Thar Gyi Liquor

Thar Gyi Liquor Liquor Shop
09798862682
09407307778
09698885153

တဖက်သတ်အချစ်ဆိုတာသူခိုးကို ခွေးကိုက်သလိုမျိုးပါပဲနာကျင်ပေမဲ့ မအော်ရဲခဲ့ပါဘူး 💔💔💔💔💔
06/12/2024

တဖက်သတ်အချစ်ဆိုတာ
သူခိုးကို ခွေးကိုက်သလိုမျိုးပါပဲ
နာကျင်ပေမဲ့ မအော်ရဲခဲ့ပါဘူး
💔💔💔💔💔

04/12/2024
ကိုယ်နှင့်ဝေးသော နေရောင်ခြည်ကို ပူတယ် အေးတယ်မပြောလိုတော့ .........
04/12/2024

ကိုယ်နှင့်ဝေးသော
နေရောင်ခြည်ကို
ပူတယ် အေးတယ်
မပြောလိုတော့ .........

Happy blessed sweet December  ❤️❤️❤️ကံကောင်းခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေ၊ အောင်မြင်ခြင်းတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ယူဆ...
01/12/2024

Happy blessed sweet December ❤️❤️❤️

ကံကောင်းခြင်းတွေ၊ ပျော်ရွှင်ခြင်းတွေ၊ အောင်မြင်
ခြင်းတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ယူဆောင်လာပေးပါ..

နိုင်ငံခြားအရက်၊ ပြည်တွင်းအရက်များကို ပစ္စည်းမှန်💯ဈေးနှုန်းမှန်💯 ဖြင့်လက်လီ / လက်ကားဝယ်ယူနိုင်ပါပြီနော် 🫶🫶🫶🏠 မြခွာညိုလမ်...
25/11/2024

နိုင်ငံခြားအရက်၊ ပြည်တွင်းအရက်များကို ပစ္စည်းမှန်💯ဈေးနှုန်းမှန်💯 ဖြင့်လက်လီ / လက်ကားဝယ်ယူနိုင်ပါပြီနော် 🫶🫶🫶

🏠 မြခွာညိုလမ်း ၊ အထက်ပိုင်းရပ်ကွက် ၊ နန်းထိုက်တည်းခိုခန်းအနီး ၊ အိမ်မဲမြို့

📌ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့
☎️09 798862682, 09 401111208,
09 698885153 ကိုမေးမြန်းနိုင်ပါတယ်

24/11/2024

မြန်မာ ပုလင်း မဲပါတာ
ဆိုင်မှာ ရနေပါပီနော်

🍺🍺🍺🍺🍺

ဒီညလေ ..... ကြက်သားနဲ့ ဘူးသီး ချက်ပြီးချိန် တခုခုလိုနေရင် ဆိုင်ဖက်ကို ပြေးလာခဲ့ဖို့  သတိရလိုက်ပါ နော် 😋😋😋😋
16/11/2024

ဒီညလေ .....
ကြက်သားနဲ့ ဘူးသီး ချက်ပြီးချိန် တခုခုလိုနေရင် ဆိုင်ဖက်ကို ပြေးလာခဲ့ဖို့ သတိရလိုက်ပါ နော်
😋😋😋😋

 📌 ဂျပန်နည်းပညာနဲ့ အထူးထုတ်လုပ်ထားတဲ့ ထိုင်းနိုင်ငံမှ Grain & Malt Whiskey📌 နူးညံ့သိမ်မွေ့တဲ့ အရသာနဲ့အတူ အရည်အသွေးမြင့် ...
12/11/2024



📌 ဂျပန်နည်းပညာနဲ့ အထူးထုတ်လုပ်ထားတဲ့ ထိုင်းနိုင်ငံမှ Grain & Malt Whiskey

📌 နူးညံ့သိမ်မွေ့တဲ့ အရသာနဲ့အတူ အရည်အသွေးမြင့် Malt Whisky နဲ့ Jasmine Rice တို့ပေါင်းစပ်ပြီးထုတ်လုပ်ထားပါတယ်။

