကြာ ပစ္စည်းပြတ်သွားတဲ့ samyang ထဲက ပဲခေါက်ဆွဲအစိမ်းအထုပ်သေးတွေ ပြန်ဝင်ပါပြီ။နောက်ထပ် သတင်းကော...
06/10/2024

‼️In Stock NOW‼️

အချိန်အတော်ကြာ ပစ္စည်းပြတ်သွားတဲ့ samyang ထဲက ပဲခေါက်ဆွဲအစိမ်းအထုပ်သေးတွေ ပြန်ဝင်ပါပြီ။

နောက်ထပ် သတင်းကောင်းတစ်ခုက samyang item တွေအကုန်လုံး ဈေးပြန်ကျထားပါတယ်။

samyang ကြိုက်တဲ့ချစ်မိတ်ဆွေတွေ တမုန်းလာအားပေးလို့ ရပီနော်.....

လက်ကားဖာအရေအတွက်များများလိုချင်တယ်ဆိုရင်တော့ ဆိုင်ဖုန်းနံပါတ်တွေကို hello သာလုပ်နော်...(ပေ့ချက်ဘောက်မှာက နဲနဲ delay ဖြစ်တတ်လို့)

ပီးတော့ အခုပို့စ်ထဲမှာ တင်ထားပေးတဲ့ item တွေပဲ in stock နော်
မပါတဲ့ item တွေကို out of stock လို့သာ မှတ်ပေးပါလို့.....



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️In Stock NOW‼️အချိန်အတော်ကြာ ပစ္စည်းပြတ်နေတဲ့ Nong Shim တံဆိပ်ထဲက shin super spicy ခေါက်ဆွဲတစ်မျိုး ပြန်ရောက်ပါပြီ။အဲအ...
05/10/2024

‼️In Stock NOW‼️

အချိန်အတော်ကြာ ပစ္စည်းပြတ်နေတဲ့ Nong Shim တံဆိပ်ထဲက shin super spicy ခေါက်ဆွဲတစ်မျိုး ပြန်ရောက်ပါပြီ။

အဲအရသာတစ်မျိုးပဲ ရောက်တာနော်။

Nong Shim ထဲကကျန်တဲ့ အရသာထုပ်တွေ လုံးဝ မရောက်သေးပါဘူး၊
အဲတမျိုးထဲတောင် ရောက်တဲ့အရေအတွက် အတော်နည်းပါတယ်။

shin super spicy ခေါက်ဆွဲမှဆိုသူတွေအတွက် မင်မင်က သတိတရနဲ့ ပို့စ်တင်ပေးလိုက်တာပါ။

ဈေးနှုန်းလေးကလဲ အရင်အတိုင်း ၆၀၀၀ကျပ်ပါပဲ။




၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

💢 Milo Collection💢milo collection လို့သာဆိုရရှိတာမှ ၃မျိုးတည်းရယ်...ဘာလို့တင်လဲဆိုတော့ အဓိက ကဈေးတွေရှယ်ကျထားလို့ပါနောက်တ...
04/10/2024

💢 Milo Collection💢

milo collection လို့သာဆိုရ

ရှိတာမှ ၃မျိုးတည်းရယ်...

ဘာလို့တင်လဲဆိုတော့ အဓိက ကဈေးတွေရှယ်ကျထားလို့ပါ
နောက်တခုက ထုံးစံအတိုင်း မင်မင်တို့ဆီမှာ ဘာတွေဝယ်လို့ရနိုင်မလဲ သိအောင်လို့
တစ်ချို့က ဆိုင်မှာ ဝယ်နေကျပဲ....ဒါမယ့်မျက်စေ့မှောက်ပြီး မတွေ့ကြဘူးရယ်....

မိုင်လို ကော်ဘူးဆိုပြီး လာလာမေးနေကြလို့
ကော်ဘူးနဲ့ စက္ကူဘူးက လုံးဝကို ပြန်ဝင်မလာသေးပါဘူး

ဆိုတော့ အချုပ်ပြောရရင် ပုံပါအတိုင်း ၃မျိုးရှိ
၃မျိုးစလုံးဈေးတွေပြန်ကျထား
လက်လီဈေးတွေကို ပုံအောက်မှာကြည့်ပေး
အိုကေနော်



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

"အချစ်" တွေရမယ်နော် "အချစ်"ဆောရီး....မှားလို့... ရပင့်နဲ့ မဟုတ်ဘူး... ရရစ်နဲ့.... အခြစ်တွေပါဖေ့ရည်ဆိုင်သွားရင် "အစီခံ" ခ...
04/10/2024

"အချစ်" တွေရမယ်နော် "အချစ်"

ဆောရီး....မှားလို့... ရပင့်နဲ့ မဟုတ်ဘူး... ရရစ်နဲ့.... အခြစ်တွေပါ
ဖေ့ရည်ဆိုင်သွားရင် "အစီခံ" ခဲခါနီးဆို အခြစ်ကို တောင်းရတာ အမော

ဟုတ်တယ်လေ သူတို့ကလဲ ခဏခဏပျောက်တော့ အဲဒီအခြစ်တွေကို ခဲထားရတာပေါ့ (ဘိလပ်မြေနဲ့ဘူးလေးနဲ့)

ဒါလဲ မရပါဘူး .... ပျောက်တာပါပဲတဲ့
အခြစ်က စီခံခဲတဲ့သူတွေအတွက်ပဲတော့ မဟုတ်ဘူးနော်

အိမ်ရှင်မတွေ အတွက်လဲ မရှိမဖြစ်နီးပါးကို လိုအပ်တာပါပဲ
မီးမွှေးဖို့ပဲသုံးမလား
ဘုရားရှိခိုးရင် အမွှေးတိုင် ဖယောင်းတိုင် မီးညှိဖို့အတွက်ပဲသုံးမလား
ခြင်ဆေးခွေထွန်းဖို့အတွက်ပဲ သုံးမလား
သစ်ရွက်ခြောက်တွေ ရှို့ဖို့အတွက်ပဲသုံးမလား
အခြစ်ရှိမှ အရာရာအဆင်ပြေမှာနော့

