Tech city- science, astronomy & technology news

Tech city- science, astronomy & technology news Personal

ကြောက်စရာကောင်းတဲ့ လက်နက်ပြိုင်ဆိုင်မှုအသစ်တွေဟာရပ်တန့်ဖို့မဖြစ်နိုင်ပဲ ပိုကြီးမားတဲ့နျူကလီးယားလက် နက်တွေ တည်ဆောက်နေကြသည...
01/10/2021

ကြောက်စရာကောင်းတဲ့ လက်နက်ပြိုင်ဆိုင်မှုအသစ်တွေဟာရပ်တန့်ဖို့မဖြစ်နိုင်ပဲ ပိုကြီးမားတဲ့နျူကလီးယားလက် နက်တွေ တည်ဆောက်နေကြသည်မှာ စိုးရိမ်စရာကောင်း လှသည်၊

ပိုမိုဖတ်ရှုရန်👇
https://www.facebook.com/103999012052488/posts/106764871775902/

Note series က နာမည်သာ ပြောင်းသွားတာပါ၊ S22 Ultra ပုံထွက်လာပါတယ်၊ S Pen နဲ့အတူလာပါမယ်၊ သူက Note နေရာကို ဆက်ခံလာမယ်၊Samsun...
25/09/2021

Note series က နာမည်သာ ပြောင်းသွား
တာပါ၊ S22 Ultra ပုံထွက်လာပါတယ်၊
S Pen နဲ့အတူလာပါမယ်၊

သူက Note နေရာကို ဆက်ခံလာမယ်၊
Samsung idea သဘောကျမိတယ်၊💢

Premium မှာ နာမည်တွေ ရှုပ်မနေဘူး S
တမျိုး၊နဲ့ Note အစား foldable ဘက်ကို
အာရုံစိုက်နိုင်တယ်၊

Myint Myat Thu

https://m.facebook.com/story.php?story_fbid=349442210260213&id=107434941127609

Samsung Galaxy A52s Ram 8/128 ~ 899000 Ks Waiting time 2 weeks6.5" လက်မ Full HD+ AMOLED display Qualcomm Snapdragon 778G...
20/09/2021

Samsung Galaxy A52s

Ram 8/128 ~ 899000 Ks
Waiting time 2 weeks

6.5" လက်မ Full HD+ AMOLED display

Qualcomm Snapdragon 778G ချစ်ပ်

64-megapixel main camera with OIS 12-megapixel ultra-wide ၊ 5-megapixel macro 5-megapixel depth sensor
32-megapixel front camera

4,500mAh Battery 25W Fastcharging
Android 11 _ Samsung One UI 3.1 တို့

IP67 ၊ Dolby Atmos stereo speaker
in-display fingerprint scanner

အရောင်တွေက Awesome Violet, Awesome Black, Awesome Mint, Awesome White

ပိုမိုဖတ်ရှိရန် https://gadgetmyanmar.com/?p=213


Gadget Myanmar By Myint Myat Thu

Samsung has officially announced that the new Galaxy A52s will arrive in India soon. Uncategorized August 29, 2021September 6, 2021admin0 Samsung is rumored to be announcing another Galaxy 5G phone in India, the Galaxy A52s 5G. It was rumored to launch in India shortly after its launch in Europe las...

ဖုန်းအားပြည့်ဖို့ 8 မိနစ်သာ စောင့်ရပါတော့မယ်၊
09/09/2021

ဖုန်းအားပြည့်ဖို့ 8 မိနစ်သာ စောင့်ရပါတော့မယ်၊

Xiaomi သည် ၈ မိနစ်အတွင်း စမတ်ဖုန်းဘက်ထရီ ကို ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်သော 200W အားသွင်းစနစ် ကို ထုတ်လုပ်န.....

AI ထုတ်ကုန် ထုတ်လုပ်မှုမှာ ထိပ်မှာရှိ‌နေတဲ့ China ၊
09/09/2021

AI ထုတ်ကုန် ထုတ်လုပ်မှုမှာ ထိပ်မှာရှိ‌နေတဲ့ China ၊

မေလထဲ တရုတ်ထိပ်တန်း သိပ္ပံပညာရှင်များနှင့် အင် ဂျင်နီယာများအားမိန့်ခွန်းပြောရာ၌ သမ္မတ XiJinping ကတရုတ်သိပ္ပံအသ.....

တရုတ်ပြည်၏ အာကာသနည်းပညာမှာအချိန်တိုအတွင်း အလျင်အဟုန် တိုးတက်လာခြင်းဟာ အမေရီကန်တို့ အ တွက် ခြိမ်းခြောက်မှုများ ဖြစ်လာနေပြ...
09/09/2021

တရုတ်ပြည်၏ အာကာသနည်းပညာမှာအချိန်တိုအတွင်း အလျင်အဟုန် တိုးတက်လာခြင်းဟာ အမေရီကန်တို့ အ တွက် ခြိမ်းခြောက်မှုများ ဖြစ်လာနေပြီလား၊

စာအုပ် _ Daily Reads / Daily Knowledge
Gadget Myanmar - Review Updates & Preview

အာကာသစခန်းအပြီးတွင် တရုတ်သည် ကီလိုမီတာရှည်လျားသော အာကာသယာဉ်တစ်စင်း အတွက်အ စီအစဉ် ရှိ‌နေသည်။ တရုတ်သည် နိုင....

Exynos 2200 ဟာ Snapdragon နဲ့ Apple Bionic chip တို့နှင့်ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တယ်၊Samsung ရဲ့ Exynos 2200 ဟာ စွမ်...
08/09/2021

Exynos 2200 ဟာ Snapdragon နဲ့ Apple Bionic chip တို့နှင့်ပြိုင်ဆိုင်မှု ပြင်းထန်နိုင်တယ်၊

Samsung ရဲ့ Exynos 2200 ဟာ စွမ်းဆောင်ရည်ပိုင်းမြင့်လာတယ်၊

အမေရီကန်အတွက် လာမယ့် Samsung Flagship မှာ
Exynos 2200 soc သုံးပေးဖို့ တောင်ဆိုနေတယ်လို့ သိရတယ်၊



https://dailyknowledge.club/uk/?p=461

EXYNOS 2200 သည် SNAPDRAGON နှင့် APPLE BIONIC CHIP တို့ဖြင့် ယှဉ်ပြိုင်မည့် စွမ်း‌ဆောင်ရည်ဖြင့် လာမည်၊ လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင...

LG Chem မှ Display အပေါ်လွှာမျက်နှာပြင် အမျိုးအစားအသစ် တစ်ခုကို ကြေငြာသွားခဲ့ပါတယ်၊Credit Gadget Myanmar      credit စာအ...
08/09/2021

LG Chem မှ Display အပေါ်လွှာမျက်နှာပြင် အမျိုးအစားအသစ် တစ်ခုကို ကြေငြာသွားခဲ့ပါတယ်၊

Credit Gadget Myanmar credit စာအုပ်

https://dailyknowledge.club/uk/?p=437

LG Chem သည် Real Folding Window နည်းပညာကိုတီထွင်ခဲ့သည်၊ ယနေ့ခေတ် ခေါက်နိုင်သော ဖုန်းများစွာတွင် အဓိက ပြသနာနှစ်ခုရှိသည်၊ ၎င်....