💰 စျေးနှုန်းတန်တန်
🔄 ပစ္စည်းမှန်မှန် နဲ့
🔰 လက်လီ လက်ကားရောင်းချပေးနေပါတယ်။

🤝 မိတ်ဟောင်း မိတ်သစ်များအား မှအမြဲကြိုဆိုလျှက်ပါ။

10/11/2024

၁ ဆ ထက် ၂ ဆ 🍻🍻🍻

မေ့ဖို့ကြိုးစားတိုင်းနင့်အကြောင်းပဲ တွေးမိတယ်ပြီးရင်သတိရလာတာပါပဲနာရီပန်းလေးတွေအချိန်မှန် ပွင့်နေသလိုပဲပေါ့ ...  😍😍😍P.S လ...
09/11/2024

မေ့ဖို့ကြိုးစားတိုင်း
နင့်အကြောင်းပဲ တွေးမိတယ်

ပြီးရင်
သတိရလာတာပါပဲ

နာရီပန်းလေးတွေ
အချိန်မှန် ပွင့်နေသလိုပဲပေါ့ ...

😍😍😍
P.S လက်ကျန်ပုလင်းကိုပြောတာနော်
😁😁😁

ရာသီဥတုက ကိုယ့်ဖက်ပါလာပီမို့ 😛😛😛သတိတရနဲ့ ဆိုင်ဖက်ကို လျှောက်လာဖို့ မမေ့ကြနဲ့နော် တန်ဆောင်တိုင်ချိန်မို့ လက်ဆောင်တွေလည်းပ...
09/11/2024

ရာသီဥတုက ကိုယ့်ဖက်ပါလာပီမို့
😛😛😛
သတိတရနဲ့ ဆိုင်ဖက်ကို လျှောက်လာဖို့ မမေ့ကြနဲ့နော်
တန်ဆောင်တိုင်ချိန်မို့ လက်ဆောင်တွေလည်းပေးအုံးမှာ 🍷🥃🍾🍻🍻🍻


#နန်းထိုက်တည်းခိုခန်းအနီး

17/10/2024

မြန်မာတို့အတွက် အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့မှာ ကောင်းခြင်းမင်္ဂလာအဖြာဖြာပြည့်စုံ၍
ဘေးဘယာ ဝေးကွာပါစေကြောင်း Thar Gyi Liquor Store မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏🙏🙏

30/05/2024

#ခေတ်ရဲ့အသုံးအနှုန်း
“မနက်ဖြန်ဆို ဒီနေ့
စျေးမရတော့ပါ “ တဲ့
🥴🥴🥴

အရက်ကို အားကစားဝတ်စုံလေး ဝတ်ပြီး သောက်ကြည့်တယ်မူးတာပဲ …စတစ်ကော်လံလေးနဲ့ လူကောင်းယောင်ဆောင်ပြီး သောက်ကြည့်တယ်မူးတာပဲ…Tshi...
28/05/2024

အရက်ကို
အားကစားဝတ်စုံလေး ဝတ်ပြီး
သောက်ကြည့်တယ်
မူးတာပဲ …

စတစ်ကော်လံလေးနဲ့
လူကောင်းယောင်ဆောင်ပြီး
သောက်ကြည့်တယ်
မူးတာပဲ…

Tshirt လေးဝတ်ပြီး
လူငယ်အထာနဲ့ သောက်ကြည့်တယ်
မူးတာပဲ…

Shirt ဝတ်ပြီး
လူကြီးလူကောင်းတစ်ယောက်လို
သောက်ကြည့်တယ်
မူးတာပဲ…

စွတ်ကျယ် ဝတ်ပြီး
ရပ်ကွက် အထာလေးနဲ့
သောက်ကြည့်တယ်
မူးတာပဲ…

စုပ်ပျက်သက်နေတဲ့
အဝတ်စားလေးနဲ့ ထပ်သောက်ကြည့်တယ်
မူးတာပဲ…

ကျနော်အရက်ကို နားလည်သွားပြီ
ဒီကောင်က ဝတ်စားဆင်ယင်မှုတွေ
ဂုဏ်ဓနတွေ ငွေကြေးတွေ မခွဲခြားပဲ
တန်းတူညီမျှမှုဆိုတဲ့ အရာကိုပေးတယ်

သူက လူမျိုးမရွေးဘူး
ဘာသာလည်းမခွဲခြားဘူး ..!

အသားအရောင် ဖြူ နက် ညိုပြာ စိတ်မဝင်စားဘူး !