ဟုတ်ပါတယ်.... ဂတ်စ်မီးခြစ်ကိုပြောတာပါ
အဲလို စွယ်စုံသုံးလို့ရတဲ့ မီးခြစ်တွေကို
အောင်သုခမှာ အသေးတစ်ခု ၆၀၀ ကျပ်နှုန်း
အကြီးတစ်ခု ၁၀၀၀ ကျပ်နှုန်းနဲ့ သဘောရှိဝယ်လို့ရပါတယ်

အိမ်မှာ ခနခနပျောက်တတ်ရင် ရှာမတွေ့မှာစိုးရင် ဖာဘူးလိုက်သာဝယ်ထား
Taiyo တံဆိပ် အသေး ၅၀ခုပါတာဆို တစ်ဖာ နှစ်သောင်းငါးထောင်ကျပ်
အကြီး ၃၀ခုပါတာကတော့ နှစ်သောင်းခြောက်ထောင်ကျပ်

ကဲ....ဒါဆိုရင်တော့ အိမ်မှာ အခြစ်တွေ လုမနေရဖို့ အောင်သုခမှာ အပြေးလာဝယ်ထားတော့နော်


၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️In Stock NOW‼️နှစ်တိုင်းရောင်းချပေးနေကျ ယိုးဒယားမုန့်ပုံးအသေးတွေနဲ့ အကြီးတွေ ရောက်ပါပြီ။Siam Foods တံဆိပ်သံပုံးတွေက ဈေ...
30/09/2024

‼️In Stock NOW‼️

နှစ်တိုင်းရောင်းချပေးနေကျ ယိုးဒယားမုန့်ပုံးအသေးတွေနဲ့ အကြီးတွေ ရောက်ပါပြီ။

Siam Foods တံဆိပ်သံပုံးတွေက ဈေးနှုန်းသင့်တင့်ပြီး အရသာကောင်းတာမို့ လူကြီးသူမတွေကို ဂါဝရပြုဖို့အတွက် အတော်များများ လာရောက်ဝယ်ယူအားပေးကြတာပဲဖြစ်ပါတယ်။

400g ပုံးသေးကော 600g ပုံးအကြီးပါ ရောက်ထားတာဖြစ်ပြီး လက်ကားဝယ်ချင်တဲ့ ချစ်မိတ်ဆွေများကို အရသာ စုံစုံလင်လင်ရှိတုန်းလေး ရွေးချယ်ဝယ်ထားဖို့ တိုက်တွန်းချင်ပါတယ်။

ပုံးသေးက တဖာမှာ ၁၂ဘူးပါဝင်ပြီး ပုံးကြီးကတော့ ၆ဘူးပဲ ပါပါတယ်။



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

"NESCSFE Ready to drink Coffee"နက်စ်ကော်ဖီအေးသံဘူးတွေကိုတော့ တော်တော်များများသိကြမယ်လို့ထင်ပါတယ်။ကော်ဖီအေးသံဘူးလိုင်းထဲမ...
29/09/2024

"NESCSFE Ready to drink Coffee"

နက်စ်ကော်ဖီအေးသံဘူးတွေကိုတော့ တော်တော်များများသိကြမယ်လို့ထင်ပါတယ်။

ကော်ဖီအေးသံဘူးလိုင်းထဲမှာ အရောင်းရဆုံးကတော့ nescafe latte အရသာသံဘူးတွေပါပဲ။ (nes သံဝါ လို့လဲခေါ်ကြပါတယ်)

၁ဘူးကို ငွေကျပ် သုံးထောင်နီးပါးအထိ ဈေးတွေတက်နေပေမယ့်လဲ ရောင်းနေရပါသေးတယ်။

အခုလက်ရှိတော့ ပုံမှာပြထားတဲ့ ၃မျိုးရှိပါမယ်။
espresso အရသာ အစိမ်းရောင်သံဘူးကတော့ ကုန်နေပါတယ်။

latte အရသာ ဘူးဝါက အခုပုံစံဒီဇိုင်းအသစ်နဲ့ ဖြစ်သွားပါပြီ။

လက်လီဈေးနှုန်းတွေက ၃မျိုးစလုံးအတူတူပါပဲ။

၁ကဒ်မှာ ဘူး ၃၀ ပါတဲ့ လက်ကားဈေးကိုတော့ ဆိုင်ဖုန်း သို့ ပေ့ချက်ဘောက်မှာ မေးမြန်းစုံစမ်းနိုင်ပါကြောင်း....



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

🍏 Apple Vinegar 🍏 (ပန်းသီးရှာလကာရည်)ယနေ့ခေတ်မှာတော့ ပန်းသီးရှာလကာရည်ကို နေရာအတော်များများမှာ အသုံးပြုနေကြပါပီသူ့ရဲ့ကောင်...
28/09/2024

🍏 Apple Vinegar 🍏 (ပန်းသီးရှာလကာရည်)

ယနေ့ခေတ်မှာတော့ ပန်းသီးရှာလကာရည်ကို နေရာအတော်များများမှာ အသုံးပြုနေကြပါပီ
သူ့ရဲ့ကောင်းကျိုးတွေကတော့ အများကြီးရှိပီး အဲထဲကမှ အချို့ကိုကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်
၁။ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပါဝင်ခြင်း
၂။ ဘေးဥပါဒ်ပေးသော ဘက်တီးရီးယားများကို သေစေခြင်း
၃။ ဆီးချိုကျစေခြင်း
၄။ ကိုယ်အလေးချိန်ကျစေခြင်း
၅။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း
၆။ အရေပြားကျန်းမာရေးကို ကောင်းစေခြင်း

အခုဖော်ပြပေးတဲ့အချက်တွေထဲမှာ ချစ်မိတ်ဆွေတို့ စိတ်ဝင်အစားဆုံးအချက်က နံပါတ်(၄) ဖြစ်မယ်လို့ထင်ပါတယ် ဟုတ်တယ်ဟုတ်?

