Alcohol Liquor House

Alcohol Liquor House 100% စစ်စစ်​​​ဖြစ်ကြောင်း အာမခံပါသည်။

ဝိုင်ဖောက်နည်းနိဒါန်း            ဝိုင် (Wine)ကို လက်တင်ဘာသာစကား Vinum မှ ဆင်းသက်လာတာဖြစ်ပါတယ်။ အဖျော်ယမကာထဲမှာတော့ ကာဗွန...
09/01/2025

ဝိုင်ဖောက်နည်း

နိဒါန်း

ဝိုင် (Wine)ကို လက်တင်ဘာသာစကား Vinum မှ ဆင်းသက်လာတာဖြစ်ပါတယ်။ အဖျော်ယမကာထဲမှာတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထည့်ထားသော်လည်းကောင်း၊ မထည့်ထားသော်လည်းကောင်း (alcohol) အရက်အနည်းငယ်ပါသော အဖျော်ယမကာ (carbonated or noncarbonated mildly alcoholic beverages) အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ စပျစ်သီးနဲ့ တခြားအသီးများ၊ ကစီဓာတ်ပါတဲ့ ပစ္စည်းများ (ဘာလီ၊ မုယော၊ ဆန်အပါအဝင်)ကို အချဉ်ဖောက်ထားသော အရက်ပါတဲ့ အဖျော်ယမကာတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဘာလီဝိုင်၊ ဆန်ဝိုင်နဲ့ သစ်သီးဝိုင်ဆိုပြီး သုံးမျိုးရှိပါတယ်။ ဝိုင်မှာအရက် ပါဝင်မှု ၉-၁၆ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ဒါပေမဲ့ ဘာလီဝိုင်၊ မုယောဝိုင်တွေကတော့ အရက်ပါဝင်မှု ၈-၁၅ ရာခိုင်နှုန်းထိ ပါဝင်ပြီးတော့ အရသာမှာတော့ ဘီယာဘက်ကို နည်းနည်းသွားပါတယ်။ ဆန်ဝိုင်ကတော့ အရက်ပါဝင်မှု ၂ဝ ရာခိုင်နှုန်းလောက် ပါဝင်တာကြောင့် အရက်ဘက်ကိုသွားတာများပါတယ်။ ဝိုင်လုပ်ရာမှာ အများဆုံးအသုံးများပြီး နာမည်အကြီးဆုံး ကုန်ကြမ်းပစ္စည်းကတော့ စပျစ်သီး ဖြစ်ပါတယ်။

ဝိုင်ကို ထုတ်လုပ်လာတာ နှစ်ပေါင်းထောင်ချီနေပြီ ဖြစ်ပါတယ်။ ဝိုင်ကို လွန်ခဲ့တဲ့ ၈ဝဝဝ ပြည့်နှစ်လောက်က အမေရိကန်နိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ Georgia ကနေစပြီး တီထွင်ထုတ်လုပ် သောက်သုံးလာကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ ဆန်ကို အဓိကထားပြီး အချဉ်ဖောက်ထားတဲ့ အဖျော်ယမကာတွေပြုလုပ်ရာမှာတော့ စပျစ်သီးကို ရောပြီးသုံးကြပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ နှစ်စဉ် ဝိုင်ထုတ်လုပ်မှု ၂၉ မီလီယမ်မတ်ထရစ်တန်လောက်ရှိပြီးတော့ တစ်ကမ္ဘာလုံး ထုတ်လုပ်မှုရဲ့သုံးပုံတစ်ပုံကိုတော့ ပြင်သစ်နှင့် အီတလီက ထုတ်လုပ်ထားတာတွေ ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဝိုင်အဖွဲ့အစည်း (OVI)ရဲ့ စစ်တမ်းများအရ ပြင်သစ်နိုင်ငံက ၄.၅ ဘီလီယမ် လီတာ ထုတ်လုပ်ထားပြီးတော့ ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်ရဲ့ စစ်တမ်းအရမှာတော့ အီတလီနိုင်ငံက ထုတ်လုပ်မှုအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ်ရဲ့ စစ်တမ်းကောက်ယူမှုအရမှာတော့ သြစတြေးလျနိုင်ငံက ဝိုင်ထုတ်လုပ်မှုမှာ ဦးဆောင်နေတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

သဘာဝဓာတုနည်းအရဆိုရင် စပျစ်သီးက သကြား၊ တဆေး၊ ရေ၊ အက်စစ်၊ အင်ဇိုင်းနဲ့ တခြားအာဟာရဓာတ်တွေ မထည့်ဘဲနဲ့တောင် သူ့ဘာသာ အချဉ်ဖောက်နိုင်ပါတယ်။ တဆေးက အချဉ်ဖောက်ခြင်းနည်းစဉ်မှာ စပျစ်သီးထဲမှာရှိတဲ့ သကြားဓာတ်ကို စားလိုက်ပြီးတော့ Ethanol နဲ့ Carbon Dioxide ကို ပြောင်းပေးပါတယ်။ သုံးထားတဲ့ စပျစ်သီးအမျိုးအစားနဲ့ တဆေးအမျိုးမျိုးပေါ် မူတည်ပြီးတော့ ဝိုင်အမျိုးအစားများစွာ ထွက်လာတာဖြစ်ပါတယ်။ Brettanomyces ၊ Candida ၊ Kloeckera ၊ Schizosaccharomyces ၊ Saccharomycodes ၊ Zygosaccharomyces ၊ Aureobasidium တို့ကိုတော့ ဝိုင်ထုတ် လုပ်တဲ့နေရာတွေမှာ တဆေးအနေနဲ့ အသုံးပြုပါတယ်။ ဝိုင်တဆေးတွေက အရမ်းစျေးကြီးတဲ့အတွက် ပေါင်မုန့်ဖုတ်ရာမှာ သုံးတဲ့ တဆေးကိုသုံးပြီးလည်း ဝိုင်ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။

ဝိုင်ထုတ်လုပ်တဲ့နေရာမှာသုံးထားတဲ့ စပျစ်သီးအမျိုးအစား၊ အချိုပါဝင်မှု ရာခိုင်နှုန်း၊ ဝိုင်ရဲ့အရောင်၊ အရက်ပါဝင်မှုရာခိုင်နှုန်းနဲ့ အမြုပ်လေးတွေ ပလုံစီထမှုတွေ ပေါ်ကိုမူတည်ပြီးတော့ ဝိုင်အမျိုးအစားတွေကို ခွဲခြားတာဖြစ်ပါတယ်။ အဓိကအနေနဲ့ အနီရောင်ဝိုင် (Red Wine)၊ အဖြူရောင်ဝိုင် (White Wine)၊ Appetizer Wine၊ Sparkling Wine နဲ့ Sweet Dessert Wine ဆိုပြီး၅မျိုးရှိပါတယ်။

ဝိုင်နီ (Red Wine)

Red Wine ဆိုတာကတော့ အမည်းရောင်စပျစ်သီးကို အသုံးပြုပြီး ဝိုင်ရဲ့ အရောင်က သုံးထားတဲ့ စပျစ်သီးရဲ့ အခွံနဲ့ အစေ့ကြောင့်လည်း ဖြစ်ပါတယ်။ Red Wine အမျိုးအစားက သက်တမ်းနုသေးတဲ့အချိန်မှာ ခရမ်းရောင်ရှိပြီး၊ ရင့်မှည့်နေတဲ့ ဝိုင်ကတော့ အနီရင့်ရောင်ရှိပြီးတော့ သက်တမ်းရင့်နေပြီဖြစ်တဲ့ ဝိုင်ကတော့ အညိုရောင်ရှိပါတယ်။ Red Wine ကို ပြုလုပ်မယ်ဆိုရင် အပူချိန် 20-30 ံC (70-85 ံF) လောက်က အရောင်နဲ့ Tannin ကောင်းကောင်းရဖို့ အကောင်းဆုံးဖြစ်ပြီးတော့ 40 ံC (104 ံF) လောက် ရောက်သွားမယ်ဆိုရင်တော့ ဝိုင်ရဲ့ အနံ့အရသာတွေ ပျက်စီးသွားနိုင်ပြီး တဆေးတွေကိုတောင် သတ်ပစ်နိုင်ပါတယ်။

ဝိုင်ဖြူ (White Wine)

White Wine အဖြူရောင်စပျစ်သီးကိုသုံးပြီး ထုတ်လုပ်ထားတာဖြစ်ပြီး အမည်းရောင်စပျစ်သီးကိုလည်း အရောင်မရအောင် အခွံချွတ်၊ အစေ့ထုတ်ပြီး သုံးတာမျိုးလည်း ရှိပါတယ်။ White Wine ရဲ့ အရောင်တွေက ကောက်ရိုးလို အဝါရောင်၊ ရွှေဝါရောင်၊ ဝါစိမ်းစိမ်းရောင်ဆိုပြီး ရှိပါတယ်။ White Wine ကိုပြုလုပ်မယ်ဆိုရင် အပူချိန် 7-12 ံC (45-60 ံF) မှာ အကောင်းဆုံးဖြစ်ပါတယ်။ White Wine ကို ပြုလုပ်မယ်ဆိုရင် အနံ့တွေ၊ အက်စစ်ပါဝင်မှုတွေ ပျက်တတ်တာကြောင့် အပူချိန်နိမ့်နိမ့်မှာ ပြုလုပ်တာ ကောင်းပါတယ်။

စပါကလင်ဝိုင် (Sparkling Wine)

Sparkling Wine ကတော့ ဝိုင်ထဲကို Carbon Dioxide များများထည့်ထားပြီးတော့ အမြုပ်လေးတွေပလုံစီတဲ့ ခံစားမှုကို ရရှိစေမှာပါ။ Sparkling Wine ကို အဓိကအနေနဲ့ အနီရောင်ရှိတဲ့ စပျစ်သီးကို အသုံးပြုတာဖြစ်ပြီး အဖြူရောင်စပျစ်သီးကိုလည်း သုံးလေ့ရှိပါတယ်။ Sparkling Wine ကို နိုင်ငံတော်တော်များများမှာ စပျစ်သီးအမျိုးအစားအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးနဲ့ ထုတ်လုပ်လျက်ရှိပါတယ်။ Champange ကတော့ Sparkling Wine တွေထဲမှာ နာမည်အကြီးဆုံးဝိုင်ဖြစ်ပြီး ပြင်သစ်နိုင်ငံ Champange ဒေသကနေ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Sparkling Wine ကို မသောက်သုံးခင် ရေခဲ သေတ္တာထဲမှာ ၃ ၊ ၄ နာရီလောက် ထားပြီးမှ သောက်သုံးတာက ဝိုင်ရဲ့အနံ့အရသာကို ပိုမိုကောင်းမွန်စေပါတယ်။

ပူတင်းဝိုင်/ဝိုင်ချို (Dessert Wine)

