19/08/2022
😊😊
ဘီယာသောက်ခြင်း၏ ကောင်းကျိုး 11 မျိုး😛🤪
1. ဘီယာသောက်တဲ့အခါ ဆီးရွှင်တာကို
လူတိုင်းသတိထားမိကြမှာပါနော်။
ဒါကကောင်းတဲ့ အချက်ပါပဲ။
ဘီယာက ကျောက်ကပ်ကို အလုပ်လုပ်ဖို့ လှုံ့ဆော်ပေးလို့ပါ။
တစ်ရက်ကို ဘီယာ တစ်ပုလင်းသောက်တာက
ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို 40% လျှော့ချပေးနိုင်ပါတယ်တဲ့။
2. ဘီယာမှာ
အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် များစွာ အကျိုးဖြစ်စေတဲ့
ဖိုင်ဘာဓါတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။
သင့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ တာဝန်အကြီးဆုံးယူထားရတဲ့
အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာနေစေဖို့ ဘီယာကတစ်ဆင့်
ဖိုင်ဘာဓါတ်တွေ ဖြည့်ပေးလို့ရပါတယ်နော်။
3. ဘီယာထဲမှာ LDL ကိုလက်စထရော,
တစ်နည်းအားဖြင့် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ကိုလက်စထရောတစ်မျိုးကိုလည်း
လျှော့ချစေနိုင်စွမ်းတွေ ပါရှိနေပါသေးသတဲ့။
4. ဘီယာမှာ ဗီတာမင် B အုပ်စု (B1, B2, B6, B12)
အများအပြားပါရှိပါတယ်။
ဘီယာ ၂ခွက်လောက်ဟာ သင့်ရဲ့ တစ်နေ့တာ ဗီတာမင် B လိုအပ်ချက်ကို
တော်တော်လေးဖြည့်တင်းပေးနိုင်ပါတယ်။
ဒါ့အပြင် တခြား အစားအစာတွေကနေ ရဖို့ခဲယဉ်းတဲ့
ဗီတာမင် B 12 ကလည်း ဘီယာမှာ အများအပြားပါဝင်တဲ့အတွက်
ဗီတာမင် B နဲ့ ပက်သက်လာရင် အားဆေးတောင် ထပ်မလိုတော့အောင်ပါပဲ။
5. 2009 ခုနှစ်က လေ့လာမှုတစ်ခုအရ
ဘီယာမှာ ဆီလီကွန်ဓါတ်ကြွယ်ဝတာကြောင့်
အရိုးရဲ့သိပ်သည်းဆကို ပိုမိုအားဖြည့်ပေးပါသတဲ့။
ဒါဆိုရင် အသက်ကြီးလာမှ အရိုးပွ အရိုးကျိုးတာမျိုး
မဖြစ်ရအောင် နွားနို့အစား ဘီယာလေးပဲ မှန်မှန်မှီဝဲရင်ကောင်းမယ်ထင်တယ်နော် 😜
6. ဘီယာထဲမှာ Lactoflavin နဲ့ နီကိုတင်းအက်စစ်ဓါတ်တွေလည်းပါဝင်တာကြောင့်
ကောင်းစွာအိပ်ပျော်စေပါတယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရင် အားဖြစ်စေတာမို့
ဘီယာက အိပ်ဆေးဆိုလည်းမလွဲ အားဆေးဆိုလည်း မမှားဘူးပေါ့နော်။
7. ဘီယာသောက်တတ်သူတစ်ဦးဟာ မသောက်တတ်သူထက်စာရင်
heart attack ဖြစ်နိုင်ချေ 40% ကနေ 60% လျော့နည်းပါသတဲ့။
ကဲ သင့်မှာ နှလုံးရောဂါရှိရင်တော့ ဘီယာက ဓါတ်စာပဲနော် 😉
8. ဘီယာထဲမှာ ပါဝင်ပစ္စည်းတွေက
သွေးကြောထဲ သွေးခဲခြင်းမဖြစ်အောင်လည်း
ကူညီပေးနိုင်ပါသေးတယ်။
ဒါကတော့ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုလိုတာပါ။
9. လေ့လာမှုများအရ
ဘီယာက သင့်ရဲ့မှတ်ဉာဏ်တိုးမြှင့်ပေးနိုင်ပါတယ်တဲ့။
ဘီယာသောက်တတ်သူတွေက မသောက်တတ်သူတွေနဲ့ယှဉ်ရင်
အယ်လ်ဇိုင်းမားရောဂါနှင့်စိတ်ဖောက်ပြန်ခံရနိုင်ခြေနည်းပါးကြောင်း အခိုင်အမာဆိုပါတယ်။
10. Montreal တက္ကသိုလ်မှ
စိတ်ဖိစီးမှုတိုက်ဖျက်ရေးသုတေသီများရဲ့ လေ့လာချက်အရ
တစ်ရက်ကို ဘီယာနှစ်ခွက်ခန့်သောက်ပေးပါက
စိတ်ဖိစီးမှု သို့မဟုတ်စိုးရိမ်စိတ်ကို လျှော့ချနိုင်ပါတယ်တဲ့။
စိတ်ဖိစီးမှုကင်းဝေးဖို့ ဘီယာပုံမှန်သောက်ကြစို့ပေါ့ အယ်လယ်။
11. ဘီယာက မိန်းကလေးတွေအတွက်လည်း
အသားအရေကို ပိုမိုလှပစေနိုင်ပါသေးတယ်။
ဘီယာထဲမှာအချို့သောဗီတာမင်တွေက
အရည်ပြားကို အသစ်တဖန်မွေးဖွားခြင်းအတွက်
အထောက်အကူပြုနိုင်တဲ့အတွက်
သင့်ရဲ့အသားအရေချောမွေ့လှပလာစေဖို့
Beer က တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။
ကဲ Spa မသွားပဲ bar သွားဒါ ပိုကောင်းပါတယ်😜😜