ဆိုင်မှာ အခုလက်ရှိဝယ်ယူရရှိနိုင်တဲ့ ပန်းသီးရှာလကာရည် တံဆိပ်(၂)မျိုးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

1. Bragg brand apple cider vinegar (473ml)
Price: 38000 mmk
bragg တံဆိပ် ပန်းသီးရှာလကာရည်က USA product ဖြစ်ပြီး နာမည်အကြီးဆုံး ကွာလတီအကောင်းဆုံးပဲဖြစ်ပါတယ်။

organic raw-unfiltered ဖြစ်တာမို့ ကျန်းမာရေးအတွက် သောက်သုံးချင်သူတွေ လက်စွဲဖြစ်နေတာပါ။

သူ့ရဲ့ Nutrition Facts တွေက calories 0%, fat 0%, sodium 0%, carbohydrate 0%, protein 0% ပါ

သောက်သုံးရမယ့်အညွှန်းကတော့
အစာမစားမှီ သို့ စားပြီး တစ်နေ့ ၂ကြိမ် သို့ ၃ကြိမ် သောက်သုံးနိုင်ပါတယ်

ပုလင်းကိုလှုပ်ပြီး လ္ဘက်ရည်ဇွန်း(၁)ဇွန်း သို့ (၂)ဇွန်းကို ရေတဖန်ခွက် ၃၀၀မီလီလီတာမှာ ပန်းရောင်ဆားအနည်းငယ်ထည့်ပြီးလဲ သောက်သုံးနိုင်ပါတယ်။

2. Kewpie brand apple cider vinegar (250ml)
Price: 11000 mmk
Kewpie တံဆိပ် ပန်းသီးရှာလကာရည်ကတော့ thailand import ဖြစ်ပြီး ဈေးနှုန်းအားဖြင့် အတော်သက်သာတယ်ဆိုရမှာပါ။
သောက်သုံးပုံအညွှန်းကတော့ အတူတူပါပဲ။





၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

sardines လို့ပဲ ပြောပြောsardines in tomato sauce လို့ပဲ ဆိုဆိုmackerel in tomato sauce လို့ပဲ ခေါ်ခေါ်ကြိုက်သလိုသာ နာမည်...
27/09/2024

sardines လို့ပဲ ပြောပြော

sardines in tomato sauce လို့ပဲ ဆိုဆို

mackerel in tomato sauce လို့ပဲ ခေါ်ခေါ်

ကြိုက်သလိုသာ နာမည်တပ်လိုက်

ဒီမှာတော့ ငါးသေတ္တာ ပါပဲ

ဟုတ်တယ်ဟုတ်...

အိမ်ရှင်မတို့အတွက် မရှိမဖြစ် ငါးသေတ္တာတံဆိပ်အစုံကို မင်မင်က ဒီပို့စ်မှာ ဈေးနှုန်းတွေနဲ့တကွ ဖော်ပြပေးထားပါတယ်။

တယောက်နဲ့ တယောက် အကြိုက်မတူကြတာမို့ ဘယ်ဟာအကောင်းဆုံးလဲလို့ မေးရင်တော့ မဖြေတတ်ပါဘူး။

မင်မင်တို့ ချက်စားနေကြ အကြိုက်ဆုံးတံဆိပ်ကိုပြောပါဆိုရင်တော့ Three Lady နဲ့ HiQ ပါပဲ

ကျန်တာတွေလဲ သူ့ဈေးတန်းနဲ့ သူကောင်းကြပါတယ်။

အားလုံးထဲမှာမှ ဘဲဥပုံဘူးအပြား ၂မျိုးကတော့ ကလစ်မပါတာကိုတော့ သတိပြုစေလိုပါတယ်။



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

💢HUP SENG cream crackers 💢Hup Seng ခရက်ကာအထုပ်တွေကတော့ အထွေအထူး ညွှန်းစရာလိုမယ် မထင်ပါဘူး၊ သကြားမပါ အဆိမ့်အရသာမို့ ဆီးချ...
26/09/2024

💢HUP SENG cream crackers 💢

Hup Seng ခရက်ကာအထုပ်တွေကတော့ အထွေအထူး ညွှန်းစရာလိုမယ် မထင်ပါဘူး၊ သကြားမပါ အဆိမ့်အရသာမို့ ဆီးချိုသမားတွေ အများစု စားသုံးကြပါတယ်။

ပစ္စည်းပြန်ဝင်တာ မကြာသေးတာမို့ အခုလက်ရှိမှာ လက်ကားပြန်ရောင်းချင်သူတွေအတွက် အရေအတွက်လိုသလောက် ရနိုင်ပါသေးတယ်။

၁၂၅ ဂရမ်ပါတဲ့ အထုပ်သေးက ၂၈၀၀ ကျပ်ဖြစ်ပြီး ၄၂၈ ဂရမ်ပါတဲ့ အထုပ်ကြီးက ၁သောင်းကျပ်ဖြစ်ပါတယ်။

အထုပ်သေးက တစ်ဖာမှာ ၂၄ထုပ်ပါဝင်ပြီး အကြီးကတော့ ၁၂ထုပ်ပဲပါပါတယ်။

လက်ကားလိုချင်တဲ့ ချစ်မိတ်ဆွေများ stock ပြန်ရောက်တုန်းမှာ လက်မလွတ်စေဖို့ မင်မင်က ပို့စ်တင်ပြီး အသိပေးလိုက်ပါတယ်နော်...



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

နို့ဆီလား?နို့စိမ်းလား?အုန်းနို့လား?ကြိုက်တာသာမေး.....အောင်သုခမှာ အကုန်ရှိတယ်။လက်ဖက်ရည်ဆိုင်သမားတွေနဲ့ အအေးဆိုင်သမားတွေ ...
25/09/2024

နို့ဆီလား?

နို့စိမ်းလား?

အုန်းနို့လား?

ကြိုက်တာသာမေး.....အောင်သုခမှာ အကုန်ရှိတယ်။

လက်ဖက်ရည်ဆိုင်သမားတွေနဲ့ အအေးဆိုင်သမားတွေ အတွက်
မရှိမဖြစ် နို့ဆီဘူးတွေရယ်

အလှူအတန်းတွေမှာ မပါမဖြစ် အုန်းနို့မှုန့်၊ အုန်းနို့ဘူး တွေရယ်ကို

၁ဘူး၊ ၂ဘူး ကစလို့ လက်ကားဖာလိုက်အထိ ဝယ်ယူရရှိနိုင်ပါတယ်။

တင်ထားပေးတဲ့ ဈေးနှုန်းတွေကတော့ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်တာကိုတော့ သတိချပ်ပေးပါလို့.....


၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

VC candyvc candy ကတော့ သိတဲ့သူရှိသလို မသိတဲ့သူလဲ ရှိပါတယ်။မင်မင့်ဆိုင်မှာ vc candy ရောင်းတာ တော်တော်မှ တော်တော့်ကို ကြာန...
24/09/2024

VC candy

vc candy ကတော့ သိတဲ့သူရှိသလို မသိတဲ့သူလဲ ရှိပါတယ်။

မင်မင့်ဆိုင်မှာ vc candy ရောင်းတာ တော်တော်မှ တော်တော့်ကို ကြာနေပါပြီ၊

ဘယ်လောက်ကြာပီလဲဆိုရင် ၁ထုပ် ၃၅၀၀ကျပ်ဝန်းကျင်တည်းက စရောင်းခဲ့တာ ခု ၆ထောင်ကျော်ဖြစ်တဲ့ချိန်ထိပါပဲ....

၁ထုပ်ကို အလုံး ၂၀၀ ဝန်းကျင်ပါတာမို့ ကျောင်းလိုင်းသမားတွေ၊ အကြွေအစားထိုးအမ်းချင်တဲ့သူတွေ အတွက် အတော်အဆင်ပြေစေပါတယ်။

ပူရှိန်းသကြားလုံးလို့လဲ ခေါ်ကြတဲ့ vc candy မှာ သတိပြုစရာတခုတော့ ရှိပါတယ်။

ဘာလဲဆိုတော့ အတု ပါ
အတုလို့ပြောရင် တချို့က မကြိုက်ကြပါဘူး
(မင်မင့်ရဲ့ အတွေ့အကြုံအရ အရသာလုံးဝ အဆင်မပြေလို့ အတုလို့ ပြောရခြင်းပါ။)

မင်မင့်ဆီမှာတော့ စိတ်ချလက်ချသာဝယ်ပါ
မရောင်းဖူးသေးဘူးဆိုရင် နမူနာ အမြည်းပါ ကျွေးပါအုံးမယ်။

vc candy လိုင်းက တကယ်ဆို မှတ်စရာတွေ အတော်များပါတယ်
အထုပ်လိုင်းရှိမယ်
ဘူးလိုင်းရှိမယ်
လက်ဟောင်း၊ လက်သစ် စသဖြင့်....
(အထုပ်လိုင်းမှာကိုမှ အထုပ်ကြီးလဲထွက်လိုက်ပါသေးတယ်)

အခုလက်ရှိ ဆိုင်မှာတော့ ပုံထဲမှာပြထားတဲ့ တံဆိပ် ၂မျိုးပဲ ရောင်းချပေးနေတာဖြစ်ပြီး လက်လီဈေးနှုန်းကတော့ ၇၀၀၀ ကျပ်ပါ။



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

💢💢Jelly Collection (1)💢💢သားသား မီးမီးတို့ ကြိုက်နှစ်သက်ကြတဲ့ ဂျယ်လီတွေ တံဆိပ်အစုံ၊ အရသာအစုံ၊ အမျိုးအစားအစုံ၊ ပုံစံအစုံအလ...
23/09/2024

💢💢Jelly Collection (1)💢💢

သားသား မီးမီးတို့ ကြိုက်နှစ်သက်ကြတဲ့ ဂျယ်လီတွေ တံဆိပ်အစုံ၊ အရသာအစုံ၊ အမျိုးအစားအစုံ၊ ပုံစံအစုံအလင်ကို မင်မင်က အခုပို့စ်လေးမှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဈေးသက်သာပြီး အရောင်းသွက်တဲ့ gummy jelly (၅ဘတ်ဂျယ်လီလို့လဲခေါ်) ထဲမှာဆို ပုံစံဒီဇိုင်း ၁၁မျိုးတောင်ရှိတာမို့ ကြိုက်နှစ်သက်တာကို ရွေးဝယ်လို့ အဆင်ပြေမှာပါ။

kajima တံဆိပ်ဂျယ်လီဘူး (နှုတ်ခမ်းဂျယ်လီလို့လဲခေါ်) ထဲမှာဆိုရင်လဲ ရွေးစရာ အရသာ (၅)မျိုး ရှိပါတယ်။

ကျောင်းလိုင်း လူကြိုက်များတဲ့ 3d jelly ကော်ဘူးတွေကိုလဲ မေ့ထားလို့ မရပြန်ပါဘူး.....

ဒီထဲမှာကိုမှ ကြိုက်တာမပါသေးဘူးဆိုရင်လဲ တခြားရွေးစရာတွေထပ်ရှိပါသေးတယ်။

Jelly Collection (1) လို့ ခေါင်းစဉ်တပ်ထားတာမို့ Jelly Collection (2) ထဲမှာ ဘာတွေထပ်ပါလာမလဲဆိုတာ မင်မင့်ရဲ့ ချစ်မိတ်ဆွေတွေ ဆက်လက်စောင့်ကြည့်ပေးပါအုံးလို့.....



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

💢💢Uglobe Basil seed Drink💢💢ဆိုင်မှာရောင်းချပေးနေတဲ့ ပင်ပွားအချိုရည်ပုလင်းတွေ အရသာစုံစုံလင်လင်ရှိတုန်းလေး ပို့စ်တင်ပေးလို...
22/09/2024

💢💢Uglobe Basil seed Drink💢💢

ဆိုင်မှာရောင်းချပေးနေတဲ့ ပင်ပွားအချိုရည်ပုလင်းတွေ အရသာစုံစုံလင်လင်ရှိတုန်းလေး ပို့စ်တင်ပေးလိုက်ပါတယ်.....