Dessert Wine ကတော့ ပုံမှန်ဝိုင်တွေထက်စာရင် သကြားပါဝင်မှုပမာဏ ပိုများတာကြောင့် ပူတင်းဝိုင်လို့လည်း ခေါ်ပါတယ်။ ပုံမှန်ဝိုင်တွေထက်လည်း ပိုပြီးချိုပါတယ်။ ပိုပြီးလည်း ပျစ်ပါတယ်။ စပျစ်သီးအမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးနဲ့ ထုတ်လုပ်လေ့ရှိကြပါတယ်။ ဝိုင်အနံ့မွှေးစေဖို့အတွက် လိမ္မော်သီးအခွံ၊ ဆီးချိုသီး၊ သရက်သီး၊ ဥသျှစ်သီး၊ သဖန်းသီး၊ စပျစ်သီးခြောက်နဲ့ ပျားရည်တို့ကို အသုံးပြုကြပါတယ်။ Dessert Wine မှာတော့ အဖြူရောင်နဲ့ အနီရောင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဖြူရောင် Dessert Wine ကိုတော့ ရေခဲသေတ္တာထဲမှာထည့်ပြီး သောက်သုံးတာကောင်းပါတယ်။ အနီရောင် Dessert Wine ကိုတော့ အခန်းအပူချိန်မှာထားပြီး သုံးဆောင်တာ အကောင်းဆုံးဖြစ်ပါတယ်။

ပြည်တွင်းဝိုင်

မြန်မာနိုင်ငံမှာ ဝိုင်ကို အဓိကချက်လုပ်တဲ့ နေရာတွေကတော့ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်စတဲ့ အေးတဲ့ရာသီဥတုမှာရှိတဲ့ နေရာတွေကနေ ထုတ်လုပ်လျက်ရှိပြီး အေးသာယာ ဝိုင်နဲ့ Red Mountain Estate ကတော့ မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှု အများဆုံးနဲ့ နာမည်အကြီးဆုံး ဖြစ်နေပါတယ်။ ဝိုင်ကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ချင်ရင် အေးတဲ့ရာသီဥတုရှိတဲ့ နေရာတွေမှာ ထုတ်လုပ်တာကောင်းပါတယ်။ ပူပြင်းတဲ့ ရာသီဥတုမှာတော့ ဝိုင်ပျက်နိုင်ချေ အများဆုံးဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆန်နဲ့ ကြံစိုက်ပျိုးမှု များတာကြောင့် စပျစ်သီးဝိုင်ထက်စာရင် ဆန်ဝိုင်၊ ကြံအရက်တို့ကို ပိုမိုထုတ်လုပ်မှုများပါတယ်။ မြန်မာနိုင်ငံမှာတော့ ရှေးကတည်းက ဝိုင်သောက်သုံးတဲ့ဒေသတွေကတော့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ပြည်ဦးလွင်စတဲ့ အေးတဲ့ဒေသက လူမျိုးအများစု သောက်သုံးလေ့ရှိကြပါတယ်။ အခုအခါမှာတော့ စပျစ်သီးဝိုင်ရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ၊ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာအတွက် ကောင်းကျိုးတွေကို သိရှိလာပြီး နောက်ပိုင်းမှာ စပျစ်သီးဝိုင်သောက်သုံးမှု ယဉ်ကျေးမှုက မြန်မာနိုင်ငံကို ကူးစက်လာပါတယ်။

ဝိုင်ချက်လုပ်နည်း

ဝိုင်စလုပ်တော့မယ်ဆိုရင် ကိုင်တွယ်မယ့်ပစ္စည်းတွေအားလုံးကို သန့်သန့်ရှင်းရှင်း ကိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။ သုံးမယ်ပစ္စည်းတွေကို ရေနွေးပွက်ပွက်ဆူထဲမှာ ထည့်ပြီး ပိုးသတ်ပေးပြီးမှသုံးပါ။ ဝိုင်လုပ်တဲ့အသီးတွေအားလုံးထဲမှာ စပျစ်သီးကဝိုင်လုပ်ရာမှာ အထူးသတိထားရပါမယ်။ မဟုတ်ရင် ပျက်လွယ်ပါတယ်။ စပျစ်သီးမဟုတ်ဘဲ တခြားအသီးတွေနဲ့ ပြောင်းလဲပြီး လုပ်ကြည့်နိုင်ပါတယ်။ ဝိုင်လုပ်ထားတဲ့အသီးရည်အိုးကို အေးတဲ့နေရာ (27 ံC) လောက်နဲ့ မှောင်တဲ့နေရာ၊ ခြောက်သွေ့တဲ့နေရာမှာ ထားတာ ကောင်းပါတယ်။ အလင်းရောင်ကြောင့်၊ စိုထိုင်းတဲ့ပတ်ဝန်းကျင်ကြောင့် ဝိုင်ပျက်တတ်ပါ တယ်။ ဝိုင်လုပ်ထားတဲ့အိုးတွေ၊ ပုလင်းတွေဘေးမှာ အနံ့ပြင်းတဲ့ပစ္စည်းတွေ၊ အစားအသောက်တွေ မထားတာအကောင်း ဆုံးပါပဲ။ အနံ့တွေကူးပြီးလည်း ဝိုင်ပျက်တတ်ပါတယ်။ ဝိုင်လုပ်တဲ့နေရာမှာ ဝိုင်အရသာ ခါးခါးလေးလိုချင်ရင် စပျစ်သီးကို ချေတဲ့နေရာမှာ အစေ့လေးမထုတ်ဘဲခြေပါ။ ခါးတာ မကြိုက်ရင်တော့ အစေ့လေးတွေ ဖယ်ထုတ်ပါ။ Alcohol (အရက်)ပါဝင်မှုများတဲ့ ဝိုင်တွေကိုတော့ ဆော်ဒါ (သို့) ရေခဲရေ ရောပြီး သောက်သုံးနိုင်ပါတယ်။

ဝိုင်ဖောက်နည်း(၁)

ဒီနည်းလမ်းကတော့ မြန်မာ့ရိုးရာဝိုင်ချက်လုပ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ရိုးရှင်းလွယ်ကူပေမယ့် အရေးကြီးတာက ရေလုံးဝမပါရပါဘူး။ ဝိုင်ဖောက်နေစဉ်အချိန်မှာ ဝိုင် စဉ့်အိုးကိုလုံးဝမဖွင့်ပါနဲ့။

► ပါဝင်ပစ္စည်းများ

♦ စပျစ်သီး – ၁ ပိဿာ

♦ သကြား – ၇၅ ကျပ်သား

► ပြုလုပ်နည်း

၁။ စဉ့်အိုးကိုရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပါ။ စပျစ်သီးကို အညှာခြွေ၊ မကောင်းတဲ့အလုံးလေး တွေဖယ်ထားပါ။ စပျစ်သီးများကို ရေဆေးပြီး ခြောက်အောက် စစ်ထားပေးပါ။ ရေလုံးဝမပါပါစေနဲ့။

၂။ စဉ့်အိုးတစ်လုံးထဲမှာ စပျစ်သီးတစ်ထပ် သကြား တစ်ထပ်ဖြစ်အောင်ခင်းပါ။ စဉ့်အိုးကို ပလတ်စတစ်နဲ့ လုံအောင်ပိတ်၊ ကြိုးနဲ့သေချာလုံအောင်ချည်ပြီး မှောင်ပြီးအေးတဲ့ နေရာမှာထားပေးပါ။

၃။ ဝိုင်စဉ့်အိုးကို ၆ လ(သို့) ၁ နှစ်လောက် ထားပေးထားရင်တော့ ကောင်းမွန်တဲ့ ဝိုင်ရရှိပြီဖြစ်ပါတယ်။

၄။ ရလာပြီဖြစ်တဲ့ဝိုင်ကိုတော့ သန့်ရှင်းထားတဲ့ပုလင်းတွေကိုထည့်ပြီး သိမ်းဆည်းနိုင်ပါပြီ။ အိမ်မှာလုပ် သောက်ကြတဲ့ ဝိုင်တွေကို ပုလင်းပြောင်းပြီး မသိမ်းချင်ရင်လည်း စဉ့်အိုးထဲကနေပဲ ခွက်သန့်သန့်လေးနဲ့ခပ်ပြီး သောက်သုံးနိုင်ပါပြီ။ Alcohol (အရက်) ပါဝင်မှုများတဲ့ ဝိုင်တွေကိုတော့ ဆော်ဒါ (သို့) ရေခဲရေ ရောပြီး သောက်သုံးနိုင်ပါတယ်။

► ဝိုင်ဖောက်နည်း(၂)

ဒီနည်းလမ်းမှာတော့ ဝိုင်ကိုမှိုတွေ၊ ဗက်တီးရီးယားတွေမပေါက်အောင် Sodium Meta-bisulphide သုံးပေးထားပါတယ်။ ဝိုင်ပြုလုပ်နည်း (၂) နဲ့ (၃) ကတော့ နိုင်ငံ တော်တော်များများက အသုံးပြုတဲ့နည်းလေးပါ။

► ပါဝင်ပစ္စည်းများ

♦ စပျစ်သီး – ၁ ပိဿာ

♦ သကြား – ၃ဝ ကျပ်သား

♦ ရေ – ၂ လီတာ

♦ တဆေး – လက်ဖက်စားဇွန်း ၁ ဇွန်း

♦ Sodium Meta-bisulphide – ၃ ဂရမ်

► ပြုလုပ်နည်း

၁။ စပျစ်သီးကို အညှာခြွေ၊ ရေစင်အောင်ဆေးပြီး ကြိတ်တဲ့စက်(သို့) ချေတံနဲ့ ခြေပေးပါ။ Sodium Meta-bisulphide ထည့်ပြီး မွှေပေးပါ။ စပျစ်သီးရည်တွေကို ပုလင်းတစ်လုံးထဲထည့် လုံအောင်ပိတ်ပြီး တစ်ရက်ထားပေးပါ။

၂။ နောက်တစ်ရက်တွင် သကြားနဲ့ ရေကိုကြိုပေးပြီး အအေးခံထားပါ။ ခွက်လေးတစ်လုံးထဲမှာ တဆေး ကို သကြားရည်နည်းနည်းနဲ့ မွှေထားပေးပါ။ အအေးခံထားတဲ့ သကြားရည်ကို ရေစစ်နဲ့စစ်ပြီး အသီးရည်ပုလင်းထဲထည့်ပေးပါ။ တဆေးမွှေထား တာထည့်ပေးပါ။

၃။ ဝိုင်ဖောက်ထားတာကို တစ်ရက်ကို တစ်ခေါက်လောက် တစ်ပတ်လောက်မွှေပေးပါ။ Carbon Dioxide ထွက်သွားအောင်လို့ပါ။

၄။ တစ်ပတ်ပြည့်သွားရင်တော့ အဖုံးကိုလုံအောင် ပိတ်ပြီး ၂ လနဲ့ ၂ လအထက်ထားပြီးတော့ သောက် သုံးနိုင်ပါပြီ။

ဝိုင်ဖောက်နည်း(၃)

