ကံသာစတိုး

ကံသာစတိုး စားသောက်ကုန်နှင့်ကုန်မျိုးစုံ

05/09/2023
02/01/2023

US Forbes site ကနေ The Glory နဲ့ Song Hye Kyo ကိုချီးကျူးပြီးရေးထားတဲ့ စာစောင်က အာရှမီဒီယာတွေကြား ရေပန်းစားနေပါတယ်. ရက်ပိုင်းသာလွှင့်ရသေးတဲ့ The Glory ရဲ့နိုင်ငံတကာထိုးဖောက်နိုင်မှုကို မီးမောင်း ထိုးပြနေတယ်ဆိုပြီး ပြောကြတာ. ပြည်တွင်းပြည်ပက ကောင်းမွန်လှတဲ့ review တွေနဲ့အလွန်ကောင်းတဲ့ ဇာတ်လမ်းလို့လည်း US Forbes ကဖော်ပြထားတာလေ.

Song Hye Kyo ရဲ့အကောင်းဆုံးဇာတ်ဆိုပြီးလည်း အတော်လူပြောများနေတာ. ဒီတော့ Kyo ရဲ့လျှမ်းလျှမ်းတောက်ပေါက်ခဲ့တဲ့ ဇာတ်ကောင်တွေက ဘာပြောမယ်ထင်လဲ?

အွန်စော - ကျွန်မနဲ့အတူ စီနီယာတွေကြောင့် အာရှတလွှားမှာ ကိုရီးယားအနုပညာရယ်လို့ အထင်ကရဖြစ်စေခဲ့တာလေ. Hallya Wave အစမှာမပါမဖြစ်တာက အွန်စောပါနော်.

ဟန်ဂျီအင်း - Full House ကဘယ်လောက်နာမည်ကြီးလဲဆိုရင် FH အိမ်ကြီးက tourist attraction တစ်ခုဖြစ်ခဲ့တာပါ. ဟန်ဂျီအင်း ဆံပင် အင်္ကျီစကတ် စသဖြင့်အရမ်းလူကြိုက်များခဲ့တာပါနော်. အခုထိအကောင်းဆုံး Romance comedy စာရင်းမှာ ထိပ်ဆုံးကပါနေတုန်းပါပဲ.

ဒေါက်တာဂန် (Descendants of the sun)- DOTS syndrome ဆိုပြီးဟုန်းဟုန်းတောက် အောင်မြင်စေတာက ကျွန်မဆိုတဲ့ ဒေါက်တာဂန်ပါ. ကိုရီးယားဇာတ်လမ်းတွေကို ပိုမိုနာမည်ကျော်စေတဲ့ ဇာတ်ကားပါနော်.

အိုယောင်း (The winter the wind blows): ကျွန်မက အမျိုးသမီးသရုပ်ဆောင်အနေနဲ့ ပထမဆုံး Daesang ဆုကြီးကို ဆွတ်ခူးနိုင်ခဲ့သူပါ. Song Hye Kyo ရဲ့အနုပညာထူးချွန်မှုကို မီးမောင်းထိုးပြနိုင်သူပါ.

ဟုတ်ပါတယ်. Song Hye Kyo ကအနုပညာသက်တမ်း 26 နှစ်ရှိပါပြီ. သူမရဲ့အသက်နှစ်ဆယ်ကျော်အရွယ်မှာ အွန်စော (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) ဟန်ဂျီအင်း (ချစ်စံအိမ်) ဇာတ်ကားတွေက ပြပြီဆိုတာတဲ့ တအိမ်လုံး တီဗီရှေ့ရောက်အောင် ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားတွေပါ. မင်မင်ဆိုရင် အွန်စောဇာတ်ကားက ပထမဆုံးကြည့်ဖူးတဲ့ ကိုရီးယားကားပါ. အဲ့ကတည်းက အွန်စောကို အကြိုက်ဆုံးဖြစ်သွားတာပါ.

သုံးဆယ်ကျော်အရွယ်မှာ အနုပညာအရ အရမ်းအောင်မြင်တဲ့ မျက်မမြင်မလေးအိုယောင်း (The winter the wind blows) နဲ့ ဟုန်းဟုန်းတောက် အောင်မြင်ခဲ့တဲ့ ဒေါက်တာဂန် (Descendants of the sun) တို့ကိုရိုက်ကူးခဲ့တာပါ. ဒါတောင် အခြား rating အရမ်းမြင့်တဲ့ All In တို့ Gaurdain Angel တို့မပါသေးဘူး.

အခုအသက်လေးဆယ်ကျော်မှာလည်း Global Debut နိုင်ငံတကာထိုးဖောက်နိုင်မှု လို့တောင်တင်စားပြောနေကြတဲ့ Moon D**g Eun (The Glory) နဲ့တကျော့ပြန် အောင်မြင်ကျော်ကြားပြန်ပြီ. ဒီတခါကတော့ online ပြသမှုတွေနဲ့ဆိုတော့ တခါတည်း နိုင်ငံတကာကိုထိုးဖောက်နိုင်သွားတာပေါ့.

Netflix worldwide chart Top 5 ကိုပြသမှုနှစ်ရက်အကြာမှာတင် ရသွားတာမို့ Revenge drama အနေနဲ့ထူးခြားတဲ့ အောင်မြင်မှုလို့လည်းဆိုကြတယ်. များသောအားဖြင့် အဲ့လို Top 10 chart ထဲဝင်နိုင်တဲ့ Kdrama တွေက Survival genre Thriller genre Zombie တို့ပဲများတာလေ. Revenge melodrama လိုချစ်စနိုးခေါ်ခံရတဲ့ The Glory ကတော့ ထူးထူးခြားခြား နိုင်ငံတကာစိတ်ဝင်စားမှု ရယူနိုင်ခဲ့တာပါ.

ဘာပဲဖြစ်ဖြစ် Song Hye Kyo သည် ကိုရီးယားရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီး (Jun Ji Hyun နဲ့ပူးတွဲ) အဖြစ်ရပ်တည်နိုင်တာ ဒီလိုအစဉ်အလာကြီးမားမှုတွေကြောင့်ပါပဲ. ဂုဏ်ယူပါတယ် ချစ်သော Kyo 🎉🎉🎉

ဒါနဲ့ The Glory ကြည့်ပြီးပြီလား
ဖြစ်နိုင်ရင် Netflix ကနေကြည့်​ပေးစေချင်ပါတယ်. စာတန်းထိုးအတွက်ကတော့ telegram နဲ့ fb link ပါ 👇🏻👇🏻👇🏻

https://www.facebook.com/100044542659476/posts/706367037524712/?mibextid=cr9u03






17/12/2022

ကံသာဆိုင်မှပစ္စည်းများကိူလက်လီလက်ကားစျေးနုန်းချိုသာစွာဖြင့်ရောင်းချပေးနေပါပြီ။

Address

26
Mandalay
07001

Telephone

+959402522388

Website

Alerts

Be the first to know and let us send you an email when ကံသာစတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share