ရွေးချယ်စရာတွေကတော့
ပျားရည်အရသာ
ကီဝီအရသာ
စတော်အရသာ
ဘလူးဘယ်ရီအရသာ
သစ်သီးစုံအရသာ
သလဲသီးအရသာ
သရက်အရသာ
ဆိုပီး (၇)မျိုးရှိပါမယ်။

လက်လီဈေးနှုန်းက ၃၅၀၀ကျပ်ဖြစ်ပြီး
လက်ကား ၁ဖာ(၂၄လုံး) ဈေးကိုတော့ ဆိုင်ဖုန်းတွေကိုဆက်သွယ်မေးမြန်းလို့ရပါတယ်။



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️In Stock NOW‼️ကလေးတွေကော လူကြီးတွေကော ကြိုက်ကြတဲ့ ကြက်သားဘီစကစ်တွေ stock နည်းနည်းလေး ရောက်ထားတဲ့အကြောင်း ချစ်မိတ်ဆွေတွ...
15/09/2024

‼️In Stock NOW‼️

ကလေးတွေကော လူကြီးတွေကော ကြိုက်ကြတဲ့ ကြက်သားဘီစကစ်တွေ stock နည်းနည်းလေး ရောက်ထားတဲ့အကြောင်း ချစ်မိတ်ဆွေတွေကို လက်တို့အသိပေးလိုက်ပါတယ်

ခုတခေါက်က အကြီးကော အသေးကော ၂မျိုးစလုံး ရောက်ထားပါတယ်
လက်လီဈေးနှုန်းတွေကို ပုံအောက်တွေမှာ ရေးထားပေးပါတယ်
လက်ကားဖာလိုက်တွေလဲ ဝယ်ယူရရှိနိုင်ပါတယ်
အသေးက ၁ဖာကို အထုပ် ၄၀ ပါဝင်ပြီး အကြီးကတော့ ၁ဖာကို အထုပ် ၂၀ ပါဝင်ပါတယ်

**ယခုပို့စ်တွင်ဖော်ပြထားသော ဈေးနှုန်းများသည် အချိန်နှင့်အမျှအပြောင်းအလဲရှိနိုင်ပါသည်**


၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️တဝက်ဈေးနဲ့ စိတ်ကြိုက်ဝယ်‼️ခုကာလမှာ အသုံးအစွဲချွေတာချင်တဲ့ ချစ်မိတ်ဆွေတွေအတွက် တဝက်ဈေးနဲ့ ဝယ်ယူရရှိနိုင်မယ့် item တချို...
14/09/2024

‼️တဝက်ဈေးနဲ့ စိတ်ကြိုက်ဝယ်‼️

ခုကာလမှာ အသုံးအစွဲချွေတာချင်တဲ့ ချစ်မိတ်ဆွေတွေအတွက် တဝက်ဈေးနဲ့ ဝယ်ယူရရှိနိုင်မယ့် item တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ပုံမှန်ဆိုရင် ၁ဘူးကို သောင်းကျော်ပေးဝယ်ပြီးသောက်ရမယ့် ထိုင်းမိတ် Queen တံဆိပ် အချိုရည်ဘူးတွေကို ၆လမ်း အောင်သုခဆိုင်မှာ ၅၀ရာခိုင်နှုန်းတိတိ လျှော့ဈေးတွေနဲ့ ရောင်းချပေးသွားမှာပါ။

တစ်ချို့ item တွေကတော့ stock အနည်းငယ်သာ ကျန်ရှိတော့တာမို့ အခုတင်ထားတဲ့ ပို့စ်ထဲမှာ ချစ်မိတ်ဆွေတို့ ကြိုက်နှစ်သက်တဲ့ item လေးတွေပါခဲ့ရင် ၂ခါပြန်မစဉ်းစားနေဘဲ လာရောက်ဝယ်ယူကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်....


၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

💢💢Collection of Abbott Products💢💢ဆိုင်မှာ ယခုလက်ရှိ ဝယ်ယူရရှိနိုင်မယ့် abbott ထုတ်ကုန်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။တ...
13/09/2024

💢💢Collection of Abbott Products💢💢

ဆိုင်မှာ ယခုလက်ရှိ ဝယ်ယူရရှိနိုင်မယ့် abbott ထုတ်ကုန်တွေကို
စုစည်းဖော်ပြပေးလိုက်ပါတယ်။

တချို့ item တွေကတော့ stock အနည်းငယ်သာ ရှိပါတယ်။

ထူးခြားတာဘာရှိမလဲဆိုရင် thai ensure gold ဘူးကြီး၊ ဘူးသေးတွေ ဈေးနှုန်းပြန်လည်ကျဆင်းထားပါတယ်။

လူကြီးသူမတွေကို သီတင်းကျွတ်ကန်တော့ဖို့အတွက် အခုတည်းက ကြိုဝယ်ချင်ဝယ်ထားလို့ ရအောင် ဈေးနှုန်းတွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။

Glucera SR ဘူးသေး 93000 mmk (few stock)
Glucera ဘူးသေး 89000 mmk (few stock)
Glucera ဘူးကြီး 172000 mmk (few stock)

Similac step 3 ဘူးကြီး 112000 mmk (few stock)

Ensure Gold ဘူးသေး 75000 mmk (few stock)
Ensure Gold ဘူးကြီး 145000 mmk (few stock)

thai Ensure Gold ဘူးသေး 79000 mmk
thai Ensure Gold ဘူးကြီး 151000 mmk

**ယခုပို့စ်တွင်ဖော်ပြထားသော ဈေးနှုန်းများသည် အချိန်နှင့်အမျှအပြောင်းအလဲရှိနိုင်ပါသည်**


၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

Edit: ‼️Out of stock‼️ ဖြစ်သွားပါပီ ဒီခေါက်ဆွဲလေးက...‼️In Stock NOW‼️ဘယ်တော့မှ ပြန်မလာဘူးလို့ ထင်ထားတဲ့ ခေါက်ဆွဲထုပ်လေးက...
12/09/2024

Edit: ‼️Out of stock‼️ ဖြစ်သွားပါပီ ဒီခေါက်ဆွဲလေးက...