ကိုကာကိုလာနဲ့လည်း နေပျော်တယ်
ရေခဲနဲ့လဲ တင်းတိမ်တယ်
ရေသန့်လေးနဲ့ဆိုလည်း ရောင်ရဲတယ်
ဆိုဒါနဲ့လဲ ကျေနပ်တယ်

အဓိက သူ့ရဲ့ ရည်ရွယ်ချက်ကိုက
လူတန်းစားမရွေး မူးယစ်ရီဝေစေဖို့ပဲ

မာန်မာန ကင်းတယ်
အဆောင်အယောင် နည်းတယ်

သူ့မှာ စေတနာလေးတစ်ခုပဲ ရှိတယ်
လူတန်းစားအနိမ့်မြင့်မရွေး
မူးယစ်ရီဝေ ပျော်ရွှင်စေချင်တာလေးတစ်ခုပါပဲ

ဒါ့ကြောင့် ရိုးသားအပြစ်ကင်းစင်ပြီး
စေတနာဖြူတဲ့ အရက်ကိုပဲ
ကျနော် ချစ်တယ်…

Credit

 #ယမကာ_ရေခဲမှတ်များရေခဲမှတ်ဆိုတာက အရည်တစ်မျိုးမျိုးကို အအေးခံလိုက်တဲ့အခါမှာ အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားတဲ့ အပူချိန်...
12/05/2024

#ယမကာ_ရေခဲမှတ်များ

ရေခဲမှတ်ဆိုတာက အရည်တစ်မျိုးမျိုးကို အအေးခံလိုက်တဲ့အခါမှာ အစိုင်အခဲအဖြစ်သို့ ပြောင်းလဲသွားတဲ့ အပူချိန်ကိုဆိုလိုတာပါ။ ဥပမာ ဟိုက်ဒရိုဂျင် အက်တမ်၂လုံး အောက်ဆီဂျင် အက်တမ်၁လုံးနဲ့ ပေါင်းစပ်ထားတဲ့ ရေဟာ ၃၂ဒီဂရီဖာရင်ဟိုက် [32°F] (သို့မဟုတ်) ၀ဒီဂရီ ဆဲလ်စီးယပ်စ် [0°C](သို့မဟုတ်) ၂၇၃.၁၅ ကယ်လ်ဗင် [273.15K] တွင် အေးခဲနိုင်ကြောင်းကို ကျွန်တော်တို့ရဲ့ မူလတန်း/အလယ်တန်း အခြေခံသိပ္ပံသင်ခန်းစာများတွင် သင်ကြားသိရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လဲ ကျွန်တော်တို့ သင်ကြားခဲ့ရသလို အမြဲတမ်းဖြစ်ပျက်နေတာမဟုတ်ပါဘူး။ ဒီ့ထက်ပိုမိုရှုပ်ထွေးနေပါတယ်။

သိပ္ပံပညာရှင်များဟာ တိမ်များအကြားတွင် အနှုတ်၄၀ဒီဂရီ ဖာရင်ဟိုက် [-40°F] အထိအေးသည့် အရည်များကို တွေ့ရှိခဲ့ရသည့်အပြင် ဓာတ်ခွဲစမ်းသပ်ရင်း အနှုတ်၄၂ဒီဂရီ ဖာရင်ဟိုက် [-42°F] အထိ အေးသည့်ရေများကိုလည်းတွေ့ရှိခဲ့ရပါသေးတယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ အရည်အားလုံးရဲ့ ရေခဲမှတ်တွေ မတူညီကြရုံမက ကျွန်တော်တို့ သောက်သုံးလေ့ရှိကြတဲ့ ယမကာတွေမှာ ဘယ်ယမကာက ရေခဲမှတ်အမြင့်ဆုံးဖြစ်သလဲဆိုတာ ကြည့်လိုက်ကြပါစို့။