ဒီနည်းလမ်းလေးကတော့ ဝိုင်ပြုလုပ်နည်း(၂)နဲ့ နည်းနည်းလေး ဆင်တူသလိုရှိပေမယ့် နည်းလမ်း (၃)မှာတော့ တဆေးကို သကြားရည်နဲ့ဖျော်ပြီး တစ်ညထားပေးပြီးမှ အသီးရည်ထဲကို ထည့်တာဖြစ်ပါတယ်။

► ပါဝင်ပစ္စည်းများ

♦ စပျစ်သီး – ၅ဝဝ ဂရမ်

♦ ရေ – ၁ဝဝ ဂရမ်

♦ တဆေး – ၂ ဂရမ်

► သကြားရည်ပြုလုပ်ရန်

♦ သကြား – ၁ဝဝ ဂရမ်

♦ ရေ – ၅ဝ ရမ်

► ပြုလုပ်နည်း

၁။ စပျစ်သီးကို အညှာခြွေ၊ ရေစင်အောင်ဆေးပြီး ကြိတ်တဲ့စက် (သို့) ချေတံနဲ့ ခြေပေးပါ။ ချေထားတဲ့ စပျစ်သီးရည်တွေကို ပုလင်းတစ်လုံးထည့်ထားပါ။

၂။ သကြားရည်ပြုလုပ်ရန် သကြားနဲ့ရေကိုကျိုပြီး အအေးခံထားပါ။ အအေးခံထားတဲ့ သကြားရည်ကို ရေစစ်နဲ့စစ်ပြီး ပုလင်းထဲထည့်ပေးပါ။ တဆေးကို ခွက်လေး တစ်လုံးထဲမှာ သကြားရည်အနည်းငယ် ရောမွှေပေးပြီး အဖုံးလေးအုပ်ကာ တစ်ညထားထားပေးပါ။ နောက်တစ်ရက်မှာ တစ်ဆေးဖျော်ထားတဲ့ခွက်ကို အသီးရည်ပုလင်းထဲ ထည့်ပေးပါ။

၃။ ဝိုင်ဖောက်ထားတာကို တစ်ရက်ကိုတစ်ခေါက်လောက် တစ်ပတ်လောက်မွှေပေးပါ။ Carbon Dioxide ထွက်သွားအောင်လို့ပါ။

၄။ တစ်ပတ်ပြည့်သွားရင်တော့ အဖုံးကိုလုံအောင်ပိတ်ပြီး ၂ လနဲ့ ၂ လ အထက်ထားပြီးတော့ သောက်သုံးနိုင်ပါပြီ။

1 splash of alcohol? အရက်တစ်ပတ်?မြန်မာအရက်သမား ဂိုဏ်းချုပ်ဘိုးတော်ကြီးတွေက အရက်ကို အပတ်နှင့်သာတွက်ကြသည်။ အနော်တို့ ဆရာသမ...
09/01/2025

1 splash of alcohol? အရက်တစ်ပတ်?

မြန်မာအရက်သမား ဂိုဏ်းချုပ်ဘိုးတော်ကြီးတွေက အရက်ကို အပတ်နှင့်သာတွက်ကြသည်။
အနော်တို့ ဆရာသမား နှင့် ဆေးပညာ စာပေများကတော့ Unit နှင့်သာသုံးကြသည်။
အဲ့မှာ ဆရာဝန်တွေ အပတ် နဲ့ ယူနစ် တိုင်ပတ် ရှုပ်ကြတယ်။ 😭
(problem is ဆရာဝန်ကြီးများတွင် ဂိုဏ်းချုပ်ဘိုးတော်များ မရှိခြင်းတာ။ ward ထဲက အရက်သမားများအား အနော် ဂိုဏ်းချုပ်ကြီးများဟုသာခေါ်ပါသည်။ ကျွမ်းနေတာကိုး အသည်း)

literature အရ one splash alcohol မှာ 1/8 fl oz ရှိတယ်။ ဘယ်ကလာလဲ ဆိုတော့ bar မှာ အရက်ငှဲ့သူတွေ အရက် count တာကလာတယ်လို့ဆိုကြတယ်။

သူတို့ ပြောတဲ့ healthy drinking ၁၄ ယူနစ် = how many ပတ်?

ကွင်းဆင်းမှဖြစ်တော့မည်။
ကဲ ဂိုဏ်းချုပ်ကြီးတွေတန်းစီ
ခင်ဗျား ဘာအမျိုးအစားဘယ်လောက်သောက်လဲပြော။ ကျွန်တော်ရေးမှတ်မယ်။

In fact, it is so easy
wiskey contains 40 percent alcohol which means 40 ml of pure alcohol in 100 ml of wiskey.
10 ml pure alcohol = 1 standard unit
1000 ml of wiskey -> 400 ml pure alcohol -> 40 units

Myanmar alcohol bottle in market
88ml = 2ပတ်
175ml = 4ပတ်
350ml = ၈ပတ်
700ml = ၁၆ပတ် = တစ်တောင့်

အပေါ်ကအတိုင်းပြောရရင်
1000ml = 40units
From that 350ml becomes 14 units

Which means ၈ ပတ် equal to 14 units

as a result ၁ ပတ် is 1.75 units

ဒါဟာ အရမ်းလွယ်တယ်
ဘာအရက်သောက်လဲမေးမယ်
Wiskey အပတ်ရေ သိရတာနဲ့ 1.75 နဲ့မြှောက် unit ချက်ချင်းသိရပြီ။ 😅

တစ်ပတ် ၈ ပတ်သောက်ရတယ် အာ့ပြောပြတာ 🤓

ဝီစကီတွေမှာ ၂၁ နှစ်ဟာအ တော်လေးသက်တမ်းရင့်တဲ့ အနေအထားတစ်ခုဆိုပေမယ့် ROYAL SALUTE ကိုတော့ အငယ်ဆုံးသက်တမ်းအနေနဲ့ ၂၁ နှစ် အန...
28/12/2024

ဝီစကီတွေမှာ ၂၁ နှစ်ဟာအ တော်လေးသက်တမ်းရင့်တဲ့ အနေအထားတစ်ခုဆိုပေမယ့် ROYAL SALUTE ကိုတော့ အငယ်ဆုံးသက်တမ်းအနေနဲ့ ၂၁ နှစ် အနည်းဆုံးထားပြီး ထုတ်လုပ်ထားတာဖြစ်လို့ ကမ္ဘာ့ဝီစကီBrand တွေကြားမှာတော့ တစ်မူထူးခြားတဲ့ ကုန်အမှတ်တံဆိပ်ဖြစ်ပါတယ်။ အရည်အသွေးကောင်းကြိုက်တတ်သူ စားသုံးသူများအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အကောင်းစားဇိမ်ခံဝီစကီများကိုသာ အချင်းချင်းရောစပ်ပြီး Blended Scotch ဝီစကီ အဖြစ်ထုတ်ပါတယ်။ ၁၉၅၃ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိစဘက် (၂) ရဲ့ တော်ဝင်နန်းတက် အခမ်းအနားကျင်းပရာပွဲမှာ သောက်သုံးစေဖို့ CHIVAS BROTHERS က ဖန်တီးမိတ်ဆက်ခဲ့တာဖြစ်လို့အရည်အသွေးပိုင်းမှာ ထိပ်တန်းဖြစ်ခဲ့ပြီး တော်ဝင်နန်းတွင်း ဝီစကီအဖြစ် လူသိများခဲ့ပါတယ်။
ROYAL SALUTE တွေကိုဖန်တီးရာမှာ ချောမွေ့ညက်ညောမှု အပိုင်းကို အထူးဦးစားပေးခဲ့တယ်လို့ မိခင်ကုမ္ပဏီ CHIVAS ကဆိုပါတယ်။ သောက်လိုက်တဲ့အခါမှာ လျှာပေါ်ကဆင်းတာနဲ့ ချက်ချင်းပျောက်ကွယ်သွားတာမျိုးမဟုတ်ပဲ အရသာပြည့်ဝမှု၊ သိမ်မွေ့ငြင်သာမှုတို့နဲ့ ခံတွင်းအတွင်းရနံ့များစွာတို့ကို စွဲတင်ကျန်ရစ်နေစေပါတယ်။ ကုန်ကြမ်းအဖြစ်သုံးထားတဲ့ ဝီစကီတွေကိုလဲ ROYAL SALUTE အဖြစ် ရောစပ်မထုတ်လုပ်မှီ အရည်အသွေးပြည့်မှီကြောင်း စံချိန် စံညွှန်းများစွာတို့နဲ့ ကြပ်မတ်စစ်ဆေးရပါတယ်။
ROYAL SALUTE ထည့်တဲ့ပုလင်းတွေကိုဖန်ချက်စက်ရုံကနေ မိုလ်များနဲ့လုပ်တာမျိုးမဟုတ်ပဲ တစ်ပုလင်းချင်းစီကို လက်မှုပညာရှင်များနဲ့ ဒီဇိုင်းအတိုင်းရအောင်လိုအပ်တဲ့ကိရိယာများကိုသုံးပြီး လက်နဲ့ ထွင်းလုပ်ရတာဖြစ်ပါတယ်။ လိုချင်တဲ့ပုံစံမရရှိခဲ့ရင် အသုံးမပြုပဲ ပယ်လိုက်ရတာဖြစ်လို့အရည်အသွေးမမှီတဲ့ ပုလင်းတွေမထွက်အောင် သေချာဂရုတစိုက် အာရုံစူးစိုက်ရတယ်လို့ CHIVAS က ဆိုပါတယ်။ တစ်ပုလင်းရအောင် ပညာရှင်တွေ ၅ ရက်ကနေ ၆ ရက် အထိ အချိန်ယူကြရပါတယ်။ အကောင်းစား ရွှံ့စေးတစ်မျိုးကို လိုချင်တဲ့ပုံရအောင်ဖော်ရပြီး လေနဲ့ အခြောက်ခံကာ ခြောက်သွေ့ကျစ်လစ်ပုံကျသွားပြီးမှသာ မီးနဲ့အပူပေးဖျော်စပ်ထားတဲ့ အရည်ကိုမျက်နှာပြင်ပေါ်ကို နှစ်ထပ်လောင်း ပြီးခါမှ အခုမြင်ရတဲ့ ဒီဇိုင်း၊ကာလာ တွေကို ရရှိတာပါ။
ဒီလိုသေသပ်လှပလွန်းတဲ့ ဒီဇိုင်းနဲ့ထုတ်ပိုးမှု‌တွေ၊ ကောင်းမွန်ပြည့်စုံတဲ့အရည်အသွေး နဲ့ ထယ်ဝါခမ်းနားတဲ့ သမိုင်းကြောင်းတွေကြောင့်ပဲ နိုင်ငံတကာမှာ ROYAL SALUTE ကို ပုံရိပ်ကောင်းတစ်ခုအနေနဲ့ လူကုံတန်အသိုင်းအဝိုင်းမှာ ကိုယ်ပိုင်၀ယ်ယူသောက်သုံးကြသလို ချစ်ခင်လေးစားတဲ့ မိတ်‌ဆွေ သင်ဂါဟများအကြား အမှတ်တရ လက်ဆောင် အဖြစ်လဲ ပေးတတ်ကြပါတယ်။
Unicode