‼️In Stock NOW‼️

ဘယ်တော့မှ ပြန်မလာဘူးလို့ ထင်ထားတဲ့ ခေါက်ဆွဲထုပ်လေးကတော့ ပြန်လည်ရောက်ရှိလို့လာပါပြီ။

မီစီဒက်ခေါက်ဆွဲ ပစ္စည်းမရောက်ခင်တုန်းက လာလာမေးနေကြတဲ့ ချစ်မိတ်ဆွေတွေကို သတိတရနဲ့ ပြန်ဖြေပေးတယ်ဆိုတဲ့ အကြောင်းလေးကို ဒီပို့စ်လေးနဲ့ပဲ ဖော်ပြလိုက်ပါတယ်နော်

အခု ပြန်လည်ရောက်ရှိထားတဲ့ ခေါက်ဆွဲလေးရဲ့ လက်လီဈေးနှုန်းကိုတော့ ပုံအောက်မှာ ရေးထားပေးပါတယ်

လက်ကားဈေးကိုတော့ ဆိုင်ဖုန်းနံပါတ် သို့ ချက်ဘောက်မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

အခုတခေါက် ရောက်ထားတဲ့ stock က အရမ်းကို နည်းလွန်းတာမို့ ပစ္စည်းဝယ်မရခဲ့တယ်ဆိုရင် မင်မင်တို့ကို စိတ်မကွက်ကြဖို့ ကြိုတင်မေတ္တာရပ်ခံစကား ဆိုထားပါရစေ....


၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️Updated Prices‼️samyang တံဆိပ်ထဲက instock ရှိတဲ့ item တွေနဲ့ နောက်ဆုံးပြောင်းလဲထားတဲ့ ဈေးနှုန်းတွေကို ဖော်ပြပေးလိုက်ပါ...
11/09/2024

‼️Updated Prices‼️

samyang တံဆိပ်ထဲက instock ရှိတဲ့ item တွေနဲ့ နောက်ဆုံးပြောင်းလဲထားတဲ့ ဈေးနှုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Samyang 1x spicy 6400 mmk
Samyang 2x spicy 6400 mmk
Samyang cheese 6400 mmk
Samyang carbonara 6400 mmk
Samyang 1x spicy sauce 17300 mmk
Samyang 2x spicy sauce 17300 mmk

အခုပို့စ်မှာ တင်ထားပေးတဲ့ samyang ထုတ်ကုန်တွေကို လက်လီကော လက်ကားကော ဝယ်ယူရရှိနိုင်ပါတယ်။

လိုချင်တဲ့ ပစ္စည်းတွေရဲ့ အရေအတွက်နဲ့ ဈေးပြောင်းလဲမှု ရှိမရှိကို သိလိုပါက ဆိုင်ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️In Stock NOW‼️ 💢💢Paldo Jjajangmen💢💢 ပဲခေါက်ဆွဲကြိုက်နှစ်သက်သူတိုင်း မသိမရှိတဲ့ paldo တံဆိပ် ခေါက်ဆွဲထုပ်တွေ ပြန်လည်ရော...
08/08/2024

‼️In Stock NOW‼️

💢💢Paldo Jjajangmen💢💢

ပဲခေါက်ဆွဲကြိုက်နှစ်သက်သူတိုင်း မသိမရှိတဲ့ paldo တံဆိပ် ခေါက်ဆွဲထုပ်တွေ ပြန်လည်ရောက်ရှိလို့လာပါပြီ။

ခေါက်ဆွဲသား နူးညံ့အိစက်ပြီး ပဲမဲအနှစ်ကလည်း အရသာအတော်ရှိတာမို့ ဆိုင်ရဲ့ ရောင်းအားအကောင်းဆုံး item တွေထဲက တခုအပါအဝင်ဖြစ်နေတာလဲ မထူးဆန်းတော့ပါဘူး။

ဒါကြောင့်မို့ မင်မင်တို့ဆိုင်မှာ လက်ကားပြန်ရောင်းဖို့ လာမေးကြတယ်ဆိုရင် ဒီ paldo ပဲခေါက်ဆွဲကိုပဲ ဦးဆုံးညွှန်ပေးဖြစ်ပါတယ်။

instock ဖြစ်တာ ရက်ပိုင်းပဲ ရှိသေးတယ်ဆိုပေမယ့်လို့ ကုန်တာမြန်တတ်တဲ့ item လေးလဲဖြစ်နေတာရယ်ကြောင့် ချစ်မိတ်ဆွေတွေ ဆိုင်မှာလာဝယ်တဲ့အခါ ''ဟာ'' ''ဟင်'' ''ဟယ်'' စတဲ့ အာမေဋိတ်သံလေးတွေရွတ်ပြီး လှည့်ပြန်မသွားရလေအောင် စေတနာရှေ့ထားလို့ အသိပေးအကြောင်းကြားလိုက်ရပါကြောင်း.......



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️In Stock NOW‼️💢💢Samyang Ramen💢💢အချိန်အနည်းငယ် ပစ္စည်းပြတ်လတ်သွားတဲ့ samyang တံဆိပ်ခေါက်ဆွဲ အမျိုးအစားတချို့ ၆လမ်း အောင...
03/08/2024

‼️In Stock NOW‼️

💢💢Samyang Ramen💢💢

အချိန်အနည်းငယ် ပစ္စည်းပြတ်လတ်သွားတဲ့ samyang တံဆိပ်ခေါက်ဆွဲ အမျိုးအစားတချို့ ၆လမ်း အောင်သုခဆိုင်ရဲ့ စင်တွေပေါ်ပြန်လည်နေရာယူထားပြီဆိုတာ သိပြီးကြပြီလား?

ယခုလက်ရှိ ဈေးနှုန်းတွေကတော့ ယခင်ထက်စာရင် အတော်မြင့်တက်သွားတယ်လို့ ဆိုနိုင်ပါတယ်။

သို့ပေမယ့်လည်း ချစ်မိတ်ဆွေများ စိတ်ကျေနပ်မှု ဖြစ်ရစေမယ့် ဈေးနှုန်းတွေကိုသာ မင်မင်တို့က အတတ်နိုင်ဆုံး သတ်မှတ်ရောင်းချပေးနေတာမို့ တစ်ခါတစ်ခေါက်လောက်ဖြစ်ဖြစ် လာရောက်ဝယ်ယူအားပေးကြဖို့ ဖိတ်မန္တက ပြုလိုက်ပါတယ်။

လက်ကားအရေအတွက်များများလိုချင်တဲ့ ချစ်မိတ်ဆွေများကတော့ ဆိုင်ဖုန်းနံပါတ်တွေကို ကြိုတင်စုံစမ်းမေမြန်းနိုင်ပါကြောင်း.....