မည်သည့်ဝီစကီ အရက်ကိုမဆို ရေခဲသေတ္တာတွေထဲထည့်ပြီး သိမ်းထားလို့ရပါတယ်။ အီသနော (Ethanol) ပါဝင်မှုရှိ‌သော ဝီစကီအရက်တွေဟာ -27°C သို့ရောက်ရှိမှသာ အေးခဲမည်ဖြစ်ပါတယ်။ ဒါကြောင့် မည်သည့်အိမ်သုံးရေခဲသေတ္တာမဆို ဝီစကီအရက်တွေခဲသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။ သို့သော်လည်း ဝီစကီအရက်တွေကို ရေခဲသေတ္တာအတွင်း ထည့်သွင်းမသိမ်းဆည်းဖို့ အကြံပြုပါရစေ။ အဘယ်ကြောင့်ဆိုသော် ဝီစကီအရက်များ၏ သင်းပျံ့လှသော ရနံ့များကိုပါ အေးခဲခြင်းနည်းလမ်းက စုပ်ယူလိုက်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဝီစကီအရက်များကို သောက်သုံးရာတွင် အေးမြမှုကိုရရှိရန်အတွက် အခြားသောနည်းလမ်းများကို ရွေးချယ်ပါလို့ အကြံပြုပါရစေ။



ရေတွေအေးခဲသွားတဲ့အခါမှာ ရေထဲမှာပျော်ဝင်နေတဲ့ အက်တမ်တွေဟာ ကျယ်ပြန့်လာပါတယ်။ အယ်လ်ကိုဟော ၅ရာခိုင်နှုန်းပါဝင်တဲ့ ဘီယာဟာ ရေကိုအခြေခံထားသည့် အရည်ဖြစ်တာကြောင့် ၂၇ဒီဂရီဖာရင်ဟိုက် [27°F] မှာ အေးခဲပြီး သူ့ထက်နိမ့်တဲ့ အပူချိန်ကို ရောက်ရင်တော့ ပေါက်ကွဲတတ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ ဘီယာ၊ ဆိုဒါနှင့် ဝိုင်များချက်လုပ်စဥ်က ပါဝင်သည့် သကြားပေါ်တွင်လည်း အများကြီးမူတည်နေပါသေးတယ်။ အရက်နှင့်ယမကာများ၏ ရေခဲမှတ် အနိမ့်အမြင့်ဟာ အဆိုပါ အရက်နှင့်ယမကာများရှိ အရက်ပါဝင်မှုပမာဏ (Alcohol Proof) ပေါ်တွင် အများကြီးမူတည်နေပါတယ်။ တနည်းအားဖြင့် အရက်ပါဝင်မှု ပမာဏနည်းလေ ရေခဲမှတ်နိမ့်လေဖြစ်ပါတယ်။



ဗော့ဒ်ကာ အရက်တွေဟာ မခဲဘူးလို့ အဆိုရှိကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့နဲ့ အရင်းနှီးဆုံး ရေခဲမှတ်ဖြစ်တဲ့ ၃၂ဒီဂရီဖာရင်ဟိုက် [32°F] ထက် အဆပေါင်းများစွာ နိမ့်ကျတဲ့ သန့်စင်သော အီသနော (Ethanol - Ethyl Alcohol) ရဲ့ ရေခဲမှတ်ဟာ အနှုတ်၁၇၃ဒီဂရီဖာရင်ဟိုက် [-173°F] ရှိဖို့ လိုအပ်ပါတယ်။ အယ်လ်ကိုဟော ပါဝင်မှု ၄၀ရာခိုင်နှုန်းပါဝင်မှုရှိတဲ့ ဗော့ဒ်ကာအရက်ဟာ အနှုတ်၁၆ဒီဂရီဖာရင်ဟိုက် [-16°F] အထိရှိပါတယ်။ ဗော့ဒ်ကာအရက်ကို အိမ်သုံးရေခဲသေတ္တာအတွင်း အခဲခံကြည့်မယ်ဆိုရင် ဗော့ဒ်ကာအရက်ထဲမှာ ပျော်ဝင်နေတဲ့ ရေက ခဲသွားတာကြောင့် အရက်ဟာ ပိုပျစ်ပြီး ထုထည်ပိုထူလာရုံကလွဲလို့ အရက်တစ်ပုလင်းလုံးကို အေးခဲသွားအောင် မစွမ်းဆောင်နိုင်ပါဘူး။



