08/03/2022
ရာသီဥတုကလည်းတော်တော်ပူလာပြီဆိုတော့ရေများများသောက်ဖို့ မိုတီရအောင် ပုံထဲကလို sticker မပါ 2L ဘူးလေးတွေလည်းမှာလို့ရပါပြီနော် 😛😛
Price 9600mmk 💸 Half Prepaid
1ပတ် အတွင်း ကို 4kg ကျသွားတဲ့ Weight loss Plan လေး အကြောင်း ပြောပြမယ်၊ ပေါ့ပေါ့ ပါးပါးလေးပါပဲ
၁။ ထမင်းဖြတ်
၂။ 16:8 Fasting
၃။ ရေများများသောက်တယ်။
၄။ကယ်လိုရီတွက်စားတယ်။
၁။ ထမင်းဖြတ်တယ်၊ ဒါပေမဲ့ ကျန်တာ အကုန်စားတယ်၊
Diet plan ဆိုပြီး သတ်သတ်မှတ်မှတ်မရှိပါဘူး၊ ထမင်းကလွဲပြီး ကျန်တာ အကုန်စားတယ် အချိုကလွဲပြီး၊
ဒါပေမဲ့ အများကြီးမစားဘူး၊ အရွက်များများစားတယ်၊
Soup တွေ လုပ်သောက်တယ်၊ အစပ်ကြိုက်တော့
ချဉ်စပ် အသုတ်လေးတွေ စားတယ်၊ အသားများများစားတယ်။ ဆီကိုတော့ နေကြာဆီ တမျိုးပဲ သုံးတယ်၊
၂။ 16:8 Fasting
ဒီနည်းလမ်းကတော့ ရေရှည်လုပ်သွားဖို့ စဉ်းစားထားတယ်။
တနေ့ကို 8နာရီ စားပြီး 16နာရီ မစားတဲ့ နည်းလမ်းပါ။
အတိုချုံးပြောရရင် ဒီနေ့ ညနေ ၆နာရီ နောက်ဆုံးစားပြီးရင်
နောက်တနေ့ နေ့လည်၁၁/၁၂ လောက်မှ ပြန်စားတာမျိုးပေါ့။ ၁၆နာရီ လုံး ရေပဲ သောက်ရမယ်။
အသေးစိတ် လေ့လာ ချင် comments မှာ Fasting နဲ့ ပတ်သတ်တဲ့ Link post လေး ထဲ ဝင်ဖတ်ပါ။
၃။ရေများများသောက်ပါ။
ဒါကိုတော့ နေ့စဉ်ပုံမှန် လုပ်သွားရင် မသောက်ဘဲကို မနေနိုင်တော့ပါဘူး။ ကျန်းမာရေးအတွက်လည်း ကောင်းတာမို့ ရေများများသောက်ပါ။ ပုံမှာပြထားတဲ့ ၂ဗူး ခွဲ ကုန်ပါတယ် တနေ့ကို၊
၄။ကယ်လိုရီတွက်စားတာလည်း အလွန်ကောင်းမွန်ပါတယ်၊
အသေးစိတ်ကိုတော့ စာအရှည်ကြီး မရေးချင်တော့လို့
ကိုယ်စားခါနီးတိုင်း Google မှာရှာကြည့်ပါ။ snack ထုတ်လေးတွေဆိုရင်တော့ Nutrition Facts လေးတွေဖတ်ပြီး စားပေါ့နော်။
နောက်ဆုံးတခု စားပြီးပြီးချင် မထိုင်ပါဘူး
ပန်းကန်ဆေး၊ တံမြတ်စည်းလှည်း လှုပ်လှုပ်ရှားရှား ၁၅မိနစ်လောက်လုပ်ပြီးမှ ထိုင်ပါတယ်။
ကိုယ့်အတွက် ကိုယ်လုပ်တာမို့ Life style ကိုပါ ချိန်းနိုင်အောင်အထိ ဖြေးဖြေးချင်း ပြုပြင် သွားမှာပါ။
နောက်ထပ် update လေးလည်း ရေးချင်စိတ်ပေါ်လာရင် ရေးပေးပါမယ်။ ကျေးဇူးပါ
#ပထမအပတ်
Fasting နဲ့ ပတ်သတ်ပြီး အသေးစိတ်လေ့လာလို့ရမယ် post လေးပါ 👇🏻
https://www.facebook.com/100063643453006/posts/360514962746616/?d=n