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️In Stock NOW‼️💢Pocari Sweat💢ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အကောင်းဆုံးဖြစ်တဲ့ pocari sweat ဘူးတ...
29/07/2024

‼️In Stock NOW‼️

💢Pocari Sweat💢

ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အကောင်းဆုံးဖြစ်တဲ့ pocari sweat ဘူးတွေ အောင်သုခ(၆လမ်း)ဆိုင်မှာ ပြန်လည်ဝယ်ယူရရှိနိုင်ပါပြီ။

ဘူးဆိုဒ် ၄မျိုးထွက်ရှိထားပြီး ယခုလက်ရှိမှာတော့ 350ml နဲ့ 500ml ကော်ဘူး ၂မျိုးတည်းကိုသာ ဝယ်ယူရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

လက်လီဈေးနှုန်းတွေကိုတော့ ပုံအောက်တွေမှာ ရေးသားပေးထားပါတယ်

၁ဖာကို ၂၄ဘူးစီ ပါဝင်တဲ့ လက်ကားဈေးနှုန်းတွေကိုတော့ ဆိုင်ဖုန်းတွေကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း.....



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

💢 Chinese Black Bean Paste (ပဲအနှစ်) 💢အခုတခေါက်မှာတော့ ပဲခေါက်ဆွဲ ကြိုက်နှစ်သက်သူတွေအတွက် ဆိုင်မှာဝယ်ယူရရှိနိုင်တဲ့ ပဲအန...
26/07/2024

💢 Chinese Black Bean Paste (ပဲအနှစ်) 💢

အခုတခေါက်မှာတော့ ပဲခေါက်ဆွဲ ကြိုက်နှစ်သက်သူတွေအတွက် ဆိုင်မှာဝယ်ယူရရှိနိုင်တဲ့ ပဲအနှစ်ထုပ် ၂မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ပုံထဲမှာတော့ sing song ပဲအနှစ်က ဘူးနဲ့ဆိုပေမယ်လို့ အထဲမှာ ပါကင်တထပ် ပါပါသေးတယ်။

chung jung one တံဆိပ် ပဲအနှစ်ကတော့ လူသိများပီးသားမို့ အထွေထူးပြောစရာလိုမယ် မထင်ပါဘူး။

Cjo ပဲအနှစ်တစ်ထုပ်မှာ အလေးချိန် ၂၅၀ဂရမ် ဖြစ်ပြီး လူ 7ယောက် သို့ 8 ယောက်ခန့်အထိ စားနိုင်ပါတယ်။ sing song ပဲအနှစ်ထုပ်ကတော့ အလေးချိန် ၂၀၀ဂရမ်ပဲ ပါဝင်ပီး ဈေးနှုန်းအားဖြင့် ပိုသက်သာပါတယ်။

၂မျိုးစလုံးက HACCP လက်မှတ်ရပြီးသား Product တွေမို့လို့ စိတ်ချယုံကြည်စွာ စားသုံးနိုင်ပါတယ်။

ပဲအနှစ်ကို ပဲခေါက်ဆွဲ လုပ်စားယုံတင်မကဘူး ပဲထမင်းလဲ လုပ်စားကြပါသေးတယ်။

ချက်ပြုတ်နည်းလေးကိုပါတပါတည်း ရေးပေးလိုက်ပါတယ်

👉 ပဲခေါက်ဆွဲထဲထည့်ဖို့ အသား၊အသီးအရွက်(မုန်လာဥနီ၊အာလူး၊ကြက်သွန်နီ၊ရွှေဖရုံသီး၊ကြက်သွန်မြိတ်) စတာတွေကို သင့်တော်တဲ့အရွယ်အစား သေးသေးလေးတွေလှီးပြီး ဆီအနည်းငယ်ခန့်ဖြင့် ဆီသတ်ပါ

👉 ထို့နောက် နောက်ဒယ်အိုးတစ်လုံးထဲမှာ ဆီအနည်းငယ်ခန့်ထည့်ပြီး ပဲခေါက်ဆွဲအနှစ်ကို ဆီသတ်ပါ

👉 ပြီးရင် ပဲခေါက်ဆွဲအနှစ် နဲ့ ပထမဆီသတ်ထားတဲ့ အသားအသီးအရွက်တွေကိုထည့်ပြီး ရောကြော်လိုက်ပါ

👉 ပြီးရင် ရေ (ဖန်ခွက်နှင့်) ခွက် ၃ ခွက်ခွဲထည့်ပြီး
အသီးအရွက်များ လုံးဝနူးသွားတဲ့အထိ တည်လိုက်ပါ

👉 အားလုံး နူးသွားပြီဆိုရင်တော့ ရေ (ဖန်ခွက်နှင့်) ခွက်တစ်ဝက်ခန့်ထဲမှာ ကော်မှုန့် ၃ ဇွန်းခန့်ကို ဖျော်ပြီး အနှစ်ထဲကိုထည့်လိုက်ပါ

👉 နောက်ထပ် 2 မိနစ်ခန့် တည်ပြီးရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပဲခေါက်ဆွဲအနှစ်ရပါပြီနော်

👉 ပြုတ်ပြီးသားခေါက်ဆွဲ သို့မဟုတ် ထမင်းပေါ်ပဲအနှစ်ကိုနှစ်သက်သလောက် ဆမ်းပြီး နယ်လိုက်ရင် အနံ့အရသာနဲ့ပြည့်စုံတဲ့ ကိုရီးယားပဲခေါက်ဆွဲ သို့ ပဲထမင်း စစ်စစ်ကို သုံးဆောင်နိုင်ပါပြီ 😋

အော်.....ဒါနဲ့......
cjo တံဆိပ် ပဲအနှစ်က stock ခနခနပြတ်တတ်လို့ ဆိုင်သမားတွေ လိုအပ်ရင် ပိုဝယ်ထားဖို့ မင်မင်က တလက်စတည်း အကြံပြုလိုက်ပါတယ်နော်....