ဝိုင်အများစု၏ ပျမ်းမျှ အရက်ပါဝင်မှုဟာ 12.5% Volume ဖြစ်ပါတယ်။ ဒါကြောင့်ဝိုင်ရဲ့ ပျမ်းမျှရေခဲမှတ်ဟာ ၂၂ဒသမ၅ဒီဂရီဖာရင်ဟိုက် [22.5°F] ဖြစ်ပါတယ်။ ဒါပေမယ့် ဝိုင်မှာပါဝင်နေတဲ့ ဆာလဖိုက်ဒြပ်ပေါင်းများနှင့် အခြားအရက်မဟုတ်သော ဒြပ်ပေါင်းများ ပါဝင်မှု မတူညီကြသောကြောင့် အရက်ပါဝင်မှုတူညီသောလည်း ရေခဲမှတ်များကွဲပြားနေခြင်းဖြစ်ပါတယ်။ ဝိုင်မှာအဓိကပါဝင်တာက စပျစ်ရည်တွေပါ။ ဒါကြောင့်စပျစ်ရည်တွေ အေးခဲသွားတဲ့အခါမှာ ထုထည်ကျယ်ပြန့်လာပါတယ်။ တဖက်မှာလဲ ဝိုင်ကို ပုလင်းသွတ်ပြီးတာနဲ့ ဓာတ်တိုးခြင်းဖြစ်စဉ် (Oxidation) မဖြစ်စေရန်အတွက် (Cork) လို့ခေါ်တဲ့ သစ်သားဖော့ဆို့နဲ့ အလုံပိတ်ထားပါတယ်။ ဆိုလိုတာကတော့ ဝိုင်ပုလင်းအတွင်းမှာ နေရာလွတ်မချန်ထားဘူးလို့ ပြောချင်တာပါ။

အေးခဲခြင်းဖြစ်စဉ်ဖြစ်‌လာတဲ့အခါမှာ စပျစ်ရည်များရဲ့ ထုထည်ကျယ်ပြန့်လာမှုကြောင့် Cork ကိုပါအတင်းတွန်းထုတ်ပါတယ်။ ဤနည်းအားဖြင့် ဝိုင်ပုလင်း ဖော့ဆို့ပွင့်ခြင်းဖြစ်ပေါ်လာရပါတယ်။ ဝိုင်ကိုအေးခဲခြင်းဖြင့် ဝိုင်တွင်ပျော်ဝင်နေသော အယ်လ်ကိုဟောနှင့် Tannin ဒြပ်ပေါင်းများသည် ဓာတ်ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး ဟင်းချက်ရန်ပင် မသင့်လျော်တော့သည့် ရှာလကာရည်အညစ်အကြေးအဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့်ဖြစ်သည်။ ဒါကြောင့်လဲ ဝိုင်ကို အအေးခံရန်အတွက် သီးသန့်ဝိုင်အအေးခံစက်တွေ ထုတ်လုပ်ရောင်းချပေးနေခြင်းဖြစ်ပါတယ်။



ရမ်သည် ကြံမှထုတ်လုပ်ထားသည့် သကာရည်ကို ပေါင်းခံချက်လုပ်ထားတဲ့ ယမကာတစ်မျိုးဖြစ်ပြီး အနံ့နှင့်အရသာအပြင် အရက်ပါဝင်မှုပမာဏ ကွဲပြားသည့် အမျိုးအစားများစွာလဲရှိပါတယ်။ အခြေခံရမ်တွင် အယ်လ်ကိုဟော အရက် ၄၀ရာခိုင်နှုန်း ပါဝင်ပါတယ်။ ထို့ကြောင့် အနှုတ်၁၅ဒီဂရီဖာရင်ဟိုက် [-15°F] တွင်အေးခဲပြီး ဂျင်(Gin) နှင့် ရေခဲမှတ်ဆင်တူပါတယ်။

Credit #ယမကာသုတေသီ_တင်အောင်လွင်

17/03/2024

ုလင်းများ_ရဲ့အရသာအကြောင်း🧑🏽‍🦯

Johnnie Walker သည် အရက်ဈေးကွက်တွင် ကမ္ဘာ့အရက်ဈေးကွက်အတွင်း အကြီးမားဆုံးအရက်ဖြန့်ဖြူးရေး စကော့(ဒ်)တလန် ကုမ္ပဏီတစ်ခုဖြစ်ပြီး သက်တမ်းနှစ် ၂ဝဝ ကျော်ပြီ ဖြစ်သည်။ Johnnie Walker ဝီစကီ၏ ထူးခြားချက်မှာ အခြားအရက်များကဲ့သို့ ကုန်ကြမ်းမှတိုက်ရိုက်ချက်လုပ်ထားခြင်းမဟုတ်ဘဲ ဝီစကီများကို ကုန်ကြမ်းအဖြစ်အသုံးပြုကာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် တစ်နှစ်လျင် Johnnie Walker ပုလင်းပေါင်း သန်း ၁၃ဝ ခန့် သောက်သုံးကြပါသည်။ Johnnie Walker ဝီစကီတွင် အရောင်အပေါ်မူတည်၍ အရည်အသွေးနှင့်ဈေးနှုန်းကွာခြားပုံကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါသည်။