၀ီစကီတွေမှာ ၂၁ နှစ်ဟာအ တော်လေးသက်တမ်းရင့်တဲ့ အနေအထားတစ်ခုဆိုပေမယ့် ROYAL SALUTE ကိုတော့ အငယ်ဆုံးသက်တမ်းအနေနဲ့ ၂၁ နှစ် အနည်းဆုံးထားပြီး ထုတ်လုပ်ထားတာဖြစ်လို့ ကမ္ဘာ့ဝီစကီBrand တွေကြားမှာတော့ တစ်မူထူးခြားတဲ့ ကုန်အမှတ်တံဆိပ်ဖြစ်ပါတယ်။ အရည်အသွေးကောင်းကြိုက်တတ်သူ စားသုံးသူများအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အကောင်းစားဇိမ်ခံဝီစကီများကိုသာ အချင်းချင်းရောစပ်ပြီး Blended Scotch ဝီစကီ အဖြစ်ထုတ်ပါတယ်။ ၁၉၅၃ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိစဘက် (၂) ရဲ့ တော်၀င်နန်းတက် အခမ်းအနားကျင်းပရာပွဲမှာ သောက်သုံးစေဖို့ CHIVAS BROTHERS က ဖန်တီးမိတ်ဆက်ခဲ့တာဖြစ်လို့အရည်အသွေးပိုင်းမှာ ထိပ်တန်းဖြစ်ခဲ့ပြီး တော်၀င်နန်းတွင်း ဝီစကီအဖြစ် လူသိများခဲ့ပါတယ်။
ROYAL SALUTE တွေကိုဖန်တီးရာမှာ ချောမွေ့ညက်ညောမှု အပိုင်းကို အထူးဦးစားပေးခဲ့တယ်လို့ မိခင်ကုမ္ပဏီ CHIVAS ကဆိုပါတယ်။ သောက်လိုက်တဲ့အခါမှာ လျှာပေါ်ကဆင်းတာနဲ့ ချက်ချင်းပျောက်ကွယ်သွားတာမျိုးမဟုတ်ပဲ အရသာပြည့်၀မှု၊ သိမ်မွေ့ငြင်သာမှုတို့နဲ့ ခံတွင်းအတွင်းရနံ့များစွာတို့ကို စွဲတင်ကျန်ရစ်နေစေပါတယ်။ ကုန်ကြမ်းအဖြစ်သုံးထားတဲ့ ဝီစကီတွေကိုလဲ ROYAL SALUTE အဖြစ် ရောစပ်မထုတ်လုပ်မှီ အရည်အသွေးပြည့်မှီကြောင်း စံချိန် စံညွှန်းများစွာတို့နဲ့ ကြပ်မတ်စစ်ဆေးရပါတယ်။
ROYAL SALUTE ထည့်တဲ့ပုလင်းတွေကိုဖန်ချက်စက်ရုံကနေ မိုလ်များနဲ့လုပ်တာမျိုးမဟုတ်ပဲ တစ်ပုလင်းချင်းစီကို လက်မှုပညာရှင်များနဲ့ ဒီဇိုင်းအတိုင်းရအောင်လိုအပ်တဲ့ကိရိယာများကိုသုံးပြီး လက်နဲ့ ထွင်းလုပ်ရတာဖြစ်ပါတယ်။ လိုချင်တဲ့ပုံစံမရရှိခဲ့ရင် အသုံးမပြုပဲ ပယ်လိုက်ရတာဖြစ်လို့အရည်အသွေးမမှီတဲ့ ပုလင်းတွေမထွက်အောင် သေချာဂရုတစိုက် အာရုံစူးစိုက်ရတယ်လို့ CHIVAS က ဆိုပါတယ်။ တစ်ပုလင်းရအောင် ပညာရှင်တွေ ၅ ရက်ကနေ ၆ ရက် အထိ အချိန်ယူကြရပါတယ်။ အကောင်းစား ရွှံ့စေးတစ်မျိုးကို လိုချင်တဲ့ပုံရအောင်ဖော်ရပြီး လေနဲ့ အခြောက်ခံကာ ခြောက်သွေ့ကျစ်လစ်ပုံကျသွားပြီးမှသာ မီးနဲ့အပူပေးဖျော်စပ်ထားတဲ့ အရည်ကိုမျက်နှာပြင်ပေါ်ကို နှစ်ထပ်လောင်း ပြီးခါမှ အခုမြင်ရတဲ့ ဒီဇိုင်း၊ကာလာ တွေကို ရရှိတာပါ။
ဒီလှပသေသပ်လွန်းတဲ့ ဒီဇိုင်းနဲ့ထုတ်ပိုးမှုတွေ၊ ကောင်းမွန်ပြည့်စုံတဲ့ အရည်အသွေး နဲ့ ထယ်ဝါခမ်းနားတဲ့ သမိုင်းကြောင်းတွေကြောင့်ပဲ နိုင်ငံတကာမှာ ROYAL SALUTE ကို ပုံရပ်ကောင်းတစ်ခုအနေနဲ့ လူကုံတန်အသိုင်းအဝိုင်းမှာ ကိုယ်ပိုင်၀ယ်ယူသောက်သုံးကြသလို ချစ်ခင်လေးစားတဲ့ မိတ်ဆွေ၊ သင်္ဂါဟများအကြား အမှတ်တရ လက်ဆောင်အဖြစ်လဲ ပေးတတ်ကြပါတယ်။
Zawgyi

References
Royal Salute Official Website
chivas.com/royal-salute

Single Malt Whisky တွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတာ သိပ်တော့မကြာသေးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းတွေမှာ သောက်သုံးမှုပိ...
28/12/2024

Single Malt Whisky တွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတာ သိပ်တော့မကြာသေးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းတွေမှာ သောက်သုံးမှုပိုများလာပြီး Blended Scotch တွေနဲ့အပြိုင် ဈေးကွက်အခိုင်အမာရရှိလာခဲ့ပါပြီ။ ဒါကြောင့် Single Malt ဆိုတာဘာလဲ တစ်ချက်လောက်ကြည့်ကြရအောင်။ တကယ်တော့ Single Malt ဟာ အရက်ချက်စက်ရုံတစ်ရုံထဲကလာတဲ့ (စပါးစေ့၊ပြောင်းစေ့ အစရှိတဲ့ အညှောင့်ထွက်တဲ့ သတ္တိမျိးရှိတဲ့) အစေ့အဆန် (malt) သီးသန့်နဲ့ချက်လုပ်ထားတဲ့ whisky တိုင်းကို ခေါ်နိုင်ပေမယ့် စကော့ထ်လန်က လာတဲ့ Single malt တွေကိုမှ ခေါ်လို့ရတယ်လို့ တစ်ချို့ကထင်တတ်ကြပါတယ်။ အမှန်တော့ အခြားသောနိုင်ငံတွေမှာလဲ Single Malt တွေ ရှိကြပါတယ်။ UK ရဲ့ Scotch Whisky တွေအပေါ် သတ်မှတ်ချက်တွေအရ "Single Malt Scotch Whisky" လို့ခေါ်ဆိုနိုင်ဖို့ မုယောစပါးတစ်မျိုးထဲကနေသီးသန့် ချက်လုပ်ထားရမယ့်အပြင် အရက်ချက်စက်ရုံတစ်ရုံတည်းကနေ Pot Stills ကို အသုံးပြုပြီးလဲ ချက်လုပ်ထားရပါမယ် (အခြားစက်ရုံတွေက ချက်ထားတဲ့ Malt Whisky တွေနဲ့ ရောလို့မရပါဘူး)။ ပုလင်းထဲမထည့်ခင်မှာလဲ အနည်းဆုံး ၃ နှစ် ဝက်သစ်ချစည်ထဲမှာ သိုလှောင်ထားရမယ့်အပြင် အဲ့စည်တွေကလဲ အများဆုံး လီတာ ၇၀၀ သာဆန့်တဲ့ စည်မျိုးဖြစ်ဖို့လိုပါတယ်။ အသုံးပြုတဲ့ စည်အမျိုးအစားတွေကလဲ တစ်စည်နဲ့တစ်စည် တူတာရှိသလို မတူတာလဲရှိပါတယ်။
UK ရဲ့အခြားအခြားသော စံနှုန်းတွေကို နိုင်ငံတကာမှာ မှီးကြလေ့ရှိပေမယ့် Single Malt အနေနဲ့ ရောင်းချတဲ့ အခါမှာတော့ နိုင်ငံတော်တော်များများက ဒီစံနှုန်းတွေကို မကျင့်သုံးကြတော့ပါဘူး။ ဥပမာအနေနဲ့ အမေရိကန်မှာ Single Malt အတွက် ထုတ်လုပ်သူတွေလိုက်နာရမယ့် သတ်မှတ်ချက်တွေကို အတိအကျပြဌာန်းမထားတဲ့အတွက်ကြောင့် အမေရိကန် Single Malt တွေမှာ မုယောစပါးအစား ရိုင်းစပါးနဲ့ ချက်တဲ့ whisky များကို အသုံးပြုထားတာရှိပါတယ်။
Single Malt တွေဟာ အခြားသောစက်ရုံတွေကချက်လိုက်တဲ့ Malt Whisky တွေနဲ့ ရောနှောခွင့် မရှိပေမယ့် စက်ရုံတစ်ရုံထဲက ချက်ပြီး ဝက်သစ်ချစည်တွေထဲမှာနှပ်ထားတဲ့ Malt Whisky အချင်းချင်း ဟိုဘက်စည် ဒီဘက်စည် ရောစပ်ခွင့်ရှိပါတယ်။ ဒါ့အပြင် အပတ်စဉ် အရင်တစ်ခေါက်က Whisky နဲ့ အခုတစ်ခေါက် ချက်ထားတဲ့ Whisky ချင်းလဲရောနှောခွင့်ရှိပါတယ်။ ဒီလိုရောစပ်မှုမျိုး မလုပ်ပဲ တစ်ပတ်စဉ်ထဲချက်ပြီး တစ်စည်ထဲမှာပဲ သိုလှောင်ထားတဲ့ သီးသန့် Whisky ကိုမှ ပုလင်းထဲထည့်မယ်ဆိုရင်တော့ ဒါကို Single Barrel Single Malt လို့ တံဆိပ်တပ်ခွင့်ရှိပါတယ်။ ဒါကြောင့် Single Barrel Single Malt တွေဟာ အပတ်စဉ်တစ်ပတ်ထဲထွက်ပြီး စည်တစ်စည်ထဲမှာပဲ ၃ နှစ် နဲ့ အထက် သိုလှောင်ထားခဲ့တဲ့ Single Malt Whisky တွေဖြစ်ပါတယ်။ Single Barrel Single Malt ရဲ့ကောင်းတာကတော့ သူတို့ကို သိုလှောင်ထားရှိခဲ့တဲ့ စည်ရဲ့ အန့ံနဲ့ အရသာကို သီးသန့်ပြည့်ပြည့်ဝ၀ အရောအနှောမရှိ ခံစားသုံးဆောင်လို့ရတာပါပဲ။ ပုံမှန်အားဖြင့်တော့ Single Barrel Single Malt တွေထုတ်လုပ်မှုဟာ သာမန် Single Malt ထုတ်လုပ်မှုတွေလောက်တော့ ပမာဏမများတဲ့ အတွက် ဈေးပိုမိုကြီးမြင့်လေ့ရှိပါတယ်။
Unicode