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️In Stock NOW‼️💢Savepak & Knorr💢ကြက်သားဟင်းခတ်မှုန့်ကိုတော့ အိမ်တိုင်း ဆိုင်တိုင်း မရှိမဖြစ် သုံးစွဲကြတယ်ဟုတ်?...အောင်သ...
24/07/2024

‼️In Stock NOW‼️

💢Savepak & Knorr💢

ကြက်သားဟင်းခတ်မှုန့်ကိုတော့ အိမ်တိုင်း ဆိုင်တိုင်း မရှိမဖြစ် သုံးစွဲကြတယ်ဟုတ်?...

အောင်သုခရဲ့ အရောင်းရဆုံး item ၂မျိုး instock ပြန်ရောက်ထားတယ်ဆိုတဲ့ အကြောင်းလေး လက်တို့ အသိပေးလိုက်ပါတယ်နော်

savepak တံဆိပ်ကတော့ ဈေးသက်သာလို့ ဆိုင်သမားတွေ အကြိုက်ဖြစ်ပြီး knorr တံဆိပ်ကတော့ မကြိုက်သူမရှိ မသိသူမရှိပါ။

လက်ရှိငွေဈေးတွေတက်နေပေမယ့်လည်း ချစ်မိတ်ဆွေများ စိတ်ချမ်းသာစေဖို့ ဈေးနှုန်းတွေကို အသက်သာဆုံးဖြစ်အောင် ရောင်းချပေးနေပါတယ်။

savepak က တစ်ဖာမှာ ၁၂ထုပ်ပါဝင်ပြီး knorr ကတော့ တစ်ဖာမှာ ၁၀ ထုပ်သာ ပါဝင်ပါတယ်။

ဖာအရေအတွက်များများ လိုချင်တယ်ဆိုရင်တော့ ဆိုင်ဖုန်းနံပါတ်တွေကို ''ဟယ်လို'' လုပ်လိုက်နော်.....

**ယခုပို့စ်တွင်ဖော်ပြထားသော ဈေးနှုန်းများသည် အချိန်နှင့်အမျှအပြောင်းအလဲရှိနိုင်ပါသည်**




၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️ Attention Please‼️ဆိုင်ပိတ်ရက် ကြိုတင် အသိပေး အကြောင်းကြားခြင်းဇူလိုင်လ ၂၁ ရက်နေ့ (၁ရက်တည်းသာ) ဆိုင်နေ့တဝက်ပိတ်မည်ဖြစ...
19/07/2024

‼️ Attention Please‼️

ဆိုင်ပိတ်ရက် ကြိုတင် အသိပေး အကြောင်းကြားခြင်း

ဇူလိုင်လ ၂၁ ရက်နေ့ (၁ရက်တည်းသာ)
ဆိုင်နေ့တဝက်ပိတ်မည်ဖြစ်ပါသည်။

အဆိုပါနေ့တွင်မွန်းလွဲ ၃နာရီ အထိသာ
ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ပါသောကြောင့်
လိုအပ်သည်များ ကြိုတင်ဝယ်ယူနိုင်ရန်
အသိပေး အကြောင်းကြားအပ်ပါသည်။



၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

‼️In Stock NOW‼️embargo တံဆိပ်ထဲက ချိစ်အဝိုင်းဘူးတွေပြန်ဝင်ထားပါတယ် cheese triangle ထဲကဆို လက်ရှိဆိုင်မှာ ရွေးချယ်စရာ ၂မ...
19/07/2024

‼️In Stock NOW‼️

embargo တံဆိပ်ထဲက ချိစ်အဝိုင်းဘူးတွေပြန်ဝင်ထားပါတယ်

cheese triangle ထဲကဆို လက်ရှိဆိုင်မှာ ရွေးချယ်စရာ ၂မျိုးဖြစ်သွားပါပြီ

နွားခေါင်းတံဆိပ်နဲ့ emborg တံဆိပ် တွေပါ

embarg ကတော့ ဈေးနှုန်းအားဖြင့် အတော်သက်သာပါမယ်
ဒါမယ့် ရေခဲသေတ္တာထဲမှာပဲထားလို့ ရပါတယ်
အပြင်မှာထားလို့မရပါဘူး
ဒါကြောင့် နယ်သမားတွေ အော်ဒါထည့်ပေးတဲ့အခါကျ ရက်ကြာမယ်ဆို အဆင်ပြေမှာ မဟုတ်ပါဘူး

သတိပြုဖို့ကလဲ မင်မင်တို့ဆိုင်မှာ (chilled/frozen) ရေခဲရိုက်ထားပီးသား ပစ္စည်းတွေကို လုံးဝ ပြန်မလဲပေးပါဘူး

နွားခေါင်းတံဆိပ်ကတော့ emborg နဲ့ ပြောင်းပြန်ပါ
ဈေးနှုန်းအားဖြင့် ပိုများမယ်
ရေခဲသေတ္တာထဲ ထားစရာမလို
ဒါကြောင့် တဆင့်ပြန်ရောင်းတဲ့သူတွေအတွက် ပိုအဆင်ပြေစေပါတယ်

အားသာချက် အားနည်းချက် ကိုယ်စီရှိတဲ့ products ၂မျိုးကို ၆လမ်းအောင်သုခဆိုင်မှာ ချစ်မိတ်ဆွေတို့ ကိုယ်တိုင် လာရောက်ရွေးချယ်ဝယ်နိုင်ပါပြီလို့ အသိပေး အကြောင်းကြားရင်းနဲ့.......



&Wholesale
၁၅/၁၄၃၊ နံပါတ် (၆)လမ်း၊ (MOB ဘဏ်မှအနောက်ဘက် ၂ခြံကျော်) တောင်ငူမြို့။
Hotline: 09 88 535 0744, 09 42 630 1100

Address

6 Th Street
Taungoo
70201

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959885350744

Website

Alerts

Be the first to know and let us send you an email when Aung Thukha - Retail & Wholesale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Retail or Wholesale?

We are selling variety of goods in not only retail but also wholesale.

Nearby convenience stores

  • Vibes Store

    Vibes Store

    ဈေးလမ်း ဧရာဝတီဘဏ် ၂ ရှေ့

Other Taungoo convenience stores

Show All