၁။ Johnnie Walker Red Label

Red Label သည် ဆန်စေ့နှင့်မုယောဝီစကီပေါင်း ၃၅မျိုး ရောနှောချက်လုပ်ထားသော ဝီစကီပင်ဖြစ်သည်။ Red Label သည် စကော့စလန်အနောက်ဘက် ကမ်းရိုးတန်းမှ အပြင်းစား Peat Whiskey နှင့် စကော့တလန်အရှေ့ဘက် ကမ်းရိုးတမ်းမှ အပျော့စား ဝီစကီတို့ကို ပေါင်းစပ်ချက်လုပ်ထားခြင်း ဖြစ်သည်။ Red Label သည် Johnnie Walker တံဆိပ်တွင် ဈေးအနည်းဆုံး ဖြစ်သည်။

၂။ Johnnie Walker Black Label

စနစ်တကျရွေးချယ်ထားသော စကော့တလန်ဝီစကီအမျိုးပေါင်း ၄ဝ ကျော်ဖြင့် Black Label ကို ပေါင်းစပ်ချက်လုပ်ထားခြင်းဖြစ်သည်။ Black Label ကို ချက်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ၁၂နှစ်သက်တမ်းရှိသော ဝီစကီများကိုသာ အသုံးပြုထားသောကြောင့် Black Label တစ်လုံးသည် အကြမ်းဖျဉ်းအားဖြင့် အနည်းဆုံးသက်တမ်း ၁၂နှစ်ရှိပြီဟု ဆိုနိုင်သည်။

၃။ Johnnie Walker Double Black Label

Johnnie Walker မှ ထပ်မံထုတ်လုပ်လိုက်သော Double Black သည် Black Label ကို စည်ထဲတွင် ထည့်ပြီး မုယောသစ်ဆွေးများကိုလောင်စာအဖြစ်အသုံးပြုပြီး မီးခိုးငွေ့မှိုင်းတိုက်တာ ထပ်မံချက်လုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် Double Black သည် သင်းပျံ့သောရနံ့၊ ထုံရီစေသော အရသာတို့ ပါဝင်နေခြင်း ဖြစ်သည်။

၄။ Johnnie Walker Gold Label

Gold Label သည် ၁၉၉ဝ အလွန်နှစ်များမှစ၍ အရက်ဈေးကွက်အတွင်း ဝင်ရောက်လာခဲ့သည်။ Gold Label သည် မုယောဝီစကီ ၁၅မျိုးကို ထပ်မံချက်လုပ်ထားပြီး ချိုရှရှအရသာဖြင့် သောက်သုံးရအဆင်ပြေစေပါသည်။

Crd -Original post

😁😁😁
17/03/2024

😁😁😁

နိုင်ငံခြားအရက်၊ ပြည်တွင်းအရက်များကို ပစ္စည်းမှန်💯ဈေးနှုန်းမှန်💯 ဖြင့်လက်လီ / လက်ကားဝယ်ယူနိုင်ပါပြီနော် 🫶🫶🫶🏠 မြခွာညိုလမ်...
13/01/2024

နိုင်ငံခြားအရက်၊ ပြည်တွင်းအရက်များကို ပစ္စည်းမှန်💯ဈေးနှုန်းမှန်💯 ဖြင့်လက်လီ / လက်ကားဝယ်ယူနိုင်ပါပြီနော် 🫶🫶🫶

🏠 မြခွာညိုလမ်း ၊ အထက်ပိုင်းရပ်ကွက် ၊ နန်းထိုက်တည်းခိုခန်းအနီး ၊ အိမ်မဲမြို့

📌ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့
☎️09 798862682, 09 407307778, 0973132505,
09 698885153 ကိုမေးမြန်းနိုင်ပါတယ်

Address

Mya Kwar Nyo Street , Einme
Ayeyarwady

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Thar Gyi Liquor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share