26/06/2024
Oil ကော သစ်သားဘီးလေးကော အသင့်ရှိပါရှင့်🙇🏼♀️
‼️ ဆီလိမ်းပြီးရင် ခေါင်း လုံးဝ (လုံးဝ) မဖြီးရ ‼️ အပါအဝင် ဆီလိမ်းတဲ့အခါ
သိသင့်တဲ့အရာများ
ဆီလိမ်းတယ်ဆိုတာ ဦးရေပြားနဲ့ ဆံသားတွေ ကျန်းမာဖို့ ဖြစ်တာမို့ သိသင့်သိထိုက်တာလေးတွေလည်း ရှိပါသေးတယ်။ မင်မင်တို့က ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးမယ်နော်။ 🫶🏻
👉🏻 ဆီရွေးချယ်တဲ့အခါ
✅️ ကိုယ့်ဆံပင်ပြဿနာအတိုင်း ရွေးပါ။ ဥပမာ - ဆံပင်ကျွတ်တယ်ဆို ကျွတ်တာကို အဓိကကုတဲ့ ဆီ။
❎️ Trend ဖြစ်နေတာ၊ Sale ချလို့ ဝယ်လိုက်တာလိုမျိုး မလုပ်ပါနဲ့။ ဆီက ကိုယ့်ဆံပင်ပြဿနာနဲ့မဆိုင်တာတွေ ဖြစ်ရင် ပိုဆိုးပါတယ်။
=====================================================
👉🏻 ဘီးဖြီးတဲ့အခါ
✅️ ဆီမလိမ်းခင် : ခေါင်းကို ဆီမလိမ်းခင် ဆံပင်တွေကို သေချာရှင်းပြီး ဖြီးပါ။
❎️ ဆီလိမ်းပြီးနောက် : ခေါင်းဖြီးလို့ လုံးဝမရတော့ပါဘူး။
=====================================================
👉🏻 နှိပ်နယ်တဲ့အခါ
✅️ ဆီမလိမ်းခင် : ဦးရေပြားကို လက်နဲ့ နှိပ်နယ်ပေးဖို့ လိုပါတယ်။ နှိပ်တဲ့ဘီးလေးတွေ၊ ကိရိယာတွေရှိရင်လည်း နှိပ်ပေးလို့ ရတယ်။
❎️ ဆီလိမ်းပြီးနောက် : ဘာကိရိယာနဲ့မှ နှိပ်လို့မရပါ။ လက်နဲ့ပဲနှိပ်ရမှာပါ။
=====================================================
👉🏻 လိမ်းတဲ့အခါ
✅️ ခေါင်းမလျှော်ထားပေမဲ့ ဦးရေပြားက နည်းနည်း သန့်ရှင်းနေဖို့တော့လိုပါတယ်။
❎️ ဗောက်တွေအရမ်းထ၊ အညစ်အကြေးချေးတွေပေါ် ထပ်လိမ်းမိရင် ဦးရေပြားကို ပိုထိခိုက်စေပါတယ်။
✅️ ဆီကို Dropper ပါရင် 3,4 စက်၊ မပါရင် ဆံပင်နဲ့ သင့်တင့်တဲ့ ပမာဏပဲ လိမ်းပါမ။ ရွှဲနေအောင်လိမ်းချင်ရင် အောက်ဖျားဖွာတဲ့နေရာဘဲလိမ်းပါ။
❎️ ရွှဲနေအောင် လိမ်းဖို့မလိုပါဘူး။ လျှော်ရခက်မှာစိုးလို့ပါ။
✅️ ဦးရေပြားမှာ ဆံပင်ခွဲကြောင်းအတိုင်း အနည်းငယ်စီ ဖြန့်လိမ်းပါ။
❎️ တစ်နေရာထဲ ပုံမလိမ်းပါနဲ့။
✅️ ဆီဆို ဆီပဲ သီးသန့်လိမ်းပါ။
❎️ Chemical ပါတာတွေနဲ့ ရောလိမ်းလို့မရပါဘူး။
=====================================================
👉🏻 လိမ်းပြီးတဲ့အခါ
Customer အတော်များများက ပူတဲ့ တိုင်းနဲ့ပြည်နယ်တွေကဆိုတော့
✅️ အနည်းဆုံး 30 -45 မိနစ် ကနေ အများဆုံး 2-4 နာရီပဲ လိမ်းထားရင် ရပါပြီ။
❎️ တစ်ညလုံးလိမ်းထားပြီး မအိပ်ရပါဘူး။ အကြာကြီးထားတိုင်း အာနိသင်ပိုမကောင်းပါဘူး။
✅️ ကျားကုတ်၊ ကလစ်စတာတွေနဲ့ပဲ ဖွဖွလေး ဖိထား၊ကုတ်ထားပါ။
❎️ ခေါင်းထိပ်မှာ ဆံပင်တွေကို စုပြီး တင်းနေအောင် စည်းထားတာ၊ ထုံးထားတာ မလုပ်ပါနဲ့။
✅️ လက်ငြိမ်ငြိမ်ထားပါ။
❎️ လျှောက်ပွတ်နေတာ၊ သပ်ချတာတွေ မလုပ်ပါနဲ့။
=====================================================
👉🏻 ခေါင်းပြန်လျှော်တဲ့အခါ
✅️ Page က ပြောထားတဲ့အတိုင်း အနည်းဆုံး Shampoo နဲ့ (2/3) ခေါက်သေချာလျှော်ပေးပါ။
❎️ တစ်ခေါက်ထဲနဲ့ Shampoo အများကြီး ထည့်လျှော်တာ ရှောင်ပါ။
ဒါဆိုရင်တော့ ဆီလိမ်းလည်း ဆံပင်ကျွတ်နေတုန်းပဲဆိုတဲ့ ပြဿနာမရှိတော့ပါဘူး။🫶🏻
👇🏻 သိချင်တာရှိသေးရင် ထပ်မေးခဲ့ပါ။👇🏻
🔴မျှဝေလို့ရပါတယ် ပြန်လည်ကူးယူခွင့်လုံးဝမပြုပါ
#ရှမ်းမစျေးခြင်း