Crypto Top 10 တွင် သတ္တမမြောက်‌နေရာသို့ ခုန်တက်သွားသည့် စျေးကွက်တန်ဖိုး ဒေါ် လာ ၄၁ ဘီလီယံကျော်ရှိလာသည့်  SOL တိုကင် ၊htt...
08/09/2021

Crypto Top 10 တွင် သတ္တမမြောက်‌နေရာသို့ ခုန်တက်သွားသည့် စျေးကွက်တန်ဖိုး ဒေါ် လာ ၄၁ ဘီလီယံကျော်ရှိလာသည့် SOL တိုကင် ၊

https://dailyknowledge.club/uk/?p=390

Solana ၏ Token သည် Crypto Top 10 တွင် သတ္တမမြောက်‌နေရာသို့ ခုန်တက်သွားသည်၊ Solana နှင့် ချိတ်ဆက်ထားသော cryptocurrency blockchain သည် Ethereum ၏ ရေရှည်ပြ...

နောက်ဆိုရင် အလင်းရဲ့ အမြန်နှုန်းနဲ့ အတားအစီးမရှိ အင်တာနက် သုံးရပါတော့မယ်၊  သိပ်မကြာတော့ပါဘူး၊Elon Musk က Starlink သည် အလ...
07/09/2021

နောက်ဆိုရင် အလင်းရဲ့ အမြန်နှုန်းနဲ့ အတားအစီးမရှိ အင်တာနက် သုံးရပါတော့မယ်၊ သိပ်မကြာတော့ပါဘူး၊

Elon Musk က Starlink သည် အလင်းအမြန်နှုန်း ၏ ၉၇% ဖြင့်ဒေတာများကို လွှဲပြောင်းပေးလိမ့်မည်ဟု ဆို သည်၊

စာအုပ် Gadget Myanmar By Myint Myat Thu

ပိုမိုဖတ်ရှုရန်
https://dailyknowledge.club/uk/?p=432

Elon Musk က Starlink သည် အလင်းအမြန်နှုန်း၏ ၉၇% ဖြင့် ဒေတာများကို လွှဲပြောင်းပေးနိုင်မည်ဟု ဆို သည်၊   Starlink သည် မြေပြင်အခြေခံ...

05/08/2021

ဈေးသင့်တဲ့ Laptop ကောင်းတွေထဲက ရွေးချယ်သင့်စရာ Laptop Acer Aspire 5 Review

⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔
🛑အားသာချက်🛑

🛑Budget သမားအတွက် ဈေးသင့်ပြီး စွမ်းဆောင်ရည် ကောင်းမွန်တယ့် CPU။

🛑design နှင့် တည်ဆောက်ထားမှုမှာ အားနည်းချက်များမရှိဘဲ အခြေခံကျတဲ့ backlight နဲ့ ကျေနပ်စရာကောင်းသော keyboard

🛑Ethernet နှင့် USB-C

❌အားနည်းချက်❌

❌All Plastic body သုံးထားခြင်းဟာ ရိုးရှင်း လွန်းလှ တယ်။

⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔⛔

-Acer Aspire 5 ဟာ ရိုးရိုးရှင်းရှင်း ဒီဇိုင်းပါ၀င်တဲ့ သာ မန်သုံး လက်တော့ပ်တစ်ခု ဖြစ်ပါတယ်။

-သူ့မှာ ထူးခြားတဲ့ အင်္ဂါရပ်များ မရှိပေမဲ့ သင့်တင့်သော စျေးနှုန်းနဲ့ ကောင်းစွာ အလုပ်လုပ်ပါတယ်။

-အကယ်၍ သင်ဟာ သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်‌တွေ ပါ၀င်သည့် ပရီမီယံလက်ပ်တော့ပ်များကို အာရုံ စိုက်နေပြီး

-သူတို့ရဲ့‌ ဈေးနှုန်းဟာ သင်နှင့် အလှမ်းဝေးနေလျှင် Acer Aspire 5 သည် သင့်အတွက် ရွေးချယ်စရာ Laptop ကောင်း တစ်ခုအဖြစ် ထည့်သွင်းစဥ်းစားသင့်‌ ပါသည်။

-သင့်တင့်သော စျေးနှုန်းဖြင့် ရိုးရှင်းသော ယေဘုယျသုံး notebook ကောင်း တစ်လုံး ဖြစ်သည်။

-ဒီဇိုင်းပိုင်းအရ ကြီးကြီးမားမား ပြောစရာ မရှိသော် လည်း ports တွေတော့ အများကြီး ပါဝင်ပါတယ်။

-Aspire 5 သည် ဒီဇိုင်းရိုးရှင်းသည် ကောင်းမွန်သည်။

-သို့သော် တောက်ပသော ငွေရောင်အဆင်းရှိပြီး ကွဲပြားခြားနားသော အနက်ရောင် Keyboard နှင့် အဖုံးတွင် ရှိသော တောက်ပသော ငွေရောင် Acer Logo နှင့်

-ကိုယ် ထည် အပေါ်ပိုင်း ၊ အောက်ပိုင်းနဲ့ keyboard deck တို့ကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားသည်မှာ အားမရပေမဲ့ ဒီဈေးနှုန်းမှာ ဒီလို တွေ့ရတာ အံ့အားသင့်စရာတော့ မဟုတ်‌ပါ။

-တအား အပေါစားကြီး မဆန်လွန်းပေမယ့် တကယ့် အလန်းကြီးလိုတော့ ခံစားရမှာမဟုတ်ပါဘူး။

-15.6 လက်မ Display ရှိသော laptop အတွက် အလေး ချိန်ဟာ 4.19 ပေါင် ရှိပါတယ်။

-သူ့လို မျက်နှာပြင် အရွယ်အစားနဲ့ 3.9 ပေါင်သာရှိတဲ့ Vivo book s15 Laptop တွေရှိပါတယ်။

-ဒါပေမဲ့ သူတို့ဟာ အနားသပ်ဘောင်မဲ့တွေနဲ့ လာပါတယ်။

-15.6 လက်မ အရွယ် လက်ပ်တော့ အတွက် 4 ပေါင်ကျော် အလေးချိန်ဟာ သင့်ပါတယ်။

-Aspire 5 ရဲ့ display ပိုင်းဟာ အလွန်ရိုးရှင်းပါတယ်။

-FullHD IPS panel (1920×1080pixel) resolution ဖြစ်ပြီး touch တော့ မရပါဘူး။

-ဒီစျေးနှုန်းမှာ တခြား အသစ်ဆန်းမျော်လင့်စရာ တွေ‌ တော့ မပါဝင်ပါဘူး။

-ရုပ်ပုံ အရည်အသွေး ကောင်းမွန်ပါတယ်၊

-တခြားmainstream laptopတွေလိုတော့ Sharpness ပိုင်းနဲ့ Brightness ပိုင်းဟာ အားမကောင်းတာ‌‌တော့ ရှိပါတယ်။

-ဒါပေမဲ့ သုံးရတာ အဆင်ပြေပါတယ်။ ကြည့်လို့ကောင်းပါတယ်။

-bezels တွေက ပါးလွှာပြီး ကြည့်ကောင်းပါတယ်။
(ထိပ်တန်းစက်မှာလို ပါးလွှာတာမျိုးမဟုတ်ပါ)