Single Malt Whisky တွေ မြန်မာနိုင်ငံမှာ စတင်ခေတ်စားလာတာ သိပ်တော့မကြာသေးပါဘူး။ ဒါပေမယ့်ခုနောက်ပိုင်းတွေမှာ သောက်သုံးမှုပိုများလာပြီး Blended Scotch တွေနဲ့အပြိုင် ဈေးကွက်အခိုင်အမာရရှိလာခဲ့ပါပြီ။ ဒါကြောင့် Single Malt ဆိုတာဘာလဲ တစ်ချက်လောက်ကြည့်ကြရအောင်။ တကယ်တော့ Single Malt ဟာ အရက်ချက်စက်ရုံတစ်ရုံထဲကလာတဲ့ (စပါးစေ့၊ပြောင်းစေ့ အစရှိတဲ့ အညှောင့်ထွက်တဲ့ သတ္တိမျိးရှိတဲ့) အစေ့အဆန် (malt) သီးသန့်နဲ့ချက်လုပ်ထားတဲ့ whisky တိုင်းကို ခေါ်နိုင်ပေမယ့် စကော့ထ်လန်က လာတဲ့ Single malt တွေကိုမှ ခေါ်လို့ရတယ်လို့ တစ်ချို့ကထင်တတ်ကြပါတယ်။ အမှန်တော့ အခြားသောနိုင်ငံတွေမှာလဲ Single Malt တွေ ရှိကြပါတယ်။ UK ရဲ့ Scotch Whisky တွေအပေါ် သတ်မှတ်ချက်တွေအရ "Single Malt Scotch Whisky" လို့ခေါ်ဆိုနိုင်ဖို့ မုယောစပါးတစ်မျိုးထဲကနေသီးသန့် ချက်လုပ်ထားရမယ့်အပြင် အရက်ချက်စက်ရုံတစ်ရုံတည်းကနေ Pot Stills ကို အသုံးပြုပြီးလဲ ချက်လုပ်ထားရပါမယ် (အခြားစက်ရုံတွေက ချက်ထားတဲ့ Malt Whisky တွေနဲ့ ရောလို့မရပါဘူး)။ ပုလင်းထဲမထည့်ခင်မှာလဲ အနည်းဆုံး ၃ နှစ် ၀က်သစ်ချစည်ထဲမှာ သိုလှောင်ထားရမယ့်အပြင် အဲ့စည်တွေကလဲ အများဆုံး လီတာ ၇၀၀ သာဆန့်တဲ့ စည်မျိုးဖြစ်ဖို့လိုပါတယ်။ အသုံးပြုတဲ့ စည်အမျိုးအစားတွေကလဲ တစ်စည်နဲ့တစ်စည် တူတာရှိသလို မတူတာလဲရှိပါတယ်။
UK ရဲ့အခြားအခြားသော စံနှုန်းတွေကို နိုင်ငံတကာမှာ မှီးကြလေ့ရှိပေမယ့် Single Malt အနေနဲ့ ရောင်းချတဲ့ အခါမှာတော့ နိုင်ငံတော်တော်များများက ဒီစံနှုန်းတွေကို မကျင့်သုံးကြတော့ပါဘူး။ ဥပမာအနေနဲ့ အမေရိကန်မှာ Single Malt အတွက် ထုတ်လုပ်သူတွေလိုက်နာရမယ့် သတ်မှတ်ချက်တွေကို အတိအကျပြဌာန်းမထားတဲ့အတွက်ကြောင့် အမေရိကန် Single Malt တွေမှာ မုယောစပါးအစား ရိုင်းစပါးနဲ့ ချက်တဲ့ whisky များကို အသုံးပြုထားတာရှိပါတယ်။
Single Malt တွေဟာ အခြားသောစက်ရုံတွေကချက်လိုက်တဲ့ Malt Whisky တွေနဲ့ ရောနှောခွင့် မရှိပေမယ့် စက်ရုံတစ်ရုံထဲက ချက်ပြီး ၀က်သစ်ချစည်တွေထဲမှာနှပ်ထားတဲ့ Malt Whisky အချင်းချင်း ဟိုဘက်စည် ဒီဘက်စည် ရောစပ်ခွင့်ရှိပါတယ်။ ဒါ့အပြင် အပတ်စဉ် အရင်တစ်ခေါက်က Whisky နဲ့ အခုတစ်ခေါက် ချက်ထားတဲ့ Whisky ချင်းလဲရောနှောခွင့်ရှိပါတယ်။ ဒီလိုရောစပ်မှုမျိုး မလုပ်ပဲ တစ်ပတ်စဉ်ထဲချက်ပြီး တစ်စည်ထဲမှာပဲ သိုလှောင်ထားတဲ့ သီးသန့် Whisky ကိုမှ ပုလင်းထဲထည့်မယ်ဆိုရင်တော့ ဒါကို Single Barrel Single Malt လို့ တံဆိပ်တပ်ခွင့်ရှိပါတယ်။ ဒါကြောင့် Single Barrel Single Malt တွေဟာ အပတ်စဉ်တစ်ပတ်ထဲထွက်ပြီး စည်တစ်စည်ထဲမှာပဲ ၃ နှစ် နဲ့ အထက် သိုလှောင်ထားခဲ့တဲ့ Single Malt Whisky တွေဖြစ်ပါတယ်။ Single Barrel Single Malt ရဲ့ကောင်းတာကတော့ သူတို့ကို သိုလှောင်ထားရှိခဲ့တဲ့ စည်ရဲ့ အနံ့နဲ့ အရသာကို သီးသန့်ပြည့်ပြည့်၀၀ အရောအနှောမရှိ ခံစားသုံးဆောင်လို့ရတာပါပဲ။ ပုံမှန်အားဖြင့်တော့ Single Barrel Single Malt တွေထုတ်လုပ်မှုဟာ သာမန် Single Malt ထုတ်လုပ်မှုတွေလောက်တော့ ပမာဏမများတဲ့ အတွက် ဈေးပိုမိုကြီးမြင့်လေ့ရှိပါတယ်။
Zawgyi

ယနေ့ကျွန်တော်တို့ဆီမှာ လူကြိုက်များနေတဲ့ Ballantine’s ဝီစကီကိုတော့ ၁၈၂၇ ခုနှစ်ကတည်းက George Ballantine ဆိုသူက စကော့တလန်န...
23/10/2024

ယနေ့ကျွန်တော်တို့ဆီမှာ လူကြိုက်များနေတဲ့ Ballantine’s ဝီစကီကိုတော့ ၁၈၂၇ ခုနှစ်ကတည်းက George Ballantine ဆိုသူက စကော့တလန်နိုင်ငံ Edinburg မြို့မှာ စတင်ပွဲထုတ်ရောင်းချခဲ့တာဖြစ်ပြီး အဲ့တုန်းက သူ့အသက်က ၁၉နှစ်ပဲရှိခဲ့ပါသေးတယ်။

နောက်တော့သူရဲ့သား ၂ယောက်နဲ့ မြေးအကြီးဆုံးကပါ အရွယ်ရောက်လာတော့ ၀ိုင်းကူလုပ်ခဲ့ရာကနေ တစ်စတစ်စ အောင်မြင်ကျော်ကြားမှုကြီးထွားလာခဲ့ပါတယ်။ ၁၈၉၅ ခုနှစ်ရောက်တော့ အင်မတန်အောင်မြင်နေပြီဖြစ်တဲ့ Ballantine’s ဝီစကီအတွက် Ballantine & Son ကုမ္ပဏီက ဗြိတိန်ဘုရင်မကြီး Queen Victoria ကပေးအပ်တဲ့ အစားအသောက်ဆိုင်ရာ တော်ဝင်အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပြီးနောက် ဂုဏ်သိက္ခာပိုင်းအရ အကြီးအကျယ် အကျိုးကျေးဇူးရရှိခဲ့ပါတယ်။

Ballantine’s Finest Blended Scotch ဝီစကီကိုတော့ ၁၉၁၀ ခုနှစ်မှာ စတင်ဈေးကွက်တင်ခဲ့ပြီး ယနေ့အချိန်အထိအောင်မြင်မှုကြီးမားခဲ့ရာ လက်ရှိမှာ နေ့စဉ် ကမ္ဘာနဲ့အဝှမ်း ပုလင်းပေါင်း ၂ သိန်းကျော် (ခွက်ရေ ၆.၆ သန်း) ရောင်းချနေရပါတယ်။

Ballantine’s Finest ဝီစကီရဲ့ အရည်အသွေးအပြင် နောက်ထပ်ထူးခြားမှုတစ်ခုကတော့ သူ့ရဲ့ ပြားချပ်ချပ်သဏ္ဍန် ပုလင်းပုံစံပါပဲ။ ၁၉၂၀ တစ်ဝိုက် ဥရောပမှာ ယမကာကန့်သတ်မိန့်တွေ ဥပဒေတည်စဉ်တုန်းက သယ်ဆောင်ရာမှာ လူအများ အလွယ်တကူမမြင်စေနိုင်အောင် လုပ်ငန်းသုံး briefcase တွေထဲ ထည့်ယူသွားလို့ရမယ့် ပုလင်းပုံစံကို ထုတ်လုပ်သုံးစွဲရာကနေ လက်ရှိအချိန်ထိသုံးစွဲဖြစ်နေခဲ့တာပါ။

Ballantine’s အမှတ်တံဆိပ်ဟာ မျက်မှောက်ခေတ်ကာလမှာလည်းဆုတံပေါင်းများစွာနဲ့ အရည်အသွေးစစ်မှန်မှုအတွက် ဈေးကွက်ဝေစုရရှိမှုထိပ်တန်းနေရာမှာ ရှိနေခဲ့ပါတယ်။ ၂၀၀၂ ကနေစလို့ နိုင်ငံတကာ ဆုတံဆိပ်ပေါင်း ၂၅ ခုကို Whisky Bible, IWSC and ISC စတဲ့ အဖွဲ့အစည်းအသီးသီးကနေ ရရှိခဲ့ပါတယ်။ (*IWSR volume 2015) အစီရင်ခံစာအရ Ballantine’s ဝီစကီတွေဟာ ဥရောပရဲ့ ရောင်းအားအကောင်းဆုံး Scotch Whisky စာရင်းမှာ ထိပ်ဆုံးကဦးဆောင်ခဲ့ပြီး ကမ္ဘာမှာဆိုရင်တော့ ဒုတိယအရောင်းရဆုံး Scotch Whisky အဖြစ်ရပ်တည်နေခဲ့ပါတယ်။

Ballantine’s Finest Blended Scotch ဝီစကီကို စကော့တလန်ရဲ့ နာမည်ကျော် ဝီစကီဒေသကြီး ၄ ခုကနေ အထူးရွေးချယ်စီစစ်ထားတဲ့ Malt နဲ့ Grain ပေါင်း ၄ဝကျော်နဲ့ရောစပ်ထုတ်လုပ်ထားလို့ အနံ့အရသာအထူးကောင်းမွန်ကာ ညင်သာ၊ ညက်ညောတဲ့ခံစားမှုကို ခံတွင်းတစ်လျှောက်ရှရှိစေပါတယ်။ Ballantine’s ဝီစကီကို လက်ရှိ ဦးဆောင်ထုတ်လုပ်သူ SANDY HYSLOP ရဲ့ မှတ်ချက်ကတော့့ “Ballantine’s ကို ဘယ်လိုသောက်ရင်အကောင်းဆုံးဖြစ်မလဲဆိုတော့ ခင်ဗျားတို့အနှစ်သက်ဆုံးနည်းလမ်း (On the rocks, ရေနဲ့၊ mixer နဲ့ စသည်) နဲ့သာ သောက်သုံးပါ၊ အကြိုက်ဆုံးနည်းကနေ အရသာအကောင်းဆုံးရနိုင်ပါလိမ့်မယ်” ဆိုတာပါပဲ။
----------------------------------------------------------------------------------

References
1. Ballantines.com
2. Leave an impression website sponsored by Ballantine's
3. Pernod Ricard official site

19/10/2024

History of Beverages ...

.......၀ိုင်သမိုင်းကြောင်းတစ်စေ့တစ်စောင်း..................ကမ္ဘာပေါ်မှာ ဘီယာယဉ်ကျေးမှု နှစ်ပေါင်း ထောင်ချီထွန်းကားခဲ့ပြီ...
19/10/2024

.......၀ိုင်သမိုင်းကြောင်းတစ်စေ့တစ်စောင်း..................

ကမ္ဘာပေါ်မှာ ဘီယာယဉ်ကျေးမှု နှစ်ပေါင်း ထောင်ချီထွန်းကားခဲ့ပြီး နောက်မှာတော့ B.C 6000 ခန့်တစ်ဝိုက်မှာ မက်ဆိုပိုတေးမီးယားဒေသ (အရှေ့အလယ်ပိုင်းဒေသလို့ ယနေ့ခေါ်တဲ့ အီရတ်၊အီရန် နဲ့ ဆီးရီးယားတို့)တစ်ကြော ၀ိုင်ကိုစတင်ထုတ်လုပ်ခဲ့ကြပါတယ်..အဲ့ဒီအချိန်တုန်းကတော့ ၀ိုင်အတွက် လိုအပ်တဲ့အပူချိန်ရရှိတဲ့ အရှေ့အလယ်ပိုင်းဒေသမှာပဲ စပျစ်တွေကို စိုက်ပျိုးလွယ်ခဲ့တာကြောင့် ဒေသနဲ့ အနီးတစ်ဝိုက်လောက်သာစိုက်ခဲ့ကြပါတယ်။ မက်ဆိုပိုတေးမီးယန်းတွေရဲ့ အဲ့ဒိစိုက်ခင်းတွေမှာ အလုပ်သမားတွေအဖြစ် စပျစ်ရိတ်သိမ်းရာမှာတော့ အီဂျစ်လူမျိုးတွေ တော်တော်များများပါဝင်ခဲ့ကြောင်း သမိုင်းအထောက်အထားတွေကို အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်း ကောျက်ပြားတွေနဲ့အုတ်ဂူကြီးတွေမှာ အထင်အရှားတွေ့မြင်နိုင်တာကြောင့် ဒီလူမျိုး၂မျိုးကို ၀ိုင်ဖော်ထုတ်ခဲ့သူတွေအဖြစ် မှတ်တမ်းတင်ခဲ့ကြပါတယ်..။ အီရန် (ယခင် ပါရှား အင်ပါယာ) မှတစ်တင့် ၀ိုင်တွေကို နေရာဒေသအသီးသီး ပျံနှံ့စေခဲ့ကြပြီး အီဂျစ်တွေကိုယ်တိုင်လဲ နိုင်ငံတွင်း စတင်စိုက်ပျိုးလာခဲ့ပြီး စိုက်ရခက်တဲ့ စပျစ်နဲ့ထုတ်တဲ့ဝိုင်တွေကိုတော့ မက်ဆိုပိုတေးမီးယားကပဲ တင်သွင်းခဲ့ကြပါတယ်။ အီဂျစ်ဝိုင်တွေရဲ့ အရသာကို မှတ်တမ်း(tasting notes) မရှိခဲ့ပေမယ့် အထက်တန်းလွှာတို့နဲ့ မင်းစိုးရာဇာတွေသာ သောက်သုံးနိုင်ခဲ့ကြတာပါ.. ဘီယာကိုတော့ အများသူငါ သောက်သုံးနိုင်ခဲ့ကြပါတယ်..။အီဂျစ်တွေ ၀ိုင်သောက်ရာမှာ ယနေ့ခေတ်လို ခွက်ဖြင့်မဟုတ်ပဲ ဘီယာ picture လို Jar များဖြင့် ထည့်ကာ straw ဖြင့် စုတ်သောက်ခဲ့ကြတာပါ။

၁၇ ရာစုမှာတော့ ၀ိုင်လောကအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရကာ အခြား အသစ်ပေါ်ထွန်းလာသော အဖျော်ယမကာ အမြောက်အမြားကို ယှဉ်ပြိုင်အံတုခဲ့ရပါတယ်..Gin နဲ့ Brandy တို့လိုအသစ်ပေါ်ထွက်လာသော ယမကာတို့နှင့် beer အပြင် ale ၏ တိုးတက်လာသော အရသာများက ၀ိုင်ကို နောက်တန်းရောက်စေခဲ့ကာ လူအများ၏ လက်ထဲသို့ အစားထိုးဝင်ရောက် လာခဲ့ကြပါတယ်.။ ၁၈ ရာစုအရောက်မှာတော့ ၀ိုင်ပုလင်းကို ဖန်သားနဲ့စတင်တီထွင်နိုင်ခဲ့ကြပြီး အဆို့ (cork) ကိုလဲ အရည်အသွေး ကောင်းမွန်အောင် ဖန်တီးနိုင်ခဲ့ကြတာကြောင့် ထုတ်ပိုးပုံတိုးတက်လာခြင်းရဲ့ ရလာဒ်အဖြစ် ၀ိုင်ရဲ့အရသာဟာ သိသာစွာထူးခြားကောင်းမွန်လာခဲ့ပါတယ်.။ ၀ိုင်တွေလဲ တစ်ခတ်ပြန်လည်ဆန်းသစ်လာပြီးလူတွေရဲ့ သောက်သုံးမှုတွေ တိုးတက်လာခဲ့ကြပါတယ်.။

၁၉ရာစုတစ်လျှောက်မှာတော့ စိုက်ပျိုးရေး နည်းပညာနှင့် စက်ပစ္စည်းများတိုးတက်လာခဲ့ခြင်းနှင့် ရိတ်သိမ်းရာတွင် စနစ်များ ပိုမို ကောင်းမွန်လာခဲ့ခြင်းတို့ကြောင့် ၀ိုင်ယဉ်ကျေးမှု တွင် ထူးခြားသော မှတ်တိုင်များစိုက်ထူနိုင်ခဲ့ကြသည်အထိ အရည်အသွေးများ တစ်ဟုတ်ထိုး ထိုးတက်လာခဲ့ ပြန်ပါတယ်..။ ၁၉၄၀ ခန့်အထိ ထုတ်လုပ်ရာဒေသတစ်ဝိုက်ကိုသာ အားထားရောင်းချနိုင်ခဲ့ရာမှ ရေခဲသတ္တာများတီထွင်လာနိုင်ခဲ့ခြင်းကြောင့် bottle တွင်းရှိ ၀ိုင်ကို ထိန်းသိမ်းရာတွင် အပူချိန်ညှိနိုင်လာခဲ့ကာ ပိုမိုကွာဝေးသော အရပ်ဒေသများဆီသို့ပါ တင်ပို့ရောင်းချနိုင်လာခဲ့ကြပါတယ်.။ စိုက်ပျိုးရာနှင့် ရိတ်သိမ်းရာတွင်လည်း ခေတ်မှီသော စက်ကရိယာများအကူအညီဖြင့် လျှင်မြန်ချောမွေ့လာကာ ထုတ်လုပ်နိုင်စွမ်း များပြားလာခဲ့ပါတယ်..။ စက်ဖြင့်ရိတ်နိုင်သည့်အတွက် အလျင်စလို စောစောရိတ်သိမ်းစရာမလိုပဲ နေစောင်းမှ ရိတ်သိမ်းလာနိုင်ခဲ့ခြင်းက အပူချိန်ထိန်းညှိရာတွင် များစွာအထောက်အကူဖြစ်စေကာ စပျစ်ရည်၏ အရသာကွဲပြားအောင်ထုတ်လုပ်နိုင်ခဲ့ကြပါတယ်.။ ယခုနှောင်းခတ်တွင်မတော့ လိုအပ်သည့်ဥတုဆိုင်ရာ အခြေအနေများကို လိုသလိုဖန်တီးနိုင်စွမ်းရှိကြပြီဖြစ်ရာ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်၊တဖန် ချက်လုပ်ချိန်များတွင်ပါ ၀ိုင်ချက်သူ၏ စိတ်တိုင်းကျ အရသာထွက်ရှိအောင် ပြုလုပ်နိုင်ကြပေပြီဖြစ်ကြောင်း ၀ိုင်၏အစောပိုင်း ယဉ်ကျေးမှုများကို ၀ိုင်ချစ်သူတို့ တစ်စေ့တစ်စောင်းသိရှိနိုင်ရန် တင်ပြအပ်ပါသည်..။

References
Jancis Robinson (2003), A guide to the world of wine

Italian Wine Central, "Top Fifteen Wine-Producing Countries"

A Brief Guide on Single Malts Whisky & Malt Whisky
18/10/2024

A Brief Guide on Single Malts Whisky & Malt Whisky

အမတ်မင်းပြောတဲ့ ခေါင်းကြည်ဆေးဆိုတာ =============================အရက်သောက်လို့ ကျန်းမာရေးကောင်းတယ်ဆိုတာ မရှိပါဘူး ရေရှည်ဆ...
16/10/2024

အမတ်မင်းပြောတဲ့ ခေါင်းကြည်ဆေးဆိုတာ
=============================

အရက်သောက်လို့ ကျန်းမာရေးကောင်းတယ်ဆိုတာ မရှိပါဘူး ရေရှည်ဆွဲသောက်တဲ့သူတွေအတွက် ဘေးထွက်ဆိုးကျိုး အနည်းဆုံး ဖြစ်တဲ့ အရက်ရယ် စနစ်ကြတဲ့ သောက်သုံးတတ်ဖို့လိုအပ်သလို နဲ့ ကျန်းမာဖို့လည်း လိုအပ်ပါတယ်။

ခေါင်းဘာကြောင့်ကိုက်
****************

ခေါင်းကိုက်ရတဲ့အကြောင်းအရင်း ၃ ချက်ရှိပါတယ်
၁။ ရေဓါတ်ခမ်းခြောက်လို့
၂။ ကျောက်ကပ်အားနည်းလို့
၃။ ကိုယ်ခံအားနည်းလို့

ရေဓါတ်ခမ်းခြောက်ခြင်းက ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ အချို့ အရက်သောက်ရင်းနဲ့ ရေသောက်ကြပြီး လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်… တစ်နေကုန် ရေသောက်နည်းတဲ့အခါ ရေပိုသောက်ပေးဖို့ လိုအပ်ပါတယ်။

ကျောက်ကပ်နှင့် ကိုယ်ခံအား နည်းတဲ့အခါမှာလည်း အရက်ရဲ့ ဒါဏ်ကို ခံရတတ်ပါတယ်။ လူ့ခန္ဓာကိုယ်က အရက်ကို အဆိတ်လို့ ယူဆထားတဲ့အတွက်ကြောင့် ပျို့အန်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။

ချက်အရက်နဲ့ရောတဲ့ရေ
*****************

အရက်ဆိုတာ ကြာလေကောင်းလေပဲလို့ များသောအားဖြင့် ထင်တတ်ကြပါတယ်။ ဝက်သစ်ချ စည်ထဲမှာထားပြီးသိုလှောင်တဲ့အထိတော့မှန်ပါတယ်။ သိုလှောင်ပြီးလို့ ရေနဲ့ရောစပ်တဲ့အခါမှာ ရေအပေါ်မူတည်ပြီးတော့ ကြာရှည်မခံပဲ အဆိတ်အတောက်ဖြစ်ပြီး လူသေဆုံးတဲ့အထိ ဖြစ်တတ်တာတွေ ရှိပါတယ်။ ကျွန်တော်တို့နေ့စဉ်သောက်သုံးနေတဲ့ သန့်စင်ပါတယ်ဆိုတဲ့ ရေသန့်(R.O)တွေထဲမှာကိုက သတ္ထုဓါတ် ပါရှိနေပါသေးတယ်။ အရက်ကို R.O နဲ့ချက်ထားတဲ့အရက်တွေက ရေရှည်မှာအထားမခံပါဘူး ကြာလာရင် အရက်ထဲမှာပါတဲ့ Chemical နဲ့ ဓါတ်ပြုပြီး အဆိတ်အတောက်ဖြစ်သွားပါတယ်။ 👉အရက်နဲ့ရေနဲ့ရောနှောပြီး ဓါတ်ပြုထားတဲ့သတ္ထုဓါတ်ဟာ အရိုးတွင်းချဉ်ဆီမှာ သွားစုပြီးနေပါတယ် … 👉 မျက်နှာဖောတဲ့ လက္ခဏာတွေ ဖြစ်လာတယ် … 👉အသည်း ကျောက်ကပ်မကောင်းတဲ့သူတွေအတွက် ခုခံအားမရှိတော့ဘူး …။ Local Brand အများစုတွေမှာ စျေးကွက်ရဖို့တစ်ခုတည်းကိုပဲ ရည်ရွယ်ပြီး တွက်ခြေကိုက်ဖို့ နည်းပညာပိုင်းကို လျော့ထားကြတဲ့အတွက် မြန်မာနိူင်ငံမှာ အရက်သောက်သုံးသူတွေရဲ့ သက်တန်းက တိုတောင်းလာပါတယ်။ Local ကုမ္ပဏီ တွေဟာ ကိုယ့်အကျိုးအမြတ်နှင့်Customer တို့ရဲ့ အကျိုးအမြတ်အပြင် Consumer/end user တို့ရဲ့ ကျန်းမာရေးအတွက်ကိုလည်း အလေးအနက်ထားသင့်ပါတယ်။ Win-Win-Win ကျင့်ဝတ်တစ်ခုကို ကျင့်သုံးသင့်ပါတယ်။

DM (Demineralization) Water
************************

အရက်ချက်တဲ့အခါ ကြာရှည်အထားခံနိူင်ဖို့ DM Water နဲ့ပဲ ရေရောစပ်ရပါတယ်။ ရေမှာပါဝင်တဲ့သတ္ထုဓါတ် သန့်စင်ထားပြီးတဲ့ ရေနဲ့ချက်လုပ်မှသာလျှင် အရက်ကို ကြာရှည်ထားနိူင်မှာဖြစ်ပါတယ်။ မြန်မာနိူင်ငံမှာ DM Water စက်ရုံ ကို ပထမဦးဆုံးနဲ့ တည်ထောင်အသုံးပြုနေ တာဆိုလို့ ကုမ္ပဏီ တစ်ခုသာရှိပါတယ်။


Gin ဖြစ်ဖို့ဆိုလျှင် Juniper Berry လိုပါတယ်။ Juniper Berry မပါဘူးဆိုလျှင် vodka လို့ပြောလို့ရပါတယ်။     #ရွာသစ်ကလေး  #ပြ...
18/02/2023

Gin ဖြစ်ဖို့ဆိုလျှင် Juniper Berry လိုပါတယ်။ Juniper Berry မပါဘူးဆိုလျှင် vodka လို့ပြောလို့ရပါတယ်။



#ရွာသစ်ကလေး
#ပြင်ဦးလွင်

Chivas Regal ----------- Chivas Regal 12 years သည် မုယောနှင့် နှံစားပင်များစွာတို့ဖြင့် ရောနှောထားသည့် စကော့ချ်ဝီစကီ ဖြစ...
05/02/2023

Chivas Regal
-----------

Chivas Regal 12 years သည် မုယောနှင့် နှံစားပင်များစွာတို့ဖြင့် ရောနှောထားသည့် စကော့ချ်ဝီစကီ ဖြစ်ပြီး အနည်းဆုံး ၁၂ နှစ် သက်တမ်းရှိသည်။ ဤပြည့်ဝနူးညံသည့် ယမာကာသည် ရုပ်ဝတ္ထုများနှင့် ယဥ်ကျေးမှု့တို့၏ လက္ခဏာရပ်များအား ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

ထူးခြားတဲ့အချက်များက...

1. ကမ္ဘာမှာ ကျော်ကြားတဲ့ Brand တစ်ခုဖြစ်တယ်။
(A world famous brand)

2. ချောမွေ့ပြီး နူးညံတဲ့ Scotland ရဲ့ စပေ့ဆိုက် ဒေသက ထွက်ရှိတဲ့ whisky တစ်ခုဖြစ်ပါတယ်။
(A smooth and generous Speyside whisky)

3. ကမ္ဘာမှာ ပထမဦးဆုံး ဇိမ်ခံအရက် ဖြစ်ပါတယ်။
(The world's first luxury scotch whisky)

4. နိူင်ငံပေါင်း 150 ကျော်တို့မှာ ဈေးကွက်ရရှိနေပါတယ်။
(Available in over 150 international market)

Scotland ရဲ့ အရက်ထွက်ရှိရာ ကုန်းမြင့်ဒေသ တွေကို အလျင်းသင့်သလို ဖော်ပြပေးသွားပါမယ်။

Please Like and share


#ရွာသစ်ကလေး၊ပြင်ဦးလွင်။

 #ဝီစကီနှင့်_သက်တမ်းကုန်ဆုံးရက်အသစ်ထွက်ရှိထားတဲ့ ဝီစကီအမှတ်တံဆိပ်အသစ်များကိုဖြစ်စေ၊ နှစ်ခြိုက်စွာသောက်သုံးလေ့ရှိတဲ့ ဝီစက...
02/02/2023

#ဝီစကီနှင့်_သက်တမ်းကုန်ဆုံးရက်

အသစ်ထွက်ရှိထားတဲ့ ဝီစကီအမှတ်တံဆိပ်အသစ်များကိုဖြစ်စေ၊ နှစ်ခြိုက်စွာသောက်သုံးလေ့ရှိတဲ့ ဝီစကီအမှတ်တံဆိပ်ကိုဖြစ်စေ ယမကာသောက်သုံးသူအများစုဟာ မိမိအိမ်တွင် ဝီစကီပုလင်းများကို စုဆောင်းထားနိုင်ပါတယ်။ သို့သော်လည်း ပုံမှန်သောက်သုံးသူ အများစုအတွက်မူ တစ်ကြိမ်လျှင် ပုလင်းတစ်လုံးသာဖွင့်ပြီး ကုန်အောင်သောက်ခြင်းသည် စည်းကမ်းသတ်မှတ်ထားသည်ဆိုခြင်းထက် နောက်ကွယ်တွင် အကြောင်းချင်းရာများစွာ ကျန်ရှိနေပါတယ်။

ပုလင်းအဖုံးအဖွင့်ရသေးသော ဝီစကီသည် အရည်အသွေးညံ့ဖျင်းသွားမည် သို့မဟုတ် သက်တမ်းကုန်ဆုံးသွားမည် မဟုတ်သည့်အပြင် စနစ်တကျမှန်ကန်စွာ သိမ်းဆည်းထားမည်ဆိုပါက ယေဘူယျအားဖြင့် ရာစုနှစ်ပေါင်းများစွာအထိ တာရှည်အထားခံပါသည်။ သို့သော်လည်း ပုလင်းများကို အဖုံးဖွင့်လိုက်ပါက ပါတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများပါ သက်ရောက်လာသောကြောင့် အချိန်ကြာကြာသောက်ရန်စိတ်ကူးထားလျှင် ပုလင်းများစွာကို တပြိုက်နက်တည်း အဖုံးမဖွင့်ထားရန်သာ အကောင်းဆုံးဖြစ်ပါတယ်။

#ဝီစကီပုလင်း_အဖုံးဖွင့်ပြီးရင်_ဘယ်လောက်ကြာကြာထားလို့ရနိုင်မလဲ

ယေဘူယျအားဖြင့် ဝီစကီထဲတွင် ပါဝင်သော Ethyl Alcohol (Ethanol) သည် ပြီးပြည့်စုံသော တာရှည်ခံပစ္စည်းအဖြစ် လုပ်ဆောင်ပေးသောကြောင့် ပုလင်းအဖုံးကို မဖွင့်ဘဲ အကြာကြီးသိမ်းထားလျှင်တောင်မှ အဆိုပါဝီစကီသည် အနံ့၊အရသာများ ဆိုးရွားစွာ ပျက်စီးသွားဖွယ်မရှိပါ။ ဒါ့အပြင် Alcohol ဒြပ်ပေါင်းက ဘက်တီးရီးယားများကိုသေစေနိုင်တဲ့ အစွမ်းရှိတယ်ဆိုတာကို ကျွန်တော်တို့ အားလုံးသိရှိကြပြီးလဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဝီစကီပုလင်းအတွင်း အန္တရာယ်ရှိသော မည်သည့်ဘက်တီးရီးယားများ ပေါက်ဖွားနိုင်မည်မဟုတ်သည့် အကြောင်းပြချက်တစ်ခုထဲနှင့်ပင် အခြားသော စားသောက်ကုန်အားလုံးနီးပါးတွင် ကြုံတွေ့နေရသည့် အကြီးမားဆုံးသော အန္တရာယ်ကြီးမှ ဖယ်ရှားပေးပြီးဖြစ်ပါတယ်။

ပုလင်းအဖုံးကို ဖွင့်ထားပြီးရင်တော့ အရက်ပုလင်းများကို ပါတ်ဝန်းကျင်အခြေအနေများက ဝီစကီများကိုဖျက်ဆီးနိုင်သောကြောင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါပြီ။ ဝီစကီပုလင်းတွေကို ခွက်ထဲငှဲ့ထည့်ရာမှာ အဖုံးဖွင့် တိုက်ရိုက်ငှဲ့ထည့်တာမျိုး မဟုတ်ဘဲ Pourer Stopper သုံးပြီး ငှဲ့တာမျိုးဆိုရင်တော့ Pourer Stopper တပ်လျက်ကြီး မထားသင့်ပါဘူး။ ဝီစကီထဲပျော်ဝင်နေတဲ့ အနံ့နှင့် အရသာကွန်ပေါင်းများဟာ Stopper မှာပါဝင်တဲ့ ပိုက်လိုင်းသေးသေးလေးကတဆင့် တိုးထွက်ကာ အငွေ့ပျံ ပျောက်ကွယ်သွားစေပါတယ်။

အိမ်မှာ အရက်တစ်ပုလင်းကို ဖော့ဆို့ သို့မဟုတ် အဖုံးမပိတ်ဘဲ ဖွင့်ထားကြည့်လိုက်ပါ။ အရက်ဟာ ပုလင်းထဲမှာ ညစ်ညမ်းမှုတွေမရှင်သန်နိုင်တာတောင်မှ အရက်မှာပါဝင်နေတဲ့ အယ်လ်ကိုဟော ရာခိုင်နှုန်းများဟာ တဖြည်းဖြည်းနဲ့ အငွေ့ပျံပျောက်ကွယ်သွားပြီး သောက်သုံးရန်မသင့်တဲ့ အခြေအနေတစ်ခုအဖြစ်ကို ရောက်ရှိသွားမှာပါ။ နိုင်ငံခြားမှ လေ့လာစမ်းသပ်ထားသူများရဲ့အဆိုအရ ပုလင်းကိုဖွင့်သောက်ပြီး အဆိုပါအဖုံးဖြင့်ပင် ပြန်ပိတ်ထားပါက အလွန်ဆုံး ၁နှစ်သာထားသင့်တယ်လို့ ဆိုကြပါတယ်။

#သိမ်းဆည်းရမည့်အပူချိန်

ဝီစကီများကို အဖုံးဖွင့်သောက်ပြီးနောက် စနစ်တကျ ပြန်မပိတ်ထားပါက ထည့်သွင်းထားသောဝီစကီသည် ပါတ်ဝန်းကျင်မှ သက်ရောက်သော အပူချိန်အတိုင်း ပူလျှင် ကျယ်လာပြီး အေးလျှင် ပြန်ကျုံ့ကာ အငွေ့ပျံခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေကာ ဝီစကီလျော့နည်းခြင်းဖြစ်စေပါတယ်။ ဒီ့အတွက် အကောင်းဆုံးအကြံပေးချက်ကတော့ မှောင်သောနေရာတွင် ထားရှိခြင်း သို့မဟုတ် နေရောင်ခြည်တိုက်ရိုက်ကျရောက်သောနေရာများကို ရှောင်ရှားခြင်း သို့မဟုတ် အပူထုတ်လွှတ်ရာ အပူပေးစက်များနှင့် ဝေးရာတွင် ထားရှိခြင်းတို့ ဖြစ်ပါတယ်။

Malt ဝီစကီများ၏ အဖုံးများသည် Cork ဟုခေါ်သည့် အပူချိန်ပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိသည့် ဖော့ဆို့များဖြင့် ပိတ်ဆို့ထားလေ့ရှိပါတယ်။ ဖော့ဆို့နှင့် ပုလင်းကြားရှိ သေးငယ် အဟ,ကလေးသည်ပင်လျှင် အငွေ့ပျံခြင်းကို ဖြစ်ပေါ်စေပြီး ဝီစကီ၏အရည်အသွေးကို လျော့ကျစေနိုင်ပါတယ်။ ပုလင်းထဲတွင် အောက်ဆီဂျင်များလေလေ အထူးသဖြင့် အရက်ပြင်းအား ABV % များလေ အချိန်ကြာမြင့်လာသည်နှင့်အမျှ အရက်၏အရည်အသွေးကို ထိခိုက်လာလေလေ ဖြစ်ပေသည်။ ဝီစကီသိုလှောင်ရန် အကောင်းဆုံးအပူချိန်မှာ 15°C မှ 20°C ဖြစ်ပြီး တစ်နှစ်ပတ်လုံး တသမတ်တည်း အပူချိန်ရရှိရန် ထိန်းသိမ်းဖို့ ခက်ခဲလှပါတယ်။

#အလင်းနှင့်_ထိတွေ့ခြင်း

ခရမ်းလွန်ရောင်ခြည်သည် အချိန်နှင့်အမျှ အရက်ထဲတွင် ပျော်ဝင်နေသည့် အရသာမှတ်စုများကို ပြောင်းလဲစေသည့် ကာဗွန်ပါဝင်သည့် ဒြပ်ပေါင်းများကို ဖြိုခွဲနိုင်စွမ်းရှိပါတယ်။ ဝီစကီဖန်တီးသူ ရည်ရွယ်ထားသည့် အရသာများကို ခံစားနိုင်ရန်ဖြစ်သောကြောင့် အလင်းရောင်အောက်တွင် မထားမိစေရန် အစဉ်အမြဲရှောင်ရှားရန် သတိပြုသင့်ပေသည်။ စိတ်ဝင်စားစရာမှာ အစိမ်းရောင်ဖန်ပုလင်းသည် ကြည်လင်တောက်ပသည့် ဖန်ပုလင်းထက် အလင်းထိုးဖောက်မှုကို ပိုမိုခံနိုင်ရည်ရှိသည် ဆိုသည့်အချက်ဖြစ်သည်။ ဒါ့အပြင် အလင်းသည် ဝီစကီ၏ အရောင်ခြယ်ပစ္စည်းများနှင့် အရောင်များကိုလည်း ပျက်စီးစေနိုင်ပါတယ်။

#အဖုံးမဖွင့်ရသေးသော_ဝီစကီသည်_မည်မျှကြာကြာ_ထားသိုနိုင်မည်နည်း

အဖုံးမဖွင့်ရသေးသော ဝီစကီသည် တိကျသော အပူချိန်အတွင်း မှန်ကန်စွာ သိမ်းဆည်းထားပြီး ခရမ်းလွန်ရောင်ခြည်အပါအဝင် အခြားအလင်းရင်းမြစ်များနှင့် မထိတွေ့ထားပါက ကာလကြာရှည်စွာ သိမ်းဆည်းထားနိုင်ပါတယ်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ဝီစကီအချို့သည် လေလံတင်ရောင်းချပွဲများတွင် စံချိန်တင်ဈေးနှုန်းများရရှိသော်လည်း အဆိုပါဝီစကီများ၏ သက်တမ်းမှာ ဖန်ပုလင်းအတွင်းသို့ ထည့်သွင်းပြီးသည်နှင့် တပြိုက်နက် အဆိုပါဝီစကီ၏ သက်တမ်းမှာ ထပ်မံတိုးလာခြင်းမရှိတော့ပါ။ ဥပမာအားဖြင့် သက်တမ်းနှစ်၂၀ရှိသည့် အရက်ပုလင်းဟာ နောက်အနှစ်၁၀၀ကြာရင်လဲ သက်တမ်းနှစ်၂၀ရှိတဲ့ အရက်ပဲ အမြဲဖြစ်နေမှာပါ။ အနှစ် ၁၂၀ ဖြစ်မလာပါဘူး။ သစ်သားစည်အတွင်းမှာရှိတဲ့ Angel's Share လုပ်ငန်းစဉ်လုပ်ဆောင်ထားတဲ့ နှစ်ကိုသာလျှင် သက်တမ်းနှစ်အဖြစ် သတ်မှတ်ထားကြပါတယ်။

#ဝီစကီပုလင်းများကို_သိမ်းဆည်းရမည့်_ပုလင်းအနေအထား

အထူးသဖြင့် Cork @ ဖော့ဆို့ အဖုံးပါတဲ့ Malt ဝီစကီပုလင်းများကို ဝိုင်ပုလင်းများကဲ့သို့ ပုလင်းများကို လှဲပြီး မသိမ်းဆည်းသင့်ပါဘူး။ ပုံမှန်အတိုင်းပဲ ပုလင်းကိုထောင်ပြီးပဲ သိမ်းဆည်းသင့်ပါတယ်။ သို့သော်လည်းပဲ ၆ပါတ် နဲ့ ၈ပါတ်ကြားတခါ ပုလင်းကို ခေတ္တခဏ ဖော့ဆို့ကို အရက်စိုစွတ်သွားအောင် လှန်ပေးသင့်ပါတယ်။ ဒါ့အပြင် ဖော့ဆို့များလုံသေးကြောင်း သေချာစေရန် အသာအယာလှည့်ကြည့်ပေးရန် လိုအပ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဝီစကီတွင် အယ်လ်ကိုဟော ပါဝင်မှုများပြီး ဖော့ဆို့များကို စားပြီး ကွဲအက်စေခြင်းနှင့် အချိန်ကြာလာသည်နှင့်အမျှ ခြောက်သွေ့လာပြီး ကျုံ့ဝင်ခြင်းတို့ကြောင့်ဖြစ်သည်။

ယမကာသုတေသီ တင်အောင်လွင်

https://www.facebook.com/102041882221576/posts/149124230846674/


Address

ရွာသစ်ကလေး၊ရကက(၇)၊ပြင်ဦးလွင်မြို့။
Maymyo
PYINOOLWIN

Opening Hours

Monday 09:30 - 22:00
Tuesday 09:30 - 22:00
Wednesday 09:30 - 22:00
Thursday 09:30 - 22:00
Friday 09:30 - 22:00
Saturday 09:30 - 22:00
Sunday 09:30 - 22:00

Telephone

+959425829878

Website

Alerts

Be the first to know and let us send you an email when Alcohol Liquor House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share