03/03/2023
𝐋𝐢𝐪𝐮𝐨𝐫 𝐒𝐭𝐨𝐫𝐞 ဖွင့်ဖို့ပြင်ဆင်နေပြီလား ?
ဟုတ်ကဲ့ ….. Liquor Store ဖွင့်မဲ့မိတ်ဆွေတို့အတွက် ကျွန်တော်တို့ Partner Liquor City ကနေ အကြံပြုချက်အချို့နဲ့ တင်ပြပေးပါရစေ။
ဘာကြောင့်လဲဆိုတော့ Liquor store တစ်ခုရဲ့ အရင်းအနှီးဟာ အနည်းဆုံး သိန်း ၃၅၀ မှ မိမိငွေထည့်ရင်ထည့်နိူင်သလောက် သိန်းထောင်ချီတဲ့အထိကုန်နိူင်တာမို့ အကျိုးရှိရှိ သတိရှိရှိနဲ့လုပ်ဆောင်နိူင်အောင်အကြံပြုပေးတာပါခမျ။
တစ်ချို့မိတ်တွေများ liquor store ကို ဝင်ငွေကောင်းတယ်ထင်ပြီးချက်ချင်းဖွင့်လိုက်တယ် ၊ လုပ်ငန်းကျွမ်းကျင်မှုအားနည်းတော့ အရှုံးပေါ်ပြီး ဆိုင်ခုန်ဆင်းပြန်ရောင်းရတာတွေအများကြီးရှိတဲ့သာဓကတွေလဲရှိပါတယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ အကြံပြုချက်တွေဟာ ကိုယ်ပိုင်အတွေ့အကြုံတွေကို စေတနာဖြင့် ရေးသားအကြံပြုတာဖြစ်ပြီး တချို့အချက်တွေမှာ နေရာဒေသ အခြေအနေတွေကြောင့် ကိုက်ညီမှုမရှိရင်နားလည်ပေးဖို့ ကြိုတင်အသိပေးပါရစေဗျ။
Location , Target Market
——————————————
Liquor store စဖွင့်မယ်ဆို အရင်ဆုံးစဉ်းစားပြီး စီစဉ်ရမှာ ကိုယ်ဖွင့်မဲ့ဆိုင်တည်နေရာပါဘဲခမျ။
ကိုယ်အဓိကသွားချင်တဲ့ Target market က်ို ကိုယ့်ဖာသာသိပြီး ကြိုတင်စဉ်းစားထားဖို့လိုပါတယ်။ မိတ်ဆွေကမိတ်ဆွေရဲ့ ဆိုင်က ကုန်ပစ္စည်းတွေကို
⚜️ဘယ်လိုလူတန်းစားကိုရောင်းချင်တာလဲ?
⚜️ဘာပစ္စည်းတွေအဓိကတင်မှာလဲ?
⚜️ဘယ်ပစ္စည်းတွေကိုရောင်းပြီး အဓိကအမြတ်ယူမလဲ?
ဆိုတာ ကြိုတင်လေ့လာထားပြီး သုံးသပ်ဖို့လိုပါတယ်။ လုပ်ရင်းနဲ့ဖြစ်သွားမယ်ဆိုတဲ့စိတ်နဲ့သွားလုပ်မိရင် တိုးတက်မှုအချိန်ကြာမှာပါ။
🛖ရိုးရိုးစတိုးဆိုင်လေးဖွင့်မယ် 👍🏻
ဇေ ၊ မန်းကျည်း ၊ ပုံမှန် Local အရက် ၊ အရောင်းသွက်တဲ့ နိူင်ငံခြားအရက် ၁၅ လုံးလောက်ခန့် ၊ ရောင်းကောင်းတဲ့ပုံမှန်ဘီယာ ၊ စတာတွေလောက်ပဲတင်ရောင်းမယ်။ ကိုယ်ဦးတည်ရောင်းမဲ့ လူတန်းစားကအခြေခံလူတန်းစားဆိုရင်ရပ်ကွက်တွင်းက ၁၀’ ပေ ခန်းလောက်ဆိုင်ခန်းလေးပဲငှါးသင့်ပါတယ်ခမျ။ လမ်းမကြီးပေါ်တက်ရင် ဆိုင်ခန်းခနဲ့အဆင်မပြေနိူင်သလို ဆိုင်ရဲ့ရောင်းအားလဲတက်ဖို့မလွယ်ပါဘူး။ လူအသင့်တင့်စဉ်ကားတဲ့ရပ်ကွက်လေးက ပိုပြီးရောင်းကောင်းနိူင်ပါတယ်။
🏠အလယ်အလတ်အနေထားလောက်ဆိုင်ဖွင့်မယ် 👍🏻
ဒါဆိုရင်တော့ လမ်းမတန်းကိုရှာသင့်ပါပြီ။ ကားသွားလာ ရှိပြီး ကားတစ်စီးနှစ်စီးရပ်ရန်အဆင်ပြေရင်ပိုကောင်းပါတယ်။ ရပ်ကွက်ခံနေသူတွေက ငွေသုံးနိူင်တဲ့လူတန်းစားတွေလား လေ့လာသင့်ပါတယ်။ လူဦးရေထူထပ်လားပတ်ဝန်းကျင်နီးစပ်မှာ ကိုယ့်လို liquor stores ဖွင့်ထားသူရှိလား ၊ နီးလားဝေးလား ချင့်ချိန်ပါ။ အရမ်းနီးရင်ရှောင်ပါနှစ်ဦးစလုံးအကျိုးမရှိလို့ပါ။
ဒီနေရာမှာ အလယ်အလတ် ဆိုင်တွေကိုတစ်ခုအကြံပေးချင်တာက Premium, Main Stream, Value ဖြစ်တဲ့ ဘယ်လူတန်းစားကိုမဆို အားလုံးကိုရောင်းဖို့စဉ်းစားထားပါ။ တစ်ခုထပ်အကြံပေးချင်တာက အလယ်အလတ်ဆိုင်မျိုးတွေဟာ မှန်ခန်းပိတ်ပြီးရောင်းရင် အရောင်း “ အ “ပါတယ်နော်။ ဟိုမရောက်ဒီမရောက် Decoration တွေ ၊ ဆိုင်ပစ္စည်းအမျိုးအမည်မစုံလင်မှုတွေနဲ့ မှန်ပိတ် အဲကွန်းဖွင့်ရောင်းမယ်ဆို အခြေခံ ၊ အလတ် ၊ အမြင့် လူတန်းစားသုံးရပ်လုံးကို မရောင်းရဖြစ်သွားပါမယ်။ အားလုံးအဆင်ပြေပြီးသင့်မှ ရွေးပါဗျာ။
🏰ဆိုင်ကြီးဖွင့်မယ် 👍🏻
အလယ်အလတ်ဆိုင်လိုပဲ ရပ်ကွက်အနေထားကောင်း ၊ လမ်းမတန်း လမ်းကျယ် ၊ ဆိုင်အကျယ်အဝန်းကောင်းရပါမယ်။ သူကတော့ သူ့စတိုင်နဲ့သူပါ။ မှန်ခန်းနဲ့ အဲကွန်းပါမယ်။ ပစ္စည်းတွေက အားလုံး Premium တန်းပဲ။ ဇေ၊ မန်းကျည်း မရောင်းဘူး။ သူ့Target က ဘောစိဆိုတဲ့သူတွေပဲ။ မလွဲသာလို့သာ Local အရက်တွေဖြစ်တဲ့ RC,GR, Gland Master တို့လိုအရက်တွေတင်ရောင်းရတာ ပုံမှန်ဆိုအလုပ်ရှုပ်လို့ မရောင်းချင်တဲ့ဆိုင်မျိုးတွေ။ သူက နိူင်ငံခြားအရက်နဲ့ ဘီယာသီးသန့်ပဲရောင်းချင်တာ။ ဝန်ထမ်းအနည်းဆုံး ၃ ယောက်လောက်ရှိမယ်။ ဆိုင်အတွင်းလဲindoor branding တွေရှိမယ်၊ cashကောင်တာ ၊ အရက်စင် ၊ CCTV , POS စတာတွေရှ်ိမယ်။ သန့်ရှင်းမယ် သပ်ရပ်မယ် hygiene မြင့်ပြီး ဘောစိဆိုတဲ့သူတွေကို ဖမ်းစားမယ်။ တကယ်လဲ သန့်ရှင်းသပ်ရပ်မှုနဲ့ ဘီယာတွေကအစလတ်ဆတ်သန့်ရှင်းပြီး First In First Out စနစ်မှန်လို့ ပုံမှန်ဆိုင်ကနေ အမျိုးစားတူ ဘီယာတစ်ဘူးချင်းဝယ်သောက်ရင်တောင် သူ့ဆိုင်ကပိုသောက်ကောင်းတာမျိုးပါ။ (ဥပမာ ဘီယာပုလင်းတွေဗူးတွေကို ရေခဲသေတ္တာထဲထည့်တဲ့အခါ သေချာ ဖုန်သုတ်ပြီးသန့်ရှင်းပြီးမှထည့်တာမျိုး ၊ ရေခဲတုံးတွေနဲ့အေးစေတာမဟုတ်ဘဲ chillers, deep freezer နဲ့ သေချာအေးခဲစေတာမျိုး ။
နိူင်ငံခြားအရက်မျိုးစုံရရှိပြီး ပစ္စည်းစစ်မှန်အာမခံရှိတာမျိုး ၊ အရက်ဘီယာနှင့်စပ်ဆက်သော အသုံးဆောင်များပါတပါတည်း တင်ရောင်းတာမျိုး စသဖြင့်ပါဘဲဗျာ။ ဒီအချက်တွေကို ပိုင်ပိုင်နိူင်နိူင်ဝန်ဆောင်မှုပေးနိူင်လုပ်နိူင်ရင်တော့ ဆိုင်ကြီးဖွင့်ပါဗျို့။
✅ ယစ်မျိုးလိုင်စင်
————————
စတိုးဆိုင်တွေက FL-12 ကိုင်ဆောင်ရပါတယ်။
ရန်ကုန်ဆိုရင် ကာလပေါက်စျေး FL-12 တစ်စောင်ကို သိန်း ၂၃၀ လောက်အကြမ်းဖျင်းရှိနိူင်ပါတယ်။ အရောင်းဝယ်လုပ်တဲ့အချိန်မှာ စာရွက်စာတမ်းကိစ္စဂရုစိုက်ပါ။ ထွေအုပ်ရုံးနဲ့ ချိတ်ဆက်အလုပ်လုပ်ပါ။ တစ်ချို့ one stop service နဲ့ အပြီးစီးပွဲးစားလုပ်ပေးတဲ့သူတွေရှိပါတယ်။ မသိဘဲကိုယ်တိုင်လုပ်ရင်မလိုလားအပ်တဲ့ကြန့်ကြာမှုတွေရှိတာကြောင့် ကိုယ့်ပတ်ဝန်းကျင် မိတ်ဆွေအသိုင်းဝိုင်းကတဆင့် နားလည်တတ်ကျွမ်းတဲ့သူတွေကို အကူညီတောင်းသင့်ပါတယ်။ အသေးစိတ်ဆွေးနွေးပြီး သိချင်တာလေးတွေမေးချင်ရင်တော့ ဖုန်းဆက်လိုက်ပါ ကျွန်တော်အချိန်ရရင် ရသလို ဖြေကြားပေးသွားပါမယ်။
ဒီနေရာမှာအကြံပေးချင်တာကတော့ ကိုယ့်မိတ်တွေတို့ ယစ်မျိုးလိုင်စင်မဝယ်ခင် ဆိုင်ခန်းအရင်ကြိုရှာထားပါ။ ကိုယ်ဖွင့်မဲ့ဆိုင်နေရာဟာ စာသင်ကျောင်း ၊ ဘုန်းကြီးကျောင်းတို့နဲ့ ကိုက် ၁၀၀ ကွာဖို့လိုပါမယ် ။
ဆိုင်ခန်းကိုလဲ စိတ်လောပြီး စာချုပ်တန်းမချုပ်ပါနဲ့အုံး … အရင်ဆုံးစရံငွေ တစ်သိန်းလောက်ကြိုချပြီး ဆိုင်ခန်းရဲ့ခေါင်းရင်း ၅ အိမ် ၊ ခြေရင်း ၅ အိမ် ကို liquor store ဖွင့်ဖို့အတွက် သဘောတူပေးဖို့ လက်မှတ်ထိုးခိုင်းပါ။
🤓(မိတ်ဆွေတို့ လက်မှတ်လိုက်ထိုးတဲ့အခါတော့ လက်ချည်းမသွားနဲ့ဗျ 😬 ကြည့်ကောင်းအောင် တစ်အိမ်ကို ဒန်ပေါက် ၊ ကြက်ဆီထမင်း ၊ ခေါက်ဆွဲကြော် စတာမျိုးတွေထဲက အဆင်ပြေရာ တစ်ပွဲလောက်ယူသွားဗျ ။ သူတို့မထိုးပေးရင် ထွေအုပ်ကလိုင်စင်ချပေးဖို့တို့ လိုင်စင်မကျခင် အမှုတွဲတင်ထားတဲ့အဆင့်မှာ ဆိုင်ကြိုဖွင့်လို့ရမဲ့အခွင့်အရေးတွေဆုံးရှုံးပြီး အားလုံးလုပ်ရကိုင်ရခက်သွားလိမ့်မယ်😇တစ်ချို့ဆို မသိတော့ အားလုံးလုပ်ကိုင်ပြီးလက်မှတ်လိုက်ထိုးတော့မှ တချို့ ညစ်ချင်တဲ့အိမ်တစ်အိမ်လောက်က လက်မှတ်ထိုးမပေးလို့ ပိုက်ဆံ ၄/၅ သိန်းပေးပြီး ချော့မော့ထိုးခိုင်းရတဲ့ အဖြစ်ပျက်တွေရှိသဗျ 😂)…
လက်မှတ်ထိုးရတဲ့ စာရွက်ကို ထွေအုပ်ရုံးမှာသွားထုတ်ပါ။ စာရွက်က ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာလဲရှ်ိနိူင်ပါတယ်။ အားလုံးလုပ်ကိုင်ပြီးလို့ လိုင်စင်ကလဲချပေးလို့ရတယ် စာရွက်စာတမ်းကိစ္စတွေလဲပြီးစီးပြီဆိုမှ ဆိုင်ခန်းကိုစာချုပ်ချုပ်ပြီးငှါးပါ။ ဘာလို့ဒါတွေကြိုတင်ပြင်တင်ရလဲဆိုတော့ လိုင်စင်ဝယ်ပြီးရင်ကိုယ်ဖွင့်မဲ့ဆိုင်လိပ်စာပေးရပါတယ်။ အဲ့သည့်အခါ ကိုယ်ရွေးထားတဲ့နေရာက ပတ်ဝန်းကျင်လက်မှတ်မထိုးပေးတာတို့ ကန့်ကွက်တဲ့ဆိုင်ရှိတာတို့ ထွေအုပ်က လိုင်စင်ချမပေးတဲ့နေရာတို့ ဖြစ်နေရင် ကိုယ်ငှါးထားတဲ့ဆိုင်ခန်းကliquor store ဖွင့်ခွင့်မရဖြစ်ပါမယ်။ အဲ့သည့်အခါမှာဆိုင်ခန်းခကြိုတင်ပြီး ချေထားမိသွားရင် မိတ်ဆွေတို့အခက်တွေ့ပါလိမ့်မယ်။
✅ ဆိုင်ဖွင့်ရန်နေ့ရက်အချိန်ခါရွေးမှု
———————————————
လွယ်ပါတယ်ဗျ။ ကိုယ်အဆင်ပြေတဲ့တဲ့ရက်ကိုရွေးရုံပါပဲ။ တစ်ခုရှိတယ်ဗျ ကိုယ်ရွေးတဲ့ရက်က သင်္ကြန် ၊သီတင်းကျွတ် ၊ တန်ဆောင်တိုင် ၊ new year အဲ့အချိန်အခါတွေကိုတော့ မိအောင်လုပ်ဗျ။ အဲ့ရက်တွေရဲ့ရောင်းအားက ပုံမှန်ရက်တွေရောင်းအားရဲ့ ( ၁၀ )ဆ ရှိသလို customer မိတ်လဲပိုရလို့ပါ။
✅ သုံးမည့်ငွေပမာဏ
—————————
သိန်းထောင်ချီထည့်လဲရတယ် , သိန်း ၄၀၀ လောက်နဲ့စလဲရတယ်။ ကိုယ်ငွေသုံးနိူင်မှုပေါ်မှုတည်ပြီး ဆိုင်Decoration တွေ ပစ္စည်းစုံလင်မှုတွေကွဲပြားမှုတော့ရှိပါမယ်။ ဒီနေရာမှာ နိူင်ငံခြားအရက်တွက် ငွေသုံးဖို့စဉ်းစားနေပြီး အခက်တွေ့နေရင် ကျွန်တော်တို့ Partner Liquor City ကိုဆက်သွယ်ပေးပါ။ တစ်ဆိုင်လုံးစာအတွက် မိတ်ဆွေတို့ရဲ့ ငွေသုံးမည့်ပမာဏပေါ်မူတည်ပြီး ပစ္စည်းအမျိုးအစားလိုက် ဆိုင်မှာ ပစ္စည်းစုံအောင် ဝိုင်းဝန်းအကြံပေးဆွေနွေးပြီး ရှိသင့်ရှိထိုက်သည့်ပစ္စည်းများ စုံအောင်စီစဉ်ရောင်းချပေးသွားပါမည်။ အသေးစိတ်အတွက်09675007976 ကျွန်တော့်နံပါတ်ကိုဆက်သွယ်ပါ။
အဓိက အကြံပေးချင်တာတော့ ဆိုင်တိုင်းမှာ အများစုရောင်းရတာဟာ ဘီယာပါ။ နေ့စဉ် ကုန်ကျစရိတ်တွေကို ကာမှီအောင် ထိန်းပေးထားတာလဲ ဘီယာရဲ့အမြတ်ပါ။ပြည်အတွင်းထုတ်အရက်တွေဟာ အမြတ်အရမ်းနည်းပါတယ်။အလွန်ဆုံး 7% လောက်ပဲရမယ်။ ဘေးမှာဆိုင်ရှိရင်ပိုဆိုးပါတယ်။ တင်ရောင်းလို့မရပါဘူး။ ဒီနေရာကနေ ဆိုင်သမားတွေကိုအကြံပေးချင်တာက ဆိုင်ဖွင့်ထားတဲ့မိတ်ဆွေအားလုံး Local အရက်တွေကို ကိုယ့်အတွက် ကိုက်ညီမှုရှိတဲ့အမြတ်တစ်ခု တင်သင့်ပြီဆိုတာပါဘဲ။ အရင်က မုန့်ဟင်းခါးတစ်ပွဲ ၆၀၀ ဝယ်စားတဲ့အချိန်ကအတိုင်းပဲသွားနေရင် အဆင်မပြေနိူင်ပါဘူး။
✅ Chiller & Decoration
————————————
Liquor stores ဆိုင်တစ်ဆိုင် စဖွင့်ပြီဆို အနည်းဆုံး ရေခဲသေတ္တာ သုံးလုံးတော့လိုပါမည်။ ဒါကအနည်းဆုံးပါ။ ဖြစ်နိူင်လျှင် Deep Freezer 2လုံး
Chiller 4လုံးဆိုပိုကောင်းပါတယ်။ လာဝယ်သမျှ ဘီယာတိုင်းအေးနေရပါမယ်။ ဘာမေးမေး ရှိနေရပါမယ်။ရေခဲသေတ္တာများများထားပြီး ပစ္စည်းစုံတဲ့ဆိုင်က ရေခဲသေတ္တာနည်းပြီး ပစ္စည်းမစုံတဲ့ဆိုင်ထက် အများကြီးပိုရောင်းရမယ်ဆိုတာ ကျွန်တော် တစ်သန်းကြေးလောင်းရဲပါတယ်။
Decoration ဟာ ဆိုင်တစ်ဆိုင်အတွက် အရေးကြီးတယ်ပြောလို့ရသလို နေရာဒေသအရ အရေးမကြီးဘူးဆိုလည်းမှန်နေပါတယ်။ ဒါကတော့ အစောပိုင်းမှာ ပြောခဲ့သလို Location & Target Market ကိုအခြေခံပြီးလုပ်ဆောင်ရမှာပါခမျ။
ကိုယ်ရောင်းချင်တဲ့ Consumer ကို attraction ရှိဖို့ကအရေးကြီးဆုံးပါ။
✅ ဆိုင်းဘုတ်ကိစ္စ
————————
Liquor Store တစ်ခုက ဆိုင်းဘုတ်လဲအရေးကြီးပါတယ်။
ဆိုင်ကြီးများအတွက် ကိုယ်ပိုင်ဆိုင်းဘုတ် logo နှင့်လုပ်မည်ဆိုက အလင်းအားကောင်းပြီး ဆွဲဆောင်မှုရှိသောအရောင်များသုံးပါ။
အလယ်အလတ်ဆိုင်များနှင့် ပုံမှန်ဆိုင်များအတွက်ကတော့ ဆိုင်းဘုတ်လုပ်ပေးသည့် အရက်ဘီယာ ကုမ္မဏီများနှင့်ချိတ်ဆက်စေချင်ပါသည်။ အရက်ဘီယာဆိုင်းဘုတ်တွေဟာ ကိုယ်တိုင်လုပ်တဲ့ဆိုင်းဘုတ်တွေထက် ပို၍အထင်ကရဖြစ်ပြီး Liquor Store မှန်း လူတွေပိုပြီးသတိထား သိသာစေပါတယ်။ ဒီ့အတွက် company များအားစုံစမ်းရန် အခက်အခက်ရှိနေလျှင် ကျွန်တော့်ကိုဆက်သွယ်နိူင်ပါတယ်။ တတ်နိူင်သမျှပြန်ပြီး ဖြေကြားဆွေးနွေးပေးသွားပါမည်။
✅ ပစ္စည်းဝယ်ထည့်မှု
—————————
အဓိက တွေးထားရမဲ့ အရေးကြီးပစ္စည်းဟာ အရက်ဘီယာပါဘဲ။ ပြီးမှ အချိုရည် ရေသန့် အမြည်းပါ။ ဒီနေရာမှာအကြံပေးချင်တာက ဆိုင်စဖွင့်တဲ့အချိန် ကိုယ့်ဆိုင်အတွက်သိပ်အရေးမကြီးတဲ့ပစ္စည်းတွေလာရောင်းတဲ့အခါအားနာပြီးမဝယ်ပါနဲ့ ငွေအိပ်လို့ပါ။ ပြီးတော့ လိုအပ်တဲ့ ပစ္စည်းတွေကို အတတ်နိူင်ဆုံး သက်သက်သာသာ ရရှိဖို့စုံစမ်းလေ့လာပြီးဝယ်ပါ။ ဆိုင်စဖွင့်ဖွင့်ချင်း အရက်ဘီယာ ပစ္စည်းဝယ်ထည့်မှုဟာ အနည်းဆုံး (သိန်း ၇၀ မှ ၁၀၀) ရှိပါတယ်။ ဒါဟာ နိူင်ငံခြားအရက်မပါသေးပါဘူး။
ဒီလိုတွေအကုန်အကျများတာသိလို့ မိတ်ဆွေတို့အဆင်ပြေအောင် ကျွန်တော်တို့ Partner Liquor City မှာ နိူင်ငံခြားရက်တွေကိုမည်သည့်အမျိုးအမည်မဆို စုစုပေါင်း ၁၂ လုံးပြည့်တာနဲ့ လက္ကားစျေးနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။
🔅 ဆိုင်ဖွင့်ပြီးနောက်
—————————
ဆိုင်ဖွင့်ပြီး ဆိုင်ရောင်းအားကောင်းဖို့လိုပါမယ်။
ရောင်းအားကောင်းဖို့ဆိုရင် ဒီအချက်တွေလိုအပ်မယ်ဗျ။
၁။ ဆိုင်မှ ဝန်ထမ်းများရဲ့ ဆက်ဆံရေးပြေလည်မှု
၂။ စျေးနှုန်းမှန်ကန်သင့်တင့်မှု
၃။ ပစ္စည်းအမျိုးစုံလင်မှု
၄။ အရက်ဘီယာကုမ္မဏီများနှင့် ပူးပေါင်းလုပ်ဆောင်တတ်မှု
ဆိုင်ရဲ့ဝန်ဆောင်မှုဟာ ဆိုင်တစ်ဆိုင်ရဲ့ စျေးနှုန်းချိုသာမှုအတက် ပိုအရေးကြီးပါတယ်။ customer တွေပေါ်စေတနာထားပြီး ယဉ်ကျေးပျုငှါစွာဆက်ဆံရင် စျေးကြီးတဲ့ ကိစ္စက သိပ်အရေးမကြီးတော့ပါဘူး။ လူကိုခင်ရင်မူကိုပြင်သလိုပါဘဲ။ ကိုယ့်ဆီဝယ်နေကျဖောက်သည်ဟာ ကိုယ်ထိန်းထားတတ်ရင် ဝယ်သူဟာ အခြားဆိုင်ပြောင်းဖို့မစဉ်းစားတော့ပါဘူး။ ဆက်ဆံရေးမပြေပြစ်မှုက ကိုယ့်ဆိုင်ကို ဝယ်သူရဲ့နာကြည်းမုန်းတီးမှုရစေပါတယ်။ သူမှတဆင့် အခြားသူ့နီးစပ်ရာလူတွေကိုပါ ကို့ဆိုင်သတင်းကူးစက်စေမှာပါဗျ။ လူတိုင်းက လေးစားခံမှုနဲ့ထိုက်တန်ပါတယ်။စေတနာနဲ့ လေးစားပေးလိုက်ပါလို့အကြံပြုပါတယ်။ ကောင်းသတင်း နာမည်ရဖို့ ကိုယ့်ဆိုင်ကဝန်ဆောင်မှုကို100% သာ တင်ထားလိုက်ပါဗျာ။
စျေးနှုန်းဟာလည်း ကိုယ့်ပတ်ဝန်းကျင်ကဆိုင်နဲ့ ဝန်ဆောင်မှုအားလုံးတူနေရင် ဝယ်သူစိတ်ကြိုက်ရွေးချယ်စရာဖြစ်လာပါပြီ ။ ဒါကြောင့် ကာလပေါက်စျေးနဲ့ ကိုယ့်ပတ်ဝန်းကျင်ဘေးဆိုင်တွေရဲ့ ရောင်းစျေးတွေကို သိအောင်လုပ်ထားရမှာပါ။ ပြီးရင်တော့အသင့်တင့်ဆုံးစျေးနဲ့ရောင်းရင် ရောင်းအားတက်မှာပါဘဲ။
ပစ္စည်းအမျိုးအမည် စုံလင်မှုကလဲ အရေးကြီးတဲ့ကိစ္စပါ။ ဝယ်သူတစ်ယောက်ဟာ သူလာဝယ်တဲ့ပစ္စည်းမရှိရင်စိတ်ပျက်တတ်ပါတယ်။ ၂ ကြိမ်လာမေးလို့ ကိုယ့်ဆိုင်က မရှိဘူးလို့ ထပ်ဖြေနေရရင် အဲ့ဝယ်သူကို ဆုံးရှုံးဖို့ 80% သေချာနေပါပြီ။ ဂရုစိုက်ပါမိတ်ဆွေတို့။ သူများဆိုင်ရောက်သွားရင် ပြန်လာဖို့အလွန် ခဲယဉ်းပါတယ်။
အရေးကြီးဆုံးအချက်လာပါပြီ !
ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ Company တွေနဲ့ အမြဲ ပူးပေါင်းလုပ်ဆောင်တတ်ပါစေ ခင်မင်မှုရှိနေပါစေ။
Myanmar Beer Company
Heineken,Tiger Company
Beer Chang Company
Tuborg,Yoma, Calsberg Company
Dagon Beer Company
Grand Royal Company
Mandalay Rum Company
Gland Master Company
Coca Cola Company
ဒီကုမ္မဏီတွေက အရေးကြီးဆုံးပါ။ ကိုယ့်ဆိုင်ရဲ့အကျိုးအမြတ်တွေဟာ သူတို့ပစ္စည်းရောင်းမှရတာပါ။
တချို့ဆိုင်ရှင်တွေအမှားလုပ်တာရှိတယ်။ကုမ္မဏီဝန်ထမ်းလာရင် အပေါ်စီးကဆက်ဆံတာ။ စကားကိုချေချေငံငံမပြောဘဲ ဘောစိအထာဖမ်းပြီး ချေတာမျိုးတွေမလုပ်မိပါစေနဲ့ဗျာ ။ ကျွန်တော် စေတနာအရင်းခံနဲ့အကြံပြုတာပါ🙏🏻။
ဘီယာကုမ္မဏီတွေဟာ မြန်မာပြည်မှာ 1 to 10 စာရင်းဝင်လုပ်ငန်းကြီးတွေဖြစ်ပါတယ်။သူတို့ဝန်ထမ်းတွေဟာလဲEducated အားလုံးဖြစ်ကြပြီး ကိုယ်ကျွမ်းကျင်ရာ Skills တွေ ကိုယ်စီနဲ့လုပ်နေကြသူတွေပါ။ Professional တွေမဟုတ်ခဲ့ရင်တောင် အချဉ်တွေမဟုတ်ပါဘူး။ ဒါတွေမရှိရင်လဲ ဘီယာကုမ္မဏီကြီးတွေက သူတို့ကို company ရဲ့second face အဖြစ်နဲ့စျေးကွက်ထဲမလွတ်ကြပါဘူး။ ဒီကုမ္မဏီရဲ့ဝန်ထမ်းတွေက တချို့သော ကုမ္မဏီဝန်ထမ်းတွေနဲ့မတူဘဲသူတို့ဟာ ပိုပြီးတော့ စျေးကွက်ကြောင်းနားလည်ပြီး တော်ကြတဲ့သူတွေမို့ပါ။ ဒါကြောင့် သူတို့လာတဲ့အခါ Liquor ဆိုင်ရှင် အကို အမ မိတ်ဆွေများ ဧည့်ခံစကားပြောလိုက်ပါ။ မေးမြန်းစုံစမ်းပါ။ ကိုယ့်ဆိုင်မှာ ဘာတွေလိုအပ်လဲအကြံညာဏ်တောင်းပါ။ ဆိုင်းဘုတ်တွေ ရေခဲသေတ္တာတွေ အကူညီတောင်းပါ။ Promotion အစီအစဉ်တွေရှိရင် ထည့်ပေးထားဖို့ပြောပါ။ သူတို့ကိုယ့်ဆိုင်ကို အကျိုးမြတ်ရအောင် ဂရုစိုက်လုပ်ပေးခြင်းဟာ အဲ့ဝန်ထမ်းတွေကိုယ့်ဆိုင်ကိုခင်မှ ကုမ္မဏီကလုပ်ပေးတဲ့ promotion တွေ Activities တွေအားလုံး သူထည့်ပေးမှပါ။ သူထည့်ပေးမှလဲ ကိုယ်ရမှာပါ။ ပစ္စည်းခွဲတမ်းတွေသူတို့ထည့်တာပါ ။ ရုံးထိုင်မန်နေဂျာက စျေးကွက်ထဲကို ဆင်းလာပြီးမိတ်ဆွေတို့ဆိုင်ကို တစ်နှစ်တခါလာမည်လို့တောင်မထင်ပါနဲ့။ မိတ်ဆွေတို့ရဲ့ liquor store အတွက် information is power ဆိုလဲမမေ့ပါနဲ့ဗျာ။ စျေးကွက်မှာ ဘယ်ဘီယာ အရက်တွေဟာဖြင့် စျေးတက်တော့မယ် ၊ စျေးပြန်ကျမယ် ၊ကံစမ်းမဲလာတော့မယ် ၊ အကြောင်းတစ်ခုခုကြောင့် ပစ္စည်းတွေပြတ်တော့မယ် ၊ ရှားမယ် စတဲ့သတင်းအချက်အလက်ကို စတိုးဆိုင်တွေက အမြဲသတိထားပြီး သိရှိအောင်လုပ်ရပါမယ်။ ဒါတွေကိုသိရှိပြီး ကိုယ့်အတွက်အကျိုးအမြတ်ကိုဖန်တီးရပါမယ်။အဲ့လိုမလုပ်နိူင်ရင် ရောင်းရဝယ်ရအခက်ကြုံပြီး သူများနောက်ရောက်သွားမှာပါ။ ဒီသတင်းအချက်အလက်တွေကို ပေးမှာကတော့ Company ဝန်းထမ်းတွေပဲဆိုတာ သိထားပါဗျ။ ဒါကြောင့် ကိုယ့်ဆီလာတဲ့ way တာဝန်ခံ တွေနဲ့အဆင်ပြေအောင်ပေါင်းသင်းပြီး ကိုယ့်ဆိုင်ကို တိုးတက်အောင် ရောင်းအားကောင်းအောင် ပြုလုပ်ပါလို့ အကြံပေးရင်း ရောင်းအားကောင်းတဲ့ Liquor Store ကိုတည်းဆောက်နိူင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခမျာ။
အားလုံးအဆင်ပြေကြပါစေ ။
✍️Written By Partner Liquor City✍️
လွတ်လပ်စွာ Share နိူင်ပါသည်။
ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုပါနှင့်။
🤩PLC က နိုင်ငံခြားအမှတ်တံဆိပ် အရက်ပုလင်းအမျိုးမျိုး၊ ဝိုင်ပုလင်းအမျိုးမျိုးတို့ကို 100% အရည်အသွေးပြည့်အာမခံမှုနှင့်အတူ ပစ္စည်းမှန်၊ စျေးမှန်ဖြင့်ရောင်းချပေးနေပါတယ်။
🌀Liquor Customer တိုင်းအတွက်အကောင်းဆုံးမိတ်ဖက် Partner Liquor Cityနဲ့ချိတ်ဆက် 🌀
ဆက်သွယ်မှာယူလိုပါက
————————————
🤝Partner Liquor City🤝
📱09675007976 & Chat box
💵 ရန်ကုန်မြို့တွင်း ပစ္စည်းရောက်ငွေချေ ။
နိူင်ငံခြားအရက် ( ၃ လုံး )နှင့်အထက်(Deli Free)
💵 နယ်မြို့များ ဂိတ်ချငွေချေ။
တစ်ဖာနှင့်အထက် (Deli Free)
💵 K-Pay ✅ 👉🏻 { No Percentage }🤩
#နိူင်ငံခြားအရက်
✅ပစ္စည်းစစ်မှန်မှုအရည်အသွေး 100% အာမခံပါသည်။