-Touchpad ဟာအလွန်ရိုးရှင်းပြီး Backlightingပါတဲ့ ပလတ်စတစ် ခလုပ်တွေ ဖြစ်ပါတယ်။

-ချောချောမွေ့မွေ့ ထိတွေ့ခြင်းနှင့် ထိတွေ့မှုကို ကောင်းစွာတုံ့ပြန်ပါတယ်။

-၁၅.၆ လက်မ အရွယ်လက်ပ်တော့ပ်အတွက် touch pad ဟာ ကြီးမားတယ်လို့ မဆိုနိုင်ပေမဲ့လည်း ဒါဟာ ဖန်တီးသူတို့ရဲ့ အတွေး တစ်မျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

Physical ဆိုင်ရာ တည်ဆောက်မှုမှာ တော့ Port တွေ အများကြီးပါပါတယ်။

ဘယ်ဘက်မှာ USB 3.0 Type-A ports၊ USB Type-C port ၊ HDMI output နှင့် Ethernet jack ကို တွေ့ရမယ်။

ညာဘက်ခြမ်းမှာလည်း USB 3.0 port နဲ့ Headphone Jack Port. တခုစီ ပါပါမယ် ။

⛔(AMD Ryzen 5 Processor 8/256GB ) ဈေးနှုန်းကတော့ အနိမ့်ဆုံး US$ 569.99 က စတင်ပါတယ်။
⛔(AMD Ryzen 7 Processor )US$ 669.99

(ဈေးကတော့ အချိန် နဲ့ဒေသ အလိုက် အနည်း ငယ် ပြောင်းနိုင်ပါတယ်။)(amazon မှာ တင်ထားတဲ့ဈေးပါ)

ကဲ ဒီလောက်ဆို ဈေးသင့်ပြီး ကောင်းမွန်တဲ့ သာမန်သုံး လက်ပ်တော့ကောင်း တစ်လုံးကို ရွေးချယ်စရာ အဖြစ် ထည့်စဉ်းစားနိုင်မယ်လို့ မျော်လင့်မိပါတယ်။

MyintMyat Thu

Super Sunday (Full Review)//အပတ်စဉ် စနေ နှင့် Supersunday နေ့တိုင်း Full Reviewလေး လုပ်ပေးသွားပါမည်။Review ပေးစေလိုတာကို...
05/08/2021

Super Sunday (Full Review)
//အပတ်စဉ် စနေ နှင့် Supersunday နေ့တိုင်း Full Reviewလေး လုပ်ပေးသွားပါမည်။Review ပေးစေလိုတာကို chatbox တွင်ပေးပို့ထားနိုင်သည်။)

သူ့‌ဈေးတန်းမှာ အတန်ဆုံးနှင့် ဘက်ဆုံအကောင်းဆုံးဖုန်း Samsung Galaxy S20 FE (5G) Full Review by MyintMyat Thu

IP rating 68 နှင့် ပြီးခဲ့သည့်နှစ်က စတင်မိတ်ဆက်ခဲ့သော Samsung ၏ Galaxy S20 FE (LTE) သည် wireless charging နှင့်စျေးနှုန်းချိုသာစွာဖြင့် ဈေးကွက်အတွင်း အခိုင်မာပြိုင်ဘက်ကောင်း တစ်လုံး ဖြစ်ခဲ့သည်။

ကျွန်ုပ်တို့၏ စမ်းသပ်မှုအများစုတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်သော်လည်း အားနည်းချက်များ ရှိခဲ့ပါသည်။

၎င်းသည် အသုံးပြုလာရင်း အနည်းငယ်ပူနွေးလာပြီး ဘတ္ထရီသက်တမ်းသည် သာမာန်သာ အသုံးပြုနိုင်သည်။

ယနေ့တွင် လွန်ခဲ့တဲ့ လ အနည်းငယ်ခန့်က ထွက်ရှိသည့် 5G ဗားရှင်း S20 FE (Review) ကိုစတင်ရန် ဆုံးဖြတ်လိုက်သည်။၎င်းကို Galaxy S20 FE 5G ဟုခေါ်သည်။

အခြေခံအားဖြင့် S20 FE (LTE) နှင့် တူညီသောဖုန်းဖြစ်သည်။

Exynos 990 အစား Snapdragon 865 ပရိုဆက်ဆာ (နှင့် X55 5G modem) တို့ပါဝင်သည်။

Qualcomm ပရိုဆက်ဆာသို့ပြောင်းလဲမှုသည် LTE နှင့်အဓိက ကွာတဲ့ အချက်ဖြစ်ပြီး ကျွန်ုပ်တို့ တွေ့ရသည့် LTE ရှိ ချို့ယွင်းချက်များကိုဂရုစိုက်ပြင်ဆင်လာခြင်းဟု ထင်မိသည်။

၂၀၂၁ ခုနှစ်မှာ ဒီစျေးတန်းနဲ့ တစ်နှစ် ရှေ့
က ပရိုဆက်ဆာပါတဲ့ စမတ်ဖုန်းတစ်လုံးကို ရွေးချယ်ခြင်းဟာ အဓိပ္ပာယ်ရှိရဲ့လား ဆိုတာကြည့်ကြစို့!

Samsung Galaxy S20 FE 5G စျေးနှုန်းကိုရူပီး 50000 ဝန်းကျင် တန်ဖိုးသတ်မှတ် ထားပြီး မြန်မာငွေ 10 သိန်းဝန်ကျင့်ဖြစ်သည်။
(အချိန်နှင့် အမျှ ဈေးကွာနိုင်သည်။)

4G model နှင့်မတူဘဲ ၎င်းသည် 8GB RAM + 128GB ဖြင့်ရရှိနိုင်သည်။

အရောင်အားဖြင့် Cloud Navy၊ Cloud Mint နှင့် Cloud Lavender ဆိုပြီး ရွေးချယ်နိုင် သည်။

OnePlus 9 , ASUS ROG Phone 5 နှင့် Vivo X60 Pro တို့နှင့် ဈေးနှုန်းခြင်း တူပြီး S20FE 5Gသည် အခိုင်မာ ယှဉ်ပြိုင်ဘက် အဖြစ်ရှိနေ သည်။

⛔ဒီဇိုင်းပိုင်း အရ Galaxy S20 FE 4G နှင့် 5G မော်ဒယ်များ အကြား ပြောင်းလဲမှုမရှိပါ။

4G model နှင့်တူညီစွာ ညာဘက်တွင် ပါဝါနှင့်အသံခလုတ်များပါ၀င်သည်။

Main Speaker ကို USB Type-C port ၊ Mic နှင့်အတူ အောက်ခြေတွင် ထားရှိသည်။
နားကြပ်‌ပေါက်ပါရှိပြီး ကြည်လင်သော စတီရီယိုအသံကို ပေးစွမ်းနိုင်သည်။

အလုံးစုံ ခြုံကြည့်လျင် ဒီဇိုင်းသည် သန့်ရှင်းပြီးရိုးရှင်းသည်။ အနောက်ဘက်တွင် ဖုန်းအရောင်နှင့်လိုက်ဖက်သည့် ကင်မရာပါရှိသည်။

Galaxy S20 FE 5G သည် သတ္တု Frame နှင့် နောက်ဖက်ပိုင်းသည် ပလပ်စတစ်ဖြင့် ဖြစ်ပြီး
အနောက်ဘက်ရှိ မျက်နှာပြင် လေးဘက်လုံး ချောချောမွေ့မွေ့ ကွေးထားခြင်းသည် Premium လို ခံစားရစေသည်။


Galaxy S20 FE 5G သည် 4G ကဲ့သို့ ဖုန်မှုန့်နှင့် ရေစိုဒဏ်အတွက် IP68 rating ပါရှိခြင်းမှာ ပြိုင်ဘက်စမတ်ဖုန်း (သူ့ဈေးတန်း)က မပေးနိုင်ပါ။

Samsung Galaxy S20 သည် အခြေခံအား ဖြင့် တစ်နှစ်သားသာ ရှိသေးသည့် Qualcomm Snapdragon 865 ပရိုဆက်ဆာကို သုံးထားပြီး 5G စမတ်ဖုန်း ထုတ်လုပ်သူ အားလုံးနီးပါးရဲ့ ထင်ရှားသော ပရိုဆက်ဆာကောင်း ဖြစ်သည်။

စျေးနှုန်းက သင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် Galaxy S20 FE 5G သည် ဤစျေးတန်းရှိ အခြားစမတ်ဖုန်းများ၌ မပါသည့်အင်္ဂါရပ်များကို ပေးထားသည်။

IP68 ပါရှိခြင်းက သင့်စမတ်ဖုန်းကို ရေကူးကန်ထဲ နှစ်မြုပ်ရန် ခွင့်ပြုမှာဖြစ်ပြီး 15W Wireless charging စနစ်သည် အတော်လေးအဆင်ပြေပါသည်။ အခြားစမတ်ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများကို 4.5W ဖြင့်ပင် ပြန်လည်အားသွင်းနိုင်သည်။

ဤအင်္ဂါရပ်များသည်အသုံးပြုသူအများစုအတွက်လိုအပ်ချက်များအဖြစ် မသတ်မှတ်နိုင်သော်လည်း ၎င်းတို့သည် စမတ်ဖုန်း၏ အရည် အသွေးမြင့်မားခြင်းနှင့် Premium စေသည်။

Galaxy S20 FE 5G သည် Android 11 ကိုအခြေခံထားသည့် One UI 3.1 ကိုအသုံးပြုထားသည်။

120HZ refresh rate display ဖြင့်ပေါင်းစပ်ထားသော Galaxy S20 FE 5G သည် နေ့စဉ်နေ့တိုင်း အသုံးပြုမှုအတွက် စိတ်ကျေနပ်မှု ဖြစ်စေ သည်။

မူရင်းအက်ပ်များ၊ Third Party အက်ပ်များကို ဖွင့်သည့်အခါ သို့မဟုတ် အက်ပ်နှစ်ခုကြား အ ကူး အပြောင်းပြုလုပ်ချိန်တွင် အတားဆီးမရှိ အလွန်လျင်မြန်သည်။

ကြိုတင်ပါရှိသည့် Samsung အက်ပ်များစွာရှိသည်။ ၎င်းဖုန်းတွင် Microsoft နှင့် Facebook တို့၏ Third Party app များပါ၀င် သော်လည်း Samsung App, Samsung Menmbers, Samsung Global Goals, Notes, Internet စသည့် Samsung app များနည်းတူ မလိုအပ်ပါက ဖယ်ထုတ်နိုင်သည်။

6.5 လက်မ Super AMOLED မျက်နှာပြင်သည် ပုံမှန် Vivid screen mode တွင် အလွန် အကျွံ အရောင်များ ဖော်ပြသည်။ Natural သို့ပြောင်းလျင် ၎င်းထက် အရောင်များသည် မှိုင်းနေသော်လည်း ပို၍ ကြည့်ကောင်းသည်ကို သတိ ပြုမိသည်။

FHD + resolution သည် ကြည်လင်ပြတ်သားပြီး 407ppi ပါရှိသည်။ စာသားများ၊ ရုပ်ပုံများနှင့်ဗီဒီယိုများသည် အလွန်ပြတ်သားသည်။အိမ်အတွင်း အရောင်တောက်ပမှုသည် လုံလောက်မှုရှိသော်လည်း မွန်းလွဲပိုင်း နေရောင်အောက်တွင်မျက်နှာပြင်မှာ ရှင်းလင်းစွာမြင်နိုင်စွမ်းမရှိပါ။

Samsung က HDR အကြောင်းနဲ့ပတ်သက်ပြီး‌ေတာ့ အသေးစိတ်ဖော်ပြမထားပါဘူး။

display settings တွင် screen ၏ refresh rate ကိုချိန်ညှိနိုင်သည်။ 60HZ (ကြာရှည်သော battery သက်တမ်းအတွက်) သို့မဟုတ် 120HZ (ချောမွေ့သောအတွေ့အကြုံအတွက်) သတ်မှတ်နိုင်သည်။

Review ပြုလုပ်စဥ်ကာလအတွင်း ကျွန်ုပ်သည် ပုံမှန်အားဖြင့် 120HZ တွင် display ကို ထား‌ထားပြီး HD video Loop တွင် စမ်းသပ်ကြည့်ရှုရာ ကြာချိန် 18 နာရီနှင့် 20 မိနစ်ခန့်ရှိသည်မှာ အဆင့်မြင့် စမတ်ဖုန်း ကဲ့သို့ပင်ဖြစ် သည်။

4500 mAh ဘက်ထရီ အတူတူ၌ပင် Exynos မော်ဒယ်သည် ဗီဒီယို စမ်းသပ်မှုမှာ 12 နာရီနှင့် 40 မိနစ်ကြာ သာရှိခဲ့ပြီး အနည်းငယ်နိမ့်သည်။

ပုံမှန်အသုံးပြုမှုတွင် ပုံမှန်အားဖြင့် တစ်နေ့လျှင် ၂၀-၃၀ ရာခိုင်နှုန်းခန့်သာ ကျဆင်းခဲ့ပြီး အထင် ကြီးစရာဖြစ်သည်။

15W charger ပါသော FE 5Gဘက်ထရီသည်မိနစ် 30 တွင် 33 ရာခိုင်နှုန်း၊ တစ်နာရီတွင် 51 ရာခိုင်နှုန်းနှင့် 1 နာရီနှင့် 38 မိနစ်တွင် ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်သည်။

စမတ်ဖုန်းသည် 25W အားသွင်းနိုင်သည်။ သို့သော် 25W charger ကို ၀ယ်ရမည်။

Qualcomm Snapdragon 865 သည် တစ်နှစ်ရှိပြီဖြစ်သော်လည်း ပုံမှန်အလုပ်များ၊ ဂိမ်းများ နှင့် ပတ်သက်လျှင် စိတ်ချရသော စွမ်းဆောင်ရည်မြင့် စွမ်းဆောင်ရည်ကို ပေးစွမ်းသည်။

ကျွန်ုပ်တို့၏စမ်းသပ်မှုများတွင် Exynos 990 ပါရှိသော Galaxy S20 FE ထက် FE 5G ဖုန်းသည် အသုံးပြုရ ပိုမိုကောင်းမွန်သည်။

Geekbench ၏ single-core နှင့် multi-core Results မှာ 560 နှင့် 3166 အသီးသီးဖြစ်ပြီး AnTuTu ကရမှတ် 641018 ရှိသည်။ရလာဒ် ဟာ Exynos-based တို့ထက် ပိုမိုမြင့်မားသော်လည်း Snapdragon 888 သုံး စမတ်ဖုန်းများမှ ကျွန်ုပ်တို့တွေ့ခဲ့ရသည့် စွမ်းဆောင်ရည်များထက်‌ နိမ့်သည်။

Asphalt 9: Legends သည် ချောချောမွေ့မွေ့ကောင်းမွန်စွာ အလုပ်လုပ်နိုင်ပြီး Graphic ဟာအရည်အသွေးမြင့်မားပြီး 60fps mode ဖြင့်အ သုံးပြုနိုင်သည်။

ဂိမ်းကစားနေစဉ်အတွင်း ဖုန်းက အနည်းငယ်ပူသလိုဖြစ်ပြီး Snapdragon 865 သည် Call of Duty: Mobile ကဲ့သို့သော ဂိမ်းကို ဂရပ်ဖစ်အနေနှင့် ကိုင်တွယ်နိုင်သည်။ ဤဂိမ်းသည်အ လွန်မြင့်မားသော Graphics နှင့် Frame နှုန်းဖြင့် ဖန်တီးထားသည်။

touch sensitivity ပြဿနာ အချို့ကိုသတိပြုမိလိုက်ပြီး တိကျမှန်ကန်မှု လိုအပ်သော မြင့်မား သော ဂိမ်းများတွင်တွေ့ကြုံရသော တိကျမှုကိုလျော့ကျစေသည်။

Call of Duty: Mobile ကိုဖွင့်သည့် အချိန်၌ သိသာထင်ရှားသည့် နှောင့်နှေးမှုများရှိခဲ့ပြီး 120HZ မျက်နှာပြင်သည် ပစ်မှတ်ကို တိတိ ကျကျ မရည်ရွယ်နိုင်ခြင်းကြောင့် စမ်းသပ်ခြင်းကာ လအတွင်း ကစားခဲ့သောပွဲအများစုကို ရှုံးခဲ့သည်။

ကင်မရာပိုင်းတွင် camera setup သည် LTE model နှင့် အတူတူပင် ဖြစ်သော်လည်း Processor မတူညီသောကြောင့် ရလဒ် မသိမသာလေး ပိုသာနိုင်သည်အထင်ဖြင့် စမ်းကြည့်ရာ ရလဒ်များသည် 4G မော်ဒယ် ၌တွေ့မြင်ရတာနှင့် များစွာကွာခြားမှု မရှိပါ။

နောက်ဘက် တွင် 12-megapixel f / 1.8 wide-angle ကင်မရာ၊ 8-megapixel f / 2.4 telephoto camera (3X optical zoom) နှင့် 12-megapixel f / 2.2 ultra-wide camera တို့ပါ ၀ င်သည်။

Selfies ကို 32 megapixel f / 2.2 ကင်မရာဖြင့် 8-megapixel ပုံများရိုက်ကူးနိုင်သည်။

ကင်မရာUI သည် UI 3.1 သုံးသောအခြား Samsung ဖုန်းများနှင့်အတူတူပင်ဖြစ်သည်။ အလွယ်တကူ ကြည့်ရှုနိုင်သည့် aspect ratio, timer နှင့် flash ချိန်ညိခြင်း default mode များကို စိတ်ကြိုက်ပြုပြင် အသုံးပြုနိုင်သည်။

video resolution ကို နှစ်ချက်ထိရုံဖြင့် ပြောင်းနိုင်သည်။ အတော်လေးအဆင်ပြေပါသည်။ Viewfinder ကို ၁၀ မိနစ်ခန့်ကြာအောင် ထားသည့် အခါ ကင်မရာ module အနီးရှိ နောက် ကျောဘောင်သည် အနည်းငယ်ပူလာသည်။ သို့ သော် ကင်မရာအက်ပ်မှထွက်သွားသည်နှင့် ချက် ချင်းအေးသွားသည်။

အားလုံးခြုံငုံသုံးသပ်ရလျင် Samsung ၏ Galaxy S20 FE 5G သည် သူ့ဈေးတန်းတွင် အတန်ဆုံး ဖုန်းတစ်လုံးဖြစ်ပြီး Premium Flagship ဖုန်း သုံးနေသလို ခံစားမှုကို ပေးစွမ်းနိုင်ပါသည်။

Gadget Myanmar

⏭️ Gadget Myanmar စမတ်ဖုန်း Full Review Xiaomi Mi 11X ဟာ ဈေးနှုန်းအသင့်အတင့်နဲ့ flagship level smartphone ဖြစ်ပါတယ်၊Affo...
05/08/2021

⏭️ Gadget Myanmar စမတ်ဖုန်း Full Review

Xiaomi Mi 11X ဟာ ဈေးနှုန်းအသင့်အတင့်နဲ့ flagship level smartphone ဖြစ်ပါတယ်၊

Affordable Flagship မှာ ဝယ်ဖို့ ရွေးချယ်သင့်တဲ့ ဖုန်း‌ တစ်လုံးအဖြစ် လုံးဝ စဉ်းစားသင့်ပါတယ်၊

ဒီကနေ့ မှာတော့ affordable flagship smart phone Xaiomi Mi 11X ကို Full Review ပေးသွားပါမယ်၊

ကျွန်တော် မြင့်မြတ်သူပါ ၊ Review စရအောင် ခင်ဗျား၊

Xiaomi ဟာ သူ့ရဲ့ ဘတ်ဂျက်ဖုန်း‌တွေဖြစ်တယ့် Redmi တွေနဲ့ နာမည်ကြီးလာတယ်၊ ၂၀၂၀ မှာ Xiaomi ဟာ Mi 10 series နှင့်အတူ ပရီမီယံဖုန်းနေရာကို ၀င်လာတယ်၊

၂၀၂၁ ခုနှစ်မှာ ကုမ္ပဏီဟာ flagship ဖုန်းသစ် သုံးမျိုးဖြစ်တယ့် Mi 11X, Mi 11X Pro ၊ Mi 11 Ultra တို့ကို ဖြန့်ချီလာခဲ့ပါတယ်၊

Mi 11X ဟာ စျေးသက်သာတယ့် flagship ဖုန်း‌ တွေထဲမှာ ဈေးအသက်သာဆုံး ဖုန်းဖြစ်ပြီး စွဲမက်ဖွယ်ကောင်းတယ့် specs တွေ ပါဝင်ပါတယ်၊ Xiaomi Mi 11X ဟာ ၆ သိန်းခွဲ ဝန်းကျင်ဈေးတန်းဖြင့် OnePlus Nord, iQoo 7, Pixel 4a နှင့် Realme X7 Pro တို့နဲ့အပြိုင်‌ဈေးကွက်ထဲ ဝင်လာတယ် ၊

အတိုချုပ် သုံးသပ်မှုမှာတော့

Mi 11X ဟာ၂၀၂၁ Mid-range ဖုန်းတစ်လုံးမှာ အောင် မြင်ဖို့ ရှိသင့်ရမယ့် အရည်အသွေး အားလုံးနဲ့ ပြည့်စုံပြီး စွဲမက်ဖွယ်ကောင်းတဲ့ ဖုန်း ဖြစ်တယ်၊

2021 အတွက် စျေးအသက်သာဆုံး flagship ဖုန်းဖြစ်တယ့် Mi 11X ဟာ 120HZ refresh rate နဲ့ အတော်ကို ကောင်းမွန်တဲ့ Samsung E4 AMOLED panel ပါဝင်ပါတယ်၊ ၇ သိန်းအောက် တွေ့ဖူးသမျှ စမတ်ဖုန်းတွေထဲကအကောင်းဆုံး Display ဖြစ်တယ်၊

Hardware နဲ့ ပတ်သက်ပြီး Qualcomm Snapdragon 870 Processor က ခိုက်မိစေပါတယ်၊ Chipset ကို LPDDR5 RAM နဲ့ UFS 3.1 storage တို့ တွဲပေးထားတာကြောင့် နေ့စဉ်အသုံးပြုမှုပိုင်းမှာ ချောမွေ့‌နေစေမှာပါ၊ စိုးရိမ်မိစရာ တစ်ခုက ဖုန်းဟာ ဂိမ်းကစားနေရင်း အပူရှိန် အတော်ပြင်းလာတတ်ပြီး update အသစ်နဲ့ ပြုပြင်လာမလား ဆိုတာကို စောင့်မျှော်ရမှာပါ၊

စျေးနှုန်း သက်သာတဲ့ flagship ဖုန်းတိုင်းလိုလိုမှာ အား နည်းချက်‌တွေ ပါ၀င်‌နေကျအတိုင်း Mi11X မှာလည်းအားနည်းချက်တွေ ရှိပါတယ်၊

ဟုတ်ပါတယ်ခင်ဗျား၊

အပေါ်မှာ ပြောခဲ့တယ့်အတိုင်း စွဲမက်ဖွယ်ရာ အင်္ဂါရပ်တို့နဲ့တကွ Mi 11X ဟာ ကင်မရာပိုင်းပျမ်းစွမ်းဆောင်ရည်မှာတော့ အားရစရာမဖြစ်ပါဘူး အားနည်းပါတယ်၊ But Macro camera ကတော့ Display Performance ပိုင်းမှာ အ‌တော်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပေးပါတယ်၊

MIUI 12 ဟာ တချို့ bugsတွေတွေ့ရတတ်ပြီး ပြီးပြည့်စုံတယ့် software တစ်ခု‌တော့ မဟုတ်ပါ၊

ဘက်ထရီ သက်တမ်းဟာ တခြား အထင်ကရဖုန်းတွေနဲ့ တန်းတူ ဖြစ်ပေမဲ့လည်း အားသွင်းမြန်နှုန်းမှာ အကောင်းဆုံးထဲက မဟုတ်ပါ၊

Xiaomi Mi 11X ဟာ ၂၀၂၁ ရဲ့ ဈေးကြီးတဲ့ flag ship ဖုန်းတစ်လုံးမှာ ကျွန်တော်တို့မျှော်လင့်ထားတဲ့ အရာတိုင်းနီးပါး ပေးထားပါတယ်၊

Xiaomi Mi 11X ရဲ့ ဈေးနှုန်းဟာ 6GB RAM နဲ့ 128GB ကို မြန်မာ‌‌ငွေ 660000 ဝန်းကျင် တန်ဖိုးရှိတယ့် အိန္ဒိယရူပီး 29999 နဲ့ရောင်းချနေပြီး

8GB +128GB ဗားရှင်းကို မြန်မာငွေ 710000 ခန့်နဲ့ ညီမျှတယ့် ရူပီး 31999 နဲ့ ရောင်းချနေပါတယ်၊

Design ပိုင်း

Xiaomi Mi 11X ဟာ မြင်မြင်ချင်းကို အတော်လေး စွဲမက်စရာ ကောင်းပါတယ်၊

ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ရင် Mi11X ဟာ၂၀၂၁ Flagship phone တွေရဲ့ဒီဇိုင်းအတိုင်း၊သေးငယ်တဲ့ bezel ၊ အလယ်တည့်တည့်မှာ မြှပ်ထားတဲ့ punch-hole camera ၊ frosted glass design အပြင် ခန့်ခန့်လေး ပေါ်လွင်‌နေ‌ စေတဲ့ Rear camera setup ၊ တို့နဲ့ ဖန်တီးထားပါတယ်၊

Celestial Silver, Lunar White နဲ့ Cosmic Black ဆိုပြီး အရောင် သုံးရောင် ရွေးချယ်နိုင်ပါတယ်၊

Black ဗားရှင်းကတော့ မြင်မြင်ချင်း လှပပြီးစွဲမယ်စရာ‌ ကောင်းပေမဲ့ လက်ဗွေရာတို့၊ အစွန်းအထင်တို့ မဖြစ်အောင် သတိထားပြီး ကိုင်ရမှာပါ၊ ဖုန်းရဲ့ နောက်ကျောဟာ တောက်ပပြီး မှန်တစ်ချပ်နဲ့ တူနေတယ်၊ အနောက်ဘက်က Frosted glass ဟာ ဘာဒီဇိုင်း texture မှ မရှိပဲ ရိုးရှင်း‌နေတယ်၊ ကျွန်တော် ခဏ သုံး‌နေချိန်မှာ‌တောင် ဖုန်းရဲ့နောက်ကျောကို soft tissue နဲ့ခနခန ရှင်း‌‌ပေးနေရတယ်၊

Celestial Silver နဲ့ Lunar White တွေ က Cosmic Black နဲ့ ယှဉ်ရင် ပိုကြည့်ကောင်းတယ်လို့ ကျွန်တော် မြင်မိတယ်၊ Celestial Silver ဟာ အရောင်တစ်ခုစီကို ရှုထောင့်တနေရာစီက‌နေ အရောင် ပြောင်းလဲစေပြီးမျက် စိ အေး‌စေတယ်၊

Mi 11X ဟာ အလေးချိန် 196 gram ရှိပြီး အထူ 7.8 mm သာ ရှိတယ်၊ အိတ်ထဲထည့်ဖို့နဲ့ လက်မှာ ကိုင်ရတာ လွယ်ကူတယ်၊ ကိုင်ရတာ အတော့်ကို ကောင်းတယ်၊

ဖုန်းရဲ့ ညာဘက်မှာ မြင်နေကျနဲ့မတူပဲ Finger print scanner ကို‌ Power ခလုတ်ထဲ ပေါင်းထည့် ပေးထားတယ်၊

ပါဝါ ခ လုတ်ရဲ့ ထိပ်မှာ Volume rocker ရှိတယ်၊ အ ပေါ်ဘက်မှာတော့ ၊ speaker ပေါက် ၊ IR blaster တို့ပါဝင်ပြီး အောက်ခြေပိုင်းမှာ SIM tray, Type -C port နဲ့ Loud speaker တို့ ပါဝင်တယ်၊

ဖုန်းရဲ့ အရှေ့ဘက်ပိိုင်းဟာ selfie ပတ်ပတ်လည် လက် စွပ်ပုံစံမျိုးနဲ့ punch- hole camera ပါတဲ့ Display ကလွမ်းမိုးထားပါတယ်၊ ဖုန်းကို Corning Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်၊ IP53 က ဖုန်မှုန့်နဲ့ ရေစိုတာကို ကာကွယ်ထားတယ်၊

Display ပိုင်း

Xiaomi Mi 11X ရဲ့ Display ဟာ အတော်ကို ကောင်းမွန်ပြီး ဒါဟာ Mi 11X ရဲ့အဓိက ထူးခြားတဲ့ အချက်‌တွေထဲက တစ်ခုဖြစ်တယ်၊ Mi 11X မှာ ကျွန်တော်တို့ဟာ Samsung ရဲ့ E4 AMOLED panel ကိုရရှိမှာပါ၊ ဒါ့အ ပြင် 120HZ screen refresh rate, 360HZ touch sampling rate နဲ့ Brightness unit 1300 ထိ ပါရှိပါတယ်၊

6.67 လက်မ Full HD+ resolution display မှာ Wide vine L1 ထောက်ခံချက် ရထားတဲ့ HDR content နဲ့ VDO ကို ကြည့်ရှုနိုင်ပါတယ်၊

လက်ရှိ စျေးအနည်းဆုံး E4 AMOLED panel ပါတဲ့ ဖုန်းဖြစ်တယ်၊ E4 AMOLED ဟာလက်ရှိ ဖုန်း‌တွေအတွက် အကောင်းဆုံး screen panel ဖြစ်နိုင်တယ်၊ နောက်ဆုံးမျိုးဆက်နဲ့ ယှဉ်လိုက်ရင် ပါဝါသုံးစွဲမှုကို ၁၅% ထိ လျှော့ ချပေးပြီး frame rate content အတွက် MEMC ပါ၀င်တယ်၊

Mi 11X ရဲ့ panel ဟာ ကျွန်‌တော်တို့ တွေ့ထားသမျှ အ ကောင်းဆုံး displayတွေထဲက တစ်ခုဖြစ်တယ်၊ စိုပြေတက်ကြွတဲ့ အရောင်အသွေး စုံလင်စွာပါရှိပြီး၊ color balance မျှတမှုရှိတယ်၊ display ကို setting မှာ ချိန်ညှိနိုင်ပြီး သာမန်ထက် အရောင်က over saturated ရှိပါတယ်၊ ရုပ်ရှင်ကြည့်တဲ့အခါ အမဲရောင်ဟာ နက်ရှိုင်းလှပြီး dual stereo speaker အသံနဲ့ကြည့်နေရတယ့် အရ သာဟာ ရုပ်ရှင်ရုံထဲ ရောက်နေသလိုပဲ ခံစားရတယ်၊

Indoor outdoor အခြေအနေ နှစ်ခုစလုံးမှာ စာ‌တွေကြည့်လို့ အတော်ကောင်းပါတယ်၊ ဘာ ပြဿနာမှ မရှိဘူး၊ ဒါပေမဲ့ Brightness ကို 100 % ထားပြီး auto- brightness ကို ပိတ်လိုက်ရင်၊ ဖုန်းရဲ့ Brightness ကို 10/15 စက္ကန့် ထက် ပိုကြာအောင်မထားနိုင်ဘူး၊ ဒါ့ကြောင့် Auto brightness ထားတာက အဆင်ပြေဆုံးပါ၊ ဖုန်းပူတာများလာရင် Brightness ဟာသူ့ဟာသူ မြင့်လာ တတ်ပါတယ်၊ ဒါဟာ Bugs ကြောင့်ဖြစ်နိုင်ပြီး လာမယ့် Update မှာ ပြင်သွားဖို့များပါတယ်၊

Mi 11X မှာ E4 AMOLED panel ကို ကျွန်‌တော်အတော်လေး သဘောကျပြီး Brightness နဲ့ ၊ တချို့ 120hZ refresh မှာရှိတဲ့ ပြဿနာတွေဟာ update နဲ့ ဖြေရှင်းနိုင်မှာဖြစ်ပြီး ဒီလို display panel ဟာ မြန်မာငွေ 7 သိန်းအောက် ဖုန်း‌တွေထဲမှာ အကောင်းဆုံး ဖြစ်ပါတယ်၊

စွမ်းရည်ပိုင်း

Mi 11X ဟာ Snapdragon 870 processor ပါတဲ့ စျေးအသက်သာဆုံးဖုန်း ဖြစ်ပြီး iQoo 7 ထက်ကို သက်သာပါတယ်၊ octa -core processor ဖြစ်ပြီး clock speed 3.2GHZ အထိပါရှိတယ်၊ 7nm ပေါ်အခြေခံပြီး X55 5G modem ပါဝင်တယ်၊

Graphics နဲ့ Gaming အတွက် Adreno 650 GPU ပါ ရှိပါတယ်၊ 6 နဲ့ 8GB LPDDR5 RAM ကို 128GB UFS 3.1 storage နဲ့တွဲပြီးရရှိနိုင်တယ်၊ microSD ကဒ် slot တော့ မပါရှိပါ၊

Snapdragon 870 chip ဟာ အတော်လေးစွမ်းဆောင်ရည်ကောင်းတဲ့ hardware တစ်ခုဖြစ်ပြီး ဘယ်‌နေရာမှာမဆို ကောင်း‌ကောင်း လုပ်ဆောင်နိုင်တယ်၊ Application တွေအားလုံး နဲ့ Ul အားလုံးဟာ processor ကြောင့်လျင် မြန်ချောမွေ့စွာ အလုပ်လုပ်ပါတယ်၊

ဂိမ်းတွေ အားလုံးကို ကောင်းကောင်း ကစားနိုင်ပေမဲ့ ဖုန်းကတော့ တအားပူတတ်ပါတယ်၊ စွမ်းဆောင်ရည်ပိုင်းမှာ အပြစ်တစ်ခုမှ မတွေ့ရပေမဲ့ ဖုန်းဟာပုံမှန် အသုံးပြုနေရင်တောင် လျင်မြန်စွာ ပူလာပြီး ၁၀ မိနစ်ကျော်လောက် ဂိမ်းကစားရင် အတော်လေးကို ပူလာပါတယ်၊ ပူတယ့် ပြ ဿနာကလွဲပြီး Mi 11X ဟာ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးပြောစရာမရှိ အပြစ်ကင်းပါတယ်၊ တခြားဘာပြဿညနာမှ မတွေ့ရပါဘူး၊

ကင်မရာပိုင်း

Xiaomi Mi 11X မှာ 48MP (Sony IMX582) main camera, 8MP ultra-wide lens နဲ့5MP macro shooter တို့ပါဝင်တဲ့ Triple camera setup နဲ့ လာပါတယ်၊ Selfie ကို 20MP punch-hole ထည့်ပေးထားတယ်၊ အဓိက ကင် မရာက သင့်တင့်ကောင်းမွန်တဲ့ ပုံကိုဖမ်းယူနိုင်ပြီး macro ကင်မရာကတော့ အထင်ကြီးစရာကောင်းလောက်တာ ထက်ကို ကောင်းပါတယ်၊ 4K VDO ကို 60fps တော့ မရိုက်ကူးနိုင်ပါ၊

48MP Sony IMX582 ပင်မ ကင်မရာဟာ အ လင်းအားကောင်းတဲ့ နေ့အချိန်မှာ ကောင်းမွန်တဲ့ ပုံတချို့ကို ရိုက်ယူနိုင်ပေမဲ့လည်း dynamic range ပိုင်း ကြည့်ရင် အရောင်အလွန်အကျွံ ရှိပါတယ်၊ ညအချိန်မှာဆို ပိုဆိုးပါတယ်၊ Night mode က‌တော့ပိုမိုတောက်ပပြီး မှန်ကန်တဲ့ exposure ဟာ ပုံကောင်းရဖို့ အတိုင်းအတာတစ်ခု အထိ အထောက်အကူ ပေးပါတယ်၊

ရှင်းရှင်းပြောရရင် ကင်မရာပိုင်းကတော့ သဘောမကျပါ ၊

5MP Macro ကင်မရာကတော့ ကင်မရာ အား လုံးထဲမှာ အကောင်းဆုံးဖြစ်တယ်၊ 2X Zoom ထိရရှိနိုင်ပြီး ပြတ် သားတဲ့ ရိုက်ချက်ကိုအနီးကပ် ဖမ်းယူနိုင်တယ်၊ အလင်းအာရုံခံအားလည်း အ‌ တော် တိကျတယ်၊

20MP selfie ကင်မရာ ကတော့ ပုံမှန်ပါပဲ၊ ဗီဒီယိုကို 4k @ 30fps အထိ ရိုက်ကူးနိုင်ပြီး ကင်မရာ module မှာ မိုက် တစ်ခု ပါပါတယ်၊ အသံ ကောင်းကောင်းနဲ့ အမြန်ရိုက်ကူးဖို့ လိုအပ်သူ‌တွေအတွက် စိတ်ပျက်မှုကို မဖြစ်စေဘူး၊

ခြုံငုံ သုံးသပ်တဲ့အနေနဲ့ Xiaomi Mi 11X ဟာကျွန်တော်တို့ကို ကင်မရာပိုင်းမှာ အထင်ကြီးစရာ မပေးထားတာကတော့ သေချာတယ်၊ ကင်မရာကို ဦးစားပေးတဲ့ သူဖြစ်ရင်တော့ ဒီဈေးတန်းမှာ Pixel 4a ၊ iQoo 7 တို့ကို ရွေးချယ်သင့်ပါတယ်၊

ဘက်ထရီပိုင်း

Xiaomi Mi 11X ကို 33W Fastcharging စနစ် ထောက် ပံ့ထားတဲ့ 4,520mAh battery နဲ့ စွမ်းအား ပေးထားတယ်၊ 19 မိနစ် မှာ 50 ရာခိုင်နှုန်းအထိ သွင်းနိုင်ပြီးအား အပြည့်သွင်းဖို့ 51 မိနစ်ခန့်ကြာတယ်၊ ဒါကတော့Xaiomi ကပြောထားတာ ဖြစ်တယ်၊

လက်တွေ့မှာက 10 မိနစ်‌ နီးပါးလောက် ပိုသွင်းရပါတယ်၊

ဘက်ထရီသက်တမ်းနဲ့ ပတ်သက်ပြီး ဂိမ်း 1 နာရီ၊ ကျန်တာ ဆိုရှယ်မီဒီယာ၊နဲ့ app တို့ကို 5 နာရီ ၊ 6 နာရီ လောက် သုံးနိုင်မှာဖြစ်တယ် ၊

ဒီထက်မြန်တဲ့ အားသွင်းစနစ် ထည့်ပေးသင့်တယ်လို့ မြင်မိတယ်၊ 3 သိန်းဝန်းကျင် Redmi Note 10 တောင် 65W Fastcharging ပါ ပါတယ်၊

အားလုံးဟာ Xiaomi Mi 11X မှာ တော်တော်အ ဆင်ပြေပြီး ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်၊ ဘေးဘက်မှာ Finger print scanner ပါရှိပြီး Face unlock လည်းအသုံးပြုနိုင်ပါတယ်၊

စပီကာနှစ်လုံးတပ်ဆင်ပြီး မိုက်ခရိုဖုန်း သုံးလုံးပါ၀င်ပါတယ်၊ စပီကာတွေဟာ ကောင်းမွန်ပြီး မိုက်ခရိုဖုန်းဟာ အသံထုတ်ယူမှုမှာ အတော့်ကို ကောင်းပါတယ်၊ Dolby Atmos၊ Hi-Res အသံတို့ ထောက်ပံ့‌ပေးထားတယ်၊ IR Blaster၊ dual- frequency GPS, X-axis linear vibration motor တို့လည်း ပါရှိပါတယ် ၊

⏭️ Mi 11X ကို ဝယ်သင့်သလား မေးရင်တော့၊

✅ဘယ်သူတွေ ဝယ်သင့်လဲဆိုရင်

✅အရမ်းကောင်းတဲ့ screen လိုချင်ရင်

Samsung E4 AMOLED panel ဟာ ဒီစျေးတန်းမှာ ကျွန်တော်တို့မြင်ဖူးတဲ့ screen တွေထဲ အကောင်းဆုံးပါ ၊ 120HZ refresh rate နဲ့ ပေါင်းစပ်ထားတာဟာ flagship ဖုန်းတစ်လုံးမှာ အကောင်းဆုံး ရနိုင်တဲ့ Display ပဲ ဖြစ်တယ်၊

✅အဆင့်မြင့် စွမ်းဆောင်ရည်ပိုင်း လိုချင်ရင်

Snapdragon 870 ဟာ app တို့ ၊ ဂရပ်ဖစ် ပါ
တဲ့ဂိမ်းတို့ကို ကောင်းမွန် ချောမွေ့စွာ ကိုင်တွယ်နိုင်ပါတယ်၊

✅macro lens ကောင်းကောင်းပါတာ လိုချင်ရင်

Flagship ဖုန်းတစ်လုံးမှာတောင် 2MP macro ပါတဲ့ဖုန်းတွေမှာ သိပ်အသုံးမဝင်တာကို တွေ့ရပါတယ် ၊ Xiaomi Mi 11X ရဲ့ 5MP macro shooter ဟာ 2x magnification ပါဝင်တဲ့အ ကောင်းဆုံး အဆင့်မြင့် Macro ကင်မရာတွေ ထဲက တစ်ခုဖြစ်တယ်၊ အနီးကပ်ရိုက်ချက်များကို ကောင်းမွန်စွာ ဆွဲနိုင်ပါတယ်၊

❎ဘယ်သူတွေ မဝယ်သင့်ဘူးလဲ ၊

❎အားသွင်းမှု မြန်ဆန်တဲ့ ဖုန်းကိုလိုချင်သူ

သူ့ဈေးတန်းနဲ့ သက်သာတယ့်‌ဈေး တန်းမှာတောင် 50W နှင့် 65W charging ပါတဲ့ဖုန်းကို မြင်ရပါတယ်၊Mi11 X မှာ 33W သာပါပါတယ်၊

❎ကင်မရာဦးစားပေးဖုန်း လိုချင်တယ့်သူ

ပိုကောင်းတဲ့ကင်မရာလိုချင်ပြီး ငွေထပ်ဖြည့်နိုင်ရင်တော့ Vivo X60 ထဲက ဝယ်ဖို့ စဉ်းစားသင့်ပါတယ်၊

Gadget Myanmar

review by Myint Myat Thu

https://www.facebook.com/105872714506304/posts/346791093747797/

Address

Tamu

Telephone

+959457064044

Website

Alerts

Be the first to know and let us send you an email when Tech city- science, astronomy & technology news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share