
23/01/2025
ဂျပန်နိုင်ငံ၏ ထိပ်တန်း TV အစီအစဉ်တင်ဆက်သူနှင့် ပေါ့ပ်စတားဟောင်းတစ်ဦးဖြစ်သည့် Masahiro Nakai သည် ဂျပန်နိုင်ငံ၏ ဖျော်ဖြေရေးနယ်ပယ်ကို လှုပ်ခတ်သွားစေသည့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုစွပ်စွဲချက်များအတွက် တာဝန်မှ အနားယူသွားပြီဖြစ်ကြောင်း 2025 Jan 23 ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
Shukan Bunshun (Weekly magazine) သည် 2023 ခုနှစ် ညစာစားပွဲတခုတွင် ဖူဂျီတီဗီဝန်ထမ်းများကMasahiro Nakai က TV Announcerမိန်းကလေးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။
2023 ခုနှစ်တွင် Fuji TV၀န်ထမ်းများနှင့် Masahiro Nakai တို့၏ ညစာစားပွဲတွင် အခြားသော ၀န်ထမ်းများက အကြောင်းအမျိုးမျိုးပြကာ မသွားကြပဲ TV Announcer အမျိုးသမီးနှင့် Masahiro Nakai ၂ဦးတည်း အခန်းတခန်းတည်းတွင် ညစာစားသောက်တဲ့ အခြေအနေဖြစ်အောင်ဖန်တီးခဲ့သည် ဟုသိရသည်။ ထို့နောက် Masahiro Nakaiက လိင်အကြမ်းဖက်ချိန် ငြင်းဆိုသော ထို အမျိုးသမီးကို အခြား TV Announcerမိန်းကလေးတွေဆို မငြင်းကြဘူး ဘာလို့မင်းက ငြင်းတာလည်းဟုပြောခဲ့ကြောင်းလဲ ဖော်ပြထားသည်။
၄င်း အမျိုးသမီးက Fuji TV၀န်ထမ်းဖြစ်သောကြောင့် Companyအတွင်း တိုင်တန်းခဲ့သော်လည်း Masahiro Nakai မှ ယန်းသန်း 90 (ဒေါ်လာ 580,000) ပေးလျော်ပြီး ပြင်ပသို့ သတင်းမပေါက်ကြားရန် နှုတ်ပိတ်ခဲ့ကြောင်းရေးသားထားသည်။
Fuji TV သည် Nakai ကဲ့သို့သော နာမည်ကြီး မင်းသားများကို ဖျော်ဖြေရန်အတွက် ၎င်း၏ ၀န်ထမ်း အမျိုးသမီး TV Announcer ကြေညာသူများကို ကာလကြာရှည် အသုံးချခဲ့သည်ဟုလည်း အဆိုပါ မဂ္ဂဇင်းက စွပ်စွဲထားသည်။
ယခုသတင်းကြောင့် Fuji TVတွင် ကြေငြာထည့်နေကြသော တိုယိုတာ Companyအပါအ၀င် Companyကြီးများက ကြေငြာများ မထည့်တော့ကြောင်း ထုတ်ပြန်ထားကြပါသည်။