10/05/2022
ကဲ..
ပရီမီယာကော်ဖီချစ်သူများရှင့်
ပရီမီယာကော်ဖီသည် မြန်မာတို့ရဲ့အနှစ်သက်ဆုံး ပြည်တွင်းဖြစ် ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်သည့်အတိုင်း စားသုံးသူမိဘပြည်သူတို့နှင့် အတူတည်ရှိလာခဲ့တာ (၁၅)နှစ်ကျော်ကာလရှိလာပါပြီ။ ထို့ကြောင့်လည်း စားသုံးသူမိဘပြည်သူများ၏ အားပေးချီးမြောက်မှုကျေးဇူးကို အစဉ်ထာဝရဦးခိုက်လျက် ပရီမီယာကော်ဖီ၏ အရသာနှင့်အရည်အသွေးကို အမြဲတမ်းအကောင်းဆုံးဖြစ်အောင် ကြိုးစားလျက်ရှိပါသည်။ ထို့အပြင် စားသုံးသူမိဘပြည်သူများ၏ ချစ်ခင်အားပေးမှုကို လေးစားတာကြောင့် မိမိတို့ထုတ်ကုန်များရဲ့ ဈေးနှုန်း အတက်အကျများကိုလည်း အချိန်နှင့်တပြေးညီ ပွင့်လင်းစွာဖော်ပြပေးခဲ့ပါသည်။
ပရီမီယာကော်ဖီသည် စားသုံးသူမိဘပြည်သူများအတွက် လက်ရှိဖြစ်ပေါ်လျက်ရှိသည့်အနေအထားအရ ကမ္ဘာအရပ်ရပ်၌ ရင်ဆိုင်နေရသော ကုန်ကြမ်းကုန်ချော သယ်ယူပို့ဆောင်မှုများနှင့် အခြားကုန်ကျစရိတ်များ တစ်ဟုန်ထိုး မြင့်တက်နေခဲ့သော်လည်း ပရီမီယာမှ လက်လီဈေး ၁ ထုပ်လျှင် (၁၂၅) ကျပ်/ ၄ ထုပ် (၅၀၀) ကျပ်နှုန်းဖြင့် အတတ်နိုင်ဆုံးကြိုးစားပြီး ရောင်းချပေးခဲ့ပါသည်။ သို့သော် ယခုအခါတွင် ပရီမီယာကော်ဖီသည် ဈေးနှုန်းမပြောင်းလဲချင်သော်လည်း စားသုံးသူမိဘပြည်သူများအတွက် ထုတ်ကုန် အရည်အသွေးကို ဆက်လက်ရပ်တည်/ထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်၍ လက်လီဈေး အထုပ်သေး ၁ ထုပ်လျှင် (၁၅၀) ကျပ် / ၅ ထုပ်လျှင်(၇၀၀) ကျပ်ဖြင့် ရောင်းချပေးနိုင်ရန် စီစဉ်ထားပါကြောင်း လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးရှင်စားသုံးသူ မိဘပြည်သူများအားလုံး ကပ်ကြီး(၃)ပါးအန္တရာယ်မှ ကင်းဝေးကြပါစေ၊ ရန်သူမျိုး (၅)ပါးဘေးမှ ကင်းရှင်းကြပါစေကြောင်း ပရီမီယာမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
#တို့ဌာနီတို့မြန်မာပြည်မြန်မာတို့ရဲ့ပရီမီယာကော